Posts

Showing posts from June 8, 2014

HTC One (M8) နှင့် Desire 816 ဖုန်းမော်ဒင်နှစ်မျိုးဈေးကွက်ဝင်

Image
HTC ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းမော်ဒယ်နှစ်မျိုးဖြစ်တဲ့ HTC One (M8) နဲ့ Desire 816 ဖုန်းတွေကို ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ HTC One (M8) ကို ကန်ဒေါ်လာ 699 ၊ Desire 815 ကို ကန်ဒေါ်လာ 395 နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာပထမဆုံးသတ္တုကိုယ်ထည်ကို အသုံးပြုထုတ်လုပ်ထားတဲ့ HTC One (M8) မှာ Selfie ရိုက်ကူးမှုအတွက် အထောက်အကူပြု ကင်မရာလုပ်ဆောင်ချက်တွေ၊ အရေးပေါ်အသုံးပြုနိုင်ဖို့အတွက် ဘက်ထရီပါဝါကို ကြာရှည်ခံအောင် ပြုလုပ်ပေးတဲ့လုပ်ဆောင်ချက်သစ်တွေ၊ ဗီဒီယိုနဲ့ သီချင်းနားထောင်ခြင်းအတွက် စတူဒီယိုအသံထွက်ကို ရရှိနိုင်ခံစားနိုင်မယ့် စကရင်ထိပ်ဖက်မျက်နှာပြင်နဲ့ အောက်ဘက်မျက်နှာပြင်တွေမှာ စပီကာစနစ်ပါဝင်မှာဖြစ်ပါတယ်။ Desire 816 ကတော့ တန်ဖိုးနည်းနည်းနဲ့ များပြားလှစွာသော လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မယ့် စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး စကရင်ကြီးကြီး၊ ပါးလွှာတဲ့ဒီဇိုင်း၊ စတူဒီယိုအသံထွက်နဲ့ ဖန်စီကာလာနှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် ဖုန်းအမျိုးအစားပဲဖြစ်ပါတယ်။   REF: Internal Journal    

Android တွင် Bump,IBeacon တို့နှင့် ဆင်တူသည့် နည်းပညာထည့်သွင်းမည်

Image
Google က Bump App ၏ စွမ်းဆောင်ချက် ကို Android တွင် ထည့်သွင်းမည် ဖြစ်ပြီး Neary စွမ်းဆောင်ချက် ဟု အမည်ပေးထားပါသည်။ Android Pol ice ၏ အဆိုအရ Nearby ကို မကြာမီတွင် Google Play Service အနေဖြင့် Android Device များတွင် ထည့်သွင်းပေးမည် ဟု သိရပါသည်။ Nearby သည် Android Device များကြားတွင် သတင်းအချက်အလက်များ အလွယ်တကူ Share လုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် စတိုးဆိုင်များတွင် ဈေးဝယ်သည့်အခါတွင်လည်း Discount အစီအစဉ်များ နှင့် ကူပွန်များကို ဖုန်းမှ လက်ခံရရှိမည် ဖြစ်သည်။ အနီးအနားတွင် ရှိသော Android Device များကြားတွင် သတင်းအချက်အလက်များ လွယ်ကူစွာ ပေးပို့ရယူနိုင်သည့် စွမ်းဆောင်ချက်မှာ Bump App နှင့် ဆင်တူပါသည်။ Bump App ကို Google က ၂၀၁၃ ခုနှစ် စက်တင်ဘာလ တွင် ၀ယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ Bump ၏ CEO ဖြစ်သူ David Lieb က သူတို့ အဖွဲ့သည် Google ၏ စီမံကိန်းများတွင် ပူးပေါင်းမည် ဟု ယခုနှစ် ဇန်န၀ါရီလ တွင် ပြောကြားခဲ့ပါသည်။ Bump သည် Android Phone နှစ်လုံး ကို ထိတွေ့ရုံဖြင့် Contact Information, Photos, Videos, Apps, Files များကို လွယ်ကူစွာ Share လုပ်နိုင်ခြင်း ဖြစ်ပါသည်။ ဖုန်းနှစ်လုံး တွင် Bump...

3D Parallax Weather v1.2 For Android

Image
ရာသီဥတုအခြေအနေနောက်ခံနဲ့ တန်ဆာဆင်ပေးထားတဲ့ Android Home Screen Launcher ဆော့ဝဲလေးဖြစ်ပါတယ်။ ရိုးရှင်းပြီး ကြည်လင်တောက်ပတဲ့ဒီဇိုင်းကြောင့် ဖုန်းရဲ့ Screen Design ကို နဂိုထက်ပိုပြီး လှပလာစေမှာပါ။ သူ့မှာပါဝင်တဲ့ features တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ - Real-world weather beautifully rendered using real weather data - Current weather details displayed as a notification (can be disabled) - True 3D parallax depth effect using an unlimited number of layers (can be disabled) - Parallax effect on raindrops and snowflakes - Smooth daytime to nighttime transitions - Color palette, and the position of the moon and the sun based on current sunrise and sunset times - Cloud movement based on the actual current wind speed - See twinkling stars on a clear nighttime sky - Special effects like lens flare reacting to device movement, thunder and lightning or raindrops on glass effect - Automatically detects your location and changes the weather on screen to match - Raining all the t...

အင်တာနက်အမြန်နှုန်း 4Mbps မှ 6Mbps အထိအသုံးပြုနိုင်ရန် Telenor Myanmar မှစီစဉ်

Image
၂၀၁၄ခုနှစ် ဇွန် (၂)ရက်နေ့တွင် Telenor Myanmar အနေဖြင့် စတုတ်္ထအကြိမ်မြောက် net Monday အစီအစဉ်ကို Telenor House တွင် ကျင်းပခဲ့သည်။ အဆိုပါ ပွဲအခမ်းအနားတွင် ဦးဆောင် ဆွေးနွေးသူများ အဖြစ် Microsoft ကုမ္ပဏီမှ Mr. Alvin Chua Telenor Myanmar မှ CEO ဖြစ်သူ Mr. Petter Furberg နှင့် CMO Mr.Sharad Mehrotra တို့ ပါဝင်ခဲ့ကြသည်။ စတုတ္ထအကြိမ်မြောက် net Monday တွင် “ ကမ္ဘ့အင်တာနက် ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး နည်းပညာကျွမ်းကျင်သူလူငယ် (၁၅၀) ကျော် တက်ရောက်ခဲ့သည်။ “ကမ္ဘ့လူဦးရေ ၄.၁ဘီလီယံ ဟာဆိုရင် အခုအချိန်အထိ အင်တာနက်ချိတ်ဆက်မှု မရရှိသေးပါဘူး။ ဒါပေမယ့် ၂၀၁၇ခုနှစ် အရောက်မှာပဲ အဲဒီလူဦးရေတွေထဲက (၁)ဘီ လီယံဟာ အင်တာနက်အသုံးပြုနိုင်မှာပါ။ အင်တာနက် အသုံးပြုသူ များအနက် ၂၅ရာခိုင်နှုန်းဟာ မိုဘိုင်းလ်ကနေတစ်ဆင့် အင်တာနက် အသုံးပြုသူတွေပါ” ဟု Telenor Myanmar မှ တာဝန်ရှိသူတစ်ဦး ကြေ​ပြောကြားခဲ့သည်။ Telenor Myanmar အနေဖြင့် 3G ကွန်ရက်အသုံးပြုသူများအတွက် အင်တာနက်အမြန်နှုန်းကို 700Mbps မှ 7 Mbps အထိ သုံး စွဲနိုင်ရန် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုသူ နည်းပါးသောအချိန်ကာ လများတွင် 4 Mbps မှ...