USB ထုတ်ကုန်များဖြင့် ဟက်ကာများက တိုက်ခိုက်နိုင်ဟုဆို

 

Malware သည် keyboard, mouse နှင့် webcam တို့ကို ထိန်းချုပ်နိုင်သကဲ့သို့ BadUSB ဟုခေါ်သည့် အားနည်းချက်သည်လည်း USB ထုတ်ကုန်များကို အသုံးချကာ ဟက်ကာများက တိုက်ခိုက်နိုင်ကြောင်း ဂျာမနီ အခြေစိုက် လုံခြုံရေးသုတေသနအဖွဲ့တစ်ခု ဖြစ်သည့် SRLabs မှ ပြောကြားလိုက်သည်။
အဆိုပါ BadUSB ကို မည်သည့် USB flash drive ပေါ်တွင်မဆို ထည့်သွင်းနိုင်ပြီး ကွန်ပျူတွင် တပ်ဆင် အသုံးပြုသည့်အခါ anti-malware program များက ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိကြောင်း သိရသည်။
BadUSB ပါဝင်သည့် flash drive တစ်ခုကို ကွန်ပျူတာတွင် တပ်ဆင်လိုက်သည့်အခါ ၎င်းသည် virtual keyboard တစ်ခုအသွင် လုပ်ဆောင်ပြီး ဟက်ကာတစ်ဦးက အန္တရာယ်ရှိသည့် command များကို ထည့်သွင်းနိုင်စေရန် ခွင့်ပြုပေးကြောင်း ဆိုသည်။ ၎င်းသည် ကွန်ပျူတာတွင် အတူတကွ တပ်ဆင်ထားသည့် အခြား USB ထုတ်ကုန်များ အတွင်းရှိ controller chip များထံလည်း ပျံ့နှံ့နိုင်သည်။ ထို့အပြင် BadUSB ပါဝင်သည့် flash drive သည် network card တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်ပြီး ပစ်မှတ်၏ လမ်းကြောင်းကို အန္တရာယ်ရှိသည့် ဝက်ဘ်ဆိုက်ထံ လမ်းကြောင်းလွှဲနိုင်သည်။
Boot တက်နေစဉ်အတွင်း BadUSB ပါဝင်သည့် flash သို့မဟုတ် external hard drive သည် ကွန်ပျူတာ၏ operating system တစ်ခုထံ virus တစ်ခုဖြင့် ပျံ့နှံ့နိုင်သည်။ ထို့အပြင် BadUSB device သည် ကွန်ပျူတာ၏ BIOS ကိုပင် အစားထိုးနိုင်ကြောင်း SRLabs က ပြောကြားခဲ့သည်။
BadUSB ဖြင့် တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် မယုံကြည်ရသူထံမှ USB flash drive တစ်ခု ရရှိခဲ့ပါက ကွန်ပျူတာတွင် တပ်ဆင်ခြင်း မပြုရန်နှင့် USB flash drive များကို မယုံကြည်ရသူများထံ ဝေမျှအသုံးပြုခြင်းကို ရှောင်ရှားရန် လိုအပ်ကြောင်း SRLabs က အကြံပြုထားသည်။

Ref: DigitalTrends & Internet Journel

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)