Posts

Showing posts from September 28, 2014

ဖုန်းဝန်​​ဆောင်​မှုများApk(android)

-MPT,MEC,OOREDOO,TELENOR များအတွက်​ -​ငွေလက်​ကျန်​စစ်​ရန်​ -ဖုန်းထဲသို့​ငွေပြန်​ဖြည့်​ရန်​ -အခြားဖုန်းသို့​ငွေဖြည့်​​ပေးရန်​ -အင်​တာနက်​​လျှောက်​ရန်​ -ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုများစုံစမ်းရန်​ - Call Forwarding ​လျှောက်​ရန်​ -Call Wating ​လျှောက်​ရန်​ -Miss Call Alert ​လျှောက်​ရန်​ - Voice Mail ​လျှောက်​ရန်​ -အပိုဝန်​​ဆောင်​မှုများပယ်​ဖျက်​ရန်​ -​ငွေဖြည့်​မရလျှင်​အကူအညီ​တောင်းရန်​ -အသံညွှန်​ကြားချက်​အတိုင်​​ငွေဖြည့်​/စစ်​ရန်​ - Mobile Money ဝန်​​ဆောင်​မှုအ​ကြောင်း -Mobile Money ​လျှောက်​ရန်​ -အခြားဖုန်းသို့​ငွေဖြည့်​ရန်​ -ဖုန်းထဲမှ​ငွေလွှဲ​ပြောင်း​ပေးရန်​ -​ငွေဖြည့်​​ပေးရန်​​တောင်းဆိုခြင်း -ဖုန်းပြန်​​ခေါ်ခိုင်းရန်​ -ဝန်​​ဆောင်​မှုများကိုစီမံရန်​ -အင်​တာနက်​Dataဝန်​​ဆောင်​မှုများ -ဖုန်းနံပါတ်​ကိုစစ်​​ဆေးရန်​........... စတဲ့ဝန်​​ဆောင်​မှာများကိုဒီ application ​လေး က​နေတဆင့်​အသုံးပြုလုပ်​​ဆောင်​​စေနိုင်​မှာဖြစ်​ ပါတယ်​။ -လိုအပ်​အသုံးပြုလိုပါက​အောက်​ကလင့်​ခ်​မှာ ​ဒေါင်းလုပ်​ဆွဲယူအသုံးပြုနိုင်​ပါပြီ- Dr.Mobile နှိပ်ပါ

iPhone 6 Plus Bendgate ပြသနာ ရောင်းပြီးအလုံး ၁၀ သန်းကျော်တွင် တိုင်ကြားသူ ၉ ဦးသာရှိကြောင်း Apple ပြောကြား

Image
၅.၅ လက်မ အရွယ်ရှိ iPhone 6 Plus ဖုန်းများသည် ပုံစံပြောင်းပြီး ကွေးညွှတ်သွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားသူအနေဖြင့် ရောင်းပြီးအလုံး ၁၀သန်းကျော်တွင်  ၉ ဦးသာ ရှိကြောင်း Apple က ပြောကြားခဲ့သည်။ ယခုအခါ iPhone 6 Plus သုံးစွဲသူများသည် ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်းများကွေးညွှတ်နေသည့် ဓာတ်ပုံနှင့် ဗွီဒီယိုများကို #bendgate အမည်ဖြင့် လူမှုရေးမီဒီယာများတွင် ဖော်ပြနေကြသည်။ ထိုကိစ္စများသည် Apple ၏ iPhone 6 Plus ရောင်းချရမှုကို ထိခိုက်ဖွယ်ရှိနေသည်။ ကြာသပတေးနေ့တွင် Apple က iPhone 6 Plus ဖုန်းပုံစံပျက်ယွင်းကာ ကွေးညွှတ်တတ်ခြင်းသည် အလွန်တွေ့ရခဲပြီး iPhone 6 များကို ရောင်းချခဲ့သည့် ၆ ရက်ခန့် အတွင်း ပုံစံပျက်ယွင်းသွားသော iPhone 6 Plus ပိုင်ရှင်၉ ဦးသာ ကုမ္ပဏီကို ဆက်သွယ်ခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။ ဆက်လက်ပြီး ယခုဝေဖန်ချက်များသည် သုံးစွဲသူများအနေဖြင့် Apple ၏ အရည်အသွေးမြင့် iPhone 6 ထုတ်ကုန်များကို စိတ်ချနိုင်မှုရှိ၊ မရှိ စမ်းသပ်သည့် ကိစ္စတစ်ခုသာ ဖြစ်ကြောင်း Apple ကပြောဆိုခဲ့သည်။ Apple ၏ ယခု ရက်သတ္တပတ်သည် စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စများစွာ ဖြစ်ပေါ်ခဲ့ပြီ...