IOS8 Beta တင်ထားသော iPhone 6 ဓာတ်ပုံနှင့် ဗွီဒီယိုများ ထပ်မံထွက်


တရုတ်ဖိုရမ်တစ်ခုဖြစ်သည့် Weibo အသုံးပြုသူတစ်ဦးမှ iPhone 6 ကိုအသုံးပြုပြနေသော ၊ iPhone 6 ၏ Touch ID ကိုအသုံးပြု၍ Lock Screen ကိုဖွင့်ပြနေသော ဗီဒီယိုဖိုင်နှင့်အတူ iOS 8 Beta (build 12A365) တင်ထားသည့် iPhone 6 ရဲ့ဓာတ်ပုံအချို့ကိုလွှင့်တင်ထားသည်ကိုတွေ့ရသည်။ ယင်း Video ဖိုင်တွင် iPhone 6 ရဲ့ Lock Screen ကို Touch ID အသုံးပြု၍ ဖွင့်ပြသွားပြီး Home Screen ပေါ်လာသောအခါ iOS 8 တွင်ပါဝင်သည့် Health Kit ကဲ့သို့သော app များကိုတွေ့ရသည်။ ဗီဒီယိုကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။
 
 
 
ယင်း iPhone 6 ကိုအသုံးပြု၍ iTunes Store app ထဲသို့ဝင်၍ app များ Download လုပ်နေပုံ ၊ ဖုန်းရဲ့ Setting ထဲသို့ဝင်၍ ဖုန်းရဲ့ Information များကိုလည်း ဓာတ်ပုံရိုက်၍ တင်ထားသည်ကိုတွေ့ရသည်။



တရုတ်တွင် iPhone 6 Clone များထွက်ရှိနေသော်လည်း ယခု Weibo တွင်တင်ထားသော ဗီဒီယို နှင့်ပုံများမှာ iPhone 6 အမှန်တကယ်ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)