အူရီးဒူးမိုဘိုင်းဆင်းမ်ကတ်များကို လုပ်ငန်းမစတင်မီ စမ်းသပ်ခေါ်ဆိုမှုများပြုလုပ်နိုင်ရန် ကုမ္ပဏီနှင့် ဆက်စပ်သူများနှင့် ကိုယ်စားလှယ်များအား ချထားပေးခြင်းသာဖြစ်ပြီး ရောင်းချပေး နေခြင်းမဟုတ်ကြောင်း သတင်းရရှိသည်။ အူရီးဒူးမြန်မာ၏ မိုဘိုင်း ဆင်းမ်ကတ်များကို ဇူလိုင် ၂၂ ရက်မှ ကိုယ်စားလှယ်အဖြစ် ရောင်းချပေးမည့် မိုဘိုင်းဖုန်းဆိုင်များနှင့် အူရီးဒူးဝန်ထမ်းမိသားစုဝင်များအား စမ်းသပ်ခေါ်ဆိုအသုံးပြုရန် ချထားပေးခြင်းဖြစ်ပြီး လက်ရှိထွက်ထားသည့် ဆင်းမ်ကတ်အရေအတွက်ကို မထုတ်ပြန်နိုင်သေးကြောင်း အူရီးဒူးမြန်မာကုမ္ပဏီ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။ ‘‘အူရီးဒူးမိသားစုဝင်တွေရော၊ ကိုယ်စားလှယ်တွေရော ဖိတ်ခေါ်ပြီး စမ်းသပ်ခေါ်ဆိုမှုတွေ လုပ်တာပါ။ အဲဒီလိုစမ်းသပ်ခေါ် ဆိုပြီးမှ ဘယ်နေရာမှာ ဆက်သွယ်ရေးကွန်ရက်ကောင်းတယ်၊ မကောင်းဘူး၊ ဘယ်နေရာတွေလိုနေလဲဆိုတာကိုသိပြီး အကြံပြု လို့ရအောင် ဆောင်ရွက်တာပါ’’ ဟု ဒေါ်သီရိကြာညိုက ပြောသည်။ လက်ရှိ အူရီးဒူးမြန်မာ၏ မိုဘိုင်းဆင်းမ်ကတ်ရရှိသူအချို့ က လူမှုကွန်ရက်စာမျက်နှာများတွင် ထိုဆင်းမ်ကတ်များ၏ ဓာတ် ပုံများ၊ အချက်အလက်များ၊ တင်ထားခြင်းတို့ကြောင့် ထိုမို...