တယ်လီနော နှင့် Samsung ပူးပေါင်း၍ ဆင်းမ်ကဒ် နှင့် မိုဘိုင်းဟန်းဆက် တစ်ပါတည်း ဝန်ဆောင်မှုပေးမည်

တယ်လီနောမြန်မာနှင့် Samsung Electronic တို့မှ ဈေျးနှူန်းသင့်တင့်သည့် ဆင်းမ်ကတ်ပါ မို ဘိုင်း ဟုန်းဆက်များအား အကျိုးတူပူးပေါင်း ရောင်းချ သွားမည်ဖြစ်ကြောင်း ၊ ရှေ့လျှောက် ၍ အရောင်းမြှင့်တင်ရေးပူးပေါင်း ဆောင်ရွက်မှုများအား လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုများအတွက် နားလည်မှု စာချွန်လွှာ အားရန်ကုန်မြို့ တယ်လီနောရုံးချုပ် တွင်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ အဆိုပါ လက်မှတ်ရေးထိုးခြင်းအနေဖြင့် ဆက်သွယ်ရေးကဏ္ဍအတွင်းတယ်လီနောနှင့် ဆမ်ဆောင်း၏ သမိုင်း မှတ်တိုင်တစ်ခု စိုက်ထူခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများစွာအားစတင်လိုက်ခြင်းဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Petter Furberg ကပြောသည်။ " အခု လက်မှတ်ရေးထိုးပွဲကတော့ သမိုင်းမှတ်တိုင်စိုက်ထူမှုတစ်ခုဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍ မှာတယ်လီနော နဲ့ Samsung အတွက် ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများစွာကိုစတင် လိုက်တာပါဖြစ်ပါတယ်။ မြန်မာပြည်သူတွေ အတွက် ဆက်သွယ်ရေးဝန်ဆောင်မှု ကို Samsung နဲ့အတူ လက်တွဲဆောင်ရွက်ရမှာ ဝမ်းမြောက် မိပါတယ်" ဟု တယ်လီနောမြန်မာ CEO Mr. Pet...