Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Friday, February 28, 2014

DEMONROCK-MOD (APK+DATA) For Android

ဒီနေ့တော့ အရမ်းကိုရုပ်ထွက်ကောင်းပြီး၊အရမ်းကို မိုက်တဲ့ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Action Game တစ်ခုဖြစ်ပါတယ်. အဖွဲ့လိုက်တိုက်ခိုက်ရတာဖြစ်ပြီး ကိုယ့် Hero မှာWeapons တွေ Armor တွေကို Powerful ဖြစ်အောင်လုပ်ပြီး အဆင့်ဆင့် တိုက်ခိုက်သွားရမှာဖြစ်ပါတယ်။ Android version 2.3 နဲ့ အထပ်တွေမှာသာ ကစားနိုင်မှာဖြစ်ပါတယ်. file size ကတော့ (177MB)ဖြစ်ပါတယ်။ အောက်မှာ Screen shot တွေတင်ပေးထားဗျာ.ကြိုက်တယ်ဆိုရင်တော့ Dr.Mobile မှာ Free download ရယူနိုင်ပါပြီခင်ဗျာ...





Download အခက်အခဲရှိပါက Dr.Mobile ဆိုင်အမှတ်(မ-၃၄)မြို့မဈေးတွင် လာရောက်သွင်းယူနိုင်ပါပြီခင်ဗျာ

Love ကီးဘုတ် Apk

ဒီကီးဘုတ်လေး ချစ်သူကိုပေးပြီး မျက်နှာမလုပ်ရဘူးနော်...... ငရဲကြီးမှာဆိုးလို့ :P

LOVE ကီးဘုတ်လေးကို လိုချင်သူများ အောက်က Dr.Mobile Link မှာ Free download ရယူပါခင်ဗျာ
File size (543K) ဘဲရှိပါတယ်ဗျာ။

Thursday, February 27, 2014

Royal REVOLT 2 for Android

ဂိမ်းအလန်းလေးတစ်ခု တင်ပေးလိုက်ပါတယ်ဗျာ၊ ဆော့လို့အရမ်းကောင်းပါတယ်၊ Empire အချင်းချင်း စစ်သားတွေထုတ်ခံတပ်တွေဆောက်ပြီး တိုက်ခိုက်ရတဲ့ပုံစံမျိုးဖြစ်ပါတယ်ဗျာ၊ ကျွန်တော်အောက်မှာ Screen shot တွေတင်ပေးထားပါတယ်၊ Android version 4.0 နဲ့အထက်တွေမှာသာ ကစားနိုင်မှာဖြစ်ပါတယ်၊File size က (34MB)ပါ၊ ကစားချင်တယ်ဆိုရင်တော့ Dr.Mobile မှာ Free download ရယူနိုင်ပါတယ်ခင်ဗျာ.



Download အခက်အခဲရှိပါက Dr.Mobile ဆိုင်အမှတ်(မ-၃၄)မြို့မဈေးတွင် လာရောက်သွင်းယူနိုင်ပါပြီ ခင်ဗျာ

ရေထဲကျသော ဖုန်းကို ပြန်ကယ်ဖို့

ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ ဆိုတာ သိထားဖို့လိုအပ်ပါတယ်။
အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။
ပါဝင်မဖွင့်ရ
အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။
ဖြုတ်နိုင်သမျှဖြုတ်
ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။
ရေငွေ့မြန်မြန်ပြန်
ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့် ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါ တယ်။
ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။
အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။
ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့ ဖြစ်တတ် လို့ ဖြစ်ပါတယ်။
အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစိုဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာ ရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့ နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင် အဆင်ပြေပါသေးတယ်။
သို့ပေမယ့် ဖုန်းများ ရေထဲ မကျအောင်၊ ရေမစိုအောင် ထားဖို့ကတော့ စာဖတ်သူတို့ တာဝန်သာ ဖြစ်ပါတယ်။

Power Media Player v 5.0.25188 for android(latest version)

Android phone/Tablet ကိုင်ဆောင်သူများအတွက် အလန်းစား Player လေး Power Media Player ကိုတင်ပေးလိုက်ပါတယ်။Power Media Player ဟာ ကွန်ပျူတာမှာ နာမည်ကြီးခဲ့တဲ့ Player ဆိုရင်လည်း မှားမယ်မထင်ပါဘူး။တခြား Media Player တွေ များစွာရှိတဲ့အထဲမှာမှ extraordinary player(သာမန်ထက်ပိုတဲ့ player)တစ်ခုဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီ Power Media Player ဟာ ဗွီဒီယိုဖိုင်များ၊သီချင်းများအပြင် ဓာတ်ပုံများကိုပါ ကြည့်ရှုနားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။ဒါအပြင် ဗွီဒီယိုဖိုင်အမျိုအစားအစုံ၊သီချင်ဖိုင်အမျိုးအစားအစုံကို ထောက်ပံနိုင်စွမ်းရှိပြီး စာတန်းထိုးဇာတ်ကားများကိုပါ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။Google Play မှာ လည်း ၁၉.၉၉ ဒေါ်လာနဲ့ဈေးမြောက်နေတာဆိုတော့ ဒီ Player လေးရဲ့ Quality က သံသယဖြစ်စရာမရှိပါဘူး။Free ရယူလိုသူများအနေနဲ့ကတော့ Dr.Mobile မှာရယူနိုင်ပါပြီ။
 

Automatic Call Recorder Pro v3.66 for android(latest version)

Android OS ဖုန်းအသုံးပြုသူတွေအတွက် ကိုယ်ဖုန်းပြောထားတဲ့ ဖုန်း call တိုင်းကို အသံဖိုင်အနေနဲ့auto  record လုပ်သိမ်းဆည်းပေးထားမယ့်  Auto Call Recorder Pro v3.66 ကိုတင်ပေးလိုက်ပါတယ်။ ဖုန်း call အ၀င်ရော ၊ အထွက်ရော အသံကြည်လင်လင်နဲ့(supports wav , ANR, 3gp formats. ) auto record လုပ်ပေးထားမှာပါ။ google play မှာ 26.23 ဒေါ်လာပေးဝယ်ယူသုံးစွဲရမှာဖြစ်ပြီး  Dr.Mobile မှာ freedownload ရယူနိုင်ပါတယ်ခင်ဗျာ.....
 

Wednesday, February 26, 2014

Oxford Dictionary of English v4.3.069 apk (crack version)

မင်္ဂလာပါဗျာ ကျွန်တော်ဒီနေ.တင်ပေးချင်တာလေးကတော့ Oxford Dictionary လေးပဲဖြစ်ပါတယ် ဒါလေး ကို Play Store မှာဝယ်မယ်ဆိုရင် ပိုက်ပိုက်ပေးရမှာဖြစ်ပါတယ် အခု ကျွန်တော်တင်ပေးလိုက်တာလေးက တော့ Crack ပြီးသားလေးဖြစ်ပါတယ် ဒါလေးကိုတော့ Myanmar Cracking Team ကအကိုတစ်ယောက် facebook မှာရှယ်ထားတာမြင်လို.မလာတာဖြစ်ပါတယ် apk ထဲမှာ credit ပါပြီးသားမို. ထပ်မပြောတော့ ဘူးနော် ........:P လိုချင်သူများအောက်မှာသာဒေါင်းသွားလိုက်ပါ အားလုံးပဲအဆင်ပြေပါစေဗျာ
 
 

Clean Master v5.0.0.1914 apk for Android

Update လေးတွေ့ လို့ တင်ပေးလိုက်ပါတယ်။
သုံးဖူးသမျှ Task killer တွေထဲမှာ ဒီကောင်အကြိုက်ဆုံးပဲ။
ဒီကောင်လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။
ဒီကောင်လေးမှာ Function 4 မျိုးပါ ပါတယ်။ကျွန်တော်တို့ စက်တွေထဲမှာ
မလိုအပ်တဲ့ Junk ဖိုင်တွေအကုန်လုံး အသေးစိပ်ရှာပီး ဖျက်ပေးနိုင်တဲ့အတွက်
စက်ကိုလုံးဝပေါ့သွားစေပါတယ်။App တစ်ခုကို uninstall လုပ်လိုက်ပီဆိုရင်
စက်ထဲမှာ အဲ့ဖျတ်လိုက်တဲ့ App နဲ့ ဆိုင်တဲ့ ဖိုင်တွေပျက်သွားပီလို့ ထင်နေရင်
တော့မှားသွားမယ်။အဲ့လိုကျန်ခဲ့တဲ့ အမှိုက်တွေ Junk ဖိုင်တွေကိုလည်းဖျတ်
ပေးပါတယ်။အရေးကြီးတဲ့ဖိုင်တွေကိုတော့လုံးဝဖျတ်ပေးမှာမဟုတ်ပါဘူး။
Task killer ကလည်း လုံးဝထိထိရောက်ရောက်ကို kill ပေးနိုင်ပါတယ်။
သုံးကြည့်ပါ အပြောနဲ့  လက်တွေ့ ယုံသွားစေရမယ်။လိုချင်ရင်တော့
အောက်ကလိပ်စာမှာရယူလိုက်ပါ။
အဆင်ပြေပါစေခင်ဗျာ။


Zapya V.2.2 (Z.H) လေးထွက်လာပါပြီ

စက်ရုပ်သုံးတဲ့သူတွေရော၊ ios သုံးသူတွေပါ ဖုန်းတလုံးကနေ တလုံး ဖိုင်တွေ ကူးကြမယ် Share ကြမယ်ဆို အခုနောက်ပိုင်းမှာ အသုံးများလာကြတဲ့ စကားကတော့ Zapya ရှိလားဟေ့ Zapya ရှိရင် Zapya ဖွင့်ပေးလေ ဆိုတဲ့ စကားလုံးဖြစ်မယ်ဆိုတာ အားလုံး သိကြမယ် ထင်ပါတယ်။ အရင်ကဆို စက်ရုပ် (android) အချင်းချင်း၊ ios အချင်းချင်းသာ ကူးနိုင် Share နိုင်ကြပေမယ့် အခုနောက်ပိုင်း version တွေမှာဆို android (စက်ရုပ်) ကနေ ios ။ iso ကနေ android (စက်ရုပ်) များဆီသို့ အပြန်အလှန် Data တွေ file တွေကို ပေးပို့ လို့ ရနေပါပြီ။ အခု ကျွန်တော် တင်ပေးမှာကတော့ အခုနောက်ဆုံးထွက်တဲ့ Zapya V.2.2 (ZH) ဗားရှင်းလေး ဖြစ်ပါတယ်။ ရှိနေကြရင်တော့ လည်း မပြောလိုပါဘူး ခင်ဗျာ။ မရှိသေးသူ မသိသေးသူများအတွက် လက်တို့ ပြီး ပေးလိုက်မယ်နော် ……………

Tuesday, February 25, 2014

VidTrim Pro – Video Editor v 3.3.4 for Android(latest versionn)

Android phone /Tablet ကိုင်ဆောင်သူများအတွက် မိမိတို့ဖုန်းထဲတွင် ရှိသော Video များကို VidTrim Pro အသုံးပြုပြီး ဖြတ်ညှပ်ကပ်ပြုလုပ်နိုင်ခြင်း၊Video format မျိုးစုံကို ပြောင်းလဲအသုံးပြုနိုင်ခြင်း၊ဗွီဒီယိုများကိုလိုရာနေရာမှာ ဖြတ်တောက်ကာ Effects များစွာထည့်သွင်းနိုင်ခြင်း၊ဗွီဒီယိုများမှ အသံဖိုင်ကိုေ ပြာင်းလဲအသုံးပြုနိုင်ခြင်းတို့ကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။Google play မှာ CHF3.82 နဲ့ဝယ်ယူရမှာဖြစ်ပြီး Dr.Mobile မှာ Freedownload ရယူနိုင်ပါပြီခင်ဗျာ...
 

Facebook v 8.0.0.0.4 for android

Android phone/Tablet ကိုင်ဆောင်သူများအတွက် ဖေဖော်ဝါရီလ(22)ရက်နေ့ထွက် Facebook version အသစ် .Facebook v 8.0.0.0.4 ကိုတင်ပေးလိုက်ပါတယ်။အခုအသစ်ထွက်ဗားရှင်းမှာ Android phone သုံးသူများအတွက် photo comment ပေးလို့ရသွားပါပြီ။ဒါအပြင် အရင်ဗားရှင်းတွေတုန်းက Facebook video တွေ Download လုပ်မရဘူးဆိုသူတွေ အတွက် ပါ အခုဗားရှင်းမှာ facebook ပေါ်က ဘယ်ဗွီဒီယို ဖိုင်မဆို Click ထောက်လိုက်တာနဲ့ မိမိဒေါင်းချင်တဲ့ Downloader ကိုရွေးပြီး Download လုပ်ယူနိုင်မှာဖြစ်ပါတယ်။Facebook ဟာဒီနေ့ခေတ်မှာ ကမ္ဘာတစ်ဝှမ်းက လူဦးရေသန်းပေါင်းများစွာအသုံးပြုနေကြတာဖြစ်ပါတယ်။Facebook ကိုအသုံးပြုပြီး သတင်းများဖတ်ရှုနိုင်ခြင်း၊မိမိကိုယ်တိုင် Status များရေးတင်ခြင်း၊Sharing ပြုလုပ်နိုင်ခြင်း၊သူငယ်ချင်းအပေါင်းအသင်းများနှင့် စကားစမြည်ပြောဆိုနိုင်ခြင်း၊ဖုန်း free Call ခေါ်ဆိုနိုင်ခြင်း…စသဖြင့် အင်တာနက်ရှိရုံဖြင့် အထက်ပါအရာများကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။အခုနောက်ဆုံးထွက် facebook ဗားရှင်းအသစ်ကို အောက်မှာရယူနိုင်ပါပြီ။
 

Tank-o-box (For Android)

ကျွန်တော်တို့ငယ်ငယ်တုန်းက အုတ်ခဲတုံးလေးတွေစီထားတဲ့ကြားက အပြန်အလှန်အချင်းချင်းပစ်ခက်ရတဲ့သံချပ်ကားဂိမ်းလေးကို သိကြမှာပေါ့နော်၊ အခုဟာကတော့ Android သမားများအတွက် 3D ဂိမ်းဘဲဖြစ်ပါတယ်ဗျာ။ Android version 4.0 နဲ့ အထက်မှာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ.File size ကတော့ (20MB)ပါ. ပုံတွေကြည့်ပြီး ကစားချင်တယ်ဆိုရင်တော့ Dr.Mobile မှာ Free download ရယူနိုင်ပါပြီခင်ဗျာ....




Download အခက်အခဲရှိပါက Dr.Mobile ဆိုင်အမှတ်(မ-၃၄)မြို့မဈေးတွင် လာရောက်သွင်းယူနိုင်ပါပြီခင်ဗျာ

Dino Safari 2 Pro APK+DATA (for android)

ဂိမ်းမတင်ဖြစ်တာကြာလို့ ဂိမ်းအလန်းတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် 25.2.2014 ကထွက်ခဲ့တဲ့ ဂိမ်းပါခင်ဗျ။ အမဲလိုက်ရတဲ့ဂိမ်းပါ၊ ဒါပေမယ့်သူကတော့ DINOSAURS တွေကို အမဲလိုက်ရတာနော်၊ စိတ်လှုပ်ရှားဖို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းလို့ တင်ပေးလိုက်ပါတယ်၊ Android version 2.3 နဲ့ အထက်တွေမှာသာ ကစားနိုင်မှာဖြစ်ပါတယ်၊ File Size ကတော့ (64MB)ပါ. ကစားချင်ရင်တော့ Dr.Mobile မှာ Free download ရယူနိုင်ပါပြီခင်ဗျာ.....






Download အခက်အခဲရှိပါက Dr.Mobile ဆိုင်အမှတ်(မ-၃၄)မြို့မဈေးတွင် လာရောက်သွင်းယူနိုင်ပါပြီခင်ဗျာ

Camera360 Ultimate 5.0beta2 for android(latest version)

Android phone/Tablet အသုံးပြုပြီး ဓာတ်ပုံရိုက်လေ့ရှိသူတွေ အတွက် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေး Camera360 Ultimate 5.0Beta2 ကိုတင်ပေးလိုက်ပါတယ်။Camera360 ဟာ Android phone/Tablet အသုံးပြုသူတိုင်းမစိမ်းတော့တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။ Camera mode များစွာကို ပြောင်းလဲအသုံးပြုနိုင်ပြီး ရူပါ ဂွမ်းတဲ့သူတွေတောင် လန်းလာစေမယ့် ဆော့ဝဲလ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အတော်တော်များများသုံးစွဲနေတာတွေ့ရပါတယ်။ရယူလိုသူများ Dr.Mobile မှာရယူနိုင်ပါပြီခင်ဗျာ...

Monday, February 24, 2014

Kitkat launcher prime 1.6.5 full

Kitkat Launcher Prime 1.6.5 full Version လေးတင်ပေးလိုက်ပါတယ် …
၁။ ပထမဦး ဆုံး Download ရယူပါ …
 

၂။ Zip file ဖြည်ပါ။
၃။ ဖြည်လိုက်တဲ့ Zip file ထဲက Kcin Launcher  – support Kitkat v1.6.5 APK ကိုအရင် install လုပ်ပါ။
၎။ Kcin Launcher  – support Kitkat v1.6.5 APK ကိုမဖွင့်သေးပဲ kcin Launcher Prime key v1.0 APK PATCHED ကို install ထပ်လုပ်ပါ။
၅။ Kitkat launcher prime 1.6.5 ကိုအသုံးပြုလို့ရပါပြီခင်ဗျာ ….
ကျေးဇူးတင်လျှက် …
 

Sunday, February 23, 2014

Colin McRae Rally For Android APK + DATA

လိုင်းမကောင်းတာနဲ့ပဲ သိပ်မတင်ဖြစ်ဖူးဗျာ။ဒါပေမယ့် မကောင်းတဲ့ကြားက အလန်းကြီးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ဦးမယ်ဗျာ။ရုပ်ထွက်အမိုက်ကြီးနော်. ကားမောင်းရတာကိုကိုယ်တိုင်မောင်းနေသလို ခံစားမှုကိုပေးမယ့် ဂိမ်းကြီးဖြစ်ပါတယ်ဗျာ. Android Version 4.0 နဲ့အထက် တွေမှာသာကစားနိုင်မှာဖြစ်ပါတယ်. File Size ကတော့ 181MB ဘဲဖြစ်ပါတယ်။ Screen Shot တွေကြည့်ပြီး Download လုပ်ချင်ရင်တော့ Dr.Mobile မှာ free download ယူသွားနိုင်ပါပြီဗျာ။








Download အခက်အခဲရှိပါက Dr.Mobile ဆိုင်အမှတ်(မ-၃၄)မြို့မဈေးတွင် လာရောက်သွင်းယူနိုင်ပါပြီခင်ဗျာ။

Titanium Backup Pro v6.1.5.2

Titanium Backup Pro Version လေးကို Dr.Mobile ကို အားပေးသော ညီအကိုမောင်နှမအားလုံးအတွက် တင်ပေးလိုက်ပါတယ်ခဗျာ။
အသုံးပြုနည်းကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ Activation code တောင်းပြီး သုံးရတဲ့ Viber, Tango, WhatsApps, စတဲ့ Social Network apps တွေတောင် Titanium Backup နဲ့ Backup လုပ်ထားရင် Code ပြန်တောင်းစရာမလိုလောက်အောင် ပြီးပြည့်စုံစေပါတယ်ဗျာ

Friday, February 21, 2014

TTPod 6.6.2 for android(latest full version)

Android ဖုန်းတွေအတွက် လူကြိုက်များပြီး စွဲမက်ဖွယ်ကောင်းတဲ့  Music Player အလန်းလေး TTPod Music Player v6.6.2(Fullversion) ဖေဖော်ဝါရီလ 22ရက်ထွက်ကိုတင်ပေးလိုက်ပါတယ်။ ကမ္ဘာတစ်ဝန်း 10 သန်းကျော် download  ရယူပြီး အသုံးပြုနေတဲ့ music player လေးဆိုရင်လည်း  မမှားပါဘူး ..အခုအသစ်ထွက်ဗားရှင်းမှာ အရင်ပုံစံတွေနဲ့ ဒီဇိုင်းရော အသွင်အပြင်ပါကွဲပြားသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်.TTpod music player v 6.6.2 (Fullversion)ကိုအောက်မှာ Dr.Mobile link မှာ free ရယူနိုင်ပါတယ်ဗျာ....

Panecal (Scientific Calculator) 5.0.1 apk for Android




ကျောင်းသား ကျောင်းသူတွေအတွက် Scientific Calculator လေးပါ။
တကယ့် Scientific Calculator လိုမျိုး ဒီဇိုင်းလေးပါ။
ဖုန်းထဲမှာ ထည့်ပီး နေရာတကာယူသွားလို့ ရတာပေါ့။
တော်တော်အသုံးဝင်လို့ Dr.Mobile မှတင်ပေးလိုက်ပါတယ်ဗျာ..
အဆင်ပြေပါစေ။

Videoder (One Click Video Downloader) v5.2 apk for Android




video ပေါ်တစ်ချက်ထိရုံနဲ့  quality အမျိုးမျိုးကို မြန်မြန်ဆန်ဆန်ဒေါင်းပေးမဲ့
Videoder(One Click Video Downloader)update လေးတွေ့ လို့ တင်ပေးလိုက်
ပါတယ်။ဒီကောင်လေးက TubeMate နဲ့ တူတယ်။video quality ရောရွေးပီးဒေါင်းလို့ 
ရတယ်။မိမိစိတ်ကြိုက် video ပေါ် ကလစ်တစ်ချက် နှိပ်တာနဲ့ ဒေါင်းရုံပဲ။
တော်တော်အဆင်ပြေတယ်လို့ ပြောရမှာပဲ။စတိုင်ကလည်း ရိုးရိုးလေးရယ်။မျက်စိနောက် သက်သာတယ်။သုံးချင်ရင်တော့အောက်ကလိပ်စာမှာယူနိုင်ပါပြီ.
အဆင်ပြေပါစေ။

Dr.Mobile နှိပ်ပါ

ဓမ္မပဒ v 1.1 apk for Android

update လေးတွေ့ လို့ တင်ပေးလိုက်ပါတယ်။
ဗုဒ္ဓဘာသာဝင်များအဖို့ ဓမ္မပဒ ဟာ အထွတ်အမြတ်ဖြစ်ပါတယ်။
ဒီလို application မျိုးဟာ ဗုဒ္ဓဘာသာလူမျိုးတွေအတွက် မရှိမဖြစ်
ဆောင်ထားသင့်ပါတယ်။မိမိဖုန်းမှာထည့်ထားချင်ရင်တော့အောက်ကလိပ်စာမှာ ရယူလိုက်ပါ။
အဆင်ပြေပါစေ။




Plants Vs Zombies 2 1.9.2 (apk+data)

မင်္ဂလာပါခင်ဗျာ..
အခုတင်ပေးလိုက်တဲ့ဂိမ်းကတော့ အားလုံးသိပြီးသာဖြစ်တဲ့ လူကြိုက်များခဲ့တဲ့ plant vs zombies ရဲ့နောက်ထပ်မျိုးဆက် Plant Vs Zombies 2 ဘဲဖြစ်ပါတယ်။ ပန်းပွင့်တွေ လက်နက်တွေပိုပြီးစုံလင် လာတာကိုတွေ့ရမှာဖြစ်ပါတယ်. တစ်ဖက်က Zombies တွေကိုလဲထပ်တိုးထားပြီး အရင်ကထပ်ပိုပြီး ဆော့လို့ကောင်းမယ့်ဂိမ်းဖြစ်ပါတယ်၊Android Version 2.3 နဲ့အထက်မှာ ကစားနိုင်မှာဖြစ်ပါတယ်.... အများကြီးပြောမနေတော့ပါဘူး Screen shot တွေ ကြည့်ပြီး ကြိုက်တယ်ဆိုရင်တော့ Dr.Mobile မှာ Free download သာယူသွားပေတော့ဗျာ....






Download အခက်အခဲရှိပါက Dr.Mobile ဆိုင်အမှတ်(မ-၃၄)မြို့မဈေး တွင်လာရောက်သွင်းယူနိုင်ပါ ပြီခင်ဗျာ

Thursday, February 20, 2014

Firefighter Simulator 3D MOD

စွန်းစားခန်းတွေကစားရတာ ကြိုက်နှစ်သတ်တဲ့ သူငယ်ချင်းများအတွက် Dr.Mobile မှဂိမ်းသစ်တစ်ခု တင်ဆက်ပေးလိုက်ပါတယ်...မီးလောင်နေတဲ့အဆောက်အအုံ၊နေရာတွေကို မိမိနှစ်သက်ရာ ယာဉ်များနှင့်သွားရောက်ငြိမ်းသက်ပေးရတဲ့ဂိမ်းဖြစ်ပါတယ်၊ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ဂိမ်းဖြစ်လို့ တင်ပေးလိုက်ပါတယ်ဗျာ၊ရုပ်ထွက်ကလည်းမဆိုးလှပါဘူး။Android Version 2.3 နှင့်အထက်တွေမှာသာ ကစားနိုင်မှာဖြစ်ပါတယ်။ Screen Shot တွေကြည့်ပြီးကြိုက်တယ်ဆိုရင်တော့ Dr.Mobile မှာ free download သာယူသွားပေးတော့ဗျာ.............