Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Saturday, May 31, 2014

ES File Explorer File Manager 3.1.5 for Android



Android phone/Tablet ကိင်ဆောင်သူများအတွက် မရှိမဖြစ်ထည့်သွင်းထားရမယ့် File manager ဆော့ဝဲလ်လေး update တွေ့လို့ ပြန်တင်လိုက်ပါတယ်။ဒီဆော့့ဝဲလ်လေး features တော်တော်များများပါဝင်ပြီး အသုံးပြုရတာလည်း လွယ်ကူတာတွေ့ရမှာဖြစ်ပါတယ်။ဒီဆော့ဝဲလ်မှာ ဆော့ဝဲလ်၊ဂိမ်းသီချင်း၊ဗွီဒီယိုများ တစ်နေရာမှ တစ်နေရာသို့ကူပြောင်းနိုင်ခြင်းဗွီဒီယိုများဖွင့်နိုင်ခြင်း၊မမြင်စေလိုတဲ့ ဖိုင်များ ၀ှက်ထားနိုင်ခြင်း၊လော့ခ် ချနိုင်ခြင်း၊ဇစ်ဖိုင်များ ဖြည်နိုင်ခြင်း၊ဗွီဒီယိုများ ဒေါင်းလုတ်လုတ်နိုင်ခြင်းအပြင် နောက်ထပ် features များစွာကို ဒီဆော့ဝဲလ်ရှိရုံနဲ့အဆင်ပြတာကိုတွေ့ရမှာပါ။အောက်မှာရယူနိုင်ပါပြီ။

Friday, May 30, 2014

အူရီဒူးမှ ဆာဗေးကောက်ယူခြင်းမှာ အများစုသုံးနေသည့်ဟန်းဆက်နှင့် 2G စနစ် အဆင်ပြေ.မပြေ သိရန်ကောက်ယူခြင်းဟုဆို

အူရီဒူးမြန်မာ မှ မိုဘိုင်း ဖုန်းဆိုင်များတွင် ပြည်သူလူထု ထံမှ ကောက်ယူနေသည့် ဆာဗေး ဖောင်များမှာ ဆင်းမ်ကတ် ရောင်းချခြင်း အတွက် Register ပြုလုပ်ရန် ကောက်ယူခြင်း မဟုတ်ဘဲ ပြည်သူများ ကြားတွင် အများစု သုံးနေသည့် ဟန်းဆက် အမျိုးအစားနှင့် မည်ကဲ့သို့ ဝန်ဆောင်မှုမျိုး ပေးရမည်ကို သိရှိရန် အတွက် ကောက်ယူခြင်းသာ ဖြစ်ကြောင်း သတင်း ရရှိသည်။
ကျွန်တော်တို့ အခုလို ကောက်ယူနေ တာဟာ ဆာဗေးဖောင် ကောက်ယူ တာပဲ ဖြစ်ပါတယ်။ Register လုပ်ဖို့အတွက် ကောက်တာ မဟုတ်ပါဘူး။ လူတွေရဲ့ လက်ထဲကို 3G စနစ်နဲ့ ဘယ်လို ဝန်ဆောင်မှု ပေးရမလဲ ဆိုတာကို သိနိုင်ဖို့ အတွက် ကောက်တာ ဖြစ်ပါတယ်။ ဆင်းမ်ကတ် ဝယ်ဖို့ အတွက် ဆိုရင် ဖောင်ဖြည့်ဖို့ မလိုပါဘူး ဟု အူရီဒူးမြန်မာ ၏ အမှုဆောင် အရာရှိချုပ် Mr. Ross Cormack က ပြောသည်။
လက်ရှိတွင် ပြည်တွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် အချို့တွင် အူရီဒူးမှ ပေးထားသော ဖောင်များကို ဖြည့်ပါက ဆင်းမ်ကတ် ရောင်းသည့် အခါတွင် ရရှိမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေ သည့်အတွက် ယခုလို ရှင်းလင်း ဖြေကြားခြင်း ဖြစ်ပြီး ပြည်တွင်း၌ လူအများစု သုံးနေသည့် ဟန်းဆက် များသည် ၎င်းတို့မှ ဝန်ဆောင်မှု ပေးသည့် 3G စနစ်ကို ပြည့်ဝစွာ ထောက်ပံ့မှု ပေးနိုင်ခြင်း ရှိ ၊ မရှိကို သိရှိနိုင်ရန် အတွက် ကောက်ယူခြင်းလည်း ဖြစ်ကြောင်း သတင်း ရရှိသည်။
ကျွန်တော်ရဲ့ 3G ကွန်ရက် ဝန်ဆောင်မှုကို အပြည့်အဝ သုံးနိုင်ဖို့ ဆိုရင် 3G စနစ်ကို အထောက်အပံ့ ပေးတဲ့ ဟန်းဆက်တွေကို သုံးဖို့ လိုပါတယ်။ တချို့ ဟန်းဆက်တွေက 3G ဆိုပေမယ့် အပြည့်အဝ အသုံးပြုလို့ မရတာကို တွေ့ရ တဲ့အတွက် အခုလို ဆာဗေး ကောက်ယူတာ ဖြစ်ပါတယ် ဟု Ross Cormack က ဆိုသည်။
အူရီဒူးမြန်မာ အနေဖြင့် လက်ရှိတွင် လူဦးရေ ငါးထောင် ဝန်းကျင်ခန့်ကို ဆာဗေးဖောင် ကောက်ယူ ထားပြီး ဆင်းမ်ကတ်များ ရောင်းချ ရာတွင်လည်း အသုံးပြု သူများ အနေဖြင့် 3G စနစ်အား အပြည့်အဝ ထောက်ပံ့ပေး နိုင်မည့် ဟန်းဆက်များကို ဝယ်ယူ အသုံးပြု နိုင်ရန် အတွက် ၎င်းတို့၏ အရောင်း ကိုယ်စားလှယ် ဆိုင်များမှ တစ်ဆင့် ပြည်သူများကို ရှင်းပြပေးမည့် စနစ်ကိုလည်း ကျင့်သုံး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Thursday, May 29, 2014

Zapya 2.4 For android


Android Phone/TAblet ကိုင်ဆောင်သူများအတွက် Zapya v 2.4 ဆော့ဝဲလ်လေးတင်ပေးလိုက်ပါတယ်။ Zapya အသုံးပြုပြီး Android phone/Tablet အချင်းချင်းချိတ်ဆက်ကာ ဆော့ဝဲလ်များ၊ဂိမ်း၊သီချင်းဗွီဒီယိုများ၊ဓာတ်ပုံများကို ဖုန်းတစ်လုံးမှ တစ်လုံးသို့ လျင်လျင်မြန်မြန်ပေးပို့နိုင်မယ့် Sharing tool ဆော့ဝဲလ်လေးဖြစ်ပါတယ်။အသုံးပြုလိုသူများအောက်မှာရယူနိုင်ပါတယ်။

Clone Yourself - Camera V1.3.2 For android Latest


Android phone/Tablet ကိုင်ဆောင်သူများအတွက် Clone Yourself-Camera ဆော့ဝဲလ်အသစ်ထွက်လေးတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်လေးက ဓာတ်ပုံရိုက်တဲ့ သူတွေ အတွက် အသုံးဝင်မှာသေချာပါတယ်။ဒီဆော့ဝဲလ်လေးအသုံးပြုပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ နေရာတစ်နေရာသို့ နောက်ခံရှုခင်းတစ်နေရာထဲမှာ အိုက်တင် လေးမျိုးခံပြီးဓာတ်ပုံရိုက်ယူနိုင်မှာဖြစ်ပါတယ်။ဓာတ်ပုံကို ပွားယူတဲ့အခါမှာလည်း လွယ်ကူလျင်မြန်တာကို တွေ့ရပါတယ်။ အသုံးပြုလိုသူများအောက်မှာရယူနိုင်ပါတယ်။

SNART RAM Boooster Pro v3.3.2.140527 For Android (latest version)

Android phone/tablet ကိုင်ဆောင်သူများအတွက် အသုံးဝင်ဆော့ဝဲလ်လေး Smart RAM Booster Pro ကိုတင်ပေးလိုက်ပါတယ်။မိမိဖုန်းရဲ့ သွက်လက်မြန်ဆန်မှုကို စိတ်တိုင်းမကျဖြစ်နေသူတွေ အတွက် ဆောင့်ထားသင့်တဲ့ဆော့ဝဲလ်ကောင်းလေးဖြစ်ပါတယ်။တစ်ချက်နှိပ်ရုံနဲ့ Ram free ပိုရကာဖုန်းအတွက် အမှန်တကယ်သွက်လက်စေပြီး phone widget အနေနဲ့လည်း ထားပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။အောက်မှာရယူနိုင်ပါတယ်။

Sunday, May 25, 2014

မိုဘိုင်းဖုန်းသုံးသူများ သတိထားရန် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ


ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။
မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်
ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-
skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။
ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်
မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။
မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်
မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။
မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်
ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ
မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။
အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

credit to:YoYarLay

အချစ်အဘိဓါန်Apk

မင်္ဂလာပါ။အားလုံးသ ဘောကျမယ်ထင် ပါတယ်။ရည်စားစကားပြောချင် တာဘဲဖြစ်ဖြစ်ကိုယ့်ချစ်သူရှေ့မှာစကားလုံးလှလှလေးတွေပြောချင် တာဘဲဖြစ်ဖြစ်ဒီအချစ်အဘိဓါန်လေးကအသုံးဝင် ပါလိမ့်မယ်။စကားလုံးတွေကလုံးဝအလန်းကြီးနော်။

Saturday, May 24, 2014


Android phone/Tablet ကိုင်ဆောင်ပြီး ဂိမ်းဆော့ဝဲလ် အများအပြားကို Download လုပ်ယူနိုင်မယ့် Google Play store update version ကိုတင်ပေးလိုက်ပါတယ်။Google Play store ပါရှိတဲ့ဖုန်းတိုင်း update လုပ်ထားသင့်တဲ့ဆော့ဝဲလ်လေးပါ။update လုပ်ထားခြင့် ဂိမ်းဆော့ဝဲလ်များ download လုပ်ရာတွင် မြန်ဆန်တာ ကိုတွေ့ရမှာဖြစ်ပါတယ်။အောက်မှာရယူနိုင်ပါတယ်။


Android phone/Tablet ကိုင်ဆောင်သူများအတွက် မိမိဖုန်းထဲတွင် Install လုပ်ထားသော ဆော့ဝဲလ်ဂိမ်းများကို တပြိုင်တည်း ပြန်ဖျက်နိုင်မာ့်ဆော့ဝဲလ်လေး Easy Uninstaller Pro ကိုတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်ကို အသုံးပြုပြီး ဖုန်းထဲမှ ဆော့ဝဲလ်များကို အားလုံး Select လုပ်ကာ တစ်ချက်နှိပ်ရုံနဲ့ဖျက်ပေးနိုင်မှာဖြစ်တာကြောင့် တစ်ခုချင်းစီလိုက်ဖျက်စရာမလိုပါဘူး။ဒါအပြင် ဖုန်းတစ်လုံးမှ အခြားတစ်လုံးသို့ ပေးပို့နိုင်မယ့် App share,ဖုန်းထဲမှဆော့ဝဲလ်များကို Google Play market မှာ ရှာဖွေနိုင်မယ့် Search in Google play market feature များလည်းပါဝင်ပါတယ်။အောက်မှာရယူနိုင်ပါတယ်။

Friday, May 23, 2014

AntiVirus PRO Mobile Security V4.0.1.2 For Android Latest Version


Android phone ကိုင်ဆောင်သူများအတွက် မိမိတို့ဖုန်းထဲကို Virus မ၀င်ဖို့ ဖုန်းရဲ့လုံခြုံရေးပိုင်းကို အပြည့်အ၀ကာကွယ်ပေးမယ့် Antivurus Pro Mobile Security ဆော့ဝဲလ်လေးကို တင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်ကို ဖုန်းထဲမှာ ထည့်သွင်းထားခြင်ဖြင့် ဖုန်းထဲကို ရောက်လာမယ့် Virus,Malware,spyware များကို အချိန်ပြည့်စစ်ဆေးပြီးဖယ်ရှာပေးမှာဖြစ်ပါတယ်။ဖုန်းရဲ့ ကာကွယ်ရေးတင်မဟုတ်ပဲ Blacklist လိုမျိုးမိမိဖုန်းထဲကို မ၀င်စေချင်တဲ့ ဖုန်း Calls များ၊Message များကိုလည်း Block လုပ်ထားနိုင်ပါသေးတယ်။ကိုယ်ဖုန်းထဲမှာရှိတဲ့ ဆော့ဝဲလ်များကိုလည်း Passward ပေးLock ချထားနိုင်သလို App Backup လည်းပါဝင်ပြီး Task Killer,Cache cleaner လိုမျိုး ဖုန်းကို ပေါ့ပါးစေမယ့် Features များလည်းပါတာကြောင့် အတော်လန်းတဲ့ ဆော့ဝဲလ်ကောင်းလေးဖြစ်ပါတယ်။Google Paly Store မှာလည်း ဒေါ်လာ 8.99(မြန်မာငွေ ကိုးထောင်နီပါး)ပေးပြီးအသုံးပြုရမှာဖြစ်ပြီး ထည့်သွင်းသုံးလိုသူများ Myanmar Mobile App Store မှာ freedownload ရယူနိုင်မှာဖြစ်ပါတယ်။

"နိုင်ငံခြားကုမ္ပဏီများအတိုင်း အင်တာနက်မြန်နှုန်း ကောင်းအောင်ပေးမည်ဟု ဆက်သွယ်ရေးဆို"

နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီများဖုန်းစတင်ရောင်းသည့် အချိန်တွင်
MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းမှာလည်း ကုမ္ပဏီများကဲ့သို့ ရှိအောင်ဆောင် ရွက် မြန် မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
ကုမ္ပဏီ ဖုန်းရောင်းဖို့ Launch လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က
လည်း အဆင်သင့်ဖြစ်နေမှာပါ။ သူတို့ထက်မသာရင်တောင် သူတို့နီးပါးရှိအောင် လုပ် ဆောင် မှာ ပါ”ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမိုဘိုင်းဌာနမှ အရာရှိတစ်ဦးက ပြောသည်။</p>
လက်ရှိတွင် မိုဘိုင်းဖုန်းများ ထုတ်လုပ်ရောင်းချခွင့်လိုင်စင်ရရှိထားသည့် Telenor နှင့် Ooredoo ကုမ္ပဏီများသည် ၎င်းတို့ ရောင်းချမည့် မိုဘိုင်းဖုန်း၏အင်တာနက်မြန်နှုန်းကို လက်ရှိဆက်သွယ်ရေးမှ ရောင်း သည့် မြန်နှုန်း ထက်ပိုမိုမြန် ဆန်မည် ဟု ပြောဆိုထားပြီး Telenor ကုမ္ပဏီသည် မိုဘိုင်းအင်တာနက်မြန်နှုန်းကို 1M အထိ ထားရှိမည်
ဟု ယင်းကုမ္ပဏီမှ သိရသည်။ မြန်နှုန်းကောင်းဖို့အတွက်တော့ အကောင်အထည်ဖော် ဆောင် ရွက်နေပါပြီ။ မြန်နှုန်းဘယ်လောက်အထိ တိုးမြှင့်မလဲဆိုတာကတော့ လတ်တလောအနေအထားအရ မပြောနိုင်သေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။
GSM ဖုန်းများကို တစ်ဦးချင်းသုံးစွဲမှု အဖြစ် 200kbps CDMA 800 MHz နှင့် WCDMA 3G စနစ်ဖုန်းများကို 512 kbps ပေးထားကြောင်း ၎င်းကဆက်ပြောသည်။
<p>လက်ရှိ ဆက်သွယ်ရေးမှ ရောင်းချထားသည့် မိုဘိုင်းအင် တာနက်မြန်နှုန်းနှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ်မှ သုံးစွဲသူကိုမင်းမင်းက ” CDMA 800 အင်တာနက်မြန်နှုန်းကတော့<br>
သုံးရတာ အဆင်ပြေပေမယ့် မကြာခဏတော့လိုင်းကျတာမျိုးရှိပါတယ်။
<p>ဂျီအင်တာနက်ကတော့ စိတ်ပျက်စရာကောင်းလောက် အောင်ဖြစ်ရတယ်။ တစ်ခါတစ်ခါဆိုရင်လွင့်ပစ်ချင် စိတ်တောင်ပေါက်မိတယ်”ဟုပြောသည်။<br>
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်းများတွင် အင်တာနက် ထည့်သွင်းအသုံးပြုခွင့်ကို ၂ဝ၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ကျပ်ငါးသိန်းတန် CDMA 800 MHz
ဖုန်းများမှ စတင်ခဲ့ပြီး အင်တာနက်သုံးစွဲခ တစ်မိနစ်လေးကျပ်နှုန်း ကောက်ခံခဲ့သည်။ ထို့နောက် GSM ဖုန်းနှင့်
WCDMA ဖုန်းများကို သုံးစွဲ ခွင့်ထပ်မံပေးခဲ့ပြီး GSM ဖုန်း၏ အင်တာ နက်သုံးစွဲခကို တစ်မိနစ်နှစ်ကျပ်၊ WCDMA ဖုန်းကို တစ်မိနစ်လေးကျပ် ကောက်ခံနေကြောင်း သိရသည်။

Window 8.1 ပေါ်က ဆန်းသစ်လာတဲ့ Cortana


ဤ app သည် အင်တာနက် သုံးနေစဉ် သင့် Viber ကို လိုသလို စိတ်ကြိုက် Offline အခြေအနေတွင် ထားပေးနိုင်သည်။ Viber တွင် လွတ်လပ်စွာ ပုန်းနိုင်သည်။ Online/Offline ချက်ချင်း ပြောင်းနိုင်ရန် ဖွင့်/ပိတ် ခလုတ် ပါရှိသည်။ နေ့စဉ် သို့မဟုတ် အချိန်ပိုင်း မည်သည့်အချိန်မှ မည်သည့် အချိန်ထိ offline အခြေအနေ တွင်ထားမည်ကို ရွေးချယ်နိုင်သည်။ အကြိမ်များစွာ လုပ်နိုင်သည်။
အချိန် ရက် လ ခုနှစ် သို့ကြိုတင်၍ Offline အခြေအနေအတွက် အချိန်ဇယားဆွဲ ပြင်ဆင်နိုင်သည်။ အင်တာနက် အသုံးပြုနေသော်လည်း သင် Offline အခြေအနေတွင် ထားပါက သင့် Viber သည် offline ဖြစ်နေမည်။ တစ်ဘက်လူမှ ပို့သမျှ ဘာမှ မ၀င်တော့ပါ။ တစ်ဘက်လူမှ သင့် Viber ကို ကြည့်လျှင် Offline ဖြစ်နေမည်။
သင် အင်တာနက်ကို လွတ်လပ်စွာ သုံးပြီး Viber တွင် အနှောက်ယှက်ကင်းစွာ ပုန်းနေ၍ ရပါပြီ။ Online ပြန်ဖြစ်ချင်ပါက ချက်ချင်းပြန် On နိုင်ပါသည်။ ဒီ app ကို သုံး၍ အဆင်မပြေပါက “Uninstall လုပ်ရန်” ကိုနှိပ်ပြီး ဖျက်ထုတ်နိုင်သည်။ Viber အချိန်ဇယားကွက်တွင် အပြာရောင်ဖြင့် ပြထားသော အချိန်များသည် အလုပ်လုပ်ရန် အချိန်များဖြစ်ပြီး မီးခိုးရောင်ဖြင့် ပြထားသော အချိန်များသည် Offline အတွက် အလုပ်လုပ်ပြီးသွားသော အချိန်များ ဖြစ်ပါသည်။
Viber Switch.apk ဖြင့် အဆင်မပြေသော အချို့ ဖုန်း များတွင် အဆင်ပြေနိုင်ပါသည်။
Thanks to Viber, Original Owner Dev
အသုံးပြုလိုပါက အောက်တွင် ဒေါင်းနိုင် ပါသည်…

Monday, May 19, 2014

Krrish 3: The game For Android


Krrish ဆိုရင်တော်တော်များများသိကြမယ်ထင်ပါထယ်.နာမည်ကြီး action ကားတစ်ကားဖြစ်ပါတယ်. အခုတော့ Android Gamer များအတွက် ဂိမ်းအဖြစ်ထွက်လိုလာပါပြီ.ရုပ်ထွက်လန်းလန်းနဲ့ ဆော့ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်လို့ Dr.Mobile မှတင်ဆက်ပေးလိုက်ပါတယ်ဗျာ.Android Version 4.0.4 နဲ့ အထက်တွေမှာကစားနိုင်မှာဖြစ်ပါတယ်. File size ကတော့ 50MB ဖြစ်ပါတယ်.


iOS app များကို Android ပေါ်တွင် အသုံးပြုနိုင်မည့်နည်းလမ်းအား ရှာဖွေတွေ့ရှိဟုဆ

Cider လို့ခေါ်တဲ့ operating system compatibility layer ကိုအသုံးပြုပြီး OS applications များကို to run natively on Android devices ပေါ်တွင် run နိုင်မည့်နည်းလမ်းကိုရှာဖွေတွေ့ရှိခဲ့ပြီဟု C Columbia University မှ ကွန်ပျူတာသိပ္ပံကျောင်းသားများက ပြောကြားလိုက်သည်။ Cider system သည် iOS apps ကို Android’s Linux kernel ပေါ်တွင် run နိုင်စေရန်ပြုပြင်ပေးလိုက်ခြင်းဖြစ်ပြီး iOS app များအား Apple ၏ XNU kernel ပေါ်တွင် run နေသကဲ့သို့ပင်ဖြစ်နေစေမည်ဟုဆိုသည်။ ယခုအဖွဲ့၏  research paper အရ “Cider သည် Android ရဲ့ kernel ကို management လုပ်ပေးသောစနစ်ဖြစ်ပြီး , iOS ရဲ့ application binary interface ကို Android ပေါ်မှာတင် run လို့ရအောင် ပြု ပြင်ပေးထားခြင်းဖြစ်သည်”ဟုဆိုသည်။ ယင်း Research အား အောင်မြင်မှုရစေရန် သုတေတနကျောင်းသားများအနေနဲ့  binary compatibility techniques ပေါင်းများစွာကိုအသုံးပြုတွက်ချက်ခဲ့ရတယ်လို့ဆိုပါတယ်။ Cider မှာ compile-time code adaptation ဆိုတဲ့စနစ်ပါဝင်ပြီး ယင်း function  unmodified iOS code တွေကို Android OS ပေါ်မှာ run အောင်ပြုပြင်ပေးထားပြီး , iOS apps များကို အသုံးပြုမည့် Android Device ရဲ့  hardware နှင့် software ပိုင်းတို့နဲ့အဆင်ပြေကိုက်ညီမှုရှိအောင် လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။



http://www.youtube.com/watch?feature=player_embedded&v=Uaple0Ec1Dg






အပေါ်က ဗီဒီယိုမှာဆိုရင် Apple ထုတ် iOS app တစ်ခုဖြစ်တဲ့ iBooks နှင့် အခြား app တစ်ချို့ကို Android Device “Nexus 7″ ပေါ်မှာအသုံးပြုပြနေခြင်းဖြစ်ပါတယ်။ iOS app များကို Cider System အသုံးပြု၍ run နိုင်ပြီဟုဆိုသော်လည်း လက်ရှိတွင် GPS နှင့် Location service ကိုသုံးစွဲရသည့် iOS app များဆိုပါက Android Device ပေါ်တွင် run ရန်မဖြစ်နိုင်သေးကြောင်းနှင့် အဆင်ပြေအောင်ပြုပြင်ရန်လိုအပ်နေသေးကြောင်းကိုမူ ၀န်ခံပြောကြားထားသည်။


Samsung က ၂၀၁၄ ဧပြီလ ထဲမှာ Samsung Galaxy S5 ကိုစတင်ရောင်းချခဲ့ပြီး ယခု မေလထဲမှာတော့ Prime အမျိုးအစား Samsung Galaxy S5 ကိုထုတ်လုပ်တော့မယ်လို့ Samsung မှအတည်မပြုရသေးတဲ့သတင်းများအရသိရပါတယ်။ Samsung မှ ဒီဖုန်းနဲ့ပတ်သက်လို့ ဘာမှပြောကြားခြင်းမရှိသေးတာကြောင့် ဒီဖုန်းရဲ့အကြောင်းအသေးစိတ် နဲ့ ထွက်ရှိမယ့် ရက်ကိုကြိုတင်ပြောလို့မရနိုင်သေးပါဘူး ။ အခု Samsung Galaxy S5 Prime ရဲ့ ဓာတ်ပုံတွေ ထွက်ရှိလာပါပြီ။ PhoneAreana website ကနေထွက်ရှိလာတဲ့ဓာတ်ပုံများဖြစ်ပါတယ်။

 Samsung Galaxy S5 Prime ကို အလူမီနီယမ်ဘောင်နဲ့ပြုလုပ်ထားပါတယ်။ ဖုန်းရဲ့ဒီဇိုင်းက Samsung Galaxy S5 နဲ့သိပ်မကွာဘူးလို့ထင်ရပေမယ့် ဘေးအနံပိုကျယ်လာပြီး မသိမသာလေး ပိုထူပါတယ်။ နောက်ထပ်ပြောင်းလဲမှုအနေနဲ့ကတော့ ဖုန်းရဲ့ စပီကာက ဖုန်းရဲ့အောက်ဘက်ခြမ်း USB port ဘေးဘက်ကိုရောက်ရှိသွားခြင်းပါပဲ။ Samsung Galaxy S5 မှာတုန်းက ဖုန်းရဲ့ဘက်ထရီအဖုံးနောက်ဘက်ခြမ်းမှာရှိပါတယ်။ ဖုန်းရဲ့နောက်ကျော Back Cover ကိုတော့ Samsung Galaxy S5 အတိုင်းပဲ Textured Plastic Cover ကိုပဲအသုံးပြုထားပါတယ်။

 Samsung ဖုန်းနဲ့ပတ်သက်တဲ့သတင်းများကိုတင်ဆက်ပေးလေ့ရှိတဲ့ SamMobile မှ Author Faryaab Sheikh ကတော့ PhoneAreana မှထွက်ရှိလာတဲ့ ယခု Samsung Galaxy S5 Prime ဓာတ်ပုံများဟာ အမှန်တကယ်ဖြစ်နိုင်ကြောင်း ထောက်ခံပြောဆိုထားပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းများအရ Samsung Galaxy S5 Prime ကို ဇွန်လကုန်ပိုင်းလောက်မှာ ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။


တစ်ခြားတော့မဟုတ်ပါဘူး။ ကျတော်တို့နဲ့ မစိမ်းတဲ့ Motorola စမတ်ဖုန်းတစ်ခုရဲ့ app တစ်ခုဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးက သတ်မှတ်တဲ့
အရင်းအနီးဆုံး ဆိုတာ ကိုယ်ခေါ်ဆိုထားမူအများဆုံးနဲ့ တစ်သီးတစ်ခြားသတ်မှတ်ထားတဲ့ကိုယ်ရဲ့ Contact တွေ ဖြစ်ပါတယ်။
ဘယ်သူဘဲဖြစ်ဖြစ်တော့ တကယ်အရေးပေါ်အခြေအနေကိုရောက်နေတယ်ဆိုရင် ကိုယ်ရဲ့ သူငယ်ချင်းဖြစ်စေ၊ မိသားစုကို ဖြစ်စေ သင့်ဟာ အကူအညီလိုနေပြီးဆိုတာ
အားကိုတစ်ကြီး အကူအညီတောင်းလို့ကြတာ၊ တောင်းချင်ကြတာပဲလေ။ သူတို့ဆီကို ဘယ်လို လျှင်မြန်စွာ အသိပေးနိင်ပါမလဲ ? တကယ်လို့ သင့်ဟာ Moto E ဒါမှမဟုတ် Moto G ကို ကိုင်ထားမယ်ဆိုရင် Motorola Alert လို့ခေါ်တဲ့ App ကို သင့်ရဲ့ အန္တရယ်တွေကို ဖယ်ရှားပစ်ဖို့ရာ အသုံးပြုနိင်ပါလိမ့်မယ်။ ထို App အသစ်ဟာ Emergency mode မှာ သင့်ကို ခလုတ်ဆွဲဖို့ ခွင့်ပြုပေးထားပြီး ပုံမှန် သတိပေးမူနဲ့ တည်နေရာ အသိပေးမူတွေကို သင့်ရဲ့ အရေးကြီးတဲ့ အဆက်အသွယ်တွေဆီကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ လူတွေနဲ့ တွေ့ဖို့ နဲ့ သင့်ဟာ မိသားစုနေရာမှာ အလုပ်နေရာတွေမှာ ရှိတယ်ဆိုတာကိုလည်း အသိပေးနိင်ပါတယ်။ စိတ်မချတဲ့ ဇနီး ၊ ယောကျာင်္တွေ အတွက် စိတ်ချရစေမဲ့ app တစ်ခုလို့လည်း
ယူဆနိင်ပါတယ်။
Motorola E ဟာဆိုရင် ဈေးက $ 129 သာသာ ရှိတဲ့ အတွက် အသုံးပြုသူတွေကို ငွေကြေးပိုင်းမှာ အဆင်ပြေအောင် ပြုလုပ်ပေးထားတာကိုတွေ့ရပါတယ်။

Samart Ram Booster Pro v3.32 for android


Android phone/tablet ကိုင်ဆောင်သူများအတွက် အသုံးဝင်ဆော့ဝဲလ်လေး Smart RAM Booster Pro ကိုတင်ပေးလိုက်ပါတယ်။မိမိဖုန်းရဲ့ သွက်လက်မြန်ဆန်မှုကို စိတ်တိုင်းမကျဖြစ်နေသူတွေ အတွက် ဆောင့်ထားသင့်တဲ့ဆော့ဝဲလ်ကောင်းလေးဖြစ်ပါတယ်။တစ်ချက်နှိပ်ရုံနဲ့ Ram free ပိုရကာဖုန်းအတွက် အမှန်တကယ်သွက်လက်စေပြီး phone widget အနေနဲ့လည်း ထားပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။အောက်မှာရယူနိုင်ပါတယ်။

Sunday, May 18, 2014

မြန်မာဂိမ်းလေးတစ်ခုပါဗျာ I am jack တဲ့

ခုန်ပျံကျော်လွှား အန္တရယ်များ နာမည်နဲ့ မြန်မာ ဂိန်းလေး ထွက်လာတာနဲ့ တင်ပေးလိုက်ပါတယ်။ ဂိန်းရဲ့ Feature ကတော့ အနောက်ကနေ သရဲကလိုက် ကိုယ်ကပြေးရင်းနဲ့ ဒင်္ဂါးပြားတွေလိုက်စား,တောင်တွေ လိုက်ကျော် ခုန်ပျံကျော်လွှား ဆိုတဲ့ နာမည်အတိုင်း ပဲ ဆောလို့ကောင်းပြီး အရမ်းစိတ်ဝင်စားစရာကောင်း တဲ့ မြန်မာဂိန်းလေးပါ။ အားလုံး မြန်မာစာနဲ့ ဆိုတော့ မြန်မာလူမျိုးတွေအတွက် အဆင်ပြေစေပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေဖန်တီးထားတာ အရမ်းကို ဂုဏ်ယူဖို့အောင်းပါတယ်။ ဂိန်းဆော့ ၀ါဒနာရှင်များ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

သင်ဒီကကူးလာတယ်နော် ဟဲ: http://androidlulin.blogspot.com/2013/08/im-jack.html
မူလစာရေးသူ -->>Android လုလင်(http://androidlulin.blogspot.com/)
ခုန်ပျံကျော်လွှား အန္တရယ်များ နာမည်နဲ့ မြန်မာ ဂိန်းလေး ထွက်လာတာနဲ့ တင်ပေးလိုက်ပါတယ်။ ဂိန်းရဲ့ Feature ကတော့ အနောက်ကနေ သရဲကလိုက် ကိုယ်ကပြေးရင်းနဲ့ ဒင်္ဂါးပြားတွေလိုက်စား,တောင်တွေ လိုက်ကျော် ခုန်ပျံကျော်လွှား ဆိုတဲ့ နာမည်အတိုင်း ပဲ ဆောလို့ကောင်းပြီး အရမ်းစိတ်ဝင်စားစရာကောင်း တဲ့ မြန်မာဂိန်းလေးပါ။ အားလုံး မြန်မာစာနဲ့ ဆိုတော့ မြန်မာလူမျိုးတွေအတွက် အဆင်ပြေစေပါတယ်။  ကျနော်တို့ မြန်မာလူမျိုးတွေဖန်တီးထားတာ အရမ်းကို ဂုဏ်ယူဖို့အောင်းပါတယ်။
ဂိန်းဆော့ ၀ါဒနာရှင်များ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

Edge of Tomorrow Game Mod Version: 1.0.0 APK Unlocked and Unlimited Bullets (All Android)

ကဲ ..... သူငယ်ချင်းတို့ရေ. ဒီတစ်ခါတော့ ကမ္ဘာကိုဖျက်စီးဖို့ရောက်လာတဲ့ ဂြိုဟ်သားတွေကို ကိုယ် ကိုယ်တိုင် ဆန်းပြားတဲ့လက်နက်တွေနဲ့ ခုခံကာကွယ်တိုက်ခိုက်နေသလို ခံစားနေရမယ့် Edge of Tomorrow Mod APK Full Version လေးကို တင်ပေးလိုက်ပါတယ် ခင်ဗျာ....။New Update verison လေးဖြစ်တဲ့အတွက် စိတ်ဝင်စားဖွယ် ပုံလေးတွေနဲ့ပါ တင်ပေးလိုက်ပါတယ်။ Andriod 4.0  နှင့်အထက် မှာ ကစားနိုင်ပါတယ်။ Obb ဖိုင်ကိုတော့ SDCARD/Android/Obb မှာ သွားထည့်ပေးလိုက်ပါ ခင်ဗျာ...။
 




 

Die Hard Mod Version: 1.40 APK Unlimited Coins (All Android)

အက်ရှင်ဆန်ဆန် အပစ်အခက်လေးကိုမှ ကြိုက်နှစ်သက်ကြတဲ့ ကျနော့်သူငယ်ချင်းတွေအတွက်
Die Hard Mod V: 1.40 APK လေးကိုတင်ပေးလိုက်ပါတယ် ခင်ဗျာ....။ ဇာတ်ဝင်ခန်းလေးတွေနဲ့ စိတ်လှုပ် ရှားဖွယ်ရာ ရင်တထိတ်ထိတ်နဲ့ ကစားရမယ့်အပြင် ဇာတ်လမ်းဇာတ်ကွက်များကိုပါ ပုံနှင့်တကွ တင်ပေး လိုက်ပါတယ်။ Android : 2.3 နှင့်အထက် ကစားနိုင်ပါတယ် ခင်ဗျာ...။
 

 
 

Saturday, May 17, 2014

Lock Down Pro (app lock) for android



Application အသစ်လေးတွေနဲ့ မိတ်မဆက်ပေးရတာကြာလို့ ဒီတစ်ခါမိတ်ဆက်ပေးလိုပါတယ် … ဒီ Application ကတော့ Lockdown Pro ဆိုတဲ့ Application လေးပဲဖြစ်ပါတယ် … Android မှာ အသုံးပြုလို့ရသလို iOS မှာက Cydia tweak မှာ လဲ Download ရယူနိုင်ပါတယ်ခဗျာ … ဒီ Application ကို အသုံးပြုရန် Android တွင် Root မလိုအပ်သလို iOS တွင် အသုံးပြုရန်မှ Jailbreak ရှီရန် လိုအပ်ပါသည်။ Application လေးရဲ့ အသုံးဝင်ပုံလေးကတော့ ကျနော်တို့ Application တွေကို Lock တွေခံပြီးသုံးကြတယ်ပေါ့ … Lock တွေသုံးတဲ့နေရာမှ ကိုမသုံးစေချင်လို့ Lock ခံထားတဲ့ Application ကိုမှ မိမိရဲ့ ပတ်သက်ရာပတ်သတ်ကြောင်းဖြစ်တဲ့ ချစ်သူ ဖြစ်ဖြစ် မကင်းရာမကင်းကြောင်း တစ်စုံတစ်ယောက် ဖြစ်ဖြစ် ဝင်ကြည့်ပြီး Password တောင်းတဲ့သူတွေအတွက် အကောင်းဆုံး လိမ်ညာပေးမဲ့ Application လေးပါ။ အခြားသော Application Lock တွေဟာ များသောအားဖြင့် Lock ခံထားတဲ့ Application ကို ဖွင့်လိုက်ပြီဆိုတာနဲ့ Lock ကို ဖွင့်ခိုင်းတော့တာပါပဲ …  ဒီ Application လေးကတော့ မိမိ Lock ခံထားတဲ့ Application ကို တစ်စုံတစ်ယောက်က ဖွင့်ကြည့်လိုက်ပြီဆိုတာနဲ့
error လေးပဲပြပေးပြီး Ok နှိပ်လိုက်ရင် ဖွင့်လို့မရပဲပြန်ထွက်သွားမှာဖြစ်ပါတယ် ပေါ့နော် … :P :P … မသိရင် Application က error တက်နေသလိုလို … Google Play Store ကိုပဲ ပြေးပြီး ပြင်ရတော့မလိုလိုပေါ့နော် …  Lock ချတဲ့ Application တွေကို ဖွင့်ဖို့အတွက်ဆိုရင်တော့ … အပေါ်မှ ပုံအတိုင်းပေါ်လာရင် Ok ကို 3 စက္ကန့်လောက်ဖိထားလိုက်ပါ။ မိမိ Lock ချထားသော Password ကိုလာတောင်းမှာဖြစ်ပြီး Password ထည့်ပေးလိုက်ပါက Application ပွင့်သွားမှာဖြစ်ပါတယ်ခဗျာ … Android အတွက် အသုံးပြုချင်သူများကတော့ ဒီမှာ တစ်ခါထဲ Download ရယူနိုင်ပြီ

Wednesday, May 14, 2014

လမ်းလျှောက်ရင်းဖုန်းသုံးစွဲသူများတရုတ်(တိုင်ပေ)တွင်ဒဏ်ငွေဆောင်ရမည်


တရုတ် (တိုင်ပေ) နိုင်ငံတွင် လမ်းလျှောက်ရင်း စမတ်ဖုန်းသုံးစွဲသူများသည် ကားလမ်းဖြတ်ကူးစဉ် ၎င်းတို့ဖုန်းများကို ကားများထက် အာရုံစိုက်နေပါက ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

တရုတ် (တိုင်ပေ) နိုင်ငံတွင် မိုဘိုင်းဖြင့် အင်တာနက်သုံးစွဲသူ ၁၄ သန်းရှိကာ အစိုးရက ၎င်းတို့ကို ဖုန်းအလွန်အမင်း စွဲလန်းသူများအဖြစ် သတ်မှတ်ထားကြသည်။ ယခုအခါ တရုတ် (တိုင်ပေ) တွင် ဒဏ်ငွေကောက်ခံလိုက်ခြင်းဖြင့် ဖုန်းအလွန်အမင်းစွဲလန်းခြင်းကို တားဆီးခြင်းနှင့် ယာဉ်တိုင်မှုများကြောင့် သေဆုံးသည့် အရေအတွက်ကို လျော့ချနိုင်ရန် မျှော်လင့်နေသည်။ တရုတ် (တိုင်ပေ) ယာဉ်မောင်းများသည် ခြေကျင်လျှောက်သူများကို ဦးစားပေးလေ့မရှိကြောင်း စည်းကမ်းလိုက်နာမှုမရှိသော ယာဉ်အသွားအလာများသည် ခြေကျင်လျှောက်သူများကို အန္တရာယ်များစေကြောင်း အစိုးရ၏ဖော်ပြချက် အရသိရသည်။

ထို့ကြောင့် တရုတ် (တိုင်ပေ) တွင် ခြေကျင်လျှောက်သူများ လမ်းလျှောက်ခြင်းကို အာရုံမစိုက်ပါက ဒေါ်လာ ၁၀ အထိ ပေးဆောင်ရဖွယ်ရှိကြောင်း သိရသည်။

ref:Internet Journal

Dr.Mobile မှသတင်းကောင်းတစ်ပုဒ်တင်ပေးလိုက်ပါတယ်. အင်တာနက်လိုင်းများဆက်လက်နှေးကွေးနေဦးမည်



ယမန်နှစ်က အင်တာနက် သုံးစွဲသူ ၁ သန်းမှ ယခုနှစ်တွင် ၄ သန်းအထိ တိုးလာသည် (ဓာတ်ပုံ – ဟိန်းထက်/ဧရာဝတီ)
မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ တရှိန်ထိုး မြင့်တက်လာသဖြင့် အင်တာနက် ကော်နက်ရှင်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်ဖြစ်ပြီး လိုင်းများ ကောင်းမွန်လာရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။
၂၀၁၃ ခုနှစ်တွင် အင်တာနက် သုံးစွဲသူမှာ ၁ သန်းခန့်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ သန်းခန့် အထိ မြင့်တက်လာသဖြင့် အင်တာနက် လိုင်းကောင်းရန် အနည်ဆုံး ၃ နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်း
သုံးစွဲသူအားလုံးနီးပါးမှာ အင်တာနက်လိုင်း သုံးစွဲမှုကြောင့် အင်တာနက် ကော်နက်ရှင် လိုင်းနှေးကွေးနေရခြင်း ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးသောင်းတင်က နေပြည်တော်တွင် မေလ ၁၁ ရက်နေ့က ဧရာဝတီသို့ ပြောကြားခဲ့သည်။
“အရင်တုန်းက မိုဘိုင်းဖုန်း ပေးရင် ၁၀ ရာခိုင်နှုန်းကပဲ အင်တာနက် သုံးတယ်။ အခုက မိုဘိုင်းသုံးစွဲသူ အားလုံးနီးပါးက အင်တာနက်သုံးနေတာ။ ကျနော်တို့ကတော့ ၃ နှစ်အတွင်း အင်တာနက်လိုင်း မြန်အောင် လုပ်ဖို့ ရှိတယ်။ အင်တာနက်ကို ပိုမြန်အောင် လုပ်ချင်တဲ့ ကုမ္ပဏီကို ကန့်သတ်မထားဘူး။ အင်တာနက် လုပ်ချင်တယ်လို့ လာလျှောက်ရင် ခွင့်ပြုပေးမှာ” ဟု ဒု ၀န်ကြီး ဦးသောင်းတင်က ဆိုသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲသူ ၈ သန်းခန့် ရှိပြီး လူဦးရေ ၄ သန်းမှာ အင်တာနက်ကို မိုဘိုင်းဖုန်းဖြင့် သုံးစွဲနေကြောင်း၊ အင်တာနက် မိုဘိုင်းဖုန်း ၀န်ဆောင်ပေးမည့် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ငန်းများ စတင်နိုင်ပါက အင်တာနက် အမြန်နှုန်း ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။
“အင်တာနက်လိုင်းက တဖြည်းဖြည်းချင်းတော့ ပိုကောင်းလာမှာပါ။ အခုက ကျနော်တို့ Supply က လိုက်တက်လာတာနဲ့ အမျှ Demand က လိုက်တက်လာတော့ အင်တာနက် နှုန်းမြန်ဖို့က ခက်တယ်။ အဲဒီနှစ်ခုက ဘယ်အချိန်မှာ ညီမျှသွားမလဲပေါ့။ တချိန်ချိန်မှာတော့ Supply က လိုချင်သလောက် ရသွားရင် အဆင်ပြေသွားမှာပါ ” ဟု ဒု ဝန်ကြီး ဦးသောင်းတင်က ပြောသည်။
အင်တာနက်လိုင်း ပိုမိုမြန်ဆန်လာစေရန် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ကိုင်မည် ဖြစ်သော်လည်း မြန်မာတနိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် အနည်းဆုံး ၅ နှစ်ခန့် အချိန်ယူရမည်ဟု နိုင်ငံတကာ လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။
“ကျနော်ဆို ဖုန်းနဲ့ အင်တာနက် သုံးတာ။ တနေကုန် သုံးလို့ မရဘူး။ ညဦးပိုင်းလည်း သုံးမရဘူး။ အင်တာနက် သုံးမယ်ဆိုရင် သန်းခေါင်ကျော်အောင် စောင့်ရတယ်။ သန်းခေါင်ကျော် လိုင်းကောင်းမှ မေးလ်ပို့စရာရှိတာ ပို့ရတယ်။ ဒါတောင် တခါတလေ လိုင်းမကောင်းလို့ မိုးလင်းတဲ့ ညတွေရှိတယ်” ဟု အင်တာနက် ပုံမှန်သုံးစွဲသူ ရန်ကုန်မြို့မှ ကိုဇေယျာစိုပြေက ပြောသည်။
အင်တာနက် သုံးစွဲရန် ပေးထားရသော ၀န်ဆောင်ခနှင့် ပြန်ရရှိသော ၀န်ဆောင်မှုမှာ လုံးဝ မမျှတဟု သူက ယုံကြည်နေသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ကလည်း Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်ရန် International ပါတနာ ကုမ္ပဏီအား ရှာဖွေလျက်ရှိပြီး မရရှိပါက Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း ဒု ၀န်ကြီး ဦးသောင်းတင်က ပြောသည်။
“MPT အနေနဲ့ ပါတနာ မရရင်တော့ Ooredoo နဲ့ Telenor ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အခု စပြိုင်နေရပြီ။ အပြိုင်အဆိုင် ဖြစ်လာရင် ဘယ်သူ ဘာလုပ်လို့ ပြောစရာ မလိုတော့ဘူး။ Market က ဆုံးဖြတ်ပေးလိမ့်မယ်” ဟု သူက ဆိုသည်။
ဆက်သွယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အစိုးရက အတည်ပြု ပြဌာန်းထားပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အပါအ၀င် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများကို ယင်းဥပဒေနှင့် လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိသည်။
အစိုးရက ခွင့်ပြုထားသည့် ဆက်သွယ်ရေး မိုဘိုင်း အော်ပရေတာ ၄ ခုမှာ MPT, ရတာနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor Myanmar ကုမ္ပဏီတို့ ဖြစ်သည်။
Ref & Credit to:ဧရာဝတီ


Android ဖုန်းတွေအတွက်လူသုံးအများဆုံး Theme Launcher တစ်ခုဖြစ်တဲ့ Next Launcher 3D ရဲ့နောက်ဆုံး version 3.11ကိုတင်ပေးလိုက်ပါတယ်။ ဖုန်းမှာသုံးနေကျ Screen Theme ဒီဇိုင်းကိုရိုးလာလို့ တခြား Launcher Theme ပြောင်းသုံးချင်တယ်ဆိုရင်တော့ Next Launcher 3D ကိုသုံးသင့်ပါတယ်။ Next Launcher 3D ဟာ တခြား Launcher တွေနဲ့မတူပဲ 3D Theme Effect တွေအများကြီးပါဝင်တာကြောင့် သင့်ရဲ့ဖုန်း screen ဒီဇိုင်းကိုနဂိုထက်ပိုပြီးထူးခြားလှပသွားစေမှာပါ။အခုအသစ်ထွက်ဗားရှင်းမှာ Next Launcher ရဲ့  UI ဒီဇိုင်းပြောင်းလဲလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်. Next Launcher 3D v3.11for Android ကို Google Play မှာ 9.99 ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်သလို Dr.Mobile မှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူပါ။

တယ်လီနော မိုဘိုင်းလ်အင်တာနက်မြန်နှုန်း MPT ထက်နှစ်ဆပိုမည်ဟုဆို


တယ်လီနော ဆင်းမ်ကတ်များတွင် ပါဝင်မည့် မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုပါက လက် ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်ထက် နှစ်ဆမြန်မည်ဖြစ်ကာ အနည်းဆုံးမြန်နှုန်း 1 Mbps (Mega Byte per Second) ရှိမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။
မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲပါက အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်ချင်း ဆက်သွယ်ရန် Fiber Cable များတပ်ဆင် မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။
“မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲမယ်ဆိုရင် 2G နဲ့ရော 3G နဲ့ပါ သုံးလို့ရမယ်” ဟု Mr. Petter Furberg က မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့တော် စိမ်းလန်းစိုပြေ ဥယျာဉ်တွင် ပြုလုပ်သည့် Net Monday အခမ်း အနား တွင် ပြောကြားသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုနေသူများမှာမူ မည် သည့် မြန်နှုန်းဖြင့် သုံးစွဲနေရသည်ကို မသိရဘဲ တစ်ခါတစ်ရံ 1 Kbps (Kilo Byte pre Second) အောက် အထိ ကျဆင်းကြောင်း သုံးစွဲသူများထံမှ သိရသည်။
“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြုရတာတွေ အဆင်ပြေလာမယ်။ 1 Mbp ဆိုတာကတော့ တော်တော်ကို အဆင်ပြေတဲ့ အမြန်နှုန်းပါ။ ဖြစ်နိုင်ရင် ဆက်သွယ်ရေးဘက် က ပြည် တွင်းပြည်ပ Provider တွေထပ်ခေါ်ပြီး Fixed လိုင်းတွေကိုလည်း ပိုကောင်းအောင် လုပ်စေချင်တယ်” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ပြောဆိုသည်။


Ref & Credit: The Voice Weekly

Viber 4.3.3.67 (For Android)

May 14 ရက်နေမှာ Viber Version အသစ်ထွက်ရှိလာတာနဲ့ Dr.Mobile မှ တင်ဆက်ပေးလိုက်ပါတယ်ဗျာ.အားလုံးလဲသိပြီးသားဖြစ်လို့ ထွေထွေထူးထူး ပြောမနေတော့ဘူးနော်.
အောက်မှာ ဒေါင်းသွားပေတော့ဗျာ.



Sunday, May 11, 2014

Apple နှင့် Samsung တို့က၎င်းတို့၏ Fingerprint နည်းပညာကို တက်ဘလက်တွေမှာထည့်သွင်းလုပ်ဆောင်သွားဖွယ်ရှိ

နာမည်ကြီးဖုန်းကုမ္ပဏီနှစ်ခုဖြစ်သည့် Apple နှင့် Samsung တို့က၎င်းတို့၏ လူကြိုက်များတဲ့နည်းပညာတစ်ခုဖြစ်သည့် Fingerprint (လက်ဗွေရာစနစ်) နည်းပညာကိုဖုန်းတွေတင်မကပဲတက်ဘလက်တွေထဲမှာတောင်ထည့်သွင်း လုပ်ဆောင်သွားမည့်အစီအစဉ် ရှိနေကြောင်းသိရသည်။
ယင်းစနစ်ကို Samsung ကစတင်လုပ်ဆောင်ဖို့စီစဉ်လျက်ရှိပြီး၎င်း၏ တက်ဘလက်တစ်လုံး ဖြစ်သည့် Galaxy Tab S တွင်ပါရှိလာဖွယ်ရှိ သည်ဟုသိရသည်။
PayPal ၊ Moblie Payments နှင့်အခြားသောစနစ်များတွင် Fingerpint စနစ်ဖြင့် Lock ချထားနိုင်အောင်တက်ဘလက်အတွက်လုပ်ဆောင်သွားမည် ဟုမျှော်လင့်လျက်ရှိသည်။
ယင်းကဲ့သို့ Samsung ကတက်ဘလက်မှာ Fingerprint စနစ်ထည့်သွင်း ရန်လုပ်ဆောင်နေစဉ်မှာပင်၎င်း၏ပြိုင်ဘက်ဖြစ်သော Apple ကလည်း Apple iPad တွင်အဆိုပါစနစ်ကိုထည့်သွင်းသွားမည်ဟုပြောဆိုလိုက်သည်။
ယင်းစနစ်ကို Apple ရဲ့နောက်ပိုင်းထွက်တက်ဘလက်တွေမှာရရှိ မှာဖြစ်ကြောင်းသိရပြီး ယင်းသတင်းကြောင့်Apple နှင့် Samsungတို့၏ တိုက်ပွဲဟာစမတ်ဖုန်းတွင်မကပဲတက်ဘလက်အထိပါပါဝင်လာတော့မည့် အခြေအနေမှာရှိသည်ဟုသိရသည်။
တက်ဘလက်ဈေးကွက်၏ ၃၂.၆ရာခိုင်နှုန်းကို Apple ကပိုင်ဆိုင်ထားပြီး Samsung ကတော့ယခင် ၂၂.၃ရာခိုင်နှုန်းကနေ ၃၂ရာခိုင်နှုန်းအထိမြင့် တက်လာလျက်ရှိသည်။
လက်ရှိမှာ Apple ရဲ့တက်ဘလက်ဈေးကွက်ကအရင်ထက်အနည်းငယ် ကျဆင်းလာတဲ့အတွက်အနာဂတ်မှာ Samsung ကတက်ဘလက်ဈေး ကွက်ကိုလက်ဝါးကြီးအုပ်သွားနိုင်မည်ပုံစံကိုတွေ့မြင်နေရကြောင်းသိရသည်။
သေချာမှုတစ်ခုအနေနဲ့လာမည့်ဇွန်လနှင့်စက်တင်ဘာလတွင် Apple နှင့် Samsung တို့၏ Fingerprint စနစ်ပါရှိတဲ့တက်ဘလက်တွေထွက်ရှိ လာတော့မည်ဖြစ်ကြောင်းခန့်မှန်းထားကြသည်။

Saturday, May 10, 2014

Viber Sticker Enabler v2.0 for Android

Viber Sticker Enabler v2.0 ကို Google Play ပေါ်သို့တင်ပေးလိုက်ပါပြီ။
ဝယ်ရတဲ့ Viber Sticker တွေကို free ရယူလိုတဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် ရည်ရွယ်ရေးသားပေးလိုက်တာပါ။ နောက်လာမယ့် version 3.0 မှာ အခု version မှာ free ယူလို့မရသေးတဲ့ Sticker တွေကိုပါယူလို့ရအောင် ထပ်မံဖြည့်စွက်ရေးသားပေးပါမယ်။ ဒါကြောင့် update ပေးတိုင်းသိနိုင်အောင် Play Store ကနေပဲ “Viber Sticker Enabler” ဆော့ဝဲကိုသွင်းကြဖို့အကြံပြုပါတယ်။ Viber Sticker Enabler ကိုအသုံးမပြုခင်မှာ Viber ဆော့ဝဲထဲကနေထွက်ထားပါ။ ( **Background process မှာပင် run မနေစေအောင်ထွက်ထားပါ**)
ပြီးရင် Viber Sticker Enabler ဆော့ဝဲကိုဝင်ပြီး “Hack Me” ကိုနှိပ်ပြီးတာနဲ့ Viber ဆော့ဝဲထဲပြန်ဝင်ပြီး Sticker Market ထဲက Paid Sticker တော်တော်များများကို free ရယူနိုင်ပါပြီ။ ပိုက်ဆံနဲ့ဝယ်ရမယ့် sticker ထဲဝင်လိုက်တာနဲ့ Download လုပ်ပြီးဖြစ်ပါလိမ့်မယ်။ Viber Sticker Enabler သည် Myanmar Mobile App Store (www.myanmarmobileapp.com) ၏ Product တစ်ခုဖြစ်ပြီးရေးသားသူမှာ ကိုသက်နိင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်သည်။ Viber Sticker Enabler ကိုအသုံးပြုရန် ဖုန်းတွင် Root Access ရှိရန်လိုအပ်ပါသည်။ သတိပြု၇န်အချက်ကတော့ Sticker များရရှိသော်လည်း Viber မှာနဂိုပြောထားတဲ့ Message များပျက်ပြီး အသစ်အတိုင်းပြန်ဖြစ်သွားပါမည်။ MMUG Group ထဲမှာ viber sticker hacking method manually နည်းလမ်းတစ်ခုတွေ့ပါတယ်။ အဲဒီဟာကို users တွေလုပ်ရတာ ရှုပ်ထွေးနေတာကြောင့် အလွယ်ကူဆုံးဖြစ်အောင် Android application အနေနဲ့ပြန်ရေးပေးလိုက်တာပါပဲ ။ Viber Sticker Enabler ကိုအောက်က link ကနေရယူနိုင်ပါပြီ။
 
 
PlayStore ကနေ download လုပ်ခြင်းသည်သာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါမှ Version update ပေးတဲ့အခါအလွယ်တကူ update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
 

  
အားလုံးပဲအဆင်ပြေကြပါစေ။

Awesome On Off Ultimate for android

Android မှာ ဖုန်းလော့ဖွင့်ပိတ်ကို ခလုတ်သက်သာစေတဲ့ ဆော့ဝဲလေးမို့ Android သမားတိုင်း ဆောင်ထားရန် တင်ပေးလိုက်ပါတယ် ။ 
.
ချက်တင်ထိုင်နေတာဖြစ်ဖြစ် တစ်ခုခုအသုံးပြုနေတဲ့အခါ Power ခုလုတ်ကို ခဏခဏမသုံးချင်ရင် အရမ်းအဆင်ပြေတဲ့ဆော့ဝဲတစ်ခုဖြစ်ပြီး မားကပ်မှာဈေးကြီးဆော့ဝဲတစ်ခုဖြစ်ပါတယ်
.
ဖုန်းကို ကိုင်လိုက်တာနဲ့ စခရင်ဖွင့်ပေးပါလိမ့်မယ် ။
( အနည်းငယ်လှုပ်လိုက်ခြင်းသဘောမျိုးပါ ၊ လှုပ်မှုကိုလဲ ချိန်ညှိနိုင်ပါတယ် )
.
လော့ပြန်ချချင်ရင် လက်ပြလိုက်တာနဲ့ ပိတ်သွားပါမယ် ။
( လက်ပြချင်းကို အချက်ရေ သတ်မှတ်ထားပေးလို့ရပါတယ် )
.
ပိတ်ဖွင့်ကို ကြိုက်ရာတစ်မျိုးဖြစ်စေ နှစ်မျိုးလုံးဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါတယ် ။
.
သင်အပြင်သွားသည်ဖြစ်စေ အိပ်ကပ်ထဲထည့်ဆောင်သွားမည်ဆိုပါက ဆော့ဝဲပိတ်ထားချင်ရင်လဲ အရမ်းလွယ်ကူပါတယ် ။
.
ပုံထဲက သူ့အိုင်ကွန်ရှော့ကပ် Start/Stop ဆိုတာလေးကို တို့ထိလိုက်ယုံပါပဲ Noti မှာ သူဖွင့်ထားကြောင်း ပျောက်သွားပါမယ် ။
ပြန်နှိပ်လိုက်ရင် ထိုဆော့ဝဲဖွင့်ထားကြောင်း Noti မှာ ပေါ်နေပေးပါလိမ့်မယ်
.
ကဲ…. မလန်းဘူးလား လိုချင်သူများ ဒီမှာသွားရောက်ဒေါင်းယူပါ


Dr.Mobile နှိပ်ပါ