Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Monday, September 8, 2014

Samsung မှ Samsung Galaxy Note Edge အမည်ရဖုန်းကို မိတ်ဆက်ပြသ

Samsung ကနေ Screen က ဘေးဘောင်အနားပတ်အထိရောက်နေမယ့် Screen နဲ့ဖုန်းပုံစံတွေ များစွာထွက်ရှိနေခဲ့တာတော့ ကြာပါပြီ။ ဒါပေမယ့် အခုတကယ်ဖြစ်လာပြီ ဖြစ်ပါတယ်။ ၂၀၁၄ စက်တင်ဘာလ ၃ ရက်နေ့တွင် Samsung Galaxy Note 4 နှင့်အတူ Samsung Galaxy Note 4 ကိုအခြေခံထားသော ဖုန်းဖြစ်သော Samsung Galaxy Note Edge အမည်ရဖုန်းကိုမိတ်ဆက်ပြသလိုက်ပြီဖြစ်သည်။
 

 Samsung Galaxy Note Edge သည် ဖုန်း၏ ညာဘက် ဘေးဘောင်အနားသားနေရာအထိ Screen ပါရှိသော ဖုန်းပုံစံမျိုးဖြစ်သည်။ ဖုန်း Screen ကိုပိတ်ထားလျှင်တောင်မှ Screen ဘေးဘောင်နေရာတွင် အချိန်နှင့် Notification များကို ပြသပေးနေမည်ဖြစ်သည်။ Samsung Galaxy Note Edge တွင် Android version 4.4 Kitkat ကိုအသုံးပြုထားသည်။ 
 အသုံးများသော App များကို Shortcut icon အနေဖြင့် ဘေးဘောင် Screen နေရာတွင်ထားရှိနိုင်မည်ဖြစ်သည်။ယင်း Curved Screen အတွက် အခြား Feature များလည်းထည့်သွင်းပေးထားသည်ကိုလည်းတွေ့ရသည်။ Samsung Galaxy Note စီးရီးဖုန်းဖြစ်၍ Note များမှတ်သားနိုင်ရန် S Pen ကိုထည့်သွင်းပေးထားပါသည်။

IOS8 Beta တင်ထားသော iPhone 6 ဓာတ်ပုံနှင့် ဗွီဒီယိုများ ထပ်မံထွက်


တရုတ်ဖိုရမ်တစ်ခုဖြစ်သည့် Weibo အသုံးပြုသူတစ်ဦးမှ iPhone 6 ကိုအသုံးပြုပြနေသော ၊ iPhone 6 ၏ Touch ID ကိုအသုံးပြု၍ Lock Screen ကိုဖွင့်ပြနေသော ဗီဒီယိုဖိုင်နှင့်အတူ iOS 8 Beta (build 12A365) တင်ထားသည့် iPhone 6 ရဲ့ဓာတ်ပုံအချို့ကိုလွှင့်တင်ထားသည်ကိုတွေ့ရသည်။ ယင်း Video ဖိုင်တွင် iPhone 6 ရဲ့ Lock Screen ကို Touch ID အသုံးပြု၍ ဖွင့်ပြသွားပြီး Home Screen ပေါ်လာသောအခါ iOS 8 တွင်ပါဝင်သည့် Health Kit ကဲ့သို့သော app များကိုတွေ့ရသည်။ ဗီဒီယိုကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။
 
 
 
ယင်း iPhone 6 ကိုအသုံးပြု၍ iTunes Store app ထဲသို့ဝင်၍ app များ Download လုပ်နေပုံ ၊ ဖုန်းရဲ့ Setting ထဲသို့ဝင်၍ ဖုန်းရဲ့ Information များကိုလည်း ဓာတ်ပုံရိုက်၍ တင်ထားသည်ကိုတွေ့ရသည်။



တရုတ်တွင် iPhone 6 Clone များထွက်ရှိနေသော်လည်း ယခု Weibo တွင်တင်ထားသော ဗီဒီယို နှင့်ပုံများမှာ iPhone 6 အမှန်တကယ်ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။

Home City Mobile Application သည် မြန်မာနိုင်ငံအတွင်းရှိ နာမည်ကြီး အိမ် ၊ ခြံ ၊ မြေအကျိုးတော်ဆောင်ကုမ္ပဏီကြီးများ၏ အိမ် ၊ ခြံ ၊ မြေ ဈေးကွက်အချက်အလက်ပေါင်းများစွာကို လွယ်ကူလျင်မြန်စွာ ရှာဖွေကြည့်ရှုနိုင်မည့် application ဖြစ်ပါသည်။ တကယ်ကောင်းမွန်တဲ့ အိမ် ၊ ခြံ ၊ မြေရှာဖွေရေး Mobile Application တစ်ခုပါပဲ။ Bagan Innovation Technology ကရေးသားဖန်တီးထားတဲ့ app လေးတစ်ခုပါ။ Home City v1.2 for Android ကိုအောက်က Link မှာရယူနိုင်ပါတယ်။