စမတ်ဖုန်းအတွက်လေတိုက်နှုန်းတိုင်းကိရိယာ

ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို ရရှိရန် မည်သည့် ရာဦဥတုဆိုင်ရာ App များကို မဆို အသုံးပြုနိုင်မည် ဖြစ်သော်လည်း နောက်ဆုံး Update အချက်အလက်များကို ရယူနိုင်ရန်မှာ အင်တာနက်ဆက်သွယ်မှုစနစ်၏ လိုင်းကောင်းမွန်မှုအပေါ်တွင် မူတည်နေသောကြောင့် ယုံကြည်စိတ်ချရမှု နည်းပါးနေ ပါသေးသည်။
၎င်းအချက်ကို အဓိကထားလျက် Danish အသင်းမှ Vaavud ဟု အမည်ပေးထားသော စမတ်ဖုန်း တွင် တပ်ဆင်အသုံးပြုနိုင်မည့် လေတိုက်နှုန်းတိုင်း ကိရိယာတစ်ခုကို ဖန်တီးတီထွင် ထုတ်လုပ်ခဲ့ပါသည်။
Vaavud သည် အမှန်တစ်ကယ်အားဖြင့် ရေဒါနှင့်တူညီသည့် wind meter ဖြစ်ပြီး ၄င်းတွင် အီလက် ထရောနစ် စနစ်များ မပါဝင်သော်လည်း ကြိုးမဲ့စနစ်ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စမတ်ဖုန်းဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။ ၄င်းတွင် Rotor ပါဝင်၍ အတွင်း၌ သံလိုက်အသေးစားလေးများကို ထည့်သွင်းထားပြီး Rotor လည်ပတ်သောအခါ ဖုန်းတွင်ပါဝင်သော သံလိုက်စက်ကွင်းအာရုံခံစနစ်မှ ထောက်လှမ်းမည် ဖြစ်ပေသည်။
Vaavud Wind Meter ကိရိယာအနေဖြင့် မည်သည့်နေရာတွင်မဆို တိကျစွာဖြင့် လေတိုက်နှုန်းအား တိုင်းတာနိုင်စွမ်းရှိပြီး ၄င်းကို iOS နှင့် Android Phone များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့အနေဖြင့် လေတိုက်နှုန်းအချက်အလက်များကို Online ပေါ်တွင်လည်း သူငယ်ချင်းများထံ ဝေမျှသိရှိနိုင်သည်ဟု သိရပါသည်။
Vaavud အနေဖြင့် iPhone 4,4S,5,5C နှင့် 5S တို့တွင်လည်းကောင်း၊ Samsung Galaxy S3,S4 တို့တွင်လည်းကောင်း၊ HTC One နှင့် Google Nexus 5 တို့တွင် အသုံးပြုနိုင်မည်ဖြစ်ကာ ရောင်းဈေးမှာ တစ်ခုလျှင် အမေရိကန် ၄၅ ဒေါ်လာ တန်ဖိုးရှိပါသည်။

Ref:thetechjournal

WorldWide(BMSTU)

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)