Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Thursday, March 6, 2014

Night Camera+ For Android

Night Camera+ ကတော့ တစ်ကယ်မိုက်တဲ့ Camera လို့ဆိုချင်ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူများတွေထက် အားသာတဲ့ တစ်ချက်ကတော့
ညအမှောင်ကြီးမှာ ဓာတ်ပုံရိုက်ရင် မှန်ဝါးခြင်းလုံးဝမရှီပဲ … အပြင်ကအတိုင်း အရောင်ကအစ မှောင်မဲခြင်းလုံးဝမရှီပဲ တထပ်ထဲပေါ်စေပါတယ်။ အသေးစိတ်သိချင်ရင် https://play.google.com/store/apps/details?id=com.almalence.night_plus ကိုသွားကြည့်နိုင်ပါတယ်။ Night Camera+ ကိုလိုချင်ရင်တော့ google play မှာ အပေါ်မှာမြင်တဲ့အတိုင်းပေါ့ဗျာ.ကျွန်တော်ပးနေကြအတိုင်း ဆိုရင်တော့ Free ပေါ့ဗျာ … Night Camera+ version 2.21 လေးပါ။

Android Assistant v 10.0 for android(latest version)

ကျွန်တော်တို့ Android Internal storage တွေအနည်းဆုံး 1GB လောက်ပါတဲ့ ဖုန်းတွေမှာ တခါတခါ ဘာမှ မထည့်ရပဲ Storage full ဖြစ်ဖြစ်နေတဲ့ ကိစ္စအတွက် အထူးသင့်လျော်တဲ့ app တခုဖြစ်သလို တခြား အသုံးတဲ့မယ့် tools တွေအများကြီးပါတဲ့ apk ဖိုင်လေး တခုကို မိတ်ဆက်ပေးချင်ပါတယ်။ သူ့ နံမယ်ကတော့ Android Assistant ဆိုတဲ့ app လေး တခုဖြစ်ပါတယ်။ အဲ့မှာဘာတွေပါလည်း ဆိုတော့
အပေါ်က screen shot လေးကို အရင်ပြောချင်ပါတယ် အဲ့ထဲက System clean ဆိုတာကို ၀င်လိုက်မယ်ဆိုရင်
ဒီ screen လေးပေါ်လာပါ့မယ် အဲ့မှာ Full Scan လေးကို နှိပ်လိုက်မယ်ဆို အခု ဖော်ပြပါ Scree Short
လေးမှာပါတဲ့အတိုင်း အနီရောင်လေးနဲ့ ပြထားတဲ့  ဟာလေးတွေက အသုံးမလိုဖျက်လို့ရတဲ့ files
တွေဖြစ်ပါတယ်။ ဘာမှ မထည့်ပဲနဲ့ Storage ပြည့်နေတဲ့ ဖုန်းတွေဆို Thumbnail Cache File ဆိုတဲ့နေရာမှာ
file size အများကြီးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အနီရောင်လေးတွေနဲ့ ပြထားဒါတွေ အားလုံးကို
ကလစ်ပေး ပေးပြီး Clean Selected ကို နှိပ်လိုက်ရင် အားလုံးကိုရှင်းပေးသွားပြီး Storage
တွေလည်းအများကြီးပေါ်လာပါလိမ့်မယ်။ Browser History ကနေ သူအောက်က ဟာလေးတွေကိုတော့
ကိုယ်ဖျက်ချင်မှ ဖျက်ပေါ့။ တချို့ဟာတွေက လိုတတ်လို့ပါ။ အဓိက ကျွန်တော် အဲ့ အကြောင်းလေးပဲ
ပြောချင်ပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာကိုယ်လေ့လာ ကြည့်ပါနော်
 Android Assistant for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
https://www.dropbox.com/s/z3ggnveoxu55wf5/uploaded%20by%20drmobile-android_assistant18_features_10.0.apk

Myanmar Zodiac 2014 Baydin V1.2 for Android

Android ဖုန်းတွေအတွက် အသစ်ထွက်ရှိလာသော Myanmar Zodiac 2014 ဗေဒင်ကိုတင်ပေးလိုက်ပါတယ်။ ယင်း application တွင် ဆရာ စံဇာဏီဘိုရဲ့ ၂၀၁၄ ဟောကိန်းများကို ရာသီအလိုက်ထည့်သွင်းပေးထားပါသည်။
*ထို့အပြင် တစ်ပတ်စာ ဟောစာတမ်းများကိုလည်း ဖတ်ရှု့နိုင်ပါလိမ့်မည်။
*မြန်မာစာပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ
Android phone အားလုံးအတွက် မြန်မာစာ ကို အဆင်သင့်ဖတ်ရှုနိုင်အောင်ပြုလုပ်ထားတဲ့အတွက်
ဖောင့်မပေါ်တဲ့ပြဿနာမျိုးကိုလည်း ကြုံရတော့မှာ မဟုတ်ပါဘူး.
*မိမိ ရှယ်လိုသော တစ်ပတ်စာဟောစာတမ်းကို
Facebook အပါအ၀င်အခြားသော Social network များသို့ရှယ်နိုင်သော Function လည်းပါရှိပါသည်။ Myanmar Zodiac 2014 app ကိုရေးသားသူကတော့ Developer- ကိုငြိမ်းချမ်းကိုကို ဖြစ်ပါတယ်။ ဆန်းသစ်သော အသွင်အပြင်နဲ့ ထွက်ရှိလာတဲ့ Myanmar Zodiac 2014 Android App လေးကို အားလုံးပဲအသုံးပြုကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ Myanmar Zodiac 2014 Baydin V1.2 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။