Posts

Showing posts from May 14, 2014

လမ်းလျှောက်ရင်းဖုန်းသုံးစွဲသူများတရုတ်(တိုင်ပေ)တွင်ဒဏ်ငွေဆောင်ရမည်

Image
တရုတ် (တိုင်ပေ) နိုင်ငံတွင် လမ်းလျှောက်ရင်း စမတ်ဖုန်းသုံးစွဲသူများသည် ကားလမ်းဖြတ်ကူးစဉ် ၎င်းတို့ဖုန်းများကို ကားများထက် အာရုံစိုက်နေပါက ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ တရုတ် (တိုင်ပေ) နိုင်ငံတွင် မိုဘိုင်းဖြင့် အင်တာနက်သုံးစွဲသူ ၁၄ သန်းရှိကာ အစိုးရက ၎င်းတို့ကို ဖုန်းအလွန်အမင်း စွဲလန်းသူများအဖြစ် သတ်မှတ်ထားကြသည်။ ယခုအခါ တရုတ် (တိုင်ပေ) တွင် ဒဏ်ငွေကောက်ခံလိုက်ခြင်းဖြင့် ဖုန်းအလွန်အမင်းစွဲလန်းခြင်းကို တားဆီးခြင်းနှင့် ယာဉ်တိုင်မှုများကြောင့် သေဆုံးသည့် အရေအတွက်ကို လျော့ချနိုင်ရန် မျှော်လင့်နေသည်။ တရုတ် (တိုင်ပေ) ယာဉ်မောင်းများသည် ခြေကျင်လျှောက်သူများကို ဦးစားပေးလေ့မရှိကြောင်း စည်းကမ်းလိုက်နာမှုမရှိသော ယာဉ်အသွားအလာများသည် ခြေကျင်လျှောက်သူများကို အန္တရာယ်များစေကြောင်း အစိုးရ၏ဖော်ပြချက် အရသိရသည်။ ထို့ကြောင့် တရုတ် (တိုင်ပေ) တွင် ခြေကျင်လျှောက်သူများ လမ်းလျှောက်ခြင်းကို အာရုံမစိုက်ပါက ဒေါ်လာ ၁၀ အထိ ပေးဆောင်ရဖွယ်ရှိကြောင်း သိရသည်။ ref:Internet Journal

Dr.Mobile မှသတင်းကောင်းတစ်ပုဒ်တင်ပေးလိုက်ပါတယ်. အင်တာနက်လိုင်းများဆက်လက်နှေးကွေးနေဦးမည်

Image
ယမန်နှစ်က အင်တာနက် သုံးစွဲသူ ၁ သန်းမှ ယခုနှစ်တွင် ၄ သန်းအထိ တိုးလာသည် (ဓာတ်ပုံ – ဟိန်းထက်/ဧရာဝတီ) မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ တရှိန်ထိုး မြင့်တက်လာသဖြင့် အင်တာနက် ကော်နက်ရှင်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်ဖြစ်ပြီး လိုင်းများ ကောင်းမွန်လာရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။ ၂၀၁၃ ခုနှစ်တွင် အင်တာနက် သုံးစွဲသူမှာ ၁ သန်းခန့်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ သန်းခန့် အထိ မြင့်တက်လာသဖြင့် အင်တာနက် လိုင်းကောင်းရန် အနည်ဆုံး ၃ နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်း သုံးစွဲသူအားလုံးနီးပါးမှာ အင်တာနက်လိုင်း သုံးစွဲမှုကြောင့် အင်တာနက် ကော်နက်ရှင် လိုင်းနှေးကွေးနေရခြင်း ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးသောင်းတင်က နေပြည်တော်တွင် မေလ ၁၁ ရက်နေ့က ဧရာဝတီသို့ ပြောကြားခဲ့သည်။ “အရင်တုန်းက မိုဘိုင်းဖုန်း ပေးရင် ၁၀ ရာခိုင်နှုန်းကပဲ အင်တာနက် သုံးတယ်။ အခုက မိုဘိုင်းသုံးစွဲသူ အားလုံးနီးပါးက အင်တာနက်သုံးနေတာ။ ကျနော်တို့ကတော့ ၃ နှစ်အတွင်း အင်တာနက်လိုင်း မြန်အောင် လုပ်ဖို့ ရှိတယ်။ အင်တာန...
Image
Android ဖုန်းတွေအတွက်လူသုံးအများဆုံး Theme Launcher တစ်ခုဖြစ်တဲ့ Next Launcher 3D ရဲ့နောက်ဆုံး version 3.11ကိုတင်ပေးလိုက်ပါတယ်။ ဖုန်းမှာသုံးနေကျ Screen Theme ဒီဇိုင်းကိုရိုးလာလို့ တခြား Launcher Theme ပြောင်းသုံးချင်တယ်ဆိုရင်တော့ Next Launcher 3D ကိုသုံးသင့်ပါတယ်။ Next Launcher 3D ဟာ တခြား Launcher တွေနဲ့မတူပဲ 3D Theme Effect တွေအများကြီးပါဝင်တာကြောင့် သင့်ရဲ့ဖုန်း screen ဒီဇိုင်းကိုနဂိုထက်ပိုပြီးထူးခြားလှပသွားစေမှာပါ။အခုအသစ်ထွက်ဗားရှင်းမှာ Next Launcher ရဲ့  UI ဒီဇိုင်းပြောင်းလဲလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်. Next Launcher 3D v3.11for Android ကို Google Play မှာ 9.99 ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်သလို Dr.Mobile မှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူပါ။ Dr.Mobile နှိပ်ပါ

တယ်လီနော မိုဘိုင်းလ်အင်တာနက်မြန်နှုန်း MPT ထက်နှစ်ဆပိုမည်ဟုဆို

Image
အပြည့်အစုံဖတ်ရန် >> http://www.myanmarmobileapp.com/2014/05/15/%e1%80%90%e1%80%9a%e1%80%b9%e1%80%9c%e1%80%ae%e1%80%b1%e1%80%94%e1%80%ac-%e1%80%99%e1%80%ad%e1%80%af%e1%80%98%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%b9%e1%80%a1%e1%80%84%e1%80%b9 တယ်လီနော ဆင်းမ်ကတ်များတွင် ပါဝင်မည့် မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုပါက လက် ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်ထက် နှစ်ဆမြန်မည်ဖြစ်ကာ အနည်းဆုံးမြန်နှုန်း 1 Mbps (Mega Byte per Second) ရှိမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။ မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲပါက အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်ချင်း ဆက်သွယ်ရန် Fiber Cable များတပ်ဆင် မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။ “မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲမယ်ဆိုရင် 2G နဲ့ရော 3G နဲ့ပါ သုံးလို့ရမယ်” ဟု Mr. Petter Furberg က မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့တော် စိမ်းလန်းစိုပြေ ဥယျာဉ်တွင် ပြုလုပ်သည့် Net Monday အခမ်း အန...

Viber 4.3.3.67 (For Android)

Image
May 14 ရက်နေမှာ Viber Version အသစ်ထွက်ရှိလာတာနဲ့ Dr.Mobile မှ တင်ဆက်ပေးလိုက်ပါတယ်ဗျာ.အားလုံးလဲသိပြီးသားဖြစ်လို့ ထွေထွေထူးထူး ပြောမနေတော့ဘူးနော်. အောက်မှာ ဒေါင်းသွားပေတော့ဗျာ. Playstore Link MediaFire Link