Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Sunday, September 28, 2014

ဖုန်းဝန်​​ဆောင်​မှုများApk(android)

-MPT,MEC,OOREDOO,TELENOR
များအတွက်
-​ငွေလက်​ကျန်​စစ်​ရန်
-ဖုန်းထဲသို့​ငွေပြန်​ဖြည့်​ရန်
-အခြားဖုန်းသို့​ငွေဖြည့်​​ပေးရန်
-အင်​တာနက်​​လျှောက်​ရန်
-ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုများစုံစမ်းရန်
-Call Forwarding ​လျှောက်​ရန်
-Call Wating ​လျှောက်​ရန်
-Miss Call Alert ​လျှောက်​ရန်
-Voice Mail ​လျှောက်​ရန်
-အပိုဝန်​​ဆောင်​မှုများပယ်​ဖျက်​ရန်
-​ငွေဖြည့်​မရလျှင်​အကူအညီ​တောင်းရန်
-အသံညွှန်​ကြားချက်​အတိုင်​​ငွေဖြည့်​/စစ်​ရန်
-Mobile Money ဝန်​​ဆောင်​မှုအ​ကြောင်း
-Mobile Money ​လျှောက်​ရန်
-အခြားဖုန်းသို့​ငွေဖြည့်​ရန်
-ဖုန်းထဲမှ​ငွေလွှဲ​ပြောင်း​ပေးရန်
-​ငွေဖြည့်​​ပေးရန်​​တောင်းဆိုခြင်း
-ဖုန်းပြန်​​ခေါ်ခိုင်းရန်
-ဝန်​​ဆောင်​မှုများကိုစီမံရန်
-အင်​တာနက်​Dataဝန်​​ဆောင်​မှုများ
-ဖုန်းနံပါတ်​ကိုစစ်​​ဆေးရန်​...........
စတဲ့ဝန်​​ဆောင်​မှာများကိုဒီapplication​လေး
က​နေတဆင့်​အသုံးပြုလုပ်​​ဆောင်​​စေနိုင်​မှာဖြစ်
ပါတယ်​။
-လိုအပ်​အသုံးပြုလိုပါက​အောက်​ကလင့်​ခ်​မှာ
ဒေါင်းလုပ်​ဆွဲယူအသုံးပြုနိုင်​ပါပြီ-

iPhone 6 Plus Bendgate ပြသနာ ရောင်းပြီးအလုံး ၁၀ သန်းကျော်တွင် တိုင်ကြားသူ ၉ ဦးသာရှိကြောင်း Apple ပြောကြား

၅.၅ လက်မ အရွယ်ရှိ iPhone 6 Plus ဖုန်းများသည် ပုံစံပြောင်းပြီး ကွေးညွှတ်သွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားသူအနေဖြင့် ရောင်းပြီးအလုံး ၁၀သန်းကျော်တွင်  ၉ ဦးသာ ရှိကြောင်း Apple က ပြောကြားခဲ့သည်။
ယခုအခါ iPhone 6 Plus သုံးစွဲသူများသည် ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်းများကွေးညွှတ်နေသည့် ဓာတ်ပုံနှင့် ဗွီဒီယိုများကို #bendgate အမည်ဖြင့် လူမှုရေးမီဒီယာများတွင် ဖော်ပြနေကြသည်။ ထိုကိစ္စများသည် Apple ၏ iPhone 6 Plus ရောင်းချရမှုကို ထိခိုက်ဖွယ်ရှိနေသည်။
ကြာသပတေးနေ့တွင် Apple က iPhone 6 Plus ဖုန်းပုံစံပျက်ယွင်းကာ ကွေးညွှတ်တတ်ခြင်းသည် အလွန်တွေ့ရခဲပြီး iPhone 6 များကို ရောင်းချခဲ့သည့် ၆ ရက်ခန့် အတွင်း ပုံစံပျက်ယွင်းသွားသော iPhone 6 Plus ပိုင်ရှင်၉ ဦးသာ ကုမ္ပဏီကို ဆက်သွယ်ခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။
ဆက်လက်ပြီး ယခုဝေဖန်ချက်များသည် သုံးစွဲသူများအနေဖြင့် Apple ၏ အရည်အသွေးမြင့် iPhone 6 ထုတ်ကုန်များကို စိတ်ချနိုင်မှုရှိ၊ မရှိ စမ်းသပ်သည့် ကိစ္စတစ်ခုသာ ဖြစ်ကြောင်း Apple ကပြောဆိုခဲ့သည်။
Apple ၏ ယခု ရက်သတ္တပတ်သည် စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စများစွာ ဖြစ်ပေါ်ခဲ့ပြီး တနလာင်္နေ့က ပထမသုံးရက်အတွင်း iPhone 6 နှင့် 6 Plus ဖုန်းများ ၁၀ သန်းခန့်ရောင်းချခဲ့ရကြောင်း Apple က ထုတ်ပြန်ခဲ့ပြီးနောက် iOS 8 operating system ချို့ယွင်းချက်များနှင့် iPhone 6 Plus ဖုန်းဒီဇိုင်း ပြဿနာတို့ကို အလျင်အမြန် ပြင်ဆင် ဖြေရှင်းပေးခဲ့ရသည်။


Ref: CNET

Monday, September 22, 2014

iPhone 6 နဲ့ iPhone 6 Plus များကို iPad Adapter အသုံးပြုအားသွင်းပါက ပိုမိုအားဝင်မြန်ဆန်

iPhone 6 နှင့် iPhone 6 plus များကို iPad အားသွင်း plug ခေါင်း နှင့်အားသွင်းကြိုးကိုအသုံးပြု၍ အားသွင်းပါက ပုံမှန်ထက် ဘက်ထရီအားသွင်းချိန် ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်ကြောင်းတွေ့ရသည်။ ယင်းစမ်းသပ်ချက်အား iLounge နှင့် MacRumors မှ member တစ်ဦးဖြစ်တဲ့ 2IS ကစမ်းသပ်တွေ့ရှိထားခြင်းဖြစ်သည်။
အသစ်ထွက် iPhone နှစ်မျိုး၏ အားသွင်းစနစ်သည် iPad များရဲ့အားသွင်းစနစ်နှင့်တူညီမှုရှိသည်ကိုတွေ့ရသည်။ iPhone 6 နှင့် iPhone 6 plus များကို 2.1 A ပမာဏ ဖြင့်အားသွင်းနိုင်ပြီး ယခင် iPhone Model များတွင်မူ 5W ပမာဏဖြင့်သာအားသွင်းနိုင်သည်။ စမ်းသပ်ချက်များအရ iPhone 6 plus ကို iPad Adapter အသုံးပြု၍ အားသွင်းပါက ၂ နာရီအတွင်းအားအပြည့်သွင်းနိုင်ကြောင်းတွေ့ရသည်။


IOS 8 မှာ Jailbreak မလိုပဲ မြန်မာကီးဘုတ်ထည့်သွင်းနည်း

IOS 8 မှာမြန်မာကီးဘုတ်အဆင်ပြေသွားပါပြီဗျာ... လုပ်ပုံလုပ်နည်းကလွယ်ပါတယ်ဗျာ. ကျွန်တော်တို့ iTune app store မှာ Black keys ဆိုတဲ့ app ကိုရှာပြီး install လုပ်ပါ..အောက်က ပုံအတိုင်းပေါ်လာရင်တော့

install missing font ကနေ myanmar zawgyi font ကိုရွေးပေးပြီး profile install ထပ်လုပ်ပါ ။ ပြီးလျှင် keyboard setting ထဲက add new keyboard ထဲမှာ black keys ထဲဝင်ပါ။ burmese zawgyi ကိုရွေးပေးပြီး ရင် အိုကေပါပြီ။ စာရိုက်တဲ့အခါ ကီးဘုတ်က ကမ္ဘာလုံး icon ကိုနှိပ်ပြီး မြန်မာကီးဘုတ်ကိုပြောင်းနိုင်ပါတယ်။ အဆင်ပြေကြပါစေ။

Facebook က Auto Play တဲ့ Videos တွေကို ဖုန်းကနေ ဒေါင်းနည်း

အခုနောက်ပိုင်း ဖုန်းရဲ့ Facebook Application တွေက Video Auto Play ပြဿနာကြောင့် FB က Video တွေ ဒေါင်းဖို့ အခက်တွေ့ နေကြပါတယ်။ ဒီနေ့တော့ ဒေါင်းလို့ရတဲ့ နည်းတခု ပုံနဲ့ သေခြာ ကျနော်ရှင်းပြပေးပါမယ်။ နည်းပညာသမားတော်တော် များများ တော့ ဒီနည်းကို သိကြပါတယ်။ ပြီးတော့ နိုင်ငံခြားဆိုဒ် တွေနဲ့ ဆိုဒ်တော်တော်များများက ပုံနဲ့သေခြာရှင်းထားတာ နည်းတော့ လေ့လာမှုအားနည်း သူတွေအတွက် အခက်တွေ့နေကြလို့ ဒီနည်းလေးရေးတင်ပေးလိုက်တာပါ။
Facebook သုံးသူတိုင်း FB က ကိုယ်ကြိုက်တဲ့ Video တွေ့ရင်တော့ လူတိုင်း ဒေါင်းချင်ကြတာပါ။ အခုကျနော်ရှင်းပြသွားတဲ့ နည်းကတော့ တိုက်ရိုက် ဒေါင်းလို့တော့ မရပါဘူး။ ကိုဒေါင်းချင်တဲ့ Video တွေ့ရင် Comment တခုပေးလိုက်ပါ။ ပြီးရင်တော့ မိမိ Profille ထဲဝင်ပြီးတော့ Activity Log ကနေ၀င်ပြီး စောစောက Comment ထားတဲ့ Video ကို လက်နဲ့ ထောက်လိုက်ရုံနဲ့ Download ကျလာမှာ ဖြစ်ပါတယ်။
အရင်ဆုံး Facebook က Video တွေကို ဒေါင်းဖို့ဆိုရင် ADM Download Manager ရှိထားရပါမယ်။ ADM က မိမိ ဖုန်းထဲမှာ မရှိသေးဘူးဆိုရင် ဒီလင့်မှာ ဒေါင်းပြီး ဖုန်းမှာ Install ထားပါ။ ပြီးရင်တော့ အောက်မှာ ပုံနှင့် တဆင့်ချင်း ရှင်းပြထားပါမယ်။
အရင်ဆုံး မိမိ ဒေါင်းချင်တဲ့ Video တွေ့ရင် နှစ်သက်ရာ Comment တခုပေးလိုက်ပါ။ အောက်က ပုံကို ကြည့်လိုက်ပါ။
 
နောက်တဆင့်က မိမိ Profile ကို ပြန်သွားလိုက်ပါ။
 ပြီးရင် အ၀ိုင်းပြထားတဲ့ Activity Log ထဲကိုဝင်လိုက်ပါ။
 ပုံမှာ ပြထားတဲ့ အတိုင်း ခုနက Comment ကိုတွေ့ရပါမယ်။ အဲတာကို လက်နဲ့ ထောက်လိုက်ပါ။

 ပုံမှာပြထားတဲ့ အတိုင်း ဘောက်တခုတတ်လာပါမယ်။ ADM ကို ရွေးပေးလိုက်ရင် ကို ဒေါင်းချင်တဲ့ Video က ဒေါင်းနေပါပြီ။
 ဒီလောက်ဆို အားလုံးသဘောပေါက်လိမ့်မယ်ထင်ပါတယ်။ ဒီနည်းနဲ့ Facebook Video တွေကို စိတ်ကြိုက် ဒေါင်းနိုင်ပါပြီ။

အားလုံးအဆင်ပြေပါစေ.......။

Samsung Galaxy Note 4 ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရောင်းမည်

Samsung Galaxy Note 4 ကို အမေရိကန်နှင့် ဗြိတိန်တွင် ကြိုတင် မှာယူနိုင်ပြီဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်သည်။ အမေရိကန် Carrier များဖြစ်သော AT&T , T-Mobile တို့မှ ရောင်းချပေးမည် ဖြစ်သည်။

T-Mobile က တစ်လလျှင် ၃၁.၂၄ ဒေါ်လာဖြင့် နှစ်နှစ် ပေးသွင်းနိုင်သော အစီအစဉ်ကို ပြုလုပ်ပေးထားပါသည်။ AT&T က စာချုပ်ဖြင့် ရောင်းချမည့် ဈေးနှုန်းကို ကြေညာခြင်း မရှိသေးဟု သိရပါသည်။ စာချုပ်အလွတ် ၀ယ်ယူလျှင် ဒေါ်လာ ၈၂၅.၉၉ ကျသင့်မည် ဖြစ်သည်။ ကနဦး ပေးချေငွေ ဒေါ်လာ ၂၉၉.၉၉ ဖြင့် နှစ်နှစ်စာချုပ်ဖြင့်လည်း ၀ယ်ယူနိုင်သည်ဟု သိရပါသည်။

ဥရောပတွင် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရောင်းချမည် ဖြစ်ပြီး ယူရို ၆၉၉ ကျသင့်မည်ဟု သတင်းထွက်ပေါ်နေပါသည်။

Samsung Galaxy Note 4 ၏ မျက်နှာပြင် အရွယ်အစားမှာ ၅.၇ လက်မဖြစ်သည့်အတွက် ယခင်မျိုးဆက်ထက် မကြီးမားသော်လည်း QHD ကို အသုံးပြုထားသည့်အတွက် တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၈၆ မှ ၅၁၅ သို့ တိုးမြှင့်ထားပါသည်။ Samsung ၏ ပထမဆုံး Quad HD (2560x1440) ကို အသုံးပြုထားသည့် စမတ်ဖုန်း ဖြစ်ပါသည်။ LG G3 နှင့် မျက်နှာပြင် အပိုင်းတွင် တူညီပါသည်။
Super AMOLED မျက်နှာပြင်ဖြစ်ပြီး အကြမ်းခံသည့် Gorilla Galss 3 ဖြင့် မျက်နှာပြင်ကို ကာကွယ်ထားပါသည်။
Galaxy Note 4 တွင် ဒီဇိုင်း ဆန်းသစ်ထားသော S Pen ကို ထည့်သွင်းထားပြီး ကိုင်တွယ် အသုံးပြုရာတွင် ပိုမို အဆင်ပြေလာသည်ဟု သိရပါသည်။ S Pen ၏ အာရုံခံနိုင်မှုကို တိုးမြှင့်ထားသည်ဟု Samsung က ပြောပါသည်။ S Pen နှင့် တွဲဖက် အသုံးပြုရသော S Note, Multi-Window စသည့် ဆော့ဝဲများကို အဆင့်မြှင့်ထားပါသည်။ Snap Note App အသစ်က ဓါတ်ပုံမှ စာသားများကို Edit ပြုလုပ်နိုင်သော ဒစ်ဂျစ်တယ် စာသားများအဖြစ်ပြောင်းလဲပေးနိုင်ပါသည်။
Galaxy Note 4 ကို နှစ်မျိုးထုတ်လုပ်ပေးထားပါသည်။ တစ်မျိုးမှာ Snapdragon 805 Chipset နှင့် LTE Cat.6 ကို အသုံးပြုထားပြီး အခြားတစ်မျိုးမှာ Exynos 5433 Chipset နှင့် LTE Cat.4 ကို အသုံးပြုထားပါသည်။ Android 4.4 KitKat ကို မောင်းနှင်ထားပြီး Galaxy S5 တွင် စတင် မိတ်ဆက်ခဲ့သော TouchWiz စွမ်းဆောင်ချက် အသစ်များ ပါရှိပါသည်။

3GB RAM ပါရှိပြီး Internal Storage မှာ 32GB ဖြစ်ပါသည်။ 64GB အထိဝင်ဆန့်သော MicroSD Card အသုံးပြုနိုင်ပါသည်။
ကင်မရာကို အဆင့်မြှင့်ထားပြီး အနောက်ဘက်တွင် Optical Image Stabilization နည်းပညာပါသော 16MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 3.7MP Camera တပ်ဆင်ထားပါသည်။ မျက်နှာချင်းဆိုင် ကင်မရာသည် Galaxy K Zoom ကဲ့သို့ Selfie Alarm ပါရှိပြီး ကင်မရာ မြင်ကွင်းတွင် ရုပ်ပုံပေါ်လာသည်နှင့် အသံဖြင့် အချက်ပေးပြီး အလိုအလျှောက် ဓါတ်ပုံရိုက်ပေးနိုင်ပါသည်။

Galaxy Note 4 ၏ ဘေးဘောင်များကို Galaxy Alpha ကဲ့သို့ သတ္တုဖြင့် ပြုလုပ်ထားပြီး အနောက်ဘက်တွင် သားရေဖြင့် ချုပ်လုပ်ထားသကဲ့သို့ ထင်ရသော ပလတ်စတစ်ကိုယ်ထည်ကို အသုံးပြုထားပါသည်။ အဖြူ၊ အနက်၊ ရွှေနှင့် ပန်းရောင်များ ထုတ်လုပ်ပေးထားပါသည်။ Alpha ကဲ့သို့ ရေစိုခံနိုင်ခြင်း မရှိဟု သိရပါသည်။ သို့သော် Galaxy S5 ကဲ့သို့ လက်ဗွေရာ လုံခြုံရေး စနစ်ကို Home Button တွင် ထည့်သွင်းပေးထားပြီး အနောက်ဘက်တွင် နှလုံးခုန်နှုန်းကို တိုင်းတာပေးသော Sensor ပါရှိပါသည်။ LTE နှင့် WiFi ဆက်သွယ်မှု နှစ်ခုကို ပေါင်းစည်းပြီး အလွန်လျှင်မြန်စွာ ဒေါင်းလုပ် ပြုလုပ်နိုင်သော Download Booster စွမ်းဆောင်ချက်နှင့် ဘက်ထရီ သက်တမ်း ၁၀ ရာခိုင်နှုန်းသာ ရှိသည့်အချိန်တွင် ၂၄ နာရီ အသုံးခံသော Ultra Power Saving Mode ပါရှိပါသည်။

3220mAh Battery တပ်ဆင်ထားပြီး ကြိုးမဲ့ အားသွင်းနိုင်သော Qi Wireless Charger ကို သီးခြား ၀ယ်ယူနိုင်ပါသည်။

Myanmar Digital Life Journal

ဘာလုံးဝါသနာရှင်များအတွက် - FIFA 15 Ultimate Team v1.1.0 Apk

FIFA 15 Ultimate Team v1.1.0 နောက်ဆုံးထွက် Version လေးတင်ပေးလိုက်ပါတယ်ဗျာ။ ဘောလုံးကန်ရတာဝါသနာပါသူများ တကယ့်ကိုသဘော ကျစေမယ့် ဘောလုံး Game ကောင်းကောင်းတစ်ခုဖြစ်ပါတယ်ဗျာ။ ရုပ်ထွက်အင်မတန်ကောင်းမွန်ပြီး အပြင် မှာကန်နေရသလိုမျိုး ရသကိုခံစားရမှာပါ။ Game ထဲမှာတော့ တစ်ပွဲချင်းစီလည်း ကန်လို့ရပါတယ်။ ဒါ့အပြင် World Cup , Euro Cup , League , အစရှိတဲ့ပွဲစဉ်များကိုလည်းကစားနိုင်မှာပါ။ ကျွန်တော်ကတော့ League ကိုပိုသဘောကျတယ်ဗျာ။ ပွဲစဉ်တွေအများကြီးကန်ရပြီး ပိုက်ဆံတွေရှာ နောက်ပြီးမိမိသဘောကျတဲ့ ကစားသမားတွေကို ၀ယ်ယူပြီးအသင်းကောင်းကောင်းတစ်သင်းထောင်ပြီး ကစားနိုင်မှာပါ။ Apk အပြင် Obb Data ကိုပါဒေါင်းယူပြီးမှကစားရမှာဖြစ်ပါတယ်။ Install လုပ်ပုံလုပ်နည်းကလည်း အရင် Game တွေ လိုပါပဲ။ Apk ကို Install လုပ်ပြီး ဒေါင်းလို့ရလာတဲ့ com.ea.game.fifa15_row Folder ကို sdcard/ Android/obb ထဲကိုကူးထည့်ပြီးမှကစားနိုင်မှာပါ။ obb Folder မရှိခဲ့ဘူးဆိုရင်လည်း ကိုယ်တိုင်ဆောက် လိုက်ပါ။ ဒါဆိုအဆင်ပြေပါပြီ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ။







Saturday, September 20, 2014

ရွှေမိုးညို Software လေးနဲ့ Android ဖုန်းကိုအလှဆင် ရအောင်

ဒီနေ့ကတော့ သူငယ်ချင်းတွေအတွက် ဖုန်း Live in Wallpaper လန်းလန်းလေးတင်ပေးလိုက့်ပါတယ်
ဖုန်းမှာမိုးရေလေးတွေ မိုးချိန်းသံလေးတွေနဲ့လန်းနေမှာပါ..မြန်မာစတိုင်လေးနဲ့လည်းလုပ်ထားပါတယ်..
သူငယ်ချင်းတွေ ဖုန်းမှာလန်းချင်ရင်တော့ ယူထားနိုင်ပါပီဗျာ..ကျနော်ဆိုဒ်လေးကိုအားပေးနေတဲ့
ကျနော့်သူငယ်ချင်းတွေကိုအရမ်းပဲကျေးဇူးတင်ပါတယ်ဗျာ..နောက်လည်းလာရောက်အားပေးဖို့
ဖိတ်ခေါ်ပါတယ်..သူငယ်ချင်းတွေ အဆင်ပြေကျပါစေ...
 
 

အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် ငါးထောင်ကျပ်တန်ငွေစက္ကူအသစ် အောက်တိုဘာ ၁ ရက်တွင်စတင်ထွက်ရှိမည်

အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် ငါးထောင်ကျပ်တန်ငွေစက္ကူအသစ် အောက်တိုဘာ ၁ ရက်တွင်စတင် ထွက်ရှိမည်။ ယခင်တရားဝင် ကျပ်ငါးထောင်တန်ကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်
====================================================

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငါးထောင်ကျပ်တန် ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်းပိုမိုမြင့်မားစေရန်၊ သက် တမ်းပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှကာကွယ်နိုင်ရန် အောက်တိုဘာ ၁ ရက်မှစတင်ပြီး ငါးထောင် ကျပ်တန် ငွေစက္ကူအသစ်ကိုထုတ်ဝေ သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။


ငါးထောင်ကျပ်တန်ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်းပိုမိုမြင့်မားစေ၍ အရည်အသွေးပိုမိုကောင်းမွန်ရန်၊ အသုံးပြု နိုင်မှုသက်တမ်းပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေးကြိုးပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish)အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားကြောင်း၊ အဆိုပါ လုံခြုံရေးအဆင့်အတန်းမြှင့်တင်ထားသည့် ငါးထောင်ကျပ် တန်ငွေစက္ကူ အသစ်ထွက်ရှိလာသော်လည်း ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကထုတ်ဝေခဲ့သော ယခင်ငါးထောင်ကျပ်တန်ငွေစက္ကူ၏ တရားဝင်လှည့် လည်သုံးစွဲငွေအဖြစ်တည်ရှိနေမှုကို ထိခိုက်စေမည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ယခင် ငါးထောင်ကျပ်ငွေစက္ကူ၏ မျက်နှာစာတွင်ဒေါင်လိုက် ထည့်သွင်းထားသောအကန့်လိုက်ဆစ် ပိုင်းပြီးမြှုပ် နှံထားသည့် လုံခြုံရေးကြိုးအစား ငွေစက္ကူအသစ်တွင် အရောင်ပြောင်းလဲနိုင်သည့် လုံခြုံ ရေးကြိုး အသစ်ကို ပြောင်းလဲထည့်သွင်းထား ကြောင်း၊ အဆိုပါလုံခြုံရေးကြိုးအသစ်မှာ ယခင်ကြိုးထက်ပိုမို ကြီးမားပြီး ငွေစက္ကူကို ကြည့်သည့်အနေအထား ပေါ်မူတည်ကာ ရွှေဝါရောင်နှင့် အစိမ်းရောင် သို့ပြောင်း လဲမြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ငွေစက္ကူသစ်၏မျက်နှာစာဖက်၊ လက်ယာဘက်ပိုင်းတွင်ပုံစံ အသစ်ဖြင့်ပြုလုပ်ထားသည့် ဆင်ဖြူ တော်ပုံ ရေစာပါရှိပြီး အလင်းရောင်တွင်ကြည့်ရှုပါက ရေစာကိုတွေ့မြင် ရမည်ဖြစ်ကြောင်း၊ ငွေစက္ကူအသစ်ကို ဖုံးအုပ်ထား သည့် ဗားနစ်(Varnish) အလွှာသည် ပြင်ပမှရေခိုးရေငွေ့ များ၊ အရည်များနှင့်အရောင်များစွန်းထင်းနိုင်ခြင်းကို အကာအကွယ်ပေးနိုင်ခြင်းကြောင့် အသုံးပြုမှု သက်တမ်း ကိုပိုမိုရှည်ကြာစေမည်ဖြစ်ကြောင်းသိရသည်။ ငွေစက္ကူသစ်၏ အရွယ်အစား၊ ပုံသဏ္ဍန်နှင့်အရောင် သတ်မှတ်ချက်များ ယခင်ထုတ်ဝေခဲ့သည့်ငွေစက္ကူများအ တိုင်းပြောင်းလဲခြင်းမရှိကြောင်းသိရသည်။

-အမ်းဝေ

Thursday, September 18, 2014

Zawgyi Font For IOS8

iOS 8 မှာ Zawgyi Font ကို jailbreak လုပ်စရာမလိုတော့ပဲ သွင်းလို့ရပါပြီ။ ကီးဘုတ်လဲ jailbreak မလုပ်ပဲသွင်းလို့ရမှာဖြစ်ပါတယ်။ App Store ပေါ် မြန်မာကီးဘုတ်တွေရောက်တာနဲ့ တင်ပေးသွားမှာဖြစ်ပါတယ်။ Zawgyi Font ကိုတော့ အောက်ကလင့်ကို Safari နဲ့ဖွင့်ပြီးသွင်းနိုင်ပါတယ်။

http://bit.ly/iOS8Zawgyi

IOS 8 Download links for All IOS Devices

IOS User တွေအတွက် IOS 8 Firmware များ အလွယ်တကူ Download ရယူနိုင်ရန်
 
တင်ပေးလိုက်ပါတယ်။
 
Update ကိုမှ စိတ်ဝင်စားသူတွေအတွက် နှစ်သက်ရာ Model ကို Download ရယူနိုင်ပါတယ်။
 
 

JailBreak Devices များအတွက် Itune 11.4 မှ သာ support ပေးနိုင်မယ်လို့သိရပါတယ်။
Jailbreak လုပ်ထားတဲ့ညီအကိုများအတွက် iOS8 ကိုတင်နိုင်ရန်အတွက် Latest itunes 11.4 ကို ဒေါင်းလော့ရယူနိုင်ပါတယ်။
 
itune 11.4 အတွက် Upload တင်ပေးထားတဲ့ Ko Aung Bo Bo Lwin { MMAS & MMUG } 
ကို Credit ပေးပါသည်။
 

Sunday, September 14, 2014

Music Download Tube Pro v1.5.3 Apk

ဖုန်းသီချင်းနားထောင်းနေတဲ့သူများအတွက် Music Download apk လေးကိုတင်းပေးလိုက်ပါတယ်။ မိမိ
နားထောင်းချင်းတဲ့ သီးချင်းကိုသာ sound search ရိုက်ထဲပြီး မိမိ ကြိုက်နှိက်သက်တဲ့ MP3 ကိုတာရှာပြီး
Download ဆွဲလိုက်တာနဲ့ မိမိကြိုက်တဲ့သိချင်းနှင့် ကဲလိုက်တော့ဗျာ။

Music Download Tube Pro Apk - is a wonderful MP3 music sound search and download engine.

Key Features:-

  •     Unlimited MP3 music download
  •     Song obtain
  •     Pay attention and benefit from Android track
  •     You will see that each track by way of this app

Left 4 dead 2 apk (Android Game)

android ဖုန်းမှာ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ရတဲ့ဂိမ်းလေးကိုကစားရတာကြိုက်တဲ့သူငယ်ချင်းတွေအ
တွက် Left 4 dead 2 apk  လေးလာပါပြီ ဒီကောင်လေးကတော့ဆိုးသွမ်းသောင်းကျန်းနေတဲ့သွေးစုတ်ဖုတ်
ကောင်တွေကိုကြမ်းကြမ်းတမ်းတမ်းပဲလိုက်လဲနှိမ်နှင်းရတဲ့ဂိမ်းလေးပါ အကြမ်းတမ်းဆုံးအခန်းများစွာပါဝင်ပြီး
ရင်ခုန်စိတ်လူပ်ရှားဖွယ်အပြည့်နဲ့သူငယ်ချင်းတွေရဲကစိတ်ကိုဆွဲဆောင်စေလိမ့်မယ်လို့မျော်လင့်မိပါတယ်ဗျာ
ဖိုင်ဆိုဒ်က 31mb ရှိပြီး Android 2.3.3 နှင့်အထက်ဖုန်းတွေမှာကစားနိုင်ပါတယ်ခင်ဗျာ့ ။


Android ထဲမှာ ဘယ်သူမှ မကြည့်ရအောင်ပိတ်ထားမယ်-Lockdown Pro Premium App Lock v1.3.1 Apk

ဒီကောင်လေးကတော့Android ထဲမှာ ဘယ်သူမှာ မကြည့်ရပိတ်ထားပေးမယ်Lockdown apkလေးဖြစ်ပါ တယ်။ ဟိုတုန်ကတင်ပေးခဲ့သောVersionကိုဖြုတ်ပေးမှာ အခု(Now)Updateလေးကိုထည့်ပေးရမှာဖြစ်ပါ တယ်ဗျာ။Lockdown apkလေးကတော့မိမိဖုန်းမှာ SMS, Gmail, Facebook, Whatsapp, SnapChat, Instagram, Viber, Line, တွေအပြင်အခြားသော App တွေကိုကိုယ်မသိပဲဖွင့်ကြည့်မရအောင် Pattern Lock, Classic Lock & Calculator Lock စသည့် 3 မျိုးထဲကကနေမိမိကြိုက်ရာနဲ့ရွေးပြီး lock ချထားလို့ရတဲ့ App လေးပါ။ကိုယ်မသိပဲ ဖုန်းကို ဖွင့်လိုက်တာနဲ့ ဘာနဲ့ဖွင့်မလည်းဆိုတာ ပုံမှာပြထားတဲ့အတိုင်းမေးပါမယ်။ ကိုယ်မသိတဲ့လူက၀င်ရောက်ကိုင်တွယ်အသုံးပြုပါ lockကိုမဖြည်နိုင်လျှင် ဓါတ်ပုံရိုက်ထားပေးမှာဖြစ်ပါတယ်။Android : 2.2 နှင့်အထက်ကစပြီးအသုံးပြုနိုင်ပါတယ်။

Lockdown Pro Premium App Lock Apk - is a wonderful app lock application for Android users. Lockdown Pro is the best app lock and privacy protect tool. It can lock any app such as SMS, Gmail, Facebook, WhatsApp, SnapChat, Instagram, Viber etc Key Features:-
  •     1Tap to lock apps
  •     Auto lock new install app
  •     Show fake cover
  •     Lockscreen. This feature will replace your default lock screen
  •     Taking pictures after wrong password
  •     Auto uploading pictures to Google Drive
  •     Auto send email with some info and pictures of the person whop wants to access your phone
  •     Auto lock and unlock when you get in and out your setting locations
  •     Active lock apps with a SMS
  •     Three password modes as pattern lock, classic lock and calculator lock
  •     Fake error message
  •     Time pin password
  •     Themes store
  •     Screen timeout. The screen will never turn off when running registered app
  •     Random keyboard password
  •     Prevent uninstall lockdown pro and clear the memory on some devices
  •     Lock  device administrator

Spider-man unlimited For Android


ဒီတစ်ခါတော့ Data နည်းနည်း နဲ့ ဆော့လို့ကောင်းတဲ့ Game တစ်ခုတင်ပေးပါ့မယ်
Spider Man Unlimited Game လေးပါ
Data size ကလည်း 70 MB လောက်ဘဲ ရှိတာပါ ရုပ်ထွက်လည်း Marvel Comic အတိုင်းထွက်မှာပါ
Surfway လို ပြေးရင်နဲ့ လူဆိုးတွေကို ချရမှာပါ ဒါပေမယ့် ကွဲလွဲတဲ့ ဇာတ်လမ်းသွားလေးနဲ့ဆိုတော့
Surfway ဆော့ရသလိုတော့ ပျင်းစရာမကောင်းပါဘူး

အောက်မှာ Screenshot လေးတွေကို ကြည့်ပါ








 ဆော့ချင်တယ်ဆိုရင်အောက်မှာရယူနိုင်ပါတယ်


အပြည့်အစုံဖတ်ရန် >> http://www.myanmarmobileapp.com/2014/09/13/55927/

iOS 8 အတွက် သင့်ရဲ့ iPhoneနဲ့ iPadကို ပြင်ဆင်ထားနည်းများ

Apple က ဇွန်လမှာ ပြုလုပ်ခဲ့တဲ့ Worldwide Developer Conferenceမှာ iOS 8 ကို ကြေညာခဲ့ပါတယ်။ နောက်ဆုံး iOS Versionမှာ Siri Voice Assistant တိုးတက်ကောင်းမွန်လာပြီး Health and Wellness Appအသစ်နဲ့ Notification များကို ဆန်းသစ်ထားတဲ့အပြင်အခြားအရာများစွာ တိုးတက်ပြောင်းလဲလာပါတယ်။

iOS 8 ကို လာမယ့် ရက်သတ္တပတ်အနည်းငယ်မှာ ဖြန့်ချီဖို့ ရှိနေတာကြောင့် အခုချိန်ဟာ Updateရယူဖို့ သင့် iPhone, iPad များကို အဆင်သင့်ပြုလုပ်ထားဖို့ အကောင်းဆုံးပါ။ ဒီနည်းလမ်းများက iOS 7ကနေ iOS 8ကို အဆင့်မြှင့်တင်ရာမှာ အချောမွေ့ဆုံး ဖြစ်စေမှာပါ။

Compatibilityကို စစ်ဆေးပါ။

မူလ iPadနဲ့ iPhone 4ကို သုံးနေသေးတယ်ဆိုရင် အဆင့်မြှင့်ဖို့ အချိန်ကျပါပြီ။ Appleရဲ့ Deviceအားလုံးဟာ iOS 8ကို Updateလုပ်လို့ မရပါဘူး။ Appleက အောက်ပါ Deviceများကသာ iOS 8ကို အဆင့်မြှင့်နိုင်မယ်လို့ ပြောပါတယ်။ အဲဒီ Deviceများကတော့ iPhone 4S, iPhone 5, iPhone 5S, iPhone 5C, iPad 2, Third-and Fourth-Generation iPad, iPad Air, Fifth-Generation iPod Touch, iPad Mini, iPad Mini with Retina Displayတို့ ဖြစ်ပါတယ်။

နေရာလွတ်တွေ ရှင်းလင်းပါ။


iOS 7ကို အင်တာနက်ကနေ Updateလုပ်ခဲ့ရတဲ့ ပမာဏဟာ 700MBလောက်ရှိပါတယ်။ ဒါပေမယ့် Updateကို အင်စတော လုပ်ဖို့ ဖုန်းမှာ 3GBလောက် နေရာလွတ်ရှိဖို့ လိုခဲ့ပါတယ်။ iOS 8 ထွက်ရှိလာရင်လည်း အဲဒီလိုအပ်ချက်တွေလောက် နေရာလွတ်ရှိဖို့ လိုမှာပါ။ အဲဒီအတွက် နေရာလွတ်တွေကို ရှင်းထားဖို့က အကောင်းဆုံး အချိန် ဖြစ်ပါတယ်။

အသုံးမပြုတဲ့ Appတွေကို Uninstallလုပ်ထားဖို့ (အိုင်ကွန်ကို ဖိထားပြီး တုန်ခါလာရင် ကြေခြေခတ်ခလုတ်ကို နှိပ်ပါ။)နဲ့ ဓါတ်ပုံများကို iCloud ဒါမှမဟုတ် Dropbox, Google Driveတို့လို အခြား Cloud Serviceများကို ပြောင်းရွှေ့ထားသင့်ပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယိုများကို မဖျက်ဘဲ သင့်ကွန်ပျူ တာကို ကူးပြောင်းထားရင်လည်း ဖုန်းမှာ နေရာလွတ်များ ရရှိစေမှာပါ။

iPhone, iPadကို USB ကနေ ကွန်ပျူ တာနဲ့ ချိတ်ပါ။ Mac ဒါမှမဟုတ် MacBook မှာ ဆိုရင် iPhoto ကို သုံးပြီး ဓါတ်ပုံအားလုံး ဒါမှမဟုတ် နှစ်သက်တဲ့ ဓါတ်ပုံများကို ရွေးချယ်ပြီး ကွန်ပျူ တာမှာ သိမ်းနိုင်ပါတယ်။ ဝင်းဒိုးကွန်ပျူ တာမှာ My Computerကို နှိပ်ပြီး Portable Device ကဏ္ဍဍမှ သင့် Deviceကို ရွေးချယ်ပါ။ DCIM Folder ကို နှိပ်ပါ။ ဓါတ်ပုံနဲ့ ဗီဒီယိုများကို Drag and Dropလုပ်ပြီး သင့်ကွန်ပျူ တာကို ကူးပြောင်းပါ။

သင့် iOS Deviceမှာ နေရာဘယ်လောက်ကျန်လဲ သိချင်ရင် Settings>General>Usageမှာ ကြည့်နိုင်ပါတယ်။

Updatesများကို စစ်ဆေးပါ။

နောက်တစ်ဆင့်မှာ သင်သုံးနေတဲ့ Softwareများကို Updateလုပ်ထားဖို့ လိုပါတယ်။ iOS 8 ကို အဆင့်မြှင့်ဖို့ နောက်ဆုံး iOS Versionကို တင်ထားရမှာပါ။ Settings>General> Software Update မှာ Update ရလား စစ်ဆေးပါ။
iOS 8 မှာ သင့်ရဲ့ Appအားလုံး အလုပ်ကောင်းစွာ လုပ်ဖို့ အတွက် iOS 8 ကို Update မလုပ်ခင်မှာ App အားလုံးကို Update လုပ်ထားသင့်ပါတယ်။

သင့် Deviceကို Back Up လုပ်ထားပါ။

Updateလုပ်စဉ်မှာ အဓိက ပြဿ     နာကြီးကြီးမားမား မရှိနိုင်ပေမယ့်လည်း သင့် Deviceကို Backup လုပ်ထားခြင်းက စိတ်ချရစေပါတယ်။
သင့် Deviceကို Backupလုပ်ဖို့ နည်းနှစ်နည်းရှိပါတယ်။ ပထမနည်းက သင့်ကွန်ပျူ တာမှာ သိမ်းထားပေးမယ့် iTunesနဲ့ ပြုလုပ်ခြင်းပါ။ အဲဒီနည်းအတွက် နောက်ဆုံး iTunes Version ကို အင်စတော လုပ်ထားသင့်ပါတယ်။ သင့် iPhone, iPadကို USBကြိုးကနေ ကွန်ပျူ တာနဲ့ ချိတ်ဆက်ပါ။ ပြီးရင် သင့် Device ကို ရွေးချယ်ပြီး အပေါ်ရှိ Menu ကနေ Summary Tab ကို သွားပါ။ သင့်ကွန်ပျူတာကို ရွေးချယ်ထားလားဆိုတာ သေချာအောင် စစ်ဆေးပြီး ညာဘက်ဘေးမှ Back Up Now ကို နှိပ်ပါ။ Apple Cloud Serviceမှာ သိမ်းချင်ရင် ကွန်ပြူတာ Optionရဲ့ အထက်မှ iCloud Optionကို ရွေးချယ်ပါ။

ဒေတာများကို သင့် iOS Deviceကနေ iCloud ကို တိုက်ရိုက် သိမ်းနိုင်ပါတယ်။ ဝိုင်ဖိုင်ဖွင့်ထားပြီး Settings>iCloud>Storage and Backupကို နှိပ်ပါ။ အဲဒီမှာ ဘယ်ဖိုင်တွေနဲ့ Settingsတွေကို iCloudမှာ သိမ်းမလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပြီးရင် Pageအောက်ဆုံးသွားပြီး Back Up Nowကို နှိပ်ပါ။

မှတ်သားစရာအချို့
 
အတိတ်မှာ ကြုံ ခဲ့ရဖူးသလိုပဲ တစ်ခါတစ်လေမှာ Update ကြီးကြီးမားမားတွေက Deviceအဟောင်းတွေမှာ ဆိုရင် ပြဿ     နာဖြစ်စေပါတယ်။ iOS 7ကို အဆင့်မြှင့်ပြီးနောက်မှာ iPhone 4ပိုင်ရှင်တွေဟာ ဘက်ထရီသက်တမ်း တိုးတောင်းသွားမှုနဲ့ စွမ်းဆောင်ရည် ကျဆင်းသွားတဲ့ ပြဿ    နာများကို ကြုံတွေ့ခဲ့ကြပါတယ်။ iPhone 4S, iPad 2ပိုင်ရှင်တွေအနေနဲ့ တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ကြာမှ iOS 8ကို အဆင့်မြှင့်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သင့် Deviceကို Updateလုပ်စဉ်မှာ တွေ့ရမယ့် ပြဿ     နာတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
 
ref: http://ict.com.mm

Friday, September 12, 2014

Android ဖုန်းများအတွက် Video Call ပါဝင်လာတဲ့ Viber V5.0.0.4090

Android ဖုန်းတွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090 ကိုတင်ပေးလိုက်ပါတယ်။ Viber ဟာ ဗီဒီယိုခေါ်ဆိုမှု video calling ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရစေမယ့် feature ကိုထည့်သွင်းပေးလိုက်ပါပြီ။ အခုဆိုရင် Viber ကို သုံးပြီး ဗီဒီယိုခေါ်ဆိုမှုကို သင့်ရဲ့ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ်ပြိုင်တည်း သုံးနိုင်ပြီ ဖြစ်တာကြောင့် သင့်အတွက် အဆင်ပြေဆုံး ဖြစ်မှာပါ။
Viber 5.0 မှာ ဗီဒီယိုခေါ်ဆိုမှု ပါဝင်လာရုံမက သူငယ်ချင်းတွေရဲ့ Viber နံပါတ်ကို ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်၊ QR code နဲ့ Scan ဖတ်တာပဲဖြစ်ဖြစ် လုပ်ဆောင်ပြီး သင့်ရဲ့ Contacts တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်သည့် နည်းစနစ်လည်း ပါဝင်လာပါသည်။ Android ဖုန်းတွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090 ကိုအောက်က Link မှာရယူနိုင်ပါတယ်။

iPhonec တွေအတွက် Video Call ပါဝင်လာတဲ့ Viber V5.0

iPhone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090 ကိုတင်ပေးလိုက်ပါတယ်။ Viber ဟာ ဗီဒီယိုခေါ်ဆိုမှု video calling ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရစေမယ့် feature ကိုထည့်သွင်းပေးလိုက်ပါပြီ။ အခုဆိုရင် Viber ကို သုံးပြီး ဗီဒီယိုခေါ်ဆိုမှုကို သင့်ရဲ့ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ်ပြိုင်တည်း သုံးနိုင်ပြီ ဖြစ်တာကြောင့် သင့်အတွက် အဆင်ပြေဆုံး ဖြစ်မှာပါ။ Viber 5.0 မှာ ဗီဒီယိုခေါ်ဆိုမှု ပါဝင်လာရုံမက သူငယ်ချင်းတွေရဲ့ Viber နံပါတ်ကို ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်၊ QR code နဲ့ Scan ဖတ်တာပဲဖြစ်ဖြစ် လုပ်ဆောင်ပြီး သင့်ရဲ့ Contacts တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်သည့် နည်းစနစ်လည်း ပါဝင်လာပါသည်။ iPhone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0 ကိုအောက်က Link မှာရယူနိုင်ပါတယ်။
 

မြန်မာ့ဆက်သွယ်ရေး (MPT) ၏ GSM နှင့် WCDMA ဖုန်းဆင်းကတ်များအတွက် ကြိုတင်ငွေဖြည့်ကတ် ငါးထောင်ထည့်လျှင် ၄၀ ရာခိုင်နှုန်း ကျပ် ၂၀၀၀ အပိုရမည်ဖြစ်ပြီး ငွေဖြည့်ကတ် တစ်သောင်းတန်နှင့် အထက်ကို ထည့်ပါက ၆၀ ရာခိုင်နှုန်း ကျပ် ၆၀၀၀ အပိုဆုကြေး ရရှိမည်ဟု  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E LITE IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် MPT ဆင်းကဒ်များ စတင်ရောင်းချနေသည်ကို စက်တင်ဘာလ ၁ ရက်နေ့ကတွေ့ရစဉ်။  (ဓာတ်ပုံ – ငြိမ်သစ်ညီ၊ မဇ္ဈိမ)
အပိုဆုကြေး ထပ်ပေါင်းပေးသည့် အစီအစဉ်ကို စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်အတွင်း ငွေဖြည့်သူများအတွက် အကျုံးဝင်မည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်အထိသာ အပိုဆုကြေးကို အသုံးပြုနိုင်မည်ဖြစ်သည်။
“ကျွန်မ ဒီညပဲ တစ်သောင်းတန်ဖြည့်လိုက်တာ bonus ခြောက်ထောက် ၀င်လာတယ်” ဟု ကျပ်တစ်သောင်းတန် ငွေဖြည့်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဆင်းမ်ကတ်များအတွက် ငွေဖြည့်ကတ် ဖြည့်သွင်းရာတွင် အပိုဆုကြေးပေးသည့် အစီအစဉ်ကို ဧပြီလအတွင်းက ပြုလုပ်ခဲ့ဖူးပြီး ယခုအခါ ဒုတိယအကြိမ် Promotion ပြုလုပ်ခြင်း ဖြစ်သည်။
လက်ရှိတွင် MPT ၏ GSM ဖုန်းငွေဖြည့်ကတ်မှာ ကျပ်ငါးထောင် ၊ တစ်သောင်းမှ သုံးသောင်းအထိ ရှိနေပြီး ကျပ်ငါးထောင်အောက် လျော့နည်းသော ငွေဖြည့်ကတ်များကိုလည်း ထုတ်လုပ်ရောင်းချပေးသွားမည်ဟု မိုဘိုင်းအင်ဂျင်နီယာချုပ်က ပြောကြားထားသည်။

Monday, September 8, 2014

Samsung မှ Samsung Galaxy Note Edge အမည်ရဖုန်းကို မိတ်ဆက်ပြသ

Samsung ကနေ Screen က ဘေးဘောင်အနားပတ်အထိရောက်နေမယ့် Screen နဲ့ဖုန်းပုံစံတွေ များစွာထွက်ရှိနေခဲ့တာတော့ ကြာပါပြီ။ ဒါပေမယ့် အခုတကယ်ဖြစ်လာပြီ ဖြစ်ပါတယ်။ ၂၀၁၄ စက်တင်ဘာလ ၃ ရက်နေ့တွင် Samsung Galaxy Note 4 နှင့်အတူ Samsung Galaxy Note 4 ကိုအခြေခံထားသော ဖုန်းဖြစ်သော Samsung Galaxy Note Edge အမည်ရဖုန်းကိုမိတ်ဆက်ပြသလိုက်ပြီဖြစ်သည်။
 

 Samsung Galaxy Note Edge သည် ဖုန်း၏ ညာဘက် ဘေးဘောင်အနားသားနေရာအထိ Screen ပါရှိသော ဖုန်းပုံစံမျိုးဖြစ်သည်။ ဖုန်း Screen ကိုပိတ်ထားလျှင်တောင်မှ Screen ဘေးဘောင်နေရာတွင် အချိန်နှင့် Notification များကို ပြသပေးနေမည်ဖြစ်သည်။ Samsung Galaxy Note Edge တွင် Android version 4.4 Kitkat ကိုအသုံးပြုထားသည်။ 
 အသုံးများသော App များကို Shortcut icon အနေဖြင့် ဘေးဘောင် Screen နေရာတွင်ထားရှိနိုင်မည်ဖြစ်သည်။ယင်း Curved Screen အတွက် အခြား Feature များလည်းထည့်သွင်းပေးထားသည်ကိုလည်းတွေ့ရသည်။ Samsung Galaxy Note စီးရီးဖုန်းဖြစ်၍ Note များမှတ်သားနိုင်ရန် S Pen ကိုထည့်သွင်းပေးထားပါသည်။

IOS8 Beta တင်ထားသော iPhone 6 ဓာတ်ပုံနှင့် ဗွီဒီယိုများ ထပ်မံထွက်


တရုတ်ဖိုရမ်တစ်ခုဖြစ်သည့် Weibo အသုံးပြုသူတစ်ဦးမှ iPhone 6 ကိုအသုံးပြုပြနေသော ၊ iPhone 6 ၏ Touch ID ကိုအသုံးပြု၍ Lock Screen ကိုဖွင့်ပြနေသော ဗီဒီယိုဖိုင်နှင့်အတူ iOS 8 Beta (build 12A365) တင်ထားသည့် iPhone 6 ရဲ့ဓာတ်ပုံအချို့ကိုလွှင့်တင်ထားသည်ကိုတွေ့ရသည်။ ယင်း Video ဖိုင်တွင် iPhone 6 ရဲ့ Lock Screen ကို Touch ID အသုံးပြု၍ ဖွင့်ပြသွားပြီး Home Screen ပေါ်လာသောအခါ iOS 8 တွင်ပါဝင်သည့် Health Kit ကဲ့သို့သော app များကိုတွေ့ရသည်။ ဗီဒီယိုကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။
 
 
 
ယင်း iPhone 6 ကိုအသုံးပြု၍ iTunes Store app ထဲသို့ဝင်၍ app များ Download လုပ်နေပုံ ၊ ဖုန်းရဲ့ Setting ထဲသို့ဝင်၍ ဖုန်းရဲ့ Information များကိုလည်း ဓာတ်ပုံရိုက်၍ တင်ထားသည်ကိုတွေ့ရသည်။



တရုတ်တွင် iPhone 6 Clone များထွက်ရှိနေသော်လည်း ယခု Weibo တွင်တင်ထားသော ဗီဒီယို နှင့်ပုံများမှာ iPhone 6 အမှန်တကယ်ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။

Home City Mobile Application သည် မြန်မာနိုင်ငံအတွင်းရှိ နာမည်ကြီး အိမ် ၊ ခြံ ၊ မြေအကျိုးတော်ဆောင်ကုမ္ပဏီကြီးများ၏ အိမ် ၊ ခြံ ၊ မြေ ဈေးကွက်အချက်အလက်ပေါင်းများစွာကို လွယ်ကူလျင်မြန်စွာ ရှာဖွေကြည့်ရှုနိုင်မည့် application ဖြစ်ပါသည်။ တကယ်ကောင်းမွန်တဲ့ အိမ် ၊ ခြံ ၊ မြေရှာဖွေရေး Mobile Application တစ်ခုပါပဲ။ Bagan Innovation Technology ကရေးသားဖန်တီးထားတဲ့ app လေးတစ်ခုပါ။ Home City v1.2 for Android ကိုအောက်က Link မှာရယူနိုင်ပါတယ်။