ကလေးများအတွက် စမတ်ချိုလိမ်

ကလေးသူငယ်များ နေထိုင်မကောင်း၊ ဖျားနာပြီဆိုရင် မိဘတွေ အလုပ်ရှုပ်ကြ ရပါတယ်။ အထူးသဖြင့် မွေးကင်းစ ကလေးငယ်၊ စကားမပြောတတ်သေးတဲ့ အရွယ်တွေဆိုရင် မိဘတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဒီအချိန်မှာ မိဘတွေ လုပ်နိုင်တာတစ်ခုက ကိုယ်အပူချိန်တိုင်းပြီး ကလေး ဆရာဝန်ကို ဖုံးဆက်သင့်ရင် ဖုန်းဆက်ကာ ဆေးတိုက်သင့်တန်သည် ဆေး တိုက်ကြရပါတယ်။ အပူချိန်တိုင်းရာမှာလည်း ဂျီကျပြီး ဂဏာမငြိမ်တဲ့ ကလေး ဆိုရင် ကိုယ်အပူချိန် အမှန်ကို တိုင်းတာရာမှာ ခက်ခက်ခဲခဲ တိုင်းယူကြရပါ တယ်။ ဒီလိုအခက်အခဲတွေကို ပုံပါ Bluetooth နည်းပညာသုံး Pacifi စမတ် ချိုလိမ်က ဖြေရှင်းပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ယင်း Pacifi စမတ်ချိုလိမ်ကို အင်္ဂလန်အခြေစိုက် Blue Maestro ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ဒီကိရိယာဟာ ကမ္ဘာ့ပထမဆုံး Bluetooth 4.0 နည်းပညာသုံး စမတ်ချိုလိမ် ဖြစ်တယ်လို့ ယင်းတို့က ဆိုပါတယ်။ ကိုယ်အပူ ချိန်အာရုံခံစနစ်သုံး ချိုလိမ်ဟာ Bluetooth စမတ်နည်းပညာကို အသုံးပြုပြီး iOS နဲ့ Andriod သုံး စမတ်ကိရိယာများပေါ်ရှိ App ထံသို့ အချက်အလက်များ ကို ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ယင်း App ပေါ်မှာပဲ ကလေးရဲ့ ကိုယ်အပူချိန်၊ နောက်ဆုံး ဆေးတိုက်ခဲ့တဲ့ အချိန်နဲ့ ဆေးတိုက်ရမယ့် အချိန် စတဲ့ အချက်အလက် တို့ကို မှတ်သားထားနိုင်ပြီး၊ ဒေတာတွေကို မိမိရဲ့ ကလေး ဆရာဝန်၊ ကလေးထိန်းတို့ထံ ပေးပို့နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် မီတာ ၅ဝ (၁၆၄ ပေ) အတွင်းရှိ မိမိရဲ့ အထားမှားနေတဲ့ စမတ် ချိုလိမ်ကို နည်းကပ်အာရုံခံ (Proximity Sensor) စနစ်ကို အသုံးပြုပြီး စမတ် ကိရိယာပေါ်မှတစ်ဆင့် ရှာဖွေသိရှိနိုင်တယ်လို့ သိရပါတယ်။ Pacifi ချိုလိမ် ဟာ Bluetooth 4.0 နည်းပညာသုံး စွမ်းအင်နည်းပါး ကိရိယာဖြစ် တာကြောင့် ကလေးသူငယ်များအသုံးပြုဖို့ သင်လျော်ပြီး ဘေးဥပါဒ် မဖြစ်စေနိုင်ဘူးလို့ ဆိုပါတယ်။
Pacifi စမတ်ချိုလိမ်ကို လာမယ့် ၂ လ၊ ၃ လ အတွင်းမှာ ဝယ်ယူရရှိနိုင်မယ် လို့ ခန့်မှန်းရပြီး ဈေးနှုန်းကတော့ စတာလင်ပေါင် ၂ဝ (၃၃ ဒေါ်လာ) ဖြစ်ကြောင်း သိရပါတယ်။

Ref:Myanmar Consumer Guide

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)