Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Sunday, August 17, 2014

Dungeon Quest MOD APK (MOD MONEY)


 

ကဲ့ဗျာ ဂိမ်းအလန်းတစ်ခုတွေ့တာနဲ့တင်ပေးလိုက်တယ်ဗျာ. ကျွန်တော်တော့ မဆော့ကြည့်ရသေးဘူး ပုံတွေတင်ပေးထားတယ်နော် ပိုက်ပိုက် hack ပြီးသားဆိုတော့ အဆင်ပြေမှာပေါ့နော်။။။။





Freehunter Lost Islands HD Apk + Data v1.2.6 Full version New Update


ကျွန်းပေါ်မှာလူဆိုးတွေကိုလိုက်လံနှိမ်နှင်းရတဲ့ full  action ဂိမ်းလေးပါ။PS2 ဂိမ်းကြီးတွေကိုမိမိဖုန်းမှာ
ကစားချင်သူတွေအတွက် Apk + Data ပေါင်းမှဖိုင်ဆိုဒ် 60Mb ပဲရှိပါတယ်။Android: 2.3 နှင့်အထက်က
စပြီးကစားနိုင်ပါတယ်။အထဲက OBB ဖိုင်လေးကိုတော့ Sdcard\android\obb ထဲထည့်ပေးလိုက်ပါ။ပြီးရင်
Apk လေးကိုအင်စတောလုပ်ပြီးကစားနိုင်ပါပြီ။အောက်မှာပုံတွေနဲ့ပြထားပါတယ်။






အသုံးများသောအင်္ဂလိပ်စကားပြော (၁၀၀၀) Ebook 1.16MB

 
English ဘာသာစကားဆိုတာကတော့ လူတိုင်းလေ့လာသင့်တဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ ကျွန်တော် အခုတင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ နေ့စဉ်အသုံးများတဲ့ English စကားပြောတွေကိုစုစည်းထားတာ ပါ။ စကားပြောပေါင်း 1000 တိတိပါဝင်တဲ့အတွက် အတော်လေးအသုံးတည့်စေမှာပါ။ PDF File လေးဖြစ်တဲ့ အတွက် ဖုန်းထဲမှာထည့်ထားပြီး အားတဲ့အချိန်လေးမှာ အလွယ်တကူဖွင့်ပြီးလေ့လာနေလို့ရပါတယ်။ File Size ကလည်း 1.16MB လေးပဲရှိတာဆိုတော့ လူတိုင်းဒေါင်းယူထားနိုင်ပါတယ်။ 
 
လန်ဒန်မြို့ Queen Mary တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ အသံကို လျှပ်စစ်အားအဖြစ် ပြောင်း လဲနိုင်မယ့် နည်းစနစ် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အသံနဲ့ ဖုန်းအားသွင်းနိုင်မယ့် ကိရိယာကို Nokia ကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့ကြပါတယ်။
အသံနဲ့ ဖုန်းအားသွင်းတဲ့ ကိရိယာမှာ zinc oxideရဲ့ အစွမ်းသတ္တိက အဓိကပါပဲ။ အဲဒီကိရိယာထဲမှာ အဆမ တန်သေးငယ်တဲ့ သတ္တုချောင်းလေးတွေ ပါဝင်ပြီး အသံရဲ့ တုန်ခါမှုကြောင့် သတ္တုချောင်းလေးတွေ ရွှေ့လျား သွားတဲ့အခါ zinc oxide မျက်နှာပြင်ကို ထိခတ်မိရာကနေ လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ 
အဲဒီအတွက် ကားပေါ်က ဆူညံသံတွေ၊ လက်ဘက်ရည်ဆိုင်ထဲက တေးဂီတသံတွေ၊ စကားသံတွေကနေ ဖုန်းကို အားသွင်းနိုင်တော့မှာပါ။ Queen Mary တက္ကသိုလ်နဲ့ Nokia ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ အသံနဲ့ အားသွင်းစက် နမူနာဟာ Nokia Lumia 925 အရွယ်အစားရှိပြီး ဗို့အား ၅ ထုတ်လုပ်ပေးနိုင် တယ်လို့ သိရပါတယ်။ အသံနဲ့ အားသွင်းနိုင်မယ့် နည်းစနစ် တွေ့ရှိပြီးတဲ့နောက်မှာ ဖုန်းအပြင် Laptopနဲ့ တခြားလျပ်စစ် အသုံးအဆောင် ပစ္စည်းတွေကို အသံနဲ့ အားသွင်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဒေးလီးမေးလ် က ဖော်ပြထားပါတယ်။
 
(ရိုးရာလေး)

ဖုန်းတစ်လုံးထဲမှာ Facebook Account ပေါင်းများစွာကို တပြိုင်နက်ထဲသုံးနိုင်မယ့် - Friend Caster Pro v5.4.5 APK

Facebook Account တွေအများကြီးနဲ့ အသုံးပြုနေတဲ့ဘော်ဒါများအတွက် သင့်တော်တဲ့ Friend Caster Pro v5.4.5 ကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးကတော့ Facebook Account တွေအများကြီးကို ဖုန်းတစ်လုံးထဲမှာတင် တပြိုင်နက်ထဲအသုံးပြုနိုင်တဲ့ Application လေးဖြစ်ပါတယ်ဗျာ။ ဒါ့အပြင့် Account များကိုလည်း မိမိကြိုက်နှစ်သက်ရာ အရောင်ပေးပြီးသတ်မှတ်ထားနိုင်ပါတယ်။ ဓါတ်ပုံများကို Upload တင် မယ်ဆိုရင်လည်း မိမိကြိုက်နှစ်သက်ရာ Resolution ကိုသတ်မှတ်ပြီးမှ Upload တင်နိုင်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံများကို လိုသလို ပြုပြင်နိုင်တဲ့ Feature လေးပါထည့်သွင်းပေးထားပါတယ်။ Account တွေထည့်ထား သလောက် Notification ကလည်း Update ဖော်ပြပေးနေပါတယ်။ ပေါ့ပေါ့ပါးပါးရှိပြီး Error ကင်းကင်းနဲ့ အသုံးပြုနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်။ နမူနာကြည့်နိုင်ဖို့ အောက်မှာ Screen တွေရိုက်ပြ ထားပါတယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်ဗျာ။