Samsung က ၂၀၁၄ ဧပြီလ ထဲမှာ Samsung Galaxy S5 ကိုစတင်ရောင်းချခဲ့ပြီး ယခု မေလထဲမှာတော့ Prime အမျိုးအစား Samsung Galaxy S5 ကိုထုတ်လုပ်တော့မယ်လို့ Samsung မှအတည်မပြုရသေးတဲ့သတင်းများအရသိရပါတယ်။ Samsung မှ ဒီဖုန်းနဲ့ပတ်သက်လို့ ဘာမှပြောကြားခြင်းမရှိသေးတာကြောင့် ဒီဖုန်းရဲ့အကြောင်းအသေးစိတ် နဲ့ ထွက်ရှိမယ့် ရက်ကိုကြိုတင်ပြောလို့မရနိုင်သေးပါဘူး ။ အခု Samsung Galaxy S5 Prime ရဲ့ ဓာတ်ပုံတွေ ထွက်ရှိလာပါပြီ။ PhoneAreana website ကနေထွက်ရှိလာတဲ့ဓာတ်ပုံများဖြစ်ပါတယ်။

 Samsung Galaxy S5 Prime ကို အလူမီနီယမ်ဘောင်နဲ့ပြုလုပ်ထားပါတယ်။ ဖုန်းရဲ့ဒီဇိုင်းက Samsung Galaxy S5 နဲ့သိပ်မကွာဘူးလို့ထင်ရပေမယ့် ဘေးအနံပိုကျယ်လာပြီး မသိမသာလေး ပိုထူပါတယ်။ နောက်ထပ်ပြောင်းလဲမှုအနေနဲ့ကတော့ ဖုန်းရဲ့ စပီကာက ဖုန်းရဲ့အောက်ဘက်ခြမ်း USB port ဘေးဘက်ကိုရောက်ရှိသွားခြင်းပါပဲ။ Samsung Galaxy S5 မှာတုန်းက ဖုန်းရဲ့ဘက်ထရီအဖုံးနောက်ဘက်ခြမ်းမှာရှိပါတယ်။ ဖုန်းရဲ့နောက်ကျော Back Cover ကိုတော့ Samsung Galaxy S5 အတိုင်းပဲ Textured Plastic Cover ကိုပဲအသုံးပြုထားပါတယ်။

 Samsung ဖုန်းနဲ့ပတ်သက်တဲ့သတင်းများကိုတင်ဆက်ပေးလေ့ရှိတဲ့ SamMobile မှ Author Faryaab Sheikh ကတော့ PhoneAreana မှထွက်ရှိလာတဲ့ ယခု Samsung Galaxy S5 Prime ဓာတ်ပုံများဟာ အမှန်တကယ်ဖြစ်နိုင်ကြောင်း ထောက်ခံပြောဆိုထားပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းများအရ Samsung Galaxy S5 Prime ကို ဇွန်လကုန်ပိုင်းလောက်မှာ ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)