
သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု အော်ပရေတာ လိုင်စင် ရရှိထားသော အော်ရီဒူးကုမ္ပဏီနှင့် တယ်လီနော ကုမ္ပဏီတို့နှင့် အပြိုင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း MPTမှ မန်နေဂျာ ဦးခင်မောင်ထွန်းက ပြောဆိုလိုက်သည်။ နေပြည်တော်တွင် ဇူလိုင်လ ၁၆ ရက်နေ့ ကျင်းပသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နှင့် ဂျပန်ကုမ္ပဏီ ၂ ခုဖြစ်သော KDDI ကုမ္ပဏီ၊ Sumitomo Corporation တို့နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ် ရေး ထိုးပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။ “အခုထက် ပိုကောင်းတဲ့ ၀န်ဆောင်မှုတွေပေးနိုင်အောင် ကျနော်တို့ ပူးပေါင်းတာပါ။ လိုင်စင်ရထားတဲ့ ကုမ္ပဏီတွေနဲ့ အပြိုင် ၀န်ဆောင်မှုတွေပေးနိုင်ဖို့ ကျနော်တို့ အပြည့်အ၀ ယုံကြည်တယ်” ဟု ဦးခင်မောင်ထွန်းက ပြောသည်။ ဂျပန် KDDP ကုမ္ပဏီနှင့် Sumitomo ကုမ္ပဏီတို့သည် KDDI Summit Global Myanmar (KSGM) ကုမ္ပဏီကို ပူးတွဲ တည်ထောင် ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံ...