Posts

Showing posts from March 23, 2014

Zapya v.2.2 (US) နဲ့ Zapya v.2.2 (ZH) ဘယ်ဟာသုံးသင့်သလဲ … ?

Image
Zapya v.2.2 (US) ကိုသုံးတဲ့သူတော်တော်များများ သိမယ်ထင်ပါတယ်။ ဘာ Error တွေ တက်လာလဲဆိုတော့ Mobile Data ဖွင့်ရင့် Wifi ပွင့်လာတယ်တို့ဘာတို့ … နောက်တစ်ခုက Error box တက်လာပြီး ဖွင့်ထားတဲ့ App တွေပိတ်သွားတဲ့ error တွေဖြစ်လာပါတယ်။ အဲ့ Error ကိုဖြေရှင်းဖို့အတွက် ကလွယ်ကူပါတယ်။ အရင်ဆုံး Zapya v.2.2 (US) ကို Uninstall လုပ်လိုက်ပါ။ ပြီးရင် Zapya v.2.2 (ZH) လေးကို install လုပ်လိုက်ပါခဗျာ  … အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ Dr.Mobile နှိပ်ပါ    

HTC Android စမတ်နာရီ

Image
HTC ရဲ့  စမတ်နာရီ ကိုလည်း မြင်တွေ့ရပါမယ်။ ၂၀၁၄ နှစ်လယ်လောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းထား ပါတယ်။ HTC Sense Feature ပါ ပါဝင်ပြီး Android OS ကိုပဲ Based လုပ်ပြီး မောင်းနှင် မယ့် နာရီပါပဲ။ လက်ရှိ Samsung ရဲ့  Samsung Galaxy Gear နဲ့ Sony ရဲ့  Smartwatch 2 တို့အတွက် အဓိက ပြိုင်ဘက် ဖြစ်လာစေ မှာ ဖြစ်ပါတယ်။ နာရီရဲ့  ပုံသဏ္ဍာန် ဘယ်လိုရှိလာ မယ် ဆိုတာလည်း မသိရသေးပါဘူး။ အခု ပုံမှာက imagine လုပ်ထားတာပါ။ ပါဝင်မယ့် Feature အစုံအလင်ကိုလည်း ထွက်ဆို မထားပါဘူး။ သေချာတော့ကတော့ လက်ရှိ စမတ်နာရီများရဲ့  ပြိုင်ဘက် ဖြစ်လာမယ် ဆိုတာပါပဲ။ အားကစားအတွက်ကော၊ ဖျော်ဖြေရေး အတွက်ကော၊ Telecommunication အတွက်ကော အားလုံး အဆင်ပြေစေမယ့် နည်းပညာပစ္စည်း တစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ HTC ရဲ့  စမတ်နာရီနဲ့ ပက်သက်တဲ့ တရားဝင် သတင်းအချက်အလက်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားဖွယ် ရှိကြောင်း သိရပါတယ်။ Ref:Smart Pro Journal

Android ထုတ်ကုန်များတွင် iTunes သီချင်း ဝန်ဆောင်မှု အသုံးပြုနိုင်ရန် Apple စီစဉ်နေ

Apple သည် Android ထုတ်ကုန်များတွင် အသုံးပြုနိုင်မည့် iTunes app ဖြင့် အခပေး သီချင်း ဝန်ဆောင်မှုကို လွှင့်တင်ရန် ကုမ္ပဏီ များဖြင့် ဆွေးနွေးနေကြောင်း Billboard ဝက်ဆိုက်က ဖော်ပြသွားခဲ့သည်။ အဆိုပါ ဆွေးနွေးမှုသည် အမေရိကန်နိုင်ငံတွင် iTunes ပေါ်၌ သီချင်း ရောင်းချရသည့် နှုန်းများ ကျဆင်းလာခြင်းကို ကာကွယ်ရန်အတွက် အရေးပါသည့် နည်းဗျူဟာ တစ်ခုဖြစ်ကြောင်း သိရသည်။ Billboard ၏ သတင်းဖော်ပြချက်သည် Apple ၏ ဒီဂျစ်တယ် ရောင်းချမှုနှုန်း ကျဆင်းခဲ့သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က Los Angeles Time မှ ဖော်ပြပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းသည်။ ပြီးခဲ့သည့်နှစ် မတ်လတွင် Apple ၏ iTunes သီချင်း တစ်ပုဒ်ချင်း ရောင်းအားမှာ ၁၁ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ဖူးပြီး ယခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်၍ တစ်ပတ်တိတိ digital album ရောင်းအား ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း Nielsen SoundScan မှ သုတေသီများက ထုတ်ပြန် သွားခဲ့သည်။ Ref: AppleInsider Credit to:Internet Journal

iPhone 6 နဲ့ iWatch မှာ အဖိုးတန်ကျောက် မျက်နှာပြင်အသုံးပြု

Image
Sapphire Crystal လို့ခေါ်တဲ့ အဖိုးတန် ကျောက်မျက်ရတနာ ကို အသုံးပြုပြီးတော့ iPhone 6 နဲ့ iWatch တို့ရဲ့ မျက်နှာပြင် ကို ပြုလုပ် မှာ ဖြစ်ကြောင်း သိရ ပါတယ်။ Apple က တရားဝင်ပြောဆိုတာ မဟုတ်သေးပေမယ့် အိုင်တီ မီဒီယာ အများစု က ဖော်ပြ လာတဲ့ သတင်း တစ်ရပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ကတည်းက Apple တို့က Sapphire Crystal ကို အသုံးပြုလို့ ဖန်သား မျက်နှာပြင် ဖန်တီးဖို့ စိတ်ကူး ရှိခဲ့ကြောင်း ဆိုပါတယ်။ iPhone6 ရဲ့ မျက်နှာပြင် အရွယ်အစားက ၅ လက်မ ရှိကြောင်း ဆိုပါတယ်။ ၄.၅ လက်မ အရွယ် မဟုတ်တော့ ပါဘူး။ iWatch လို့အမည်ပေးထားတဲ့ စမတ်နာရီလည်း ထွက်ရှိမှာ ဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင် iPhone တစ်လုံးနဲ့တစ်လုံး မိတ်ဆက်တာ၊ ရောင်းချ တာ တစ်နှစ်ခြားပါတယ်။ ဒီနှစ်တော့ စောစောစီးစီး ထွက်ရှိမှာ ဖြစ်ပါတယ်။ Appple 6 ကို ပုံမှန် ထုတ်နေကျ ၄.၅ လက်မ နဲ့ ၅ လက်မ အမျိုးအစား ဆိုပြီးတော့ ခွဲခြား ထွက်ရှိမယ်လို့ကော ပြောဆိုနေကြကြောင်း သိရ ပါတယ်။ Ref:Smart Pro Journal