Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Friday, June 13, 2014

Firefox OS စမတ်ဖုန်းများကို ၂၅ ဒေါ်လာဖြင့် အိန္ဒိယတွင်စတင်ရောင်းချမည်

Firefox OS စမတ်ဖုန်းများကို ၂၅ ဒေါ်လာဖြင့် အိန္ဒိယတွင် စတင်ရောင်းချမည်

 


Firefox browser ကို ဖန်တီးသည့် Mozilla က တန်ဖိုးနည်း စမတ်ဖုန်းများကို လာမည့် လအနည်းငယ်အတွင်း အိန္ဒိယနိုင်ငံ၌ စတင်ရောင်းချမည်ဟု ကြေညာခဲ့သည်။

အဆိုပါ ဟန်းဆက်များကို အိန္ဒိယဟန်းဆက် ကုမ္ပဏီနှစ်ခုက ထုတ်လုပ်မည် ဖြစ်ပြီး လက်လီရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၂၅ (စတာလင်ပေါင် ၁၅) ဖြစ်ကြောင်း Mozilla ၏ စီအိုအိုဖြစ်သူက Wall Street Journal ထံ ပြောကြားခဲ့သည်။

၂၅ ဒေါ်လာဖြင့် ရောင်းချမည့် Mozilla ဟန်းဆက်များတွင် Firefox OS ဟုခေါ်သည့် HTML5 web အခြေခံ operating system ကို အသုံးပြုမည် ဖြစ်သည်။

Mozilla သည် Firefox အသုံးပြု ဖုန်းများကို ဥရောပနှင့် လက်တင် အမေရိကတွင် ရောင်းချခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် အထက်ပါ ဟန်းဆက်များကို eBay က ယူကေတွင် လက်လီရောင်းဈေး စတာလင်ပေါင် ၅၉.၉၉ ဖြင့် လည်းကောင်း၊ အမေရိကန်တွင် ၁၆.၉၉ ဒေါ်လာဖြင့် လည်းကောင်း အသီးသီး ရောင်းချခဲ့သည်။

မိုဘိုင်းထုတ်လုပ်သူများက ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် စမတ်ဖုန်း ပျံ့နှံ့မှု နည်းပါးသည့် ဈေးကွက်များသို့ ဝင်ရောက်ရန် ကြိုးပမ်းနေချိန်တွင် Mozilla ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မိုဘိုင်းထုတ်လုပ်သူများ ဖြစ်သည့် ZTE, Alcatel တို့ဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် Mozilla သည် အိန္ဒိယအခြေစိုက် တန်ဖိုးနည်း ဟန်းဆက်ထုတ်လုပ်သူများ ဖြစ်သော Intex, Spice တို့နှင့် ပူးပေါင်းကာ ဈေးသက်သာသည့် ဖုန်းများ ထုတ်လုပ်မည် ဖြစ်သည်။

အဆိုပါ တန်ဖိုးနည်း ဖုန်းများအတွက် ချစ်ပ်များကို တရုတ်ကုမ္ပဏိ Spreadtrum က ထောက်ပံ့ပေးမည် ဖြစ်သည်။


Ref & Credit: Internet Journal

 

Starbicks တွင် ကော်ဖီသောက်ရင်းကြိုးမဲ့စနစ်ဖြင့် ဖုန်းအားသွင်းနိုင်မည်

Starbucks တွင် ကော်ဖီသောက်ရင်း ကြိုးမဲ့စနစ်ဖြင့် ဖုန်းအားသွင်းနိုင်မည်


 ကော်ဖီဆိုင်များတွင် ဖုန်းများကို ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်ရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်နှစ်က ကြေညာခဲ့သော Starbucks သည် ယခုအခါ ၎င်း ကတိပေးထားသည့်အတိုင်း ဆန်ဖရန်စစ္စကိုမြို့ရှိ ဆိုင်ခွဲများတွင် Powermat အားသွင်းစက်များကို စတင်အသုံးပြုခဲ့သည်။
အဆိုပါ Powermat အားသွင်းစက်ကို Starbucks နှင့် Duracell တို့ ပူးပေါင်းဖန်တီးခဲ့ခြင်း ဖြစ်သည်။ Powermat အားသွင်းစက်များကို စားပွဲများနှင့် ကောင်တာများတွင် တပ်ဆင်ထားပြီး သုံးစွဲသူများ အနေဖြင့် တွဲဖက် အသုံးပြုနိုင်မည့် ထုတ်ကုန်များကို ၎င်းအားသွင်းစက်နှင့် ချိတ်ဆက်ကာ ဘက်ထရီ အားပြန်သွင်းနိုင်မည် ဖြစ်သည်။ Powermat အားသွင်းစက်ကို iPhone နှင့် Samsung Galaxy ထုတ်ကုန်များအပါအဝင် ထုတ်ကုန်အများအပြားဖြင့် အသုံးပြုနိုင်သည်။

အထက်ပါ ကြိုးမဲ့အားသွင်းစနစ်ကို လာမည့်နှစ်တွင် အမေရိကန်ရှိ အဓိက ဈေးကွက်များထံ တိုးချဲ့ပြုလုပ်သွားမည် ဖြစ်ပြီး နောက် ၁၂ လအတွင်း ဥရောပနှင့် အာရှနိုင်ငံ အချို့၌ အသုံးပြုရန် စီစဉ်ထားကြောင်း Starbucks က ပြောကြားခဲ့သည်။

Ref & Creidt: Internet Journal

ပညာပေး ငရဲကြီးရှစ်ထပ် For Android

ပညာပေး ငရဲကြီးရှစ်ထပ် For Android

ငရဲကြီး ရှစ်ထပ် အကြောင်းကို ရုပ်ပုံနဲ့ တကွ ရှင်းပြထားတဲ့ Android Application ကို ပြန်လည်မျှဝေပေး
လိုက်ပါတယ်။ သားသား မီးမီးတို့အတွက် အသိပညာတိုးပွားစေရုံသာမက မသိသေးသူများအတွက်ပါ
ဗပာုသုတ တစ်ခုရရှိစေမဲ့ Application လေးပါ။
လိုအပ်မယ်ဆိုရင်တော့…….








Credit : JAS Mobile Market


ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်
အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။

Sunday, June 8, 2014

HTC One (M8) နှင့် Desire 816 ဖုန်းမော်ဒင်နှစ်မျိုးဈေးကွက်ဝင်

HTC ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းမော်ဒယ်နှစ်မျိုးဖြစ်တဲ့ HTC One (M8) နဲ့ Desire 816 ဖုန်းတွေကို ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ HTC One (M8) ကို ကန်ဒေါ်လာ 699 ၊ Desire 815 ကို ကန်ဒေါ်လာ 395 နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာပထမဆုံးသတ္တုကိုယ်ထည်ကို အသုံးပြုထုတ်လုပ်ထားတဲ့ HTC One (M8) မှာ Selfie ရိုက်ကူးမှုအတွက် အထောက်အကူပြု ကင်မရာလုပ်ဆောင်ချက်တွေ၊ အရေးပေါ်အသုံးပြုနိုင်ဖို့အတွက် ဘက်ထရီပါဝါကို ကြာရှည်ခံအောင် ပြုလုပ်ပေးတဲ့လုပ်ဆောင်ချက်သစ်တွေ၊ ဗီဒီယိုနဲ့ သီချင်းနားထောင်ခြင်းအတွက် စတူဒီယိုအသံထွက်ကို ရရှိနိုင်ခံစားနိုင်မယ့် စကရင်ထိပ်ဖက်မျက်နှာပြင်နဲ့ အောက်ဘက်မျက်နှာပြင်တွေမှာ စပီကာစနစ်ပါဝင်မှာဖြစ်ပါတယ်။ Desire 816 ကတော့ တန်ဖိုးနည်းနည်းနဲ့ များပြားလှစွာသော လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မယ့် စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး စကရင်ကြီးကြီး၊ ပါးလွှာတဲ့ဒီဇိုင်း၊ စတူဒီယိုအသံထွက်နဲ့ ဖန်စီကာလာနှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် ဖုန်းအမျိုးအစားပဲဖြစ်ပါတယ်။
 
REF: Internal Journal
 
 

Android တွင် Bump,IBeacon တို့နှင့် ဆင်တူသည့် နည်းပညာထည့်သွင်းမည်

Google က Bump App ၏ စွမ်းဆောင်ချက် ကို Android တွင် ထည့်သွင်းမည် ဖြစ်ပြီး Neary စွမ်းဆောင်ချက် ဟု အမည်ပေးထားပါသည်။ Android Police ၏ အဆိုအရ Nearby ကို မကြာမီတွင် Google Play Service အနေဖြင့် Android Device များတွင် ထည့်သွင်းပေးမည် ဟု သိရပါသည်။ Nearby သည် Android Device များကြားတွင် သတင်းအချက်အလက်များ အလွယ်တကူ Share လုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် စတိုးဆိုင်များတွင် ဈေးဝယ်သည့်အခါတွင်လည်း Discount အစီအစဉ်များ နှင့် ကူပွန်များကို ဖုန်းမှ လက်ခံရရှိမည် ဖြစ်သည်။
အနီးအနားတွင် ရှိသော Android Device များကြားတွင် သတင်းအချက်အလက်များ လွယ်ကူစွာ ပေးပို့ရယူနိုင်သည့် စွမ်းဆောင်ချက်မှာ Bump App နှင့် ဆင်တူပါသည်။ Bump App ကို Google က ၂၀၁၃ ခုနှစ် စက်တင်ဘာလ တွင် ၀ယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ Bump ၏ CEO ဖြစ်သူ David Lieb က သူတို့ အဖွဲ့သည် Google ၏ စီမံကိန်းများတွင် ပူးပေါင်းမည် ဟု ယခုနှစ် ဇန်န၀ါရီလ တွင် ပြောကြားခဲ့ပါသည်။
Bump သည် Android Phone နှစ်လုံး ကို ထိတွေ့ရုံဖြင့် Contact Information, Photos, Videos, Apps, Files များကို လွယ်ကူစွာ Share လုပ်နိုင်ခြင်း ဖြစ်ပါသည်။ ဖုန်းနှစ်လုံး တွင် Bump App ကို ဖွင့်ထားရမည် ဖြစ်ပြီး ညင်သာစွာ ထိတွေ့ပေးသည်နှင့် Bump က ဖိုင်များကို ပေးပို့မည် ဖြစ်သည်။
Google ၏ Nearby စွမ်းဆောင်ချက်သည် Apple ၏ iBeacon နည်းပညာ နှင့် ဆင်တူပါသည်။ သဘောတရားမှာ စတိုးဆိုင် အနီးအနားတွင် ရောက်ရှိသည်နှင့် ဖုန်းသည် စတိုးဆိုင်တွင် တပ်ဆင်ထားသည့် Beacon Device နှင့် WiFi or Bluetooth တို့ဖြင့် ချိတ်ဆက်မည် ဖြစ်သည်။ ထို့နောက်တွင် လျှော့ဈေးများ၊ ကူပွန်များကို ရောက်ရှိနေသည့် တည်နေရာ အလိုက် ပြသပေးမည် ဖြစ်သည်။
Google က Nearby စွမ်းဆောင်ချက် ကို ဇူလိုင်လ တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် Google I/O Conference တွင် ကြေညာမည် ဟု မျှော်လင့်ရပါသည်။

ref:Myanmar Digital Life Journal

3D Parallax Weather v1.2 For Android


ရာသီဥတုအခြေအနေနောက်ခံနဲ့ တန်ဆာဆင်ပေးထားတဲ့ Android Home Screen Launcher ဆော့ဝဲလေးဖြစ်ပါတယ်။ ရိုးရှင်းပြီး ကြည်လင်တောက်ပတဲ့ဒီဇိုင်းကြောင့် ဖုန်းရဲ့ Screen Design ကို နဂိုထက်ပိုပြီး လှပလာစေမှာပါ။ သူ့မှာပါဝင်တဲ့ features တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
- Real-world weather beautifully rendered using real weather data
- Current weather details displayed as a notification (can be disabled)
- True 3D parallax depth effect using an unlimited number of layers (can be disabled)
- Parallax effect on raindrops and snowflakes
- Smooth daytime to nighttime transitions
- Color palette, and the position of the moon and the sun based on current sunrise and sunset times
- Cloud movement based on the actual current wind speed
- See twinkling stars on a clear nighttime sky
- Special effects like lens flare reacting to device movement, thunder and lightning or raindrops on glass effect
- Automatically detects your location and changes the weather on screen to match
- Raining all the time where you live? Set the location manually to anywhere in the world!
- No ongoing background services
ဒီဆော့ဝဲလေးကို Google Play မှာ ၁.၆၆ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်သလို Myanmar Mobile App မှာ freedownload ရယူနိုင်ပါတယ်။ Function စုံလင်ပြီး ဒီဇိုင်း ရိုးရှင်းလှပတဲ့ 3D Parallax Weather v1.2 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။







အင်တာနက်အမြန်နှုန်း 4Mbps မှ 6Mbps အထိအသုံးပြုနိုင်ရန် Telenor Myanmar မှစီစဉ်

၂၀၁၄ခုနှစ် ဇွန် (၂)ရက်နေ့တွင် Telenor Myanmar အနေဖြင့် စတုတ်္ထအကြိမ်မြောက် net Monday အစီအစဉ်ကို
Telenor House တွင် ကျင်းပခဲ့သည်။ အဆိုပါ ပွဲအခမ်းအနားတွင် ဦးဆောင် ဆွေးနွေးသူများ အဖြစ် Microsoft ကုမ္ပဏီမှ
Mr. Alvin Chua Telenor Myanmar မှ CEO ဖြစ်သူ
Mr. Petter Furberg နှင့် CMO Mr.Sharad Mehrotra
တို့ ပါဝင်ခဲ့ကြသည်။
စတုတ္ထအကြိမ်မြောက် net Monday တွင် “ ကမ္ဘ့အင်တာနက် ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး နည်းပညာကျွမ်းကျင်သူလူငယ်
(၁၅၀) ကျော် တက်ရောက်ခဲ့သည်။ “ကမ္ဘ့လူဦးရေ
၎.၁ဘီလီယံ ဟာဆိုရင် အခုအချိန်အထိ
အင်တာနက်ချိတ်ဆက်မှု မရရှိသေးပါဘူး။
ဒါပေမယ့် ၂၀၁၇ခုနှစ် အရောက်မှာပဲ
အဲဒီလူဦးရေတွေထဲက (၁)ဘီ လီယံဟာ
အင်တာနက်အသုံးပြုနိုင်မှာပါ။ အင်တာနက်
အသုံးပြုသူ များအနက် ၂၅ရာခိုင်နှုန်းဟာ
မိုဘိုင်းလ်ကနေတစ်ဆင့် အင်တာနက် အသုံးပြုသူတွေပါ” ဟု
Telenor Myanmar မှ တာဝန်ရှိသူတစ်ဦး က
ြေ​ပြောကြားခဲ့သည်။
Telenor Myanmar အနေဖြင့် 3G
ကွန်ရက်အသုံးပြုသူများအတွက် အင်တာနက်အမြန်နှုန်းကို
700Mbps မှ 7 Mbps အထိ သုံး စွဲနိုင်ရန်
ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုသူ
နည်းပါးသောအချိန်ကာ လများတွင် 4 Mbps
မှ 6Mbps အထိ ၀န် ဆောင်မှုပေးသွားရန် စီစဉ်ထားရှိသည်။
ထို့အပြင် 2G ကွန်ရက်အသုံး ပြုသူများအတွက် 100Kpbs မှ 150Kbpsအထိ အသုံးပြုနိုင်ရန် ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။ နောက်ပိုင်းကာလများတွင် မိုဘိုင်းလ်ဈေးကွက်အတွင်း LTE စနစ် ပါဝင်သော မိုဘိုင်းလ်ဖုန်းအသုံးပြုမှုအရေအတွက် မြင့်မားလာ
သည်နှင့် တစ်ပြိုင်နက် 4G LTE ၀န် ဆောင်မှုကို
Telenor Myanmar မှ သတင်း ထုတ်ပြန်ထားရှိကြောင်း
သိရှိရ သည်။