Posts

Showing posts from August 8, 2014

Mountain Sniper 3D FPS Version: 1.1 Mod APK Free Shopping (Android Game)

Image
တိုက်ခိုက်တာဝါသနာပါတဲ့ဘော်ဒါတွေအတွက် Mountain Sniper 3D FPS Version:  1.1 Mod APK Free Shopping လေးပါ ။ ဒီကောင်လေးကတော့ လူဆိုးဂိုဏ်းလူဆိုးစခန်းတွေကိုလိုက်လံနှိမ်နှင်းရမဲ့ဂိမ်း လေးဖြစ်ပါတယ်။ကြမ်းတမ်းလှတဲ့စစ်ကြောင်းတွေနဲ့ပုံဖော်ထားပြီးရေခဲတောင်တွေပေါ်မှာသွားတိုက်ခိုက်ရတဲ့ တောင်ပေါ်ဂိမ်းလေးပါပဲ ။ဖိုင်ဆိုဒ်က 47mb ရှိပြီး Android : 2.3 နှင့်အထက်ဖုန်းတွေမှာကစားနိုင်ပါတယ်ခင်ဗျာ..     Dr.Mobile နှိပ်ပါ  

Facebook သုံးစွဲသူ ၁၀,၀၀၀ ကျော်ထံ Color Change malware ပျံ့နှံ့နေဟုဆို

Image
Facebook profile ကို အရောင်များဖြင့် ပြောင်းလဲပေးမည်ဆိုသော Color Change scam သည် သုံးစွဲသူများကို ဆိုက်တစ်ခုမှ malware အား download ပြုလုပ်စေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ malware သည် ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူ ၁၀,၀၀၀ ကျော်တွင် ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်အင်တာနက် ကုမ္ပဏီ Cheetah Mobile က ဆိုခဲ့သည်။ ၎င်း malware သည် Facebook သုံးစွဲသူများက ၎င်းတို့၏ profile အရောင်ကို ပြောင်းလဲနိုင်သည်ဟူသော app တစ်ခုကို ကြော်ငြာခြင်းဖြင့် စတင်ခဲ့သည်။ ၎င်းသည် app ကို download ပြီး သုံးစွဲသူအား အန္တရာယ်ရှိသည့် phishing ဆိုက်တစ်ခုသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း Cheetah Mobile ၏ လုံခြုံရေးသုတေသီများက ပြောကြားခဲ့သည်။ အဆိုပါ phishing ဆိုက်သည် သုံးစွဲသူများအား နည်းလမ်းနှစ်မျိုးဖြင့် ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ဆိုသည်။ ပထမနည်းလမ်းသည် Color Changer အသုံးပြုပုံ ဗီဒီယိုကို ကြည့်ရှုခိုင်းကာ သုံးစွဲသူ၏ Facebook Access Token များကို ခိုးယူခြင်းဖြစ်သည်။ Token များကို ယာယီအသုံးပြုခွင့်ပေးပြီးနောက် ဟက်ကာများက သုံးစွဲသူ၏ Facebook သူငယ်ချင်းများထံ ချိတ်ဆက်နိုင်မည် ဖြစ်သည်။ အကယ်၍ သုံးစွဲသူက ဗီဒီယိုက...

WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech တို့ ပူးပေါင်းရောင်းချမည်

Image
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech ကုမ္ပဏီတို့ပူးပေါင်း၍ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁, ၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁,၅၀၀ ကျပ်ဖြင့် WCDMA ဆင်းမ်ကတ် သုံး ကတ်ဝယ်ယူနိုင်သည်ဆိုသည့် SMS တစ်စောင်ကို မိမိမိုဘိုင်းဖုန်းအတွင်း လက်ခံရရှိသူတိုင်းသည် ဖုန်းနံပါတ် ၀၁- ၆၅၆၆၂၂ သို့ ဆက်သွယ်ပြီး မှတ်ပုံတင်စာရင်းသွင်းကာ နီးစပ်ရာ E-Lite Tech မိုဘိုင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ် သည်။ ဖုန်းနံပါတ် ၀၉ ၂၅၉ xxxxx ဖြင့်စသည့် WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည့် ယခုအစီအစဉ်တွင် ပထမဦးစွာ အထက်ပါဖုန်းနံပါတ်သို့ Message ဝင်သည့် ဖုန်းနံပါတ်၊ အမည်၊ နေရပ်လိပ်စာနှင့် ဆင်းမ်ကတ်ထုတ်ယူလိုသည့် E-Lite Tech ဆိုင်ခွဲတို့ကို စာရင်းပေးသွင်း ရမည်ဖြစ်သည်။ ထို့နောက် နှစ်ရက်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Confirm Message တစ်စောင်ဝင်လာမည်ဖြစ်ပြီး ၁၀ ရက်အတွင်း ဆင်းမ်ကတ် သုံးကတ်ကို ငွေကျပ် ၁,၅၀၀ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။
Image
မိုဘိုင်းဘဏ်စနစ် (Mobile Banking) အသုံးပြုသူ တစ်သောင်းခွဲဝန်းကျင်ရှိလာကြောင်း သမဝါယမဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးကျော်လင်းကပြောသည်။ ဇူလိုင်လအတွင်းက သမဝါယမဘဏ်၏ မိုဘိုင်းဘဏ်စနစ်ကို မိတ်ဆက်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ အဆိုပါအရေအတွက် ဖြစ်လာခြင်းဖြစ်သည်။ “အာဖရိကက ကန်ညာနိုင်ငံမှာ လူဦးရေ ၄၄ သန်းပဲရှိပါတယ်။ သူ့ရဲ့မိုဘိုင်းဘဏ်စနစ် အသုံးပြုမှုက ၁၉ သန်းရှိပါတယ်။ အဲ့တော့ တစ်ဝက်နီးပါးလောက်ကို ရှိတယ်ဆိုတဲ့ သဘောပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက လူဦးရေ သန်း ၆၀ ရှိပါတယ်၊ အသုံးပြုတဲ့သူက တစ်သောင်းခွဲပဲ ရှိပါသေးတယ်။ အခုမှစတာကိုး။ ဒါပေမဲ့ တယ်လီဖုန်းတွေကလည်း မကိုင်နိုင်ကြသေးဘူး။ နောက်ပိုင်းတော့ ကိုင်နိုင်မယ်၊ ဒီလိုပဲများလာမယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်” ဟု ဦးကျော်လင်းကပြောသည်။ CB Bank Mobile Banking ၀န်ဆောင်မှု ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြင်ပတွင် သုံးစွဲခြင်းသည် အသုံးပြုသူ၏ စွန့်စားမှုသာဖြစ်ပြီး ဖြစ်ပေါ်လာသမျှသည် အသုံးပြုသူနှင့်သာ သက်ဆိုင်ကြောင်း Mobile Banking သုံးစွဲသူများ သဘောတူညီမှုအချက်များတွင် ဖော်ပြထားသည်။ …...
Image
အစိုးရအေဂျင်စီများက Apple ထုတ်ကုန်များ ဝယ်ယူခြင်းကို တရုတ်တားမြစ်    လုံခြုံရေးနှင့် သက်ဆိုင်သည့် စိုးရိမ်ပူပန်မှုများကြောင့် Apple ကုမ္ပဏီ၏ hardware ထုတ်ကုန်များအား အစိုးရအေဂျင်စီများက ဝယ်ယူခြင်းကို တရုတ်အစိုးရက တားမြစ်ခဲ့ကြောင်း Bl oomberg သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံ အမျိုးအသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ အစိုးရအဝယ်စာရင်း၌ ဖယ်ရှားခဲ့သည့် Apple ထုတ်ကုန် ၁၀ ခုတွင် iPad, iPad Mini, MacBook Air နှင့် MacBook Pro တို့ပါဝင်ခဲ့ကြောင်း၊ ၎င်းထုတ်ကုန်များသည် ဇွန်လမူကြမ်းစာရင်းတွင် ပါဝင်ခဲ့ကြောင်း Bloomberg က ဖော်ပြခဲ့သည်။ အဆိုပါ တားမြစ်ချက်သည် တရုတ်နိုင်ငံရှိ ပြည်တွင်းအေဂျင်စီအားလုံးတွင် သက်ရောက်မှုရှိမည်ဟု Bloomberg က ပြောကြားခဲ့သည်။ အစိုးရအေဂျင်စီများက Apple ထုတ်ကုန်များ ဝယ်ယူခြင်းကို တားမြစ်ခြင်းသည် ယခင်က တရုတ်အေဂျင်စီများကို ဆော့ဖ်ဝဲများ ရောင်းချခဲ့သည့် Kaspersky Lab နှင့် Symantec Corp ကဲ့သို့သော နိုင်ငံခြား aniti-virus ကုမ္ပဏီများအား အဝယ်စာရင်းမှ ပယ်ဖျက်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ တရုတ်...