တယ်လီနော မိုဘိုင်းလ်အင်တာနက်မြန်နှုန်း MPT ထက်နှစ်ဆပိုမည်ဟုဆို
တယ်လီနော ဆင်းမ်ကတ်များတွင် ပါဝင်မည့် မိုဘိုင်းလ် အင်တာနက်စနစ်ကို
အသုံးပြုပါက လက် ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်ထက်
နှစ်ဆမြန်မည်ဖြစ်ကာ အနည်းဆုံးမြန်နှုန်း 1 Mbps (Mega Byte per Second)
ရှိမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr. Petter
Furberg က ပြောကြားသည်။
မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲပါက အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်ချင်း ဆက်သွယ်ရန် Fiber Cable များတပ်ဆင် မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။
“မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲမယ်ဆိုရင် 2G နဲ့ရော 3G နဲ့ပါ
သုံးလို့ရမယ်” ဟု Mr. Petter Furberg က မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်
စိမ်းလန်းစိုပြေ ဥယျာဉ်တွင် ပြုလုပ်သည့် Net Monday အခမ်း အနား တွင်
ပြောကြားသည်။မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲပါက အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်ချင်း ဆက်သွယ်ရန် Fiber Cable များတပ်ဆင် မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုနေသူများမှာမူ မည် သည့် မြန်နှုန်းဖြင့် သုံးစွဲနေရသည်ကို မသိရဘဲ တစ်ခါတစ်ရံ 1 Kbps (Kilo Byte pre Second) အောက် အထိ ကျဆင်းကြောင်း သုံးစွဲသူများထံမှ သိရသည်။
“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြုရတာတွေ အဆင်ပြေလာမယ်။ 1 Mbp ဆိုတာကတော့ တော်တော်ကို အဆင်ပြေတဲ့ အမြန်နှုန်းပါ။ ဖြစ်နိုင်ရင် ဆက်သွယ်ရေးဘက် က ပြည် တွင်းပြည်ပ Provider တွေထပ်ခေါ်ပြီး Fixed လိုင်းတွေကိုလည်း ပိုကောင်းအောင် လုပ်စေချင်တယ်” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ပြောဆိုသည်။
Ref & Credit: The Voice Weekly
Comments
Post a Comment