Posts

Showing posts from March 27, 2014

First Look: HTC One M8

Image
လူအများ၏ နှစ်သက်သဘောကျမှုကို ရရှိခဲ့ပြီး ဒီဇိုင်းပုံစံ ပြောင်မြောက်လှသည့် စမတ်ဖုန်းအဖြစ် ယမန်နှစ်က အောင်လံလွှင့်ထူခဲ့သည် HTC One ၏ အရိုက်အရာအား ဆက်ခံမည့် စမတ်ဖုန်းတစ်လုံးအား HTC မှ ယမန်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။ HTC One M8 ဟု ထူးခြားစွာ အမည်ပေးထားသည့် ဤစမတ်ဖုန်းမှာ မူရင်း One ထက် အရွယ်အစားအားဖြင့် အနည်းငယ် ပိုမိုကြီးမားလာပြီး ပိုမိုဆွဲဆောင်မှုရှိသည့် ပုံစံဒီဇိုင်းဖြင့် ထုတ်လုပ်ထားကာ နောက်ကျောပြင်တွင်လည်း ထူးခြားစွာပင် ကင်မရာ ၂ လုံး တပ်ဆင်ပေးထားသည်။ အထူးသဖြင့် ဖုန်း၏ brushed gunmetal gray သတ္တုကိုယ်ထည်သည် အဆင့်မြင့်မားလှပါသည်။ ပါးလွှာသည့် ကိုယ်ထည်နဲ့ ကျစ်လစ်ချောမွေ့ပြီး ကိုင်တွယ်အသုံးပြုရ လွယ်ကူတဲ့ ပုံစံဒီဇိုင်းပါပဲ။ One M8 ၏ မျက်နှာပြင်သည် One ထက် အနည်းငယ် (၀.၃ လက်မ) ပိုမိုကျယ်ပြန့်ပြီး အလေးချိန်အားဖြင့်လည်း အနည်းငယ် ပိုမိုသော်လည်း အသုံးပြုရာတွင်တော့ သိသာသည့် ကွဲပြားမှုမျိုးကိုတော့ ခံစားရမည် မဟုတ်ပေ။ ၅ လက်မအရွယ် မျက်နှာပြင်ကြောင့် One M8 ၏ ကိုယ်ထည်မှ မသိမသာ ကြီးမားလာခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းက ထုတ်ဖော်ပြသသွားသည့် Samsung ၏ Galaxy S5 စမတ်ဖုန်းကဲ...

စမတ်ဖုန်းမှ ထိန်းချုပ်နိုင်သည့် စမတ်မီးလုံးကို LG မိတ်ဆက်

Image
LG သည် Android သို့မဟုတ် iOS app မှတဆင့် ထိန်းချုပ်နိုင် အသုံးပြုနိုင်သည့် စမတ်မီးလုံးများကို မိတ်ဆက် ပြသခဲ့ကြောင်း သိရသည်။   အဆိုပါ မီးလုံးများ၏ တန်ဖိုးသည် တစ်လုံးလျှင် ဝမ် ၃၅,၀၀၀ သို့မဟုတ် ၃၂ ဒေါ်လာ ခန့်ရှိပြီး လတ်တလောတွင် တောင်ကိုရီးယားနိုင်ငံ ၌သာဖြန့်ချိထားသည်။   ၎င်းစမတ်မီးလုံးများသည် Android 4.3 နှင့် အထက် သို့မဟုတ် iOS 6.0 နှင့် အထက် အသုံးပြုထားသည့် ထုတ်ကုန်များတွင် Bluetooth မှတဆင့် ချိတ်ဆက် အသုံးပြုနိုင် သည်။ ထို့အပြင် “LG Smart Lighting” feature ပါဝင်သောကြောင့် စမတ်မီးလုံးကို security mode နှင့် party mode အပါအဝင် mode များစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။   ထို့အပြင် သုံးစွဲသူ၏ စမတ်ဖုန်း သို့မဟုတ် tablet ပေါ်တွင် ဖုန်းလက်ခံရရှိပါက စမတ်မီးလုံးတွင် မီးလင်းလာမည့် mode လည်း ပါဝင်ကြောင်း သိရှိရသည်။ မီးလုံး၏ အလင်းကိုလည်း သုံးစွဲသူ အိပ်ယာမှ နိုးလာသည့်အခါ တဖြည်းဖြည်း အလင်းအားနည်းသွားသည့် ပုံစံကဲ့သို့လည်း ထိန်းချုပ် အသုံးပြုနိုင်မည်ဟု သိရသည်။ Ref: Techienews credit to:Internet Journal

Microsoft က iPhone နဲ့ Android အတွက် Office ကို အခမဲ့ ပြုလုပ်ပေး

Microsoft က iPhone နဲ့ Android အတွက် Office ကို ရောင်းချနေရာကနေ အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ Word Documents, Excel Spreadsheets, PowerPoint Presentation များကို မိုဘိုင်းဖုန်း မှာ Create, Edit အခမဲ့ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ iOS နဲ့ Android App များရဲ့ Home Page မှာ OneDrive မှ Document တွေကို ဖွင့်လို့ရတဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Recent ကဏ္ဍ မှာ မကြာမီ က ပြုလုပ်ခဲ့တဲ့ Document တွေကို ပြသပေးမှာဖြစ်ပါတယ်။ New Tab မှာ Document အသစ်တွေ ပြုလုပ်နိုင်ပါတယ်။ Microsoft က အခုလို Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်တာဟာ Apple နဲ့ Google တို့ကို ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ပါတယ်။ Apple က Pages, Keynote, Numbers ဆော့ဝဲတွေကို iPhone ၀ယ်တဲ့သူတွေကို အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ Google ကလည်း Google Docs ကို Google Drive မှာ ထည့်သွင်းပေးထားပြီး Platform တိုင်းမှာ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ Microsoft က iPad အတွက် Office ကို ကြေညာအပြီးမှာ အခုလို Android , iPhone တို့အတွက် Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဆိုတာ ကို ကြေညာခဲ့တာဖြစ်ပါတယ်။ iPad အတွက် Office ...

4G LTE ကွန်ရက်စနစ်ကို လက်ရှိဘဏ္ဍာနှစ်အတွင်း ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနသည် ၎င်းတို့၏ 4G LTE (Long Term Evolution) ကွန်ရက်စနစ်ကို မကြာမီကုန်ဆုံးတော့မည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မတိုင်မီ အများပြည်သူသို့ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေကြောင်း အဆိုပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ ပြည်တွင်းမိုဘိုင်းဆက်သွယ်မှုစနစ်အတွက် ပိုမိုအထောက်အပံ့ပေးနိုင်မည့် အဆိုပါ 4G စနစ်ကို မိုဘိုင်းအင်တာနက် အသုံးပြုသူများအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်ပနိုင်ငံတချို့မှ အကူအညီများကို ရရှိထားကြောင်း သိရသည်။ ဝန်ကြီးဌာနအနေဖြင့် ပိုမိုကောင်းမွန်သည့် အဆိုပါ ကွန်ရက်စနစ်ကို ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများ လုပ်ငန်းစတင်ချိန်နှင့် တပြိုင်နက်တည်းတွင် အများပြည်သူအသုံးပြုနိုင်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “4G စနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်နေတာကကြာပါပြီ။ အရင်ကတည်းက လုပ်ဖို့အစီအစဉ်တွေရှိခဲ့ပါတယ်။ မကြာခင် သုံးစွဲသူတွေအတွက် ဆောင်ရွက်ပေးနိုင်တော့မှာပါ။ အဲ့ဒီအတွက် ပြည်ပက အကူအညီတွေလည်း ယူရပါတယ်။ ပိုပြီးအဆင့်မြင့်တဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ပေးနိုင်အောင်လည်း ...