IOS နဲ့ Android ဖုန်းကိုင်ဆောင်သူများအတွက် Viber Version 5.1.0.1274 မှာ Public Chat ပါဝင်လာ

၂၀၁၄ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ Viber က iPhone နဲ့ Android ဖုန်းတွေအတွက် Viber version အသစ် 5.1.0.1274 ကိုထပ်မံထုတ်ပေးလိုက်ပါတယ်။ အခု Viber ဗားရှင်းအသစ် မှာတော့ ဗီဒီယို message တွေကိုအချိန်ကြာကြာပိုပြီးရိုက်ပို့နိုင်ခြင်း နဲ့ Public Chat ပါဝင်လာခြင်း ၊ အရင် ဗားရှင်းတွေတုန်းက error တစ်ချို့ကိုပြန်လည်ပြင်ဆင်ပေးထားခြင်းစတဲ့ ပြောင်းလဲမှုတွေပြုလုပ်ပေးထားပါတယ်။ ယခုထပ်မံမိတ်ဆက်လိုက်တဲ့ Public Chat ဟာ နိုင်ငံအလိုက် နယ်ပယ်အသီးသီးက ထင်ရှားတဲ့လူ ၊ Brand တစ်ချို့ရဲ့ Public Chat ကဏ္ဍတွေကိုတွေ့မြင်ရမှာဖြစ်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ Public Chat ကို Follow လုပ်ထားရုံနဲ့ ယင်း Public Chat ထဲမှာပါဝင်သူတွေရဲ့ ပြောဆိုတာတွေ ၊ သတင်းအချက်အလက်တွေကိုတွေ့မြင်ရရှိမှာဖြစ်ပါတယ်။ သာမန် user ကတော့ Public Chat ကိုဖန်တီးလို့မရနိုင်သေးပါဘူး။ Public Chat ကိုပြုလုပ်ထားသူတွေအနေနဲ့ မိမိတို့ရဲ့ Public Chat မှာပါဝင်ဆွေးနွေးဖို့ လူအရေအတွက် ၉၉ ယောက်အထိထည့်သွင်းနိုင်တယ်လို့သိရပါတယ်။ ယင်း Public Chat ကို Follow လုပ်ဖို့ users အရေအတွက်ကတော့ ကန့်သတ်ထားခြင်းမရှိပါဘူး။ မြန်မာပြည်က Viber သုံးစွဲသူတွေအနေနဲ့ လောလောဆယ် Pub...