အူရီဒူးမှ ဆာဗေးကောက်ယူခြင်းမှာ အများစုသုံးနေသည့်ဟန်းဆက်နှင့် 2G စနစ် အဆင်ပြေ.မပြေ သိရန်ကောက်ယူခြင်းဟုဆို
အူရီဒူးမြန်မာ မှ မိုဘိုင်း ဖုန်းဆိုင်များတွင် ပြည်သူလူထု ထံမှ ကောက်ယူနေသည့် ဆာဗေး ဖောင်များမှာ ဆင်းမ်ကတ် ရောင်းချခြင်း အတွက် Register ပြုလုပ်ရန် ကောက်ယူခြင်း မဟုတ်ဘဲ ပြည်သူများ ကြားတွင် အများစု သုံးနေသည့် ဟန်းဆက် အမျိုးအစားနှင့် မည်ကဲ့သို့ ဝန်ဆောင်မှုမျိုး ပေးရမည်ကို သိရှိရန် အတွက် ကောက်ယူခြင်းသာ ဖြစ်ကြောင်း သတင်း ရရှိသည်။ ကျွန်တော်တို့ အခုလို ကောက်ယူနေ တာဟာ ဆာဗေးဖောင် ကောက်ယူ တာပဲ ဖြစ်ပါတယ်။ Register လုပ်ဖို့အတွက် ကောက်တာ မဟုတ်ပါဘူး။ လူတွေရဲ့ လက်ထဲကို 3G စနစ်နဲ့ ဘယ်လို ဝန်ဆောင်မှု ပေးရမလဲ ဆိုတာကို သိနိုင်ဖို့ အတွက် ကောက်တာ ဖြစ်ပါတယ်။ ဆင်းမ်ကတ် ဝယ်ဖို့ အတွက် ဆိုရင် ဖောင်ဖြည့်ဖို့ မလိုပါဘူး ဟု အူရီဒူးမြန်မာ ၏ အမှုဆောင် အရာရှိချုပ် Mr. Ross Cormack က ပြောသည်။ လက်ရှိတွင် ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် အချို့တွင် အူရီဒူးမှ ပေးထားသော ဖောင်များကို ဖြည့်ပါက ဆင်းမ်ကတ် ရောင်းသည့် အခါတွင် ရရှိမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေ သည့်အတွက် ယခုလို ရှင်းလင်း ဖြေကြားခြင်း ဖြစ်ပြီး ပြည်တွင်း၌ လူအများစု သုံးနေသည့် ဟန်းဆက် များသည် ၎င်းတို့မှ ဝန်ဆောင်မှု ပေးသည့် 3G စနစ်ကို ပြည့်ဝစွာ ...