Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Tuesday, August 26, 2014

ဖုန်းဘက်ထရီကို အမြန်ဆုံးအားသွင်းဖို့ အကြံပေးချက်များ

အကောင်းဆုံးကတော့ မိမိဖုန်းဝယ်စဉ်ကပါလာတဲ့ original adaptor ပါ... အပြင်မှာ လွယ်ကူစွာ ၀ယ်လို့ရတဲ့ adaptor တွေရှိပေမယ့် မူရင်းကိုတော့မမီပါဘူး.. နောက်ပြီး နံရံက socket ကမဟုတ်ဘဲ ကွန်ပျူတာ လက်တော့တွေရဲ့ usb hub တွေကနေ အားသွင်းတာ ကိုလည်းရှောင်ကျဉ်သင့် ပါတယ်။ဘာလို့လဲဆိုတော့Battery ရဲ့ Speed ကို ကျဆင်းစေလို့ပါ 

airplane mode ကို ဖွင့်ထားပြီးအားသွင်းတာကလည်း အားပြည့်မြန်စေပါတယ်။.. notification bar လေး ကနေ onနိုင်သလို  power button ကို ဖိထားပြီးပေါ်လာတဲ့အကွက်ထဲကနေ on နိုင်ပါတယ်။

 


 

 တကယ်လို့ ဖုန်းသုံးဖို့ မလိုအပ်တဲ့အချိန်မှာဆိုရင် ပါဝါကို ပိတ်ပြီးအားသွင်းတာဟာ အကောင်းဆုံးပါပဲ...
အားပြန်ပြည့်တာအလွန်မြန်ဆန်ပါတယ်။

မလိုအပ်တဲ့appများကိုပိတ်ထားခြင်း


ဖုန်းရဲ့နောက်ကွယ်မှာ run နေတဲ့ app process တွေကလည်း အားစားပါတယ်...ထို့အတူ အားသွင်းချိန် ကိုလည်းကြန့်ကြာစေပါတယ် ဥပမာ Bluetooth,GPS,Wifi,NFC စသဖြင့်ပါ။ ဒါလေးတွေပိတ်ပြီး အားသွင်း ရင်လည်းအကျိုးရှိပါတယ်...တကယ်တော့အသေးအဖွဲလေးပါ။ ဒါပေမယ့်အသုံးဝင်တဲ့အသေးအဖွဲလေးတွေ ပါ။ 
 ဖုန်းမှာအားစားများတာကတော့ Screen ပါ..ဖုန်းအားသွင်းနေစဉ်မှာ Screen ကို မပွင့်စေခြင်းကလည်း မိမိ
ဖုန်းကိုအားပြည့်မြန်ပါစေတယ်..
ဒါတွေကတော့ မိမိဖုန်းဘက်ထရီကို အားသွင်းရာမှာ သတိထားသင့်တဲ့အချက်ကလေးတွေဖြစ်ပါတယ်

Sunday, August 24, 2014

Facebook သုံးတဲ့သူများအတွက် updater Version Facebook v17.0.0.0.8 Apk

ဖုန်းကိုင်းဆောင်းထားတဲ့ သူတော်တော် များများတောင်းထားတဲ့တွက် Facebook Version 17.0.0.0.8 သစ်လေးကို ကျနော်တင်ပေးလိုက်ပါတယ်။ ဒီVersion ၏ လုပ်ဆောင်းစွမ်းရည်းကတော့ များကြီးပဲဗျာ ဓာတ်ပုံShare  photos , videos, like ,comment, posts, Text, chat ,group conversations and Playgames,ဂိမ်းတွေကိုလည်းဖုန်းထဲကကောင်းကောင်းစကားလိုရတယ်ဆိုတော့အရမ်းကောင်းပါတယ်ဗျာ။

ဖုန်းရဲ့ Internet Dataအသုံးပြုမှုကို သတ်မှတ်နိုင်တဲ့အပြင်စောင့်ကြည့်သတိပေးနိုင်တဲ့ Data Monitor Widget apk

ဒီ ကောင်လေးကတော့ သင့်ဖုန်းအင်တာနက် Dataသုံးစွဲမှု(သို့မဟုတ်) WiFiရဲ့ အင်တာနက် data အသုံးပြု မှုကို ကိုယ်တိုင် ကန့် သတ်ထားနိုင်တဲ့ အပြင် ဖုန်း Home Screen ပေါ်မှာ Widget အနေနဲ့ တင်ထားလို့ရပါတယ်။
ဥပမာ ..Oredoo လို Dataပမဏ နဲ့ ကောက်ခံတဲ့ အင်တာနက်လိုင်းကို သုံးမယ်ဆိုရင် ကိုယ်သုံးစွဲလို တဲ့ Data ပမာဏကို Limitလုပ်ပြီးကန့်သတ်ပေးထားလိုက်ပေါ့ဗျာ...ကိုယ်သတ်မှတ်ထားတဲ့ data usage limit ရောက်တာနဲ့ ဒီကောင်လေးက အလိုအလျောက် connection ဖြတ်တောက်ပေးမှာပါ။ setting menu ထဲက Disconnect Network ကိုတော့ အမှန်ခြစ်ပေးထားရပါမယ်.။ data limit ကို 0 mb ဒါမှမဟုတ် 0Gb ထားမယ်ဆိုရင်တော့ ဒီ widget က အလုပ်လုပ်မှာ မဟုတ်ပါဘူး။ widget's display မှာ both moblie + wifi ကို ရွေးချယ်ထားမယ်ဆိုရင် wifi အင်တာနက်အသုံးပြုမှုကိုပါ ထည့်တွက်ပေးမှာပါ။AppUsageမှာလည်း..မိမိအသုံးပြုထားတဲ့Appတွေရဲ့ Dataပမာဏ ကိုပြန်ကြည့်နိုင်ပါတယ်.။Speed Testကိုအသုံးပြုလို့ရနိုင်သေးမှာမဟုတ်ပါဘူး...။
တကယ်လို့ ဒီ app widget မပေါ်ဘူးဆိုရင် ဖုန်းကို restart ချလိုက်ပါ။
အောက်က Linkမှာလည်းဒေါင်းနိုင်ပါပြီ။

ဖုန်းထဲက ပဌာန်းတရား နာကြားချင်း သူများအတွက် ပဌာန်း apk

ဖုန်းထဲမှာဗုဒ္ဓတရားများဖြစ်တဲ့ ပဌာန်းတရား ဒေသနာတော်ကို ဖုန်းထဲကနေပြီးနားကြားချင်းတယ် သူများအတွက် ပြန်လည်းအမျှဝေပေးလိုက်ပါတယ်။  ပဌာန်းတရားကိုတော့ ကျနော်ဆိုနေတိုင်းနာကြားနေတယ်ဗျာ။ ဗုဒ္ဓဘာသာတစ်ယောက်နေနဲ့ ဗုဒ္ဓတရားယောကြားခဲ့သော
 ပဌာန်းတရားဖြစ်တယ် ပဋ္ဌာန်း ၂၄-ပစ္စည်း တရားကို ဖုန်းရှိသူတိုင်အဆင်ပြေရန်
apkလေးတင်ပေးလိုက်ပါတယ်ဗျာ။

Passcodes မသုံးဘဲ သင့်ရဲ့ဖုန်းဟာ လုံခြုံမှုရှိနိုင်ပါ့မလား

 
 စာနည်းနည်းတော့များပေမယ့် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...
နည်းပညာခေတ်ရဲ့ ဆန်းသစ်တဲ့ထုတ်ကုန်တွေအတွက် လုံခြုံရေးအစီအမံအဖြစ် အသုံးပြုလေ့ရှိတဲ့ Passowrds နဲ့ Passcodes တွေရဲ့ အသုံးဝင်မှုဟာ ကျွန်တော်တို့အတွက် အလွန်ရေးပါခဲ့ကြပါတယ်။ ကိုယ့်ရဲ့ဖုန်းမှာ အသုံးပြုဖို့အတွက် စကားဝှက်ကို ကိုယ် နှစ်သက်တဲ့သူရဲ့နာမည်၊ စွဲလမ်းတဲ့အရာ ၀တ္ထု၊ နေရပ်လိပ်စာ၊ ကားနံပါတ် အစရှိတဲ့ ဆက်စပ်တဲ့ စကားစုတွေ ကိန်းဂဏာန်းနံပါတ်တွေ၊ နာမည်တွေ ကို အသုံးပြုလေ့လည်း ရှိခဲ့ကြပါတယ်။ လူအများစုကတော့ ခဏခဏ ရိုက်ထည့်ရတာ လွယ်ကူစေဖို့အတွက် သူတို့ရဲ့ မွေးနေ့ ဒါမှမဟုတ် အိမ်နံပါတ် အစရှိတာမျိုး ပေးကာ အလွယ်တကူ အသုံးပြုခဲ့ကြပါတယ်။

ဒီလိုမျိုး အလွယ်တကူ ပေးထားခြင်းအားဖြင့် ဖုန်း ပျောက်သွားတဲ့အခါ ဒါမှမဟုတ် အခိုးခံရတဲ့ အခါမျိုးတွေမှာ အရေးကြီးတဲ့ အချက်အလက်တွေ ဆုံးရှုံးဖို့အတွက် အခွင့်အလမ်း ဖွင့်ပေးထားသလို ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာ ကံကောင်းတဲ့အချက်တစ်ခုက စမတ်ဖုန်းထုတ်လုပ်သူတွေဟာ password, passcode အပြင် အခြားသော လုံခြုံရေးအစီအမံတွေကို စဉ်းစားထည့်သွင်းကာ အသုံးပြုစေခဲ့ကြပါတယ်။ ဒီလိုမျိုး လုံခြုံရေးအ တွက် ဦးစားပေး ထည့်သွင်းကာ ထုတ်လုပ်ကြတဲ့ နည်းပညာထုတ်ကုန်တွေထဲမှာ စမတ်ဖုန်းတွေဟာ ထိပ်ဆုံးကနေ ပါဝင်နေတာကိုလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ ဈေးကွက်ထဲမှာလည်း နာမည်ကြီး စမတ်ဖုန်းထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတစ်ခုစီနဲ့ လုံခြုံရေးအစီအမံတွေထည့်သွင်းကာ အသုံးပြုသူတွေအတွက် ဘယ်လိုမျိုးလုံခြုံမှုရှိတယ်။ ထိုးဖောက်ဝင်ရောက်မှုဒဏ်ကို ဘယ်လောက်ထိ ခံနိုင် ရည် ရှိတယ်ဆိုတာကို အပြိုင်အဆိုင် ယှဉ်ပြိုင်နေကြဆဲဖြစ်ပါတယ်။

စမတ်ဖုန်းတစ်လုံး ၀ယ်ယူတော့မယ်ဆိုရင် လုံခြုံရေးစနစ်အတွက် သီးသန့် ဘာတွေထည့်သွင်းပေးသလဲ ဆိုတဲ့ အချက်ဟာ နောက်ဆုံးပေါ် စမတ်ဖုန်းအသုံးပြုသူတွေအတွက် မသိမဖြစ် သိထားသင့်တဲ့အချက်ဖြစ်ပါ တယ်။ ဒီအတွက် လုံခြုံမှုရှိပေမယ့် ပျင်းရိညည်းငွေ့စရာကောင်းတဲ့ password တွေ passcode တွေ မသုံး ဘဲ ဘယ်လို နည်းလမ်းတွေက အပြည့်အ၀ အကာအကွယ်ပေးထားနိုင်သလဲဆိုတာ လေ့လာကြည့်တဲ့အခါ …

FingerPrints :
===========

မနှစ်က ထွက်ရှိတဲ့တဲ့ Apple ရဲ့ နောက်ဆုံးပေါ် စမတ်ဖြစ်တဲ့ iPhone 5S မှာ Touch ID လို့ခေါ် တဲ့ ခေတ်မီ fingerprint စနစ်ပါဝင်လာခဲ့ပါတယ်။ ထွက်ရှိစအချိန်မှာတော့ ဘယ်လိုချိုးဖောက်လို့ ရတယ်ဆိုတဲ့ ကောလာ ဟလတွေ ထွက်ပေါ်လာခဲ့ပေမယ့် အခုအချိန်အထိ Touc့ ID ကို ဘယ်သူမှ မချိုးဖောက်နိုင်သေးပါဘူး။ နောက်ပြီး HTC ရဲ့ အရွယ်အစားအကြီးဆုံး စမတ်ဖုန်းလို့ပြောနိုင်တဲ့ HTC One Max မှာလည်း သီးသန့်လုံခြုံရေး အစီအမံအဖြစ် FingerPrint Sensor ပါဝင်လာခဲ့ပါတယ်။ Samsung ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်တဲ့ Galaxy S5 မှာလည်း FingerPrint sensor ပါဝင်လာခဲ့ပြီး ကိုယ်ပိုင် ပရိသတ်တွေကို အခိုင်အမာ ဆက်လက်ဆွဲဆောင်နိုင်စေခဲ့ပါတယ်။

iPhone ရဲ့ Fingerprint စနစ်ကတော့ တစ်နှစ်နီးပါး အသုံးပြုခဲ့ပေးမယ့် ကောင်းမွန်ဆဲဖြစ်ပြီး ဖုန်းကို unlock ပြုလုပ်ဖို့အတွက် လက်ချောင်း ငါး ချောင်းအထိ မှတ်သား အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Home ပေါ်ကို အသာလေး ဖိလိုက်တာနဲ့ ထည့်သွင်းထားတဲ့ လက်ဗွေရာကို မှတ်သားသိရှိနိုင်မှာဖြစ်ပါတယ်။ လက် အနေအထားအရ အပေါ်ဘက်၊ အောက်ဘက် ဘယ်လိုအနေအထားမဆို အလုပ်လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လက်မှာ ရေစိုနေတဲ့အခါ၊ ချော နေတဲ့အခါ ဒါမှမဟုတ် ညစ်ပတ်ပေရေနေတဲ့အခါမျိုးမှာတော့ လက်ဗွေရာကို သိရှိနိုင်မှာမဟုတ်ဘဲ မူလအစ အသုံးပြုခဲ့တဲ့ passcode တွေဆီကို ပြန်သွားရမှာဖြစ်ပါတယ်။
Samsung ရဲ့ FingerPrint စနစ် ကတော့ လက်ချောင်း ၃ ချောင်းအထိ မှတ်သားနိုင်ပြီး home button ပေါ်ကို အပေါ်အောက် ဖိဆွဲပေးလိုက်ကာ unlock ပြုလုပ်နိုင်ပါလိမ့်မယ်။ ဒီ FingerPrint စနစ်နဲ့ပဲ PayPal app ကိုအသုံးပြုနိုင်သလို private mode ကို ၀င်တဲ့အခါမှာလည်း အသုံးပြုနိုင်စေပါတယ်။ ဒီအချက်က ကိုယ့်ရဲ့ အရေးကြီးအချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့ အခြားအချက်အလက်တွေကို ကိုယ်ကလွဲပြီး အခြားသူတွေ မမြင်တွေ့နိုင်အောင် ဖုံးကွယ်ထားနိုင်ပါလိမ့်မယ်။

HTC One Max ရဲ့ Sensor ကတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာ ပါဝင်လာတာဖြစ်ပြီး တစ်ခါတစ်ရံ မှတ်သား ထားတဲ့ လက်ဗွေရာကို ရုတ်တရက် မမှတ်မိတာမျိုး ဖြစ်ပေါ်တတ်ပါတယ်။ နှစ်သက်စရာကောင်း တဲ့အချက်ကတော့ မှတ်သားထားတဲ့ လက်ချောင်းပေါ်မူတည်ပြီး ကြိုတင် သတ်မှတ်ထားတဲ့ App တွေကို ဖွင့်ပေးနိုင်တဲ့အချက်ဖြစ်ပါတယ်။ ဒီ Sensor စနစ်ကို One Max မှာသာ မြင်တွေ့ရမှာဖြစ်ပြီး နောက်ဆုံး ထွက်ပေါ်လာတဲ့ HTC One M8 မှာတော့ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။

လုံခြုံရေးစနစ် ကျွမ်းကျင်သူအများစုကလည်း FingerPrint sensor တွေဟာ ပြည့်စုံတဲ့ လုံခြုံရေးစနစ် မဟုတ် သေးဘူးလို့ တစ်ညီတစ်ညွတ်တည်း သဘောတူထားကြပြီး ယနေ့အချိန်အထိ passcode တွေ password တွေကို အစားမထိုးနိုင်ကြသေးပါဘူး။ ဒါပေမဲ့ FingerPrint စနစ်တွေဟာ အပြည့်အ၀ မလုံခြုံသေးတာ မှန်ပေမယ့် ပျင်းရိညည်းငွေ့စရာကောင်းတဲ့ စကားဝှက်တွေ၊ နံပါတ်တွေ ရိုက်ထည့်ရ တာကိုတော့ ကျော်လွှား နိုင်ခဲ့ပြီးဖြစ်ပါတယ်။ passcode စနစ်ကို အရံအဖြစ်သာ ထားရှိကြပေမယ့် ခန့်မှန်းရလွယ်ကူတာမျိုး တော့ မပေးသင့်သေးပါဘူး။

Pattern :
=======

Android ဖုန်းအသုံးပြုတွေအတွက်ကတော့ passcode ကို အသုံးပြုတဲ့သူ အတော်နည်းလိမ့်မယ် ဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေးစနစ်အဖြစ် ထည့်သွင်းတော့မယ် တစ်နည်း အားဖြင့် ဖုန်းကို lock ချထားချင်တယ်ဆိုရင် အလွယ်တကူနဲ့ လူသုံးအများဆုံးနည်းလမ်းဖြစ်တဲ့ Pattern နဲ့ Lock ပြုလုပ်ခြင်းကိုသာ ရွေးချယ်အသုံးပြုကြပါတယ်။ ဒီနည်းလမ်းဟာ Pattern ရှုပ်ထွေးရင် ရှုပ်ထွေး သလောက် လုံခြုံတာ မှန်ပေမယ့် unlock ပြုလုပ်တဲ့အချိန်မှာ ထည့်သွင်းထားတဲ့ Pattern ကို ဘေးမှာ ရှိနေတဲ့ လူတစ်ဦးတစ်ယောက်က တွေ့မြင်နိုင်သလို၊ pattern ကို invisible ပြုလုပ်ထားရင်လည်း ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ ထင်ကျန်ခဲ့တဲ့ လက်ရာတွေကနေလည်း ခန့်မှန်း သိရှိနိုင်ပါလိမ့်မယ်။ ဒီနည်းလမ်းဟာ လည်း Android စနစ် အခြေပြုတဲ့ ဖုန်းတိုင်းလိုလိုမှာ အသုံးပြုနိုင်ပြီး ရှည်လျားတဲ့ Password တွေကို ရှောင် ရှားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

KNOCK, KNOCK :
===============
ဒီလုံခြုံရေးစနစ်ကတော့ LG ရဲ့ နောက်ဆုံးထွက်ဖုန်းဖြစ်တဲ့ G3 မှာ တွေ့မြင်ရမှာဖြစ်ပြီး LG ရဲ့ အခြား model အချို့မှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့အလုပ်လုပ်ပုံကတော့ ဖုန်းရဲ့ မျက်နှာပြင်ပေါ် မှာ လေးထောင့် ကွက်ကလေး သဏ္ဍာန် သတ်မှတ်ကာ အဲဒီလေးထောင့်ကွက်ကို အပိုင်း ၄ ပိုင်း အညီအမျှ ပိုင်းထားပြီး တစ်ပိုင်းစီ(တစ်ကွက်စီ)ပေါ်ကို Knock လို့ခေါ်တဲ့ တံခါးခေါက်တဲ့ပုံသဏ္ဍာန် မျိုး သတ်မှတ်ပေး ရမှာဖြစ်ပါတယ်။ အကွက်လေးကွက်ရှိတဲ့ နေရာမှာ အနည်းဆုံး အကွက်သုံးကွက် အသုံးပြုရမှာဖြစ်ပြီး တစ်ကွက်စီကို ခေါက်မယ့်(knock) ပြုလုပ်ရမယ့် အကြိမ်အရေအတွက်ဟာ ၂ ကြိမ် ကနေ ၈ ကြိမ်အထိ ထားရှိနိုင်မှာဖြစ်ပါ တယ်။

အဲဒီ knock ပြုလုပ်ကာ အသုံးပြုရမယ့် လေးထောင့်ကွက်ရဲ့ နေရာကို အပေါ် အောက်၊ ဘယ် ညာ အစရှိသည်ဖြင့် ကိုယ်အစဉ်ပြေတဲ့နေရာမှာ ထားရှိနိုင်မှာဖြစ်ပါတယ်။ ဒီ လုံခြုံရေးစနစ်ကိုတော့ ဘေးကနေ ကြည့်ပြီး မခန့်မှန်းသလို မျက်နှာပြင်မှာ ကျန်ခဲ့နိုင်တဲ့ လက်ရာတွေကနေလည်း ခန့်မှန်းနိုင်မှာမဟုတ်ပါဘူး။ LG က ဒီစနစ်ကို ရှုပ်ထွေးမှုရှိပြီး အလွယ်တကူကျော်လွှားလို့မရနိုင်တဲ့ အတွက် Knock Code လို့တောင် နာမည် ပေးထားပါသေးတယ်။တစ်စုံတစ်ယောက်က ၆ ကြိမ် နဲ့အထက် မှားယွင်းပြီး Knock မိမှသာ passcode ဒါမှမဟုတ် Google account ကို sign in ပြုလုပ်ကာ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဘာပဲပြောပြော LG ရဲ့ Knock Code ဟာ Android OS ရဲ့ built-in လုံခြုံရေးစနစ်တွေအပြင်၊ Fingerprint စနစ်နဲ့ပါ ကွဲပြားအောင် စွမ်းဆောင်နိုင်တာကြောင့် တခြားစမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ Knock Code လိုမျိုး ကိုယ်ပိုင် သီးသန့် လုံခြုံရေးစနစ် တစ်ခုခုကို မဖြစ်မနေထည့်သွင်းဖို့ လိုအပ်လာ ခဲ့ပြီဖြစ်ပါတယ်။

MTN
TechSpace Journal

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

ဒီ Post လေးကို Game ၀ါသနာရှင်ဘော်ဒါများသေချာလေးဖတ်ပေးစေချင်ပါတယ်။ တကယ်အသုံးတည့် မယ့် Application လေးတစ်ခုဖြစ်လို့ပါ။ အောက်မှာလည်း အသုံးပြုပုံကို ပုံနှင့်တကွ အသေးစိတ်ရှင်းပြပေး ထားပါတယ်ဗျာ။ လိုက်ကလိကြည့်ပါ လွယ်ပါတယ်။ ကျွန်တော် Game တော်တော်များများ ကလိကြည့်ပြီး ပါပြီ တကယ့်ကို Unlimited Money ဖြစ်အောင် Hack ပေးနိုင်လို့ပါ။ အခု App  လေးရဲ့ကောင်းကွက် တစ်ခုက Game တစ်မျိုးကို အကြိမ်ပေါင်းများစွာ လိုသလောက်ပိုက်ဆံတွေ Hack နိုင်မှာဖြစ်ပါတယ်။   အခု Application ကိုအသုံးပြုမယ် ဆိုရင် ဖုန်းကို Root ဖောက်ထားဖို့လိုအပ်ပါတယ်ဗျာ။ အောက်မှာ နမူနာ အနေနဲ့ Temple Run-2 ကို Hack ပြထားပါတယ်။ Android OS 2.2 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင် မှာဖြစ်ပါတယ်ဗျာ။

ဒါကတော့ Temple Run-2 မှာ ကျွန်တော့ရဲ့လက်ရှိရထားတဲ့ ရွှေတွေက 166 ခုသာရှိပါတယ်။ ကျွန်တော် 500000 ဖြစ်အောင် Hack ပြပါ့မယ်။



Step-1 ပထမဆုံးအနေနဲ့ Game ကိုမဖွင့်ခင်မှာ Game Hacker လေးကိုဖွင့်လိုက်ပါ။ Screen ပေါ်မှာ ဂွပုံစံလေးတစ်ခုပေါ်လာပါလိမ့်မယ်။
Step-2 မိမိကစားချင်တဲ့ Game ကိုဖွင့်လိုက်ပါ။
Step-3 Game ကိုဖွင့်ပြီးသွားပြီဆိုရင် ခုနက ပေါ်နေတဲ့ ဂွလေးကိုနှိပ်လိုက်ပါ။ ဒါဆိုရင်အောက်မှာမြင်ရ တဲ့ပုံအတိုင်းအကွက်လေးတစ်ကွက်တက်လာပါလိမ့်မယ်။ မိမိလက်ရှိကစားနေတဲ့ Game ရဲ့ Money အတိုင်း ရိုက်လိုက်ပါ။ ကျွန်တော့်မှာတော့ 166 ပဲရှိတဲ့အတွက် 166 လို့ပဲရိုက်လိုက်ပါတယ်။ ပြီးတော့ Search ကို နှိပ်လိုက်ပါ။
 
 Step-4 Search နှိပ်ပြီးသွားရင်တော့ အောက်ကအတိုင်းအကွက်လေးပေါ်လာပါလိမ့်မယ့်။ အဲဒီအကွက် ထဲမှာ မိမိလိုသလောက်ပိုက်ဆံကို ရိုက်ပြီး Modify ကိုနှိပ်လိုက်ပါ။ပြီးရင် Game ကိုပြန် ကြည့်လိုက်ပါ။ 
 
 Step-5 ပိုက်ဆံတက်မလာဘူးဆိုရင် Game ကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ သင်ရိုက်ထည့်ထားတဲ့ပိုက်ဆံ အတိုင်းဖြစ် လာပါလိမ့်မယ်။ ဒါဆို သင်လိုချင်တာတွေ အားလုံးကို ၀ယ်ယူနိုင်ပါပြီ။

Thursday, August 21, 2014

Samsung ၊ Iphone ၊ Sony ၊ HTC ဖုန်း ကို အစစ် လား အတုလား စစ်ဆေး နည်းလေးတွေမျှဝေလိုက်ပါတယ်။

ခု နောက် ပိုင်း Samsung ၊ Iphone ၊ Sony ၊ HTC တဲ့ နာမည် ကြီး Brand တွေ ကို ပုံစံ တူ ခိုးပြီး ရောင်း တာ တွေ များလာ ပါတယ် ။

အဲ့ အတွက် ပုံမှန် ဆိုင် တွေ က တော့ အတု(clone ) ဟု ပြော ရောင်း သလို ရော ချ တဲ့ ဆိုင် တွေ လဲ ရှိ ပါတယ် ။ အဲ့ အတွက် စစ်ဆေး နည်း ကို ဗဟု သု တအနေ နဲ့ ပြော ပြ ချင်ပါတယ် ။ မိမိသိပြီဆိုရင် မိမိတို့ရဲ့ သယ်ချင်း တွေပါ တွေ့မြင် သိရှိရအောင် ကူညီမျှဝေပေးခဲ့ပါနော်။

အရင် တုန်း က ပုံစံ တူ တွေ ထုတ် ပေ မယ့် Java ဖြစ် တဲ့ အတွက် ခွဲ ခြား ရလွယ် သလို ပုံစုံ မှာ လဲ ကွာခြား မူ ရှိ ပါတယ် ။ ခု နောက် ပိုင်း တွင် Clone Android တွေ ထွက် လာတော့ Brand က လဲ Android ဆို တော့ အတွင်း ပိုင်း ကို ခွဲ ခြား မရ အောင်တူ လာပါတယ် ။အပြင် ပိုင်း အရလဲ တော်တော် လေး တူလာပါတယ် ။ ပုံ မှန် ဖုန်း Service သမား အနေ နဲ့ သိ နိုင်သော် လဲ အပြင် လူ အနေ နဲ့ သို့ လော သို့ လော ဖြစ် စေ ပါတယ်။

အဓိက ကတော့ နိုင်ငံ ခြား မှာ ရောက်နေ တဲ့ မြန်မာ တွေ အတွက်ပါ ။အဲ့ မှာ ဆိုင် တွေ က ဘယ် နှစ် နှစ် အာမခံ ၊ ဗီယက် နမ် ထုတ် အစစ် စ သဖြင့် လိမ် ရောင်း တာ ကို လက်တွေ့ ခံ ရတဲ့ သူတွေ ကို လဲ တွေ့ ဖူးပါတယ် ။

ခုစစ်ဆေး နည်း ၃ နည်းပြော ပြ ပါမယ် ..

၁။ အမြင် အား ဖြင့် ဆုံး ဖြတ်ခြင်း

ကျန်တာ တွေ ဘယ်လောက်တူတူ ရုပ်ထွက် က တော့ အရောင် က ပုံမှန် ထက် လျော့ ပါတယ် ။

၂။ ကုဒ် နံပတ် များ သုံး စစ်ဆေး ခြင်း

Samsung တွင်သာ
*#1234#
*#0*#
*#1111#

၃။ IMEI ဖြင့် စစ် ဆေးခြင်း ( All Brand )

*#06# ကို နိုပ်ပြီး ဖြစ် စေ ၊ နောက်ဖက် ကျော ဘက် ဓာတ်ခဲ ဖယ်လိုက် ရင် လဲ ကပ် ထား တဲ့ စာထဲ မှာ IMEI ရှိပါတယ် ။

15 လုံးရှိပါတယ် ။အဲ့ နံပတ် ကို မှတ် ပြီး

Android ဖုန်း မှာ စစ်ဆေး နိုင်ရန် IMEI check by MH Application ကို အသုံးပြု ပြီး ဖြစ်စေ

အောက်က လင့် တွင် ကွန်ပြူတာနှင့် ဖြစ် စေ စစ်ဆေး နိုင်ပါတယ် ။

စစ်ဆေးပုံက Enter IMEI number below အောက် က အကွက် ထဲ တွင် မိမိ ဖုန်း ရဲ့ IMEI နံပတ် ကို ရိုက် ထည့် ပြီး analyse ကို နှိပ် လိုက်ပါ ။ ဒါဆိုရင် အောက်ပါ ပုံလေးအတိုင်း တွေ့မြင်နိုင်ပါပြီ။ အဆင်ပြေ ကြပါစေ...

IMEI check by MH For Android ဆော့ဝဲဒေါင်းယူရန်

http://www.mediafire.com/?hd7ktoj1vbl7m24

Link For PC

http://www.numberingplans.com/?page=analysis&sub=imeinr

credit >>Mobile House

Unlimited Hack ထားတဲ့ - Candy Crush Saga v1.36.1 (Mega Mod) Apk (19-Aug)



Candy Crush ဆိုတာကတော့ လူကြိုက်အများဆုံး Game တစ်ခုလို့ပြောရင်မမှားပါဘူး။ လူကြီးလူငယ်မရွေး ကစားနေကြတာကိုလည်းတွေ့ရပါတယ်။ အခု ကျွန်တော်တင်ပေးလိုက်တဲ့ Candy Crush Saga 1.36.1 ကတော့ နောက်ဆုံးထွက် Version လေးဖြစ်ပြီး Hack ထားပြီးသား Game လေးဖြစ်ပါတယ်ဗျာ။ Life တွေ ကလည်း Unlimited ဖြစ်ထားပြီးသားနော်။ Unlimited Everything ပေါ့ဗျာ။ ဘာတွေကိုဘယ်လောက် Hack ထားလည်းသိချင်ရင်တော့ အောက်မှာ တစ်ခုချင်းရေးပြ ထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက် ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်။


Wednesday, August 20, 2014

Summer Season Clauncher Theme apk (All Android)

 android ဖုန်းမှာ Theme လှလှလေးသုံးချင်တဲ့သူတွေအတွက် Summer Season Clauncher Theme
လေးပါ သူ့ရဲ့ wallpapers တွေကလဲအရမ်းလန်းပြီး lockers ပုံစံတွေကလဲလှပသေသပ်လှပါတယ် ။
launcher အနေနဲ့ အလှပဆုံး effect တွေနဲ့ပုံဖော်ထားပြီး design လန်းလန်းလေးနဲ့လိုသလို
ပြောင်းလို့ရတဲ့ သူ့ရဲ့ icon တွေကလဲမြင်ရသူစိတ်ကိုတမျိုးလေးဆွဲဆောင်နေတာမို့အကြိုက်တွေ့
စေမှာပါ ။ ဖိုင်ဆိုဒ်က 1mb ပဲရှိပါတယ် ။


ဖုန်းနဲ့ ဓါတ်ပုံတွေကို အသင့်ပြုလုပ်ထားတဲ့ အင်္ကျီဒီဇိုင်းလှလှတွေနဲ့ ခေါင်းဖြတ်ပြီး ဓါတ်ပုံပြင်မယ်

 ဖုန်းကိုင်နေသော ယောင်္ကျားလေးများအတွက်ပါ သူငယ်ချင်းတို့ဖုန်းမှာ အသင့်ပြုလုပ်ပြီးသား အင်္ကျ င်္ီဒီဇိုင်းများနဲ့ စတိုင်လှလှလေးပြင်ချင်သူများအတွက်ပါ
အရမ်းလန်းပါတယ်
စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူသွားနော်






FaceBook မှာသင့်ချစ်သူဒါမှမဟုတ် VIP တစ်ဦးဦး Online တက်လာရင် သင့်ထံ အသံလေးနဲ့Alarm ပေးလာစေမယ့် Application

ချစ်သူမှမဟုတ်ပါဘူး သူငယ်ချင်းတွေဘယ်သူပဲဖြစ်ဖြစ် သင့်friend list ထဲက သူတွေ ဖေ့ဘုတ်ပေါ် တက်လာပြီဆို သင့်က ဖုန်းဘေးချလို့တခြားမှာအာရုံရောက်နေရင် ပဲဖြစ်ဖြစ်..တစ်ခြားသူတွေနဲ့ စကားပြောနေလို့ပဲဖြစ်ဖြစ် ဒီကောင်လေးက အသံလေးမြည်ပြီး အသိပေးစေတဲ့ ဆော့ဝဲလေး ဖြစ်ပါတယ်

အသုံးပြုနည်းလေးကတော့

1. ဒေါင်းလုပ်ဆွဲပြီး apk လေးကိုတင်လိုက်ပါ။ပြီးရင် ဖွင့်လိုက်ပါက Add friend to tracking list ကိုနှိပ်ပေးလိုက်ပါ။

2 သင့်ဖေ့ဘုတ်က friend တွေပေါ်လာပါမယ်..အဲထဲမှာမှ ကိုယ့်ချစ်သူဆိုလည်းချစ်သူပေါ့ ... အွန်လိုင်း တက်လာရင်သတိပေးစေချင်တဲ့သူတွေရဲ့ ဘေးက ကြယ်လေးမှာ နှိပ်ပြီး ရွေးချယ်ပေး ပါ။ အောက်က ပုံ(၂)လိုပေါ့။

4. အဲဒါလေးပါပဲ...ရွေးချယ်ပြီးရင် Done ကိုနှိပ်ပေးလိုက်ပါ။ တစ်ယောက်ချင်းဆီအတွက် Alert Tone တစ်မျိုးစီပေးထားချင်ယင်လည်း ပေးထားချင်တဲ့ friend ပေါ်ကို ဖိထားလိုက်ပြီး set personalised Ringtone ကနေတစ်ဆင့် သီချင်းတီးလုံးလေးတွေ ရွေးထားပေးလိုက်ပါ။ ပြီးရင်တော့အောက်က မျှားနဲ့ပြထားတဲ့ button လေးကိုနှိပ်ပြီး Background ကနေ Run ခိုင်းထားလိုက်ပါ။

5. ဒါဆိုရင် သင့်ထည့်ထားတဲ့သူတွေ ဖေ့ဘုတ်ပေါ်တက်လာတာနဲ့ သင့်ကို တီးလုံးလေးနဲ့ အချက်ပေးပါ လိမ့်မယ်နော်။ Notificationကနေလည်းဖော်ပြပေးမှာပါ။ကျန်တဲ့လုပ်ဆောင်ချက်တွေကိုတော့ သူ့၇ဲ့ setting ထဲကနေကလိကြည့်ပါဗျာ

အဆင်ပြေရာlinkကနေဒေါင်းနိုင်ပါပြီခင်ဗျာ။

iOS 7 နှင့် အလွန်တူညီသည့် MIUI 6 Android UI ကို Xiaomi မိတ်ဆက်

 

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တွင် စနေနေ့က ကျင်းပခဲ့သော ပွဲတစ်ခု၌ MIUI user interface ဗားရှင်းသစ် ဖြစ်သော MIUI 6 ကို Xiaomi က မိတ်ဆက်ပေးခဲ့သည်။
Android အခြေခံ Xiaomi ထုတ်ကုန်များ အတွက် စမတ်ဖုန်း UI သစ်ဖြစ်သည့် MIUI 6 တွင် ဒီဇိုင်းပြောင်းလဲ ပြင်ဆင်မှုများ ပြုလုပ်ထားသလို feature သစ်အချို့ကိုလည်း ထည့်သွင်းပေးခဲ့သည်။
တရုတ်နိုင်ငံ၏ Apple ကုမ္ပဏီဟု တင်စားခံရသည့် Xiaomi ကုမ္ပဏီကမူ အဆိုပါ Android skin သစ်သည် အကောင်းဆုံး MIUI ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း MIUI ဗားရှင်းသစ်သည် Apple ၏ iOS 7 ၏ ဒီဇိုင်းနှင့် အလွန်တူညီလျက်ရှိသည်။


တရုတ်ဟန်းဆက်ကုမ္ပဏီသည် လတ်တလောတွင် MIUI 6 ကို စမ်းသပ်ဗားရှင်းအနေဖြင့်သာ ဖြန့်ချိထားသည်။ MIUI 6 developer version ကို စက်တင်ဘာလတွင် ဖြန့်ချိမည် ဖြစ်ပြီး နောက်ဆုံးအဆင့် ဗားရှင်းကို ရွေးချယ်ထားသည့် Xiaomi ဟန်းဆက်များနှင့်အတူ အောက်တိုဘာလတွင် ဖြန့်ချိမည်ဟု ကုမ္ပဏီက ကြေညာခဲ့သည်။
Xiaomi သည် MIUI 6 ကို Mi 2, Mi 2S, Mi 2A, Redmi 1S နှင့် Redmi Note များတွင် နှစ်ကုန်ပိုင်း၌ စမ်းသပ်သုံးစွဲမည် ဖြစ်ပြီး အဆင့်မြှင့်တင်ထားသည့် အဆိုပါ ထုတ်ကုန်များကို လာမည့်နှစ်တွင် ဖြန့်ချိဖွယ်ရှိကြောင်း သိရသည်။
ဒီဇိုင်းအသစ် ပြောင်းလဲပြင်ဆင်ထားသည့် MIUI 6 တွင် flat app icon များကို အသုံးပြုထားသည်။ ထို့အပြင် camera app ကို ပြောင်းလဲပြင်ဆင်ထားပြီး ၎င်း ပြောင်းလဲမှုကြောင့် အောက်ဘက်သို့ swipe လုပ်ရုံဖြင့် အရှေ့ဘက်နှင့် ကျောဘက် ကင်မရာတို့ကို ပြောင်းလဲနိုင်ခြင်း၊ ဘယ်ဘက်သို့ swipe လုပ်သည့်အခါ menu panel ဖွင့်ခြင်းနှင့် ညာဘက်သို့ swipe လုပ်သည့်အခါ filter များ ဖွင့်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

Ref & Credit to : Internet Journal

ဖုန်း Call အပြင် Viber, Skype, Tango တို့ကိုအသံဖမ်းပေးမယ့် Steady Call Recorder For Android

Phone call recorder.apk အများစုမှာ Viber, Skype, Tango စတာတွေသုံးပြီး
ဖုန်းပြောတဲ့ အသံကို မဖမ်းပေးပါဘူး။ ယခု Steady Call Recorder.apk ကတော့
Viber, Skype, Tango, မှာ အလုပ်ဖြစ်ပါတယ်။ ဖုန်းတိုင်းနဲ့ ကိုက်ညီမှုမရှိပေမယ့် တော်တော် များများမှာတော့ အဆင်ပြေမယ်ထင်ပါတင်ဗျာ. လိုချင်ရင်တော့

 

Monday, August 18, 2014

Surgeon Simulator APK+DATA

လူတစ်ယောက်ကို မိမိကိုယ်တိုင် ခွဲစိတ်ကုသပေးရတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်. ကြောက်တတ်သူများ မဆော့ရ. ရုပ်ထွက်ကောင်းမွန်ပြီး ကစားရတာ အသစ်အဆန်းတစ်ခုဖြစ်မဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်..
screen shot တွေကြည့်ပြီး ကစားချင်ရင်တော့ Dr.Mobile မှ free download ရယူသွားပါဗျာ..





Sunday, August 17, 2014

Dungeon Quest MOD APK (MOD MONEY)


 

ကဲ့ဗျာ ဂိမ်းအလန်းတစ်ခုတွေ့တာနဲ့တင်ပေးလိုက်တယ်ဗျာ. ကျွန်တော်တော့ မဆော့ကြည့်ရသေးဘူး ပုံတွေတင်ပေးထားတယ်နော် ပိုက်ပိုက် hack ပြီးသားဆိုတော့ အဆင်ပြေမှာပေါ့နော်။။။။





Freehunter Lost Islands HD Apk + Data v1.2.6 Full version New Update


ကျွန်းပေါ်မှာလူဆိုးတွေကိုလိုက်လံနှိမ်နှင်းရတဲ့ full  action ဂိမ်းလေးပါ။PS2 ဂိမ်းကြီးတွေကိုမိမိဖုန်းမှာ
ကစားချင်သူတွေအတွက် Apk + Data ပေါင်းမှဖိုင်ဆိုဒ် 60Mb ပဲရှိပါတယ်။Android: 2.3 နှင့်အထက်က
စပြီးကစားနိုင်ပါတယ်။အထဲက OBB ဖိုင်လေးကိုတော့ Sdcard\android\obb ထဲထည့်ပေးလိုက်ပါ။ပြီးရင်
Apk လေးကိုအင်စတောလုပ်ပြီးကစားနိုင်ပါပြီ။အောက်မှာပုံတွေနဲ့ပြထားပါတယ်။






အသုံးများသောအင်္ဂလိပ်စကားပြော (၁၀၀၀) Ebook 1.16MB

 
English ဘာသာစကားဆိုတာကတော့ လူတိုင်းလေ့လာသင့်တဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ ကျွန်တော် အခုတင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ နေ့စဉ်အသုံးများတဲ့ English စကားပြောတွေကိုစုစည်းထားတာ ပါ။ စကားပြောပေါင်း 1000 တိတိပါဝင်တဲ့အတွက် အတော်လေးအသုံးတည့်စေမှာပါ။ PDF File လေးဖြစ်တဲ့ အတွက် ဖုန်းထဲမှာထည့်ထားပြီး အားတဲ့အချိန်လေးမှာ အလွယ်တကူဖွင့်ပြီးလေ့လာနေလို့ရပါတယ်။ File Size ကလည်း 1.16MB လေးပဲရှိတာဆိုတော့ လူတိုင်းဒေါင်းယူထားနိုင်ပါတယ်။ 
 
လန်ဒန်မြို့ Queen Mary တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ အသံကို လျှပ်စစ်အားအဖြစ် ပြောင်း လဲနိုင်မယ့် နည်းစနစ် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အသံနဲ့ ဖုန်းအားသွင်းနိုင်မယ့် ကိရိယာကို Nokia ကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့ကြပါတယ်။
အသံနဲ့ ဖုန်းအားသွင်းတဲ့ ကိရိယာမှာ zinc oxideရဲ့ အစွမ်းသတ္တိက အဓိကပါပဲ။ အဲဒီကိရိယာထဲမှာ အဆမ တန်သေးငယ်တဲ့ သတ္တုချောင်းလေးတွေ ပါဝင်ပြီး အသံရဲ့ တုန်ခါမှုကြောင့် သတ္တုချောင်းလေးတွေ ရွှေ့လျား သွားတဲ့အခါ zinc oxide မျက်နှာပြင်ကို ထိခတ်မိရာကနေ လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ 
အဲဒီအတွက် ကားပေါ်က ဆူညံသံတွေ၊ လက်ဘက်ရည်ဆိုင်ထဲက တေးဂီတသံတွေ၊ စကားသံတွေကနေ ဖုန်းကို အားသွင်းနိုင်တော့မှာပါ။ Queen Mary တက္ကသိုလ်နဲ့ Nokia ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ အသံနဲ့ အားသွင်းစက် နမူနာဟာ Nokia Lumia 925 အရွယ်အစားရှိပြီး ဗို့အား ၅ ထုတ်လုပ်ပေးနိုင် တယ်လို့ သိရပါတယ်။ အသံနဲ့ အားသွင်းနိုင်မယ့် နည်းစနစ် တွေ့ရှိပြီးတဲ့နောက်မှာ ဖုန်းအပြင် Laptopနဲ့ တခြားလျပ်စစ် အသုံးအဆောင် ပစ္စည်းတွေကို အသံနဲ့ အားသွင်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဒေးလီးမေးလ် က ဖော်ပြထားပါတယ်။
 
(ရိုးရာလေး)

ဖုန်းတစ်လုံးထဲမှာ Facebook Account ပေါင်းများစွာကို တပြိုင်နက်ထဲသုံးနိုင်မယ့် - Friend Caster Pro v5.4.5 APK

Facebook Account တွေအများကြီးနဲ့ အသုံးပြုနေတဲ့ဘော်ဒါများအတွက် သင့်တော်တဲ့ Friend Caster Pro v5.4.5 ကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးကတော့ Facebook Account တွေအများကြီးကို ဖုန်းတစ်လုံးထဲမှာတင် တပြိုင်နက်ထဲအသုံးပြုနိုင်တဲ့ Application လေးဖြစ်ပါတယ်ဗျာ။ ဒါ့အပြင့် Account များကိုလည်း မိမိကြိုက်နှစ်သက်ရာ အရောင်ပေးပြီးသတ်မှတ်ထားနိုင်ပါတယ်။ ဓါတ်ပုံများကို Upload တင် မယ်ဆိုရင်လည်း မိမိကြိုက်နှစ်သက်ရာ Resolution ကိုသတ်မှတ်ပြီးမှ Upload တင်နိုင်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံများကို လိုသလို ပြုပြင်နိုင်တဲ့ Feature လေးပါထည့်သွင်းပေးထားပါတယ်။ Account တွေထည့်ထား သလောက် Notification ကလည်း Update ဖော်ပြပေးနေပါတယ်။ ပေါ့ပေါ့ပါးပါးရှိပြီး Error ကင်းကင်းနဲ့ အသုံးပြုနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်။ နမူနာကြည့်နိုင်ဖို့ အောက်မှာ Screen တွေရိုက်ပြ ထားပါတယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်ဗျာ။
 


Saturday, August 16, 2014

IOS 7 3D Launcher Version : 0.9.22d_iphone7_1406122049


android ဖုန်းတွေအတွက် iphone စတိုင် Launcher လန်းလန်းလေးဖြစ်တဲ့ IOS 7 3D Launcher Version : 0.9.22d_iphone7_1406122049 APK လေးပါ ။ ဒီကောင်လေးကတော့မိမိရဲ့ android
ဖုန်းတွေမှာ iphone စတိုင် Launcher လန်းလန်းလေးနဲ့လန်းချင်တဲ့ဘော်ဒါတွေအတွက်အသုံးဝင်မှာပါ ။
မိမိကြိုက်တဲ့ Launcher စတိုင်လေးတွေကိုရွေးထားနိုင်ပြီး အလှပဆုံးသော Themes တွေ အရမ်းလန်းတဲ့
3D effect တွေနဲ့ ပုံဖော်ပေးထားတာကြောင့်အကြိုက်တွေ့စေမှာပါ ။ file size က 2mb ပဲရှိပြီး
Android L 4.0 နှင့်အထက်ဖုန်းတွေမှာအသုံးပြုနိုင်ပါတယ် ။