Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Monday, March 31, 2014

cristiano ronaldo footy For android

ဒီနေ့တော့ ဂိမ်းမတင်တော့ဘူးလုပ်နေတာ ဒါပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ ဆော့ကောင်းမယ့်ဂိမ်းလေးတစ် ခုတွေ့တာနဲ့တင်ပေးလိုက်ပါတယ်ဗျာ..File size ကလည်း (48MB) လောက်ပဲရှိပါတယ်.ရုပ်ထွက် ကတော့ အသင့်အတင့်လောက်ပေါ့ဗျာ.. ဘာဂိမ်းလေးလဲဆိုတော့ ဘောလုံးဂိမ်းလေဗျ. ဟိုအရင်တုန်းကလို လမ်းသရဲဘောလုံးပေါ့ဗျာ.. Android version 3.0 နဲ့ အထက်တွေမှာကစားနိုင်မှာဖြစ်ပါတယ်. ကျွန်တော် တော့မဆော့ကြည့်ရသေးဘူးဗျာ... ကဲ ဘော်ဒါတွေ ဆော့ကြည့်ရအောင်တင်ပေးလိုက်ပါတယ်ဗျာ.... :)






http://android.mob.org/game/cristiano_ronaldo_footy.html


Sunday, March 30, 2014

Gallery Lock Pro(Hide picture) v4.7.1 for android

Android OS ကိုင်ဆောင်သူများအတွက် မိမိဖုန်းထဲမှ ဓာတ်ပုံ၊ဗွီဒီယိုဖိုင်များကို တခြားသူများမမြင်နိုင်အောင် ကွယ်ဝှက်ထားနိုင်မယ့် ဆော့ဝဲလ်လေး Gallery Lock Pro ကိုတင်ပေးလိုက်ပါတယ်။ကိုယ်ဖုန်းထဲမှာ ရှိနေတဲ့ ဓာတ်ပုံ၊ဗွီဒီယိုတွေကို ကွယ်ဝှက်ထားနိုင်ပြီး ကိုယ်ရဲ့ personal privacy အပြည့်အ၀ကာကွယ်ပေးနိုင်မယ့်ဆော့ဝဲလ်ကောင်းလေးဖြစ်ပါတယ်။Google Play store မှာ အကောင်းဆုံး 10 မျိုးထဲမှ တစ်မျိုးအပါအ၀င်ဖြစ်တဲ့ နာမည်ကြီးဆော့ဝဲလ်လေး Gallery Lock Pro ဖြစ်ပါတယ်။Hk$30 တန်းကြေးရှိပြီး Free အသုံးပြုလိုသူများ အောက်မှာရယူနိုင်ပါပြီခင်ဗျာ....

ဖုန်းကို ဟက်ခ်ပြီး ဒေတာအချက်အလက်တွေအကုန် ခိုးယူနိုင်မယ့် ‘Snoopy’ မောင်းသူမဲ့ယာဉ်ကို လန်ဒန်မြို့ မှာ စမ်းသပ်

နှစ်မီတာအကွာအဝေးကနေ ခင်ဗျားဖုန်းထဲကို ၀င်ရောက်ဟက်ခ်နိုင်ပြီး Password နဲ့ တခြား အချက်အလက် တွေ အကုန် ခိုးယူနိုင်မယ့် ဒရုန်း (မောင်းသူမဲ့ယာဉ်) ‘Snoopy’ ပါ။
အခုလို နည်းပညာခေတ်ကြီးမှာ ဒရုန်းတွေဟာ စစ်ဘက်သုံးသက်သက်မဟုတ်တော့ပါဘူး။ ငါးဖမ်းသမားတွေ အတွက် ဘီယာတွေကို ဒရုန်းနဲ့ ပို့ ဆောင်ကြသလို သာမာန်အရပ်သားတွေကလည်း ဒရုန်းတွေကို ဓာတ်ပုံ ရိုက်ကူးရာမှာ အသုံးပြုလာကြတာကို မြင်တွေ့ ရမှာပါ။
အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ‘Snoopy’ ဒရုန်းကတော့ ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုပါ ၀င်ရောက်ခြိမ်းခြောက်နေပါပြီ။
လန်ဒန်အခြေစိုက် Sensepiont လုံခြုံရေးကုမ္ပဏီ က ဒီ ကိရိယာဟာ ၀ိုင်ဖိုင် တစ်ခုကို ချိတ်ဆက်ဖို့ ကြိုးစား နေတဲ့ အနီးနားက ဖုန်းတွေကို ရှာဖွေဟက်ခ်လုပ်ဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ ဖုန်းတွေဟာ အရင်တစ်ခါက ချိတ်ဆက်အသုံးပြုခဲ့တဲ့ နက်ဝေါ့ခ်တွေကို အလိုအလျောက်မှတ်သားထားကြတဲ့အတွက် ဒီ Snoopy ကိရိယာ က သူ့ ရဲ့ network ကို ခင်ဗျားတို့ အရင်သုံးဖူးခဲ့တဲ့ နက်ဝေါ့ခ် လို့ အထင်မှားစေပြီး ဖုန်းတွေထဲကို ၀င်ရောက် မွှေနှောက်မယ့်ကောင်ပါ။
တကယ်လို့ ခင်ဗျားရဲ့ဖုန်းက သူ့ ကိုချိတ်ဆက်မိသွားပြီဆိုတာနဲ့ Snoopy ဟာ ဖုန်းတွေထဲက လှို့ ဝှက် ကုဒ်နံပါတ်တွေ ကနေ တည်နေရာအချက်အလက်တွေအထိ ၊ သတင်းအချက်အလက် အမျိုးအစားအားလုံးကို ရယူနိုင်ပါပြီ။
လန်ဒန်မြို့ မှာ ပြုလုပ်ခဲ့တဲ့ အစမ်းပျံသန်းမှုဟာ Snoopy ဒရုန်းဟာ မိုဘိုင်းကိရိယာ ၁၅၀ ခန့် ဆီကနေ နက်ဝေါ့ခ် နာမည်တွေနဲ့ ဂျီပီအက်စ် ကိုသြဒိနိတ်တွေကို ရယူနိုင်ခဲ့ပါတယ်။
Sensepoint ကုမ္ပဏီဟာ ဒီကိရိယာကို ဒီအပါတ်အတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် Black Hat Asia ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ညီလာခံမှာ တင်သွင်း မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဖုန်းအသုံးပြုသူတွေဟာ မလိုအပ်တဲ့အချိန်တွေမှာ wifi ကို ပိတ်ထားဖို့ နဲ့ နက်ဝေါ့ခ်တွေကို မချိတ်ဆက်ခင် ဖုန်းရဲ့ ကြိုတင်သတိပေးချက်တွေကို စောင့်ကြည့်ဖို့  Sensepoint ကုမ္ပဏီက မိုဘိုင်းအသုံးပြုသူတွေကို အကြံပေးခဲ့ပါတယ်။

Ref: Mirror.co.uk

Ref:Trend Myanmar

စမတ်ဖုန်းအတွက်လေတိုက်နှုန်းတိုင်းကိရိယာ

ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို ရရှိရန် မည်သည့် ရာဦဥတုဆိုင်ရာ App များကို မဆို အသုံးပြုနိုင်မည် ဖြစ်သော်လည်း နောက်ဆုံး Update အချက်အလက်များကို ရယူနိုင်ရန်မှာ အင်တာနက်ဆက်သွယ်မှုစနစ်၏ လိုင်းကောင်းမွန်မှုအပေါ်တွင် မူတည်နေသောကြောင့် ယုံကြည်စိတ်ချရမှု နည်းပါးနေ ပါသေးသည်။
၎င်းအချက်ကို အဓိကထားလျက် Danish အသင်းမှ Vaavud ဟု အမည်ပေးထားသော စမတ်ဖုန်း တွင် တပ်ဆင်အသုံးပြုနိုင်မည့် လေတိုက်နှုန်းတိုင်း ကိရိယာတစ်ခုကို ဖန်တီးတီထွင် ထုတ်လုပ်ခဲ့ပါသည်။
Vaavud သည် အမှန်တစ်ကယ်အားဖြင့် ရေဒါနှင့်တူညီသည့် wind meter ဖြစ်ပြီး ၄င်းတွင် အီလက် ထရောနစ် စနစ်များ မပါဝင်သော်လည်း ကြိုးမဲ့စနစ်ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စမတ်ဖုန်းဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။ ၄င်းတွင် Rotor ပါဝင်၍ အတွင်း၌ သံလိုက်အသေးစားလေးများကို ထည့်သွင်းထားပြီး Rotor လည်ပတ်သောအခါ ဖုန်းတွင်ပါဝင်သော သံလိုက်စက်ကွင်းအာရုံခံစနစ်မှ ထောက်လှမ်းမည် ဖြစ်ပေသည်။
Vaavud Wind Meter ကိရိယာအနေဖြင့် မည်သည့်နေရာတွင်မဆို တိကျစွာဖြင့် လေတိုက်နှုန်းအား တိုင်းတာနိုင်စွမ်းရှိပြီး ၄င်းကို iOS နှင့် Android Phone များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့အနေဖြင့် လေတိုက်နှုန်းအချက်အလက်များကို Online ပေါ်တွင်လည်း သူငယ်ချင်းများထံ ဝေမျှသိရှိနိုင်သည်ဟု သိရပါသည်။
Vaavud အနေဖြင့် iPhone 4,4S,5,5C နှင့် 5S တို့တွင်လည်းကောင်း၊ Samsung Galaxy S3,S4 တို့တွင်လည်းကောင်း၊ HTC One နှင့် Google Nexus 5 တို့တွင် အသုံးပြုနိုင်မည်ဖြစ်ကာ ရောင်းဈေးမှာ တစ်ခုလျှင် အမေရိကန် ၄၅ ဒေါ်လာ တန်ဖိုးရှိပါသည်။

Ref:thetechjournal

WorldWide(BMSTU)

(31.3.2014)ပြည်တွင်းဟန်းဆက် ဈေးနှုန်းများ

APPLE Price List
I Phone 5S(16GB)silver,gray,gold –649000
I Phone 5S(32GB)silver,gray,gold –754000
I Phone 5S(64GB)silver,gold –865000
I Pad mini 4G(64GB) –630000
I Pad mini II wifi (32GB) –484000
I Pad mini II wifi(64GB) –578000
I Pad mini II 4G(16GB) –512000
I Pad mini II 4G(32GB) –601000
Samsung
Ace –165000
S Advance –206000
Young Duos –110000
Sony
J –145000
M –147000
L –170000
SL –259000
Neo L –181000
Sola –182000
QX10 Camera Lens –239000
QX 100 Camera Lens –469000
LG
G Flex –770000
Optimus G Pro Lite –275000
Optimus G 2 –575000
Optimus G –435000
Nexus 4 –399000
Nexus 5 –480000
4XHD –349000
L3 –95000
L5 –149000
L5 II –170000
L7 –185000
L7 II –240000
L9 –275000
HTC
One max –699000
One –599000
One X+ –447000
One X –338000
Desire X –263000
Desire VC –175000
Desire 300 –190000
Desire 600 –315000
Wilddfire –75000
Emoto
E7000 –109500
E58L –96500
E58 –74000
TCL
S900 –70000
A989 –48000
A998 –70000
W718 –60000
Huawei
P6 –292000
G730 –128000
Y511-T00 –70500
G610+ –116500
G510 –115000
Y320U –65500
U8860 –99900
CDMA 800 MHz Handset
CDMA Grand –255000
C8815 –120000
MP-6900 –100000
Cool Pad 5219 –116500
Y535C –93500
CDMA 450 MHz Handset
A8 –149500
ZTE G500 –246000
S 1+ –62000
E6 –56000
E550 –204000
Promotion
C8850 –100000
U8860 –99900
Tipo –75000
Gio –100000
Lenovo
S920 –197000
S820 –197000
S890 –175000
Samsung Company(5ထောင်တန်ဘေကဒ်လက်ဆောင်)
Grand –248000
S III –340000(1Card)
Mega 5.8 –330000(3Card)
Core –215000(3Card)
Ace 3 –180000(2Card)
Win –240000(3Card)
Note III –635000(2Card)
Tab 3 Lite –199900(2Card)
Tab 3 Lite wifi –149900(1Card)
Grand 2 –325000(4Card)
Vivo
X Play(510W) 16GB –428000
X Play(510W) 32GB –458000
Y 17W –299000
Y11iw –168000
(၃၁.၃.၂၀၁၄)Anycall Mobile Handset Price List
ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။

Cut the Rope 2 MOD APK (Unlimited Coins) For Android

အခုတင်ပေးလိုက်တဲ့ ဂိမ်းကတော့ ကျွန်တော်မနေ့ကတင်မလို့ပါဘဲ.လိုင်းမကောင်းတာနဲ့ (MPT ရဲ့ကျေးဇူးကြောင့်) ဒီနေ့မှဘဲတင်ပေးလိုက်ပါတယ်.အားလုံးသိပြီးသားဖြစ်တဲ့ Cut the rope ဖြစ်ပါတယ်. ဒီကောင်လေးကတော့ Cut the rope 2 ပါခင်ဗျာ... Android Version 2.2 နဲ့အထက်တွေမှာကစားနိုင်မှ ဖြစ်ပါတယ်ခင်ဗျာ.File size ကတော့ (42MB)ဖြစ်ပါတယ်...


http://www.tusfiles.net/76tbxsbqum6s


AirFighters Pro APK+DATA For Android

ဒီနေ့တော့ ဂိမ်းမတင်ဖြစ်တာကြာလို့ ဂိမ်းအလန်းလေးတစ်ခုတင်ပေးလိုက်ပါတယ်. ဝေဟင်ပေါ်မှာလေ ယာဉ်အချင်းချင်း ပစ်ခက်တိုက်ခိုက်ရမှာဖြစ်ပါတယ်. လူဆိုးနေမြေထဲအထိ ၀င်ရောက်ဖြတ်စီးတိုက်ခိုက် ရမယ့်ဂိမ်းဖြစ်ပါတယ်.ဆော့လို့ကောင်းမယ့်ဂိမ်းတစ်ခုဖြစ်ပါတယ်... ကျွန်တော်တော့ဆော့မကြည့်ရ သေးဘူးခင်ဗျ.. Screen shot လေးတွေကြည့်ပြီးတော့ ကြိုက်တယ်ဆိုရင် Dr.Mobile မှာ Free download ကလေးလုပ်သွားပေတော့ဗျာ... File Size ကတော့ (71MB)ဖြစ်ပါတယ်. Android Version 2.3 နဲ့ အထက်တွေမှာသာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ...





http://www.tusfiles.net/brl24q5exc09

AndroVid Pro Video Editor v 2.4.5 for android(latest version)

Android phone/Tablet ကိုင်ဆောင်သူတွေအတွက် ဆောင်ထားသင့်တဲ့ဆောဝဲလ်လေး Androvid pro ကိုတင်ပေးလိုက်ပါတယ်.။ဒီဆော့ဝဲလ်လေးကို အသုံးပြုပြီး မိမိဖုန်းထဲမှာရှိသော video ဖိုင်များကို one click နှိပ်ရုံနဲ့ audio(mp3) များကို ကြိုက်နှစ်သက်တဲ့ ဖိုင် အမျိုးအစားနဲ့ရွေးချယ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဝဲလ်ထဲမှာ ပါရှိတဲ့ လုပ်ဆောင်ချက်( Features) တွေကတော့
-ဗီဒီယိုဖိုင်များကိုအလိုရှိရာဖြတ်တောက်ခြင်း
-ဖြတ်တောက်ပြီးသော ဗီဒီယိုဖိုင်များကို ဆက်ပေးပြီး၊ဗီဒီယို clips များအဖြစ်ထုတ်ပေးခြင်း
-ဗီဒီယိုဖိုင်များကို Frame များထည့်ပေးခြင်း
-တည်းဖြတ်ပြီးသား ဗီဒီယိုဖိုင်များကို audio formats အမျိုးမျိုးပြောင်းပေးနိုင်ခြင်း(MP3,MP4A,WAV,ASF,FLAC)
-တည်းဖြတ်ပြီးသား ဗီဒီယိုဖိုင်များကို video formats အမျိုးမျိုးပြောင်းပေးနိုင်ခြင်း(AVI,FLV,MP4,MPEG-2,VOB-Dvd format)
အစရှိတဲ့လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါတယ်။Google Play မှာ 1.69 ဒေါ်လာနဲ့ ၀ယ်ယူရမှာဖြစ်ပြီး Dr.Mobile မှာတော့ Free download တင်ပေးလိုက်ပါတယ်ဗျာ......

Advanced Download Manager Pro v 3.5.0.1 for Android(latest version)

Android User များအတွက်  အရမ်းအသုံးဝင်တဲ့ Download Manager လေးနဲ့  မိတ်ဆက်ပေးပါရစေ။ဖုန်း နဲ့ အင်တာနက် အသုံး ပြုသူများအတွက် ဒေါင်းလုပ် လုပ်ရာတွင် အဆင်ပြေစေမယ့် app လေးတခုပါ။မိမိစိတ်ကြိုက် Link ကိုရိုက်ထည့်ပြီးဒေါင်းနိုင်သလို ၊ ဒေါင်းလုပ် လုပ်ရမည့်အချိန်တွင်လည်း ဒီ app လေးကAutorun ပေးပါလိမ့်မယ်။google play မှာ 1.99 ဒေါ်လာနဲ့ ၀ယ်ယူရမှာဖြစ်ပြီး Dr.Mobile မှာတော့ free download ရယူနိုင်ပါပြီခင်ဗျာ.......

ကလေးများအတွက် စမတ်ချိုလိမ်

ကလေးသူငယ်များ နေထိုင်မကောင်း၊ ဖျားနာပြီဆိုရင် မိဘတွေ အလုပ်ရှုပ်ကြ ရပါတယ်။ အထူးသဖြင့် မွေးကင်းစ ကလေးငယ်၊ စကားမပြောတတ်သေးတဲ့ အရွယ်တွေဆိုရင် မိဘတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဒီအချိန်မှာ မိဘတွေ လုပ်နိုင်တာတစ်ခုက ကိုယ်အပူချိန်တိုင်းပြီး ကလေး ဆရာဝန်ကို ဖုံးဆက်သင့်ရင် ဖုန်းဆက်ကာ ဆေးတိုက်သင့်တန်သည် ဆေး တိုက်ကြရပါတယ်။ အပူချိန်တိုင်းရာမှာလည်း ဂျီကျပြီး ဂဏာမငြိမ်တဲ့ ကလေး ဆိုရင် ကိုယ်အပူချိန် အမှန်ကို တိုင်းတာရာမှာ ခက်ခက်ခဲခဲ တိုင်းယူကြရပါ တယ်။ ဒီလိုအခက်အခဲတွေကို ပုံပါ Bluetooth နည်းပညာသုံး Pacifi စမတ် ချိုလိမ်က ဖြေရှင်းပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ယင်း Pacifi စမတ်ချိုလိမ်ကို အင်္ဂလန်အခြေစိုက် Blue Maestro ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ဒီကိရိယာဟာ ကမ္ဘာ့ပထမဆုံး Bluetooth 4.0 နည်းပညာသုံး စမတ်ချိုလိမ် ဖြစ်တယ်လို့ ယင်းတို့က ဆိုပါတယ်။ ကိုယ်အပူ ချိန်အာရုံခံစနစ်သုံး ချိုလိမ်ဟာ Bluetooth စမတ်နည်းပညာကို အသုံးပြုပြီး iOS နဲ့ Andriod သုံး စမတ်ကိရိယာများပေါ်ရှိ App ထံသို့ အချက်အလက်များ ကို ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ယင်း App ပေါ်မှာပဲ ကလေးရဲ့ ကိုယ်အပူချိန်၊ နောက်ဆုံး ဆေးတိုက်ခဲ့တဲ့ အချိန်နဲ့ ဆေးတိုက်ရမယ့် အချိန် စတဲ့ အချက်အလက် တို့ကို မှတ်သားထားနိုင်ပြီး၊ ဒေတာတွေကို မိမိရဲ့ ကလေး ဆရာဝန်၊ ကလေးထိန်းတို့ထံ ပေးပို့နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် မီတာ ၅ဝ (၁၆၄ ပေ) အတွင်းရှိ မိမိရဲ့ အထားမှားနေတဲ့ စမတ် ချိုလိမ်ကို နည်းကပ်အာရုံခံ (Proximity Sensor) စနစ်ကို အသုံးပြုပြီး စမတ် ကိရိယာပေါ်မှတစ်ဆင့် ရှာဖွေသိရှိနိုင်တယ်လို့ သိရပါတယ်။ Pacifi ချိုလိမ် ဟာ Bluetooth 4.0 နည်းပညာသုံး စွမ်းအင်နည်းပါး ကိရိယာဖြစ် တာကြောင့် ကလေးသူငယ်များအသုံးပြုဖို့ သင်လျော်ပြီး ဘေးဥပါဒ် မဖြစ်စေနိုင်ဘူးလို့ ဆိုပါတယ်။
Pacifi စမတ်ချိုလိမ်ကို လာမယ့် ၂ လ၊ ၃ လ အတွင်းမှာ ဝယ်ယူရရှိနိုင်မယ် လို့ ခန့်မှန်းရပြီး ဈေးနှုန်းကတော့ စတာလင်ပေါင် ၂ဝ (၃၃ ဒေါ်လာ) ဖြစ်ကြောင်း သိရပါတယ်။

Ref:Myanmar Consumer Guide

ဆရာဝန်များအတွက် Google Glass

ရောင်းအားအကောင်းဆုံးသော ပစ္စည်းကိရိယာ အမျိုးအစားများတွင် Google Glass အနေဖြင့် ပါဝင်ခြင်း မရှိပေ။ သို့သော်လည်း အဆိုပါ Glass အနေဖြင့် ဆရာဝန်များကိုယ်တိုင် အသုံးပြုနိုင်ရန် စိတ်ဝင်စားအောင်ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သော ဆရာဝန်များ အနေဖြင့် လူနာထံမှ ဆေးကုသခြင်းဆိုင်ရာ အချက်အလက်များကို Google Glass ကိုအသုံးပြု၍ သိရှိနိုင်တော့ မည်ဖြစ်ပေသည်။
လွန်ခဲ့သောနှစ်များစွာက ကျွန်ုပ်တို့အနေဖြင့် စမတ်ဖုန်း၊တက်ဘလက်များတွင် နိုင်ငံခြားဘာသာစကား များကို မိမိတို့နားလည်နိုင်မည့် ဘာသာစကားအဖြစ် ပြောင်းလဲပေးနိုင်မည့် App များကို တွေ့မြင်ခဲ့ရပြီး ဖြစ်ပေမည်။ ထို့အပြင် ယခု Google Glass သည်လည်း ထိုကဲ့သို့လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု သိရသည့်အပြင် ဆရာဝန်များကို ကူညီနိုင်မည့် များစွာအသုံးဝင်သော ပစ္စည်းတစ်ခုလည်း ဖြစ်လာပါသည်။
ယခင် အချိန်တုန်းက ဆရာဝန်များအနေဖြင့် လူနာထံသို့ မသွားရောက်မီ လူနာ၏ ဆေးမှတ်တမ်းများ ကို သိရှိနိုင်ရန် အလို့ငှာ ဖိုင်များတွင် ရှာဖွေရခြင်း၊ ကွန်ပျူတာများတွင် ရှာဖွေရခြင်း၊ တက်ဘလက်များတွင် ရှာဖွေရခြင်း အစရှိသည်တို့အား လုပ်ဆောင်ရပါသည်။ သို့သော် ယခုအခါ ထိုအချက်အလက်များကို သိစေရန် အထက်ပါကိစ္စရပ်များကို လုပ်ဆောင်စရာမလိုတော့အောင် Google Glass အနေဖြင့် တိကျမှန်ကန်စွာ ဖော်ပြ ပေးသွားမည်ဖြစ်သောကြာင့် လူနာထံသို့ သွားသည့်အခါ မည်သည့်အခြားပစ္စည်းမှ ယူဆောင်သွားရန် လိုအပ် တော့မည် မဟုတ်ပေ။
Beth Israel Deaconess Medical Center မှ သတင်းအချက်ဆိုင်ရာခေါင်းဆောင်ဖြစ်သူ Dr.John Halamka သည် Boston ရှိ ဆေးစင်တာတစ်ခုတွင် Google Glass နှင့်တွဲဖက်၍ လူနာ၏ နောက်ဆုံး ဆေးမှတ် တမ်းများဆိုင်ရာ အချက်အလက်များ ရယူခြင်းကို စမ်းသပ်ခဲ့ကြရာ များစွာ အောင်မြင်မှုရရှိခဲ့သည်ဟု ဆိုပါ သည်။
ဆေးကုသမည့်ဆရာဝန်အနေဖြင့် အရေးပေါ်အခန်းအတွင်းသို့ ၀င်လာပါက သူ၊သို့မဟုတ် သူမအနေဖြင့် နံရံပေါ်တွင် ရှိနေသော ဘားကုဒ် အမှတ်အသားကိုကြည့်လိုက်ရုံဖြင့် အဆိုပါဘားကုဒ်ဖြင့် သတ်မှတ်ထားသော လူနာ၏ အချက်အလက်များကို Google Glass မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် ဆရာဝန်အနေဖြင့် လူနာနှင့် ပတ်သက်သော ဓာတ်ခွဲခန်းအဖြေများ၊ လက်၇ှိဖြစ်ပေါ်နေသော ပြဿာနာများ၊ ကျန်းမာရေးဆေးပေးမှုများ အစရှိသည်ကို စာရွက်စာတမ်းများ ကိုင်ဆောင်စရာမလိုဘဲ လူနာကို ပြောပြနိုင်မည်ဖြစ်ပါသည်ဟု Halamka မှ ဆိုပါသည်။
ကျွန်ုပ်အနေဖြင့် စားပွဲပေါ်ရှိ ကွန်ပျူတာထဲတွင် သိမ်းဆည်းထားမည်ထက် မည်သည့်မှတ်တမ်းဖိုင်မျှ မလိုဘဲ အချိန်နှင့်တစ်ပြေးညီ လူနာ၏ မှတ်တမ်းများကို သိရှိနိုင်စေမည့် Google Glass အား အခြားသော ဆေးရုံ၊ဆေးခန်းများတွင်လည်း မကြာခင်အသုံးပြုကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ လူနာများအနေဖြင့်လည်း ယခုကဲ့သို့ Google Glass များအသုံးပြု၍ ကုသခြင်းကြောင့်လည်း စိတ်အနှောင့်အယှက် တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းမရှိကြောင်း နှင့် ဆေးစင်တာများရှိ ဆရာဝန်များတွင် Google Glass ကို တပ်ဆင်အသုံးပြု သင့်ကြောင်း ပြောကြားသွားပါသည်။

Ref:thetechjournal

WorldWide(BMSTU)

Ref:TechSpace Journal

Friday, March 28, 2014

Floating Toucher 2.7 for android(latest version)

Android phone/Tablet ကိုင်ဆောင်သူတွေ အတွက် အသုံးဝင်ဆော့ဝဲလ် Floating Toucher v 2.5.1 လေးတင်ပေးလိုက်ပါတယ်..အခုနောက်ပိုင်း ဖုန်းသူတိုင်း အသုံးပြုတာတွေ့ရပါတယ်.ဒီဆော့ဝဲလ်လေးက Easy Touch လိုမျိုးပါ.ဒါပေမယ့် Easy Touch ထက်ပိုတဲ့ Features များစွာပါဝင်တာကို တွေ့ရမှာဖြစ်ပါတယ်.. လွယ်လွယ်ကူကူနဲ့  Home Screen မှာ ထားသုံးနိုင်တာကြောင့် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်အလန်းလေး ပါ.. အသုံးဝင် features များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ.
Features list:

1. Clear memory
2. Back/Home button (Need ROOT)
3. Favor apps
4. Recent apps
5. Battery display
6. Lock screen
7. System switches
-Screen brightness
-Ring mode
-Bluetooth
-Wi-Fi
-GPS
-APN (Mobile network)
-Rotation
-Flashlight
-Airplane mode

ရယူအသုံးပြုချင်သူများအောက်ပါလင့်မှာ Download ရယူနိုင်ပါပြီခင်ဗျာ....

Dr.Mobile နှိပ်ပါ

Tizen OS သုံး Samsung စမတ်ဖုန်းထွက်တော့မည်

Samsung တို့ ကိုယ်တိုင်ဖန်တီးကြိုးစားထားတဲ့ Tizen OS နဲ့ စမတ်ဖုန်း ထွက်ရှိမယ်ဆိုတာ ၂၀၁၃ နှစ်ကုန် လောက်ကတည်းက ထွက်ရှိတဲ့ သတင်း ဖြစ်ပါတယ်။ ယင်းသတင်းကို သေချာအောင် ယခုတော့ ဖုန်းကိုပါ အလုံးလိုက်အထည်လိုက် မြင်နေရပြီ ဖြစ်ပါတယ်။ Samsung က တရားဝင်ကြောညာခြင်း မဟုတ်ပေမယ့် တောင်ကိုရီးယားအခြေဆိုက် နည်းပညာ သတင်းဌာနများက ဖော်ပြခြင်း ဖြစ်ပါတယ်။
Android OS အစားထိုးမယ့် Samsung ရဲ့  ကိုယ်ပိုင် Tizen OS ဟာ ထူးခြားပါတယ်။ Android အသွင်အပြင်၊ Windows Phone OS အသွင်အပြင် ကို ပြန်ယူထားပြီး iOS7 လို အရောင်နုနု icon လေးတွေ ကို မြင်ရ အုံးမှာ ဖြစ်ပါတယ်။ Home Screen ကတော့ Windows Phone OS နဲ့တောင် မကွာ ပါဘူး။ ဖုန်းကို Zeke လို့ အမည် ပေးထားပြီး Samsung ZEQ 9000 လို့လည်းခေါ်ပါသေးတယ်။ မျက်နှာပြင်အားဖြင့် ၄.၈ လက်မ ရှိပြီး HD မျက်နှာပြင် တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Samsung Galaxy S4 ထက် အရည်ပိုသေး သွားပါတယ်။ Processor ကတော့ 2.3 GHz Qualcomm Snapdragon 800 CPU အသုံးပြုပြီး ကျန်တဲ့ Feature များကတော့ Samsung Galaxy S4 က ဟာ့ဒ်ဝဲများနဲ့ သိပ်မကွာဘူး ဆိုပါတယ်။ သို့ပေမယ့် Android platform ပေါ်က ဖုန်းမဟုတ်တော့ Galaxy စီးရီးနဲ့ သွားယှဉ်လို့ မရပါဘူး။
Zeke က တစ်သီးတခြား ထွက်ရှိလာမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က Mozilla တို့ Firefox OS မိတ်ဆက် ခဲ့တာမျိုးနဲ့ ဆင်တူနေပါတယ်။ သို့ပေမယ့် စွမ်းဆောင်ရည်နဲ့ Feature များကတော့ ကွဲအုံးမှာပါ။ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက် Mobile World Congress မှာ Samsung တို့ ထုတ်ဖော်ပြသမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။

Ref: pocketlint

Samsung Gear Fit Review

စပိန်နိင်ငံ၊ ဘာစီလိုနာပွဲမှာ Samsung ဟာ Gear (3) လုံးကို ထုတ်ဖော်ချပြခဲ့ပါတယ်။ ဒါတွေကတော့ Gear 2 , Gear 2 Neo , Gear Fit တို့ပဲ ဖြစ်ပါတယ်။ ထိုအထဲတွင် Gear 2 , Gear 2 Neo မှာ ဆင်တူနီးပါးပုံစံရှိပြီး အရင် Gear နဲ့ပုံစံ သိပ်မကွာလှပါဘူး။ နောက်တစ်ခု ဖြစ်တဲ့ Gear Fit ဟာဆိုရင် Fitness လက်ပတ် တစ်ခုဖြစ်ပြီး တစ်ခြားဟာတွေနဲ့ တမူထူးခြားကာ ပုံစံလည်း အတော်ပြောင်းလဲသွားတာမို့ Gear Fit ကို ရွှေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။ Samsung Galaxy S5 ကဲ့သို့ Super AMOLED display (432×128) ကိုသုံးထားရုံမျှမက IP67 ဖြင့် သံချေးတက်ခံ၊ ရေစိမ်ခံနိင်ပါတယ်။ ဒါအပြင် နှလုံးခုန်နှုန်းကို တိုင်းတာနိင်တဲ့ အာရုံခံလည်းပါဝင်ခဲ့တာကြောင့် Galaxy Gear Fit ဟာ S5 နဲ့ ဆင်တူများတောင် ထင်ရပါတယ်။
ဒီဇိုင်း
Gear , Gear 2, Gear 2 Neo တို့နဲ့ လုံးဝကွဲပြားပြီး နာရီပုံစံလေးထောင့်ကျခြင်းမှ ရုန်းထွက်ကာ မျက်နှာပြင် ခုံးပြီး သေးသွယ်သည့် လက်ပတ် ရှည်မျှောမျှော ပုံစံရှိပါတယ်။ မီနီမန် အလေးချိန်က 27 ဂရမ်သာရှိပြီး 11.95mm အထူရှိကာ စတိုင်ကျ ဆွဲဆောင်မူ ရှိလှတာကိုတွေ့နိင်ပါတယ်။ အရောင်တွေအနေနဲ့ အမည်းရောင်၊ လိမ္မော်ရောင်၊ ကော်ဖီ Mocha အရောင်တွေကို မိတ်ဆက်တဲ့နေရာမှာ တွေ့ရပါတယ်။ ရေစိုခံ ၊ သံချေးတက်ခံတဲ့အတွက် မိုးထဲမှာ လျှောက်ပြေးမိတဲ့ အခါမျိုးမှာတောင် အဆင်ပြေစေမဲ့ နည်းပညာ ဖြစ်ပါတယ်။ လက်ပတ်တွေကို ရာဘာသားနဲ့ ပြုလုပ်ထားပြီး အချိန်ကြာမြင့်လို့ ညစ်ပတ်ခြင်း ချေးဝင်ခြင်းတွေကို ကာကွယ်ပေးနိင်ပါတယ်။
အစိတ်အပိုင်းများ
အတွင်း အစိတ်အပိုင်းစုံလင်ပြီး ကျစ်လစ်တဲ့ ကရိယာတစ်ခုဖြစ်ကာ Tizen OS run ပါတယ်။ အတွင်းက Icron များဟာ ရှင်းလင်းရုံမျှမက ဖုန်းရှိ အချက်အလက်အသိပေးမူ အားလုံးကို လက်ခံနိင်ပါတယ်။ အရင် Gear မှာပါရှိတဲ့ Find my phone ကဲ့သို့သော် အသုံးဝင်တဲ့ အစိတ်အပိုင်းများနဲ့ အခြား နှလုံးခုန်းနှုန်းကိုတိုင်းတာပေးနိင်သော အာရုံခံကရိယာတွေကလည်း လက်ပတ်အောက်တွင်ပါဝင်ခဲ့ပြီး မျက်နှာပြင်အစိတ်အပိုင်းကို ပိုကျယ်စေထားပါတယ်။ gyroscope ချိန်ခွင်ညှိ အာရုံခံ ၊ pedometric ကိန်းဂဏန်းဆိုင်ရာတွေကို အာရုံခံပေးတဲ့ စနစ်တွေလည်းပါဝင်ပါတယ်။ Setting တွေကလည်းလွယ်ကူရိုးရှင်းပြီး Bluetooth 4.0 LE ပါဝင်ကာ S Planner ပါဝင်ခဲ့တဲ့ Gear Fit ပဲဖြစ်ပါတယ်။

Miss call maker v.1.7 (For Android)

 ဖုန်း bail ကုန်မှာစိုးလို့ပဲဖြစ်ဖြစ် ဖုန်းထဲမှာ လက်ကျန်ငွေနဲနေတာပဲဖြစ်ဖြစ် တစ်ဖက်လူကို Misscall ပေးတဲ့ Apk လေးပါခဗျာ … အသုံးပြုပုံကလွယ်ကူလို့ ပုံလေးတွင် ကြည့်ပြီး အသုံးပြုနိုင်ပါတယ်ခဗျာ …


ဖုန်း bail ကုန်တဲ့ ဘဝမှ ကင်းဝေးနိုင်ကြပါစေခင်ဗျာ …

Wifi Password သိချင်လား … ?

ဒီ APK လေးက Android ကိုင်ဆောင်သူတွေအတွက်ဖြစ်ပါတယ်။ APK နာမည်က WIBR+ ဖြစ်ပါတယ်။ ဒီ APK လေးကိုအသုံးပြုဖို့ Root ရှိနေဖို့လိုအပ်ပါတယ်။ နဲနဲလောက်ရှင်းပြမယ်ဗျာ … APK အသုံးပြုနည်းလေးကို … Download အရင်ရယူလိုက်ပါ။
 

၁။ Download လုပ်ပြီးရင် ဖွင့်ပါ။ ပြီးရင် Add Network ကိုနှိပ်ပါ။
၂။ မိမိ အသုံးပြုလိုသည့် Wifi ကို ၁ ချက် Click ပါ။
၃။ Box တစ်ခုကြလာပါလိမ့်မည်။ ထို Box မှ

Bruterforce

Small Dictionary

Middle Dictionary

Big Dictionary

များကို On ပါ …
ပြီးရင် Add to Queue ကိုနှိပ်ပါ။
၎။ ခဏစောင့်ပါ အဝိုင်းလေးလည်ပြီး Password စတင်ရှာဖွေနေပါလိမ့်မယ်။
အဝိုင်းလေးလည်တာ ရပ်ပြီး လက်မတောင်ရင်တော့ အင်တာနက်စတင်အသုံးပြုလို့ရသွားပါပြီခဗျာ …

Thursday, March 27, 2014

First Look: HTC One M8

လူအများ၏ နှစ်သက်သဘောကျမှုကို ရရှိခဲ့ပြီး ဒီဇိုင်းပုံစံ ပြောင်မြောက်လှသည့် စမတ်ဖုန်းအဖြစ် ယမန်နှစ်က အောင်လံလွှင့်ထူခဲ့သည် HTC One ၏ အရိုက်အရာအား ဆက်ခံမည့် စမတ်ဖုန်းတစ်လုံးအား HTC မှ ယမန်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။
HTC One M8 ဟု ထူးခြားစွာ အမည်ပေးထားသည့် ဤစမတ်ဖုန်းမှာ မူရင်း One ထက် အရွယ်အစားအားဖြင့် အနည်းငယ် ပိုမိုကြီးမားလာပြီး ပိုမိုဆွဲဆောင်မှုရှိသည့် ပုံစံဒီဇိုင်းဖြင့် ထုတ်လုပ်ထားကာ နောက်ကျောပြင်တွင်လည်း ထူးခြားစွာပင် ကင်မရာ ၂ လုံး တပ်ဆင်ပေးထားသည်။ အထူးသဖြင့် ဖုန်း၏ brushed gunmetal gray သတ္တုကိုယ်ထည်သည် အဆင့်မြင့်မားလှပါသည်။ ပါးလွှာသည့် ကိုယ်ထည်နဲ့ ကျစ်လစ်ချောမွေ့ပြီး ကိုင်တွယ်အသုံးပြုရ လွယ်ကူတဲ့ ပုံစံဒီဇိုင်းပါပဲ။
One M8 ၏ မျက်နှာပြင်သည် One ထက် အနည်းငယ် (၀.၃ လက်မ) ပိုမိုကျယ်ပြန့်ပြီး အလေးချိန်အားဖြင့်လည်း အနည်းငယ် ပိုမိုသော်လည်း အသုံးပြုရာတွင်တော့ သိသာသည့် ကွဲပြားမှုမျိုးကိုတော့ ခံစားရမည် မဟုတ်ပေ။ ၅ လက်မအရွယ် မျက်နှာပြင်ကြောင့် One M8 ၏ ကိုယ်ထည်မှ မသိမသာ ကြီးမားလာခဲ့ခြင်း ဖြစ်ပါတယ်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းက ထုတ်ဖော်ပြသသွားသည့် Samsung ၏ Galaxy S5 စမတ်ဖုန်းကဲ့သို့ပင် HTC One M8 သည်လည်း နောက်ဆုံးပေါ် 2.3 GHz quad-core Snapdragon ပရောဆက်ဆာအား အသုံးပြုထားပြီး မှတ်ဥာဏ် (RAM) ပမာဏမှာ 2GB ရှိသဖြင့် ထိပ်တန်းစမတ်ဖုန်း တစ်လုံးအဖြစ် အချိန်အတန်ကြာ ရပ်တည်သွားရန် ဖန်တီးထားကို တွေ့ရမည်ဖြစ်သည်။ M8 တွင် ဘက်ထရီ အသုံးပြုမှု နည်းပါးသည့် အထိအတွေ့၊ အလင်းနှင့် အရှိန်အဟုန် စသည်တို့ကို အာရုံခံပေးမည့် ကိရိယာများ တပ်ဆင်ပေးထားသည်။
ကင်မရာပိုင်းတွင်မူ HTC One တွင် ပါဝင်သည့် UltraPixel နည်းပညာသုံး 4 MP ကင်မရာအား ပြန်လည်ထည့်သွင်း ပေးထားသည်ကို တွေ့ရှိခဲ့ရသည်။ သို့ရာတွင် ထူးခြားသည်မှာ အဆိုပါ UltraPixel ကင်မရာအပြင် ဖုန်းနောက်ကျောပြင်၌ ဒုတိယ ကင်မရာ (depth camera) တစ်လုံးအား တပ်ဆင်ပေးထားပြီး ယင်းကင်မရာမှ မိမိရိုက်ကူးလိုသည့် ရုပ်ပုံများ၏ အကွာအဝေးကို ပိုမိုတိကျစွာ တွက်ချက်ပေးမည် ဖြစ်သည်။
HTC ၏ အဆိုအရ M8 ၏ ဒုတိယကင်မရာ အနေဖြင့် သုံးစွဲသူများအား ရိုက်ကူးလိုသည့် ဓာတ်ပုံများတွင် မိမိအလိုရှိသလို focus လုပ်နိုင်မည် တစ်နည်းအားဖြင့် အလိုရှိရာနေရာကို မှုန်ဝါးစေခြင်း၊ special effect များကို အလိုရှိရာ နေရာတွင် ထည့်သွင်းရန် ရွေးချယ်ပေးခြင်း တို့ကို အဓိက ဆောင်ရွက်ပေးမည်ဖြစ်သည်။
ထို့အပြင် iPhone 5S ကဲ့သို့ အရောင် ၂ မျိုးပါ LED Flash ကိုလည်း ကင်မရာ ၂ လုံးနှင့်အတူ တပ်ဆင်ပေးထားပြီး ဖုန်းရှေ့ခြမ်း ကင်မရာကိုလည်း 5MP သို့ အဆင့်မြှင့်တင် ပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။ စပီကာယူနစ် များကိုလည်း အဆင့်မြှင့်တင် ပေးထားပြီး ပိုမိုကျယ်လောင်ပြီး Bass မြင့်လာသလို ပိုမိုကြည်လင်ပြတ်သားသည့် အသံများကို နားဆင်နိုင်မည် ဖြစ်သည်။ သတင်းနှင့် လူမှုကွန်ယက် အချက်အလက်များကို ပင်မမျက်နှာစာပေါ်မှာ အဓိကထား ဖော်ပြပေးတဲ့ HTC ၏ မူပိုင် Sense UI ကိုလည်း Version 6 သို့ အဆင့်မြှင့်တင် ပေးထားပါတယ်။
ခြုံငုံပြီး ကြည့်ရမယ်ဆိုရင်တော့ မျိုးဆက်သစ် HTC One M8 ရဲ့ အဓိက အားသာချက်ဟာ ယင်းရဲ့ ပြောင်မြောက်လှတဲ့ ပုံစံဒီဇိုင်းပဲ ဖြစ်ပါတယ်။ အနုပညာမြောက်လှတဲ့ HTC One ထက်တောင် ပုံစံဒီဇိုင်းပိုင်းမှာ ပိုမို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် HTC က ဖန်တီးနိုင်ခဲ့ပါတယ်။ ဆွဲဆောင်မှုရှိခြင်း၊ မာကျောကျစ်လစ်ခြင်း၊ ကိုင်တွယ်အသုံးပြုရ သက်တောင့်သက်သာရှိခြင်းနဲ့ လုံးဝန်းတဲ့ ထောင့်တွေပါဝင်ခြင်းတို့ဟာ M8 ဒီဇိုင်းရဲ့ အကောင်းမွန်ဆုံး အရာတွေပဲ ဖြစ်ပါတယ်။
HTC One M8 ကို လာမယ့် သတင်းပတ်တွေမှာ စတင်ရောင်းချ ပေးသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ ဝယ်ယူချင်တယ် ဆိုရင်တော့ Google Play Store ပေါ်မှာ HTC One M8 Google Play Edition ကို ဒေါ်လာ ၆၉၉ နဲ့ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

Ref:Myanmar Consumer Guide

စမတ်ဖုန်းမှ ထိန်းချုပ်နိုင်သည့် စမတ်မီးလုံးကို LG မိတ်ဆက်

LG သည် Android သို့မဟုတ် iOS app မှတဆင့် ထိန်းချုပ်နိုင် အသုံးပြုနိုင်သည့် စမတ်မီးလုံးများကို မိတ်ဆက် ပြသခဲ့ကြောင်း သိရသည်။   အဆိုပါ မီးလုံးများ၏ တန်ဖိုးသည် တစ်လုံးလျှင် ဝမ် ၃၅,၀၀၀ သို့မဟုတ် ၃၂ ဒေါ်လာ ခန့်ရှိပြီး လတ်တလောတွင် တောင်ကိုရီးယားနိုင်ငံ ၌သာဖြန့်ချိထားသည်။   ၎င်းစမတ်မီးလုံးများသည် Android 4.3 နှင့် အထက် သို့မဟုတ် iOS 6.0 နှင့် အထက် အသုံးပြုထားသည့် ထုတ်ကုန်များတွင် Bluetooth မှတဆင့် ချိတ်ဆက် အသုံးပြုနိုင် သည်။ ထို့အပြင် “LG Smart Lighting” feature ပါဝင်သောကြောင့် စမတ်မီးလုံးကို security mode နှင့် party mode အပါအဝင် mode များစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။   ထို့အပြင် သုံးစွဲသူ၏ စမတ်ဖုန်း သို့မဟုတ် tablet ပေါ်တွင် ဖုန်းလက်ခံရရှိပါက စမတ်မီးလုံးတွင် မီးလင်းလာမည့် mode လည်း ပါဝင်ကြောင်း သိရှိရသည်။ မီးလုံး၏ အလင်းကိုလည်း သုံးစွဲသူ အိပ်ယာမှ နိုးလာသည့်အခါ တဖြည်းဖြည်း အလင်းအားနည်းသွားသည့် ပုံစံကဲ့သို့လည်း ထိန်းချုပ် အသုံးပြုနိုင်မည်ဟု သိရသည်။

Ref: Techienews

credit to:Internet Journal

Microsoft က iPhone နဲ့ Android အတွက် Office ကို အခမဲ့ ပြုလုပ်ပေး

Microsoft က iPhone နဲ့ Android အတွက် Office ကို ရောင်းချနေရာကနေ အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ Word Documents, Excel Spreadsheets, PowerPoint Presentation များကို မိုဘိုင်းဖုန်း မှာ Create, Edit အခမဲ့ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။
iOS နဲ့ Android App များရဲ့ Home Page မှာ OneDrive မှ Document တွေကို ဖွင့်လို့ရတဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Recent ကဏ္ဍ မှာ မကြာမီ က ပြုလုပ်ခဲ့တဲ့ Document တွေကို ပြသပေးမှာဖြစ်ပါတယ်။ New Tab မှာ Document အသစ်တွေ ပြုလုပ်နိုင်ပါတယ်။
Microsoft က အခုလို Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်တာဟာ Apple နဲ့ Google တို့ကို ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ပါတယ်။ Apple က Pages, Keynote, Numbers ဆော့ဝဲတွေကို iPhone ၀ယ်တဲ့သူတွေကို အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ Google ကလည်း Google Docs ကို Google Drive မှာ ထည့်သွင်းပေးထားပြီး Platform တိုင်းမှာ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။
Microsoft က iPad အတွက် Office ကို ကြေညာအပြီးမှာ အခုလို Android , iPhone တို့အတွက် Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဆိုတာ ကို ကြေညာခဲ့တာဖြစ်ပါတယ်။ iPad အတွက် Office ကို အခပေး အသုံးပြုရမှာဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ ၉၉.၉၉ သို့မဟုတ် ယူရို ၇၉.၉၉ ကျသင့်မှာ ဖြစ်ပါတယ်။
Android နဲ့ iPhone အတွက် Office ကို အောက်ကလင့် တွေကနေ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။



Ref:Myanmar Digital Life Journal

4G LTE ကွန်ရက်စနစ်ကို လက်ရှိဘဏ္ဍာနှစ်အတွင်း ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနသည် ၎င်းတို့၏ 4G LTE (Long Term Evolution) ကွန်ရက်စနစ်ကို မကြာမီကုန်ဆုံးတော့မည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မတိုင်မီ အများပြည်သူသို့ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေကြောင်း အဆိုပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။
ပြည်တွင်းမိုဘိုင်းဆက်သွယ်မှုစနစ်အတွက် ပိုမိုအထောက်အပံ့ပေးနိုင်မည့် အဆိုပါ 4G စနစ်ကို မိုဘိုင်းအင်တာနက် အသုံးပြုသူများအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်ပနိုင်ငံတချို့မှ အကူအညီများကို ရရှိထားကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ပိုမိုကောင်းမွန်သည့် အဆိုပါ ကွန်ရက်စနစ်ကို ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများ လုပ်ငန်းစတင်ချိန်နှင့် တပြိုင်နက်တည်းတွင် အများပြည်သူအသုံးပြုနိုင်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“4G စနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်နေတာကကြာပါပြီ။ အရင်ကတည်းက လုပ်ဖို့အစီအစဉ်တွေရှိခဲ့ပါတယ်။ မကြာခင် သုံးစွဲသူတွေအတွက် ဆောင်ရွက်ပေးနိုင်တော့မှာပါ။ အဲ့ဒီအတွက် ပြည်ပက အကူအညီတွေလည်း ယူရပါတယ်။ ပိုပြီးအဆင့်မြင့်တဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ပေးနိုင်အောင်လည်း ကြိုးစားနေကြပါတယ်” ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် မကြာခင်ရောက်ရှိတော့မည့် ၂၀၁၄-၂၀၁၅ ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်များတွင် ပြည်ပနိုင်ငံများမှ အကူအညီများကိုရယူပြီး မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဆက်သွယ်ရေးစနစ်ကို နိုင်ငံတကာ ဝန်ဆောင်မှုနှင့် နှုန်းထားများအတိုင်းဖြစ်စေရန် ဆောင်ရွက်ပေးသွားမည်ဟုလည်း သိရသည်။
ယခုလက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းအင်တာနက်ဝန်ဆောင်မှုများသည် နှေးကွေးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး သုံးစွဲသူများ၏ ဝေဖန်မှုများကို နေ့စဉ်ကြုံတွေ့နေရသည်။

Ref:Internet Journal

Tuesday, March 25, 2014

Apple အကြောင်းစာအုပ်သစ်ကို ဝေဖန်ခဲ့တဲ့ Tim Cook

Apple CEO Tim Cook အနေနဲ့ Haunted Empire:Apple After Steve Jobs ဆိုတဲ့ စာအုပ်နဲ့ ပတ်သတ်ပြီး တရာဝင်ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ Wall Street Journal Apple reporter ဟောင်းဖြစ်တဲ့ Yukari IWatani Kane ဒီစာအုပ်ဟာ အဓိပ္ပာယ်မရှိတဲ့……….

iPhone 5/5S အတွက် S View ကာဗာ

Samsung စမတ်ဖုန်းတွေမှာ အသုံးပြုရတဲ့ S View ကာဗာ အကြောင်းကို သိသူများလည်း သိကြမှာ ဖြစ်ပါတယ်။ ရှေ့ မျက်နှာပြင်မှာ ပြတင်းပေါက် ပမာ ပွင့်နေပြီး ယင်းလေးထောင့်ကွက်ကလေး ကနေ အချိန် နာရီ၊ နေ့စွဲ၊ ရာသီဥတုအခြေအနေ အစရှိသဖြင့်တို့ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီကာဗာကို အခြား ဖုန်းတွေမှာ အသုံးပြုလို့မရပဲ Samsung ဖုန်းတွေမှာ သာ အသက်ဝင်ပါတယ်။ ယခုတော့ ကမ္ဘာကျော် ဖုန်းကာဗာ ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်တဲ့ Moshi က iPhone 5 နဲ့ 5S အတွက် ကာဗာထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။
မျက်နှာပြင်မှာ အကွက်ငယ်လေး တစ်ခုသာ ချန်ထားပြီး ကျန်တဲ့အစိတ် အပိုင်းအားလုံးကို ပိတ်ထားပါတယ်။ ပိုလီကာဘွန်နိုက်အသား နဲ့ ပြုလုပ်ထားတဲ့ ယင်း ကာဗာက နောက်ကျောမှာတော့ Apple တံဆိပ်နဲ့ ကင်မရာ အကွက်တို့ကို ချန်ထားမှာ ဖြစ်ပါတယ်။ ရှေ့ မျက်နှာပြင်က အကွက်ငယ်လေးကနေ အချိန်၊ နေ့စွဲ၊ ရာသီဥတုအခြေနေ အစရှိသဖြင့် တို့ကို ကြည့်ရှုနိုင်ပြီး ဖုန်းအဝင်အထွက်များ ကိုလည်း ဖြေကြား နိုင် အုံးမှာ ဖြစ်ပါတယ်။ ဒီတော့ ဖုန်း ကာဗာဖွင့်စရာမလိုပဲ မျက်နှာပြင်ကနေ လုပ်ဆောင်ချက် အတော်များများကို လုပ်ဆောင်နိုင် မှာ ဖြစ် ပါတယ်။ Samsung က S View ကာဗာတွေလို အသုံးပြုလို့ရအောင် Moshi က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ LG မှာလည်း LG G2 စမတ်ဖုန်းအတွက် ယင်းကဲ့သို့ ကာဗာကို ဖန်တီး ထားပါသေးတယ်။
iPhone 5 နဲ့ 5S အတွက် ဖန်တီးထားတဲ့ ယင်း Sense Cover က ဈေးပို သက်သာကြောင်း ဆိုပါတယ်။ ကာလတန်ဖိုးအားဖြင့် ၄၅ ဒေါ်လာ ဝန်းကျင် နဲ့ ဖြန့်ချိ ရောင်းချနေပြီ ဖြစ်ကြောင်း သိရ ပါတယ်။

Ref:Smart Pro Journal

Monday, March 24, 2014

DEAD TRIGGER 2 0.5.0 MOD APK+DATA (Unlimited Money/Ammo/Lives)

အားလုံးဘဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ ကျွန်တော်ပြင်းတာနဲ့ ကြောက်စရာကောင်းတဲ့ ဂိမ်းလေးတစ်ခု တင်ပေးလိုက်ပါတယ်ဗျာ.ဘယ်လိုကြောက်စရာကောင်းလဲသိချင်ရင် ကစားကြည့်ပေါ့နော့်. အောက်မှာ screen shot တွေပါတင်ပေးထားပါတယ်။ တကယ်ကောင်းတဲ့ဂိမ်းပါ.. Zombi တွေကို လက်နက်တွေအမျိုး မျိုးနဲ့ နှိမ်နင်းရမှာဖြစ်ပါတယ်. ပိုက်ပိုက်လဲ ဟတ်ပြီးသားဗျ..File size ကတော့ (414MB) ပါ. Android Version 4.0 နဲ့ အထက်တွေ မှာသာကစားနိုင်မှာဖြစ်ပါတယ်. ကစားချင်တယ်ဆိုရင်တော့ Dr.Mobile မှာ Free download ရယူနိုင်ပါပြီ ခင်ဗျာ. Download အခက်အခဲရှိရင်တော့ Dr.Mobile မှာ လာရောက်သွင်းယူနိုင်ပါပြီခင်ဗျာ။။။။။။







http://www.tusfiles.net/yd2ji3bhcs8v


Sunday, March 23, 2014

Zapya v.2.2 (US) နဲ့ Zapya v.2.2 (ZH) ဘယ်ဟာသုံးသင့်သလဲ … ?

Zapya v.2.2 (US) ကိုသုံးတဲ့သူတော်တော်များများ သိမယ်ထင်ပါတယ်။ ဘာ Error တွေ တက်လာလဲဆိုတော့ Mobile Data ဖွင့်ရင့် Wifi ပွင့်လာတယ်တို့ဘာတို့ … နောက်တစ်ခုက Error box တက်လာပြီး ဖွင့်ထားတဲ့ App တွေပိတ်သွားတဲ့ error တွေဖြစ်လာပါတယ်။ အဲ့ Error ကိုဖြေရှင်းဖို့အတွက် ကလွယ်ကူပါတယ်။ အရင်ဆုံး Zapya v.2.2 (US) ကို Uninstall လုပ်လိုက်ပါ။ ပြီးရင် Zapya v.2.2 (ZH) လေးကို install လုပ်လိုက်ပါခဗျာ  … အားလုံးအဆင်ပြေသွားပါလိမ့်မယ်။


http://www.mediafire.com/download/f15m1jppn24ajlc/Zapya_v2.2%28ZH%29.apk
 

HTC Android စမတ်နာရီ

HTC ရဲ့  စမတ်နာရီ ကိုလည်း မြင်တွေ့ရပါမယ်။ ၂၀၁၄ နှစ်လယ်လောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းထား ပါတယ်။
HTC Sense Feature ပါ ပါဝင်ပြီး Android OS ကိုပဲ Based လုပ်ပြီး မောင်းနှင် မယ့် နာရီပါပဲ။ လက်ရှိ Samsung ရဲ့  Samsung Galaxy Gear နဲ့ Sony ရဲ့  Smartwatch 2 တို့အတွက် အဓိက ပြိုင်ဘက် ဖြစ်လာစေ မှာ ဖြစ်ပါတယ်။ နာရီရဲ့  ပုံသဏ္ဍာန် ဘယ်လိုရှိလာ မယ် ဆိုတာလည်း မသိရသေးပါဘူး။ အခု ပုံမှာက imagine လုပ်ထားတာပါ။ ပါဝင်မယ့် Feature အစုံအလင်ကိုလည်း ထွက်ဆို မထားပါဘူး။ သေချာတော့ကတော့ လက်ရှိ စမတ်နာရီများရဲ့  ပြိုင်ဘက် ဖြစ်လာမယ် ဆိုတာပါပဲ။ အားကစားအတွက်ကော၊ ဖျော်ဖြေရေး အတွက်ကော၊ Telecommunication အတွက်ကော အားလုံး အဆင်ပြေစေမယ့် နည်းပညာပစ္စည်း တစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
HTC ရဲ့  စမတ်နာရီနဲ့ ပက်သက်တဲ့ တရားဝင် သတင်းအချက်အလက်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားဖွယ် ရှိကြောင်း သိရပါတယ်။

Ref:Smart Pro Journal

Android ထုတ်ကုန်များတွင် iTunes သီချင်း ဝန်ဆောင်မှု အသုံးပြုနိုင်ရန် Apple စီစဉ်နေ

Apple သည် Android ထုတ်ကုန်များတွင် အသုံးပြုနိုင်မည့် iTunes app ဖြင့် အခပေး သီချင်း ဝန်ဆောင်မှုကို လွှင့်တင်ရန် ကုမ္ပဏီ များဖြင့် ဆွေးနွေးနေကြောင်း Billboard ဝက်ဆိုက်က ဖော်ပြသွားခဲ့သည်။
အဆိုပါ ဆွေးနွေးမှုသည် အမေရိကန်နိုင်ငံတွင် iTunes ပေါ်၌ သီချင်း ရောင်းချရသည့် နှုန်းများ ကျဆင်းလာခြင်းကို ကာကွယ်ရန်အတွက် အရေးပါသည့် နည်းဗျူဟာ တစ်ခုဖြစ်ကြောင်း သိရသည်။
Billboard ၏ သတင်းဖော်ပြချက်သည် Apple ၏ ဒီဂျစ်တယ် ရောင်းချမှုနှုန်း ကျဆင်းခဲ့သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က Los Angeles Time မှ ဖော်ပြပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းသည်။
ပြီးခဲ့သည့်နှစ် မတ်လတွင် Apple ၏ iTunes သီချင်း တစ်ပုဒ်ချင်း ရောင်းအားမှာ ၁၁ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ဖူးပြီး ယခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်၍ တစ်ပတ်တိတိ digital album ရောင်းအား ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း Nielsen SoundScan မှ သုတေသီများက ထုတ်ပြန် သွားခဲ့သည်။

Ref: AppleInsider

Credit to:Internet Journal

iPhone 6 နဲ့ iWatch မှာ အဖိုးတန်ကျောက် မျက်နှာပြင်အသုံးပြု

Sapphire Crystal လို့ခေါ်တဲ့ အဖိုးတန် ကျောက်မျက်ရတနာ ကို အသုံးပြုပြီးတော့ iPhone 6 နဲ့ iWatch တို့ရဲ့ မျက်နှာပြင် ကို ပြုလုပ် မှာ ဖြစ်ကြောင်း သိရ ပါတယ်။
Apple က တရားဝင်ပြောဆိုတာ မဟုတ်သေးပေမယ့် အိုင်တီ မီဒီယာ အများစု က ဖော်ပြ လာတဲ့ သတင်း တစ်ရပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ကတည်းက Apple တို့က Sapphire Crystal ကို အသုံးပြုလို့ ဖန်သား မျက်နှာပြင် ဖန်တီးဖို့ စိတ်ကူး ရှိခဲ့ကြောင်း ဆိုပါတယ်။ iPhone6 ရဲ့ မျက်နှာပြင် အရွယ်အစားက ၅ လက်မ ရှိကြောင်း ဆိုပါတယ်။ ၄.၅ လက်မ အရွယ် မဟုတ်တော့ ပါဘူး။ iWatch လို့အမည်ပေးထားတဲ့ စမတ်နာရီလည်း ထွက်ရှိမှာ ဖြစ်ပါတယ်။
အရင်တုန်းက ဆိုရင် iPhone တစ်လုံးနဲ့တစ်လုံး မိတ်ဆက်တာ၊ ရောင်းချ တာ တစ်နှစ်ခြားပါတယ်။ ဒီနှစ်တော့ စောစောစီးစီး ထွက်ရှိမှာ ဖြစ်ပါတယ်။ Appple 6 ကို ပုံမှန် ထုတ်နေကျ ၄.၅ လက်မ နဲ့ ၅ လက်မ အမျိုးအစား ဆိုပြီးတော့ ခွဲခြား ထွက်ရှိမယ်လို့ကော ပြောဆိုနေကြကြောင်း သိရ ပါတယ်။

Ref:Smart Pro Journal

Saturday, March 22, 2014

Exodus: Necklace of heavens For Android

အားလုံးကို ဂိမ်းအလန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါဦးမယ်.. Action game ကိုမှကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဆော့ကောင်းမဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်. ကျွန်တော်အောက်မှာ screen shot တွေတင်ပေးထားပါတယ်ဗျာ.. android version 4.0 နဲ့အထက်တွေမှာသာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်.. file size ကတော့ (170MB) ဖြစ်ပါတယ်။ ကစားချင်တဲ့သူများ Dr.Mobile မှာ Free download ရယူနိုင်ပါပြီခင်ဗျာ...






Facebook 9.0.0.0.8

facebook 9.0.0.0.8 လေးအသစ်ထွက်လို့တင်ပေးလိုက်ပါတယ်။
New feature တွေကတော့

http://www.mediafire.com/download/2s6p7227fhc046v/Facebook_v_9.0.0.0.8.apk


LG နဲ့ Samsung ဖုန်းတွေကို အမေရိကန် အိမ်ဖြူတော် သုံးစွဲရန် စမ်းသပ်

US အစိုးရအနေနဲ့ Security ပိုင်းဖက်မှာ လုံခြုံစိတ်ချရတဲ့ Blackberry ဖုန်းတွေကို သုံးစွဲလာခဲ့တာဟာ ဖြင့် အချိန်ကြာခဲ့ပါပြီ။
အခု အခြား Android ဖုန်းထုတ်လုပ်သူတွေ
ဖြစ်တဲ့ တောင်ကိုးရီယားအခြေစိုက် LG နဲ့ Samsung ကို အေဂျင်စီက အတွင်းဖက် နည်းပညာ အသင်းက စမ်းသပ်လျက်ရှိပြီး ယခုသုံးစွဲလျက်ရှိသော Blackberry ဖုန်းနေရာမှာ အစားထိုးမှာ ဖြစ်တယ်လို့ ယူဆရပါတယ်။
Blackberry ကုမ္ပဏီရဲ့ပြောကြားမူအရ US အစိုးအရအနေနဲ့ ဖုန်းလုံခြုံရေးပိုင်း၊ တန်ဖိုးသက်သာမူတွေအတွက် ဌင်းတို့၏ တံဆိပ်ကိုပဲ
ဆက်လက်ရွေးချယ်သွားမှာဖြစ်တယ်လို့ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။ Samsung နဲ့ LG တို့လိုအခြားပြိုင်ဘက် ကုမ္ပဏီတွေဟာ US
အစိုးရအတွက် တင်းကျပ်တဲ့ လိုအပ်ချက်တွေနဲ့ တရားဝင် လက်မှတ်တွေ မရှိဘူးလို့ သိရပါတယ်။

Ref:Smart Pro Journal

အထူးဈေးနှုန်း 645,000ကျပ် နဲ့ နိုင်ငံတကာနည်းတူ ပြည်တွင်း၌တစ်ပြိုင်နက်ဝယ်ယူရရှိနိုင်မယ် Galaxy S5


samsung ကုမ္ပဏီကနေ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာပြုလုပ် ခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းဖုန်းကွန်ဂရက်မှာ သူတို့ရဲ့နောက်ထပ်မျိုးဆက်သစ် စမတ်ဖုန်း Galaxy S5ကို မိတ် ဆက်ပြသပြီးတဲ့နောက်မှာတော့ သတ်မှတ်ကာလဖြစ်တဲ့ လာမယ့် ဧပြီလ ၁၁ ရက်နေ့မှာ နိုင်ငံတကာ ဈေးကွက်ကိုဖြန့်ချိရောင်းချတော့ မှာဖြစ်ပါတယ်။ နိုင်ငံတကာဈေး ကွက်ကိုဖြန့်ချိရောင်းချတာနဲ့ တစ် ပြိုင်နက်တည်းပြည်တွင်းဈေးကွက် မှာပါ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Galaxy S5မှာ samsung ရဲ့နည်းပညာ သစ်တွေ ပါဝင်လာခဲ့ပြီး၊ Ultra Power Saverနဲ့ finger print , heart rate sensor စသည်ဖြင့် နည်းပညာအသစ်တွေလဲပါဝင်တယ်။ထို့အပြင် ရေစိုခံနိုင်စွမ်း ရှိတဲ့ လုပ်ဆောင်မှုတွေပါ ပါဝင် လာခဲ့မှာဖြစ်ပြီး၊ ၅ လက်မမျက်နှာ ပြင်သုံးစွဲရမှာဖြစ်ပါတယ်။ Android ရဲ့ နောက်ဆုံးထွက် osကို သုံးစွဲနိုင်မှာဖြစ်ပြီး၊ 16MP ကင် မရာကိုထည့်သွင်းပေးထားပါတယ်။ စတင်ကြေညာတဲ့ ဖေဖော်ဝါရီလ ကတည်းက ယနေ့အချိန်ထိ ထွက် ရှိမယ့်အချိန်ကိုသုံးစွဲသူတွေက မျှော်လင့်နေကြတုန်းပါပဲ။
ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူနိုင်ဖို့အတွက်ကတော့samsung brand shop များတွင် ဧပြီလ ၁ ရက်နေ့မှ ၉ ရက်နေ့ အထိ ကြိုတင်စာရင်းပေးမှာကြား နိုင်မှာဖြစ်ပါတယ်။ ကြိုတင်စာရင်း ပေးမှာကြားသူတွေအတွက် အထူး အစီအစဉ်အနေဖြင့် Samsung S View Cover (၁)ခု၊ Galaxy S5 Music Festival လက်မှတ် (၂)စောင်၊ အသစ်ထွက်ရှိမည့် Galaxy Gear 2 (သို့) Gear Fit ၀ယ်ယူရန် Discount ကူပွန်တို့ကို ပေးအပ်မှာပဲဖြစ်ပါတယ်။ ဧပြီ လ ၁၁ရက်နေ့မှာတော့ ကြိုတင် စာရင်းပေးမှာကြားထား သူ များကို သီးသန့်ရောင်းချပေးမှာဖြစ်ပါတယ်။ ရောင်းချပေးမယ့် ဈေးနှုန်းကတော့ အထူးဈေးနှုန်းအနေဖြင့် 645,000/-နဲ့ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Promotionလက် ဆောင်များအတွက် အရေအတွက် ကန့်သတ်ထားကြောင်းသိရှိရပြီး၊ ဆက်သွယ်ဝယ်ယူလိုသူများအနေနဲ့ Samsung Brand Shop များတွင် ကြိုတင်စာရင်းပေးနိုင်မှာဖြစ်ပါတယ်။ပစ္စည်းရောက်ရှိမှုအပေါ်မူတည်၍ ကြိုတင်စာရင်းအရင်ပေးသူများကို သာ ဦးစွာရောင်းချပေးမှာဖြစ်ပြီး၊ နောက်ကျမှစာရင်းပေးသူများကိုတော့ သင်္ကြန်အပြီးမှာသာ ဆက်လက် ပေးအပ်သွားမယ်လို့ သတင်းရရှိ ပါတယ်။ အသေးစိတ်သိရှိလိုပါက Samsung ၏ Customer Contact Center ဖုန်းနံပါတ် ၀၁-၂၃၉၉၈၈၈ သို့ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။