Firefox OS စမတ်ဖုန်းများကို ၂၅ ဒေါ်လာဖြင့် အိန္ဒိယတွင်စတင်ရောင်းချမည်

Firefox OS စမတ်ဖုန်းများကို ၂၅ ဒေါ်လာဖြင့် အိန္ဒိယတွင် စတင်ရောင်းချမည်

 


Firefox browser ကို ဖန်တီးသည့် Mozilla က တန်ဖိုးနည်း စမတ်ဖုန်းများကို လာမည့် လအနည်းငယ်အတွင်း အိန္ဒိယနိုင်ငံ၌ စတင်ရောင်းချမည်ဟု ကြေညာခဲ့သည်။

အဆိုပါ ဟန်းဆက်များကို အိန္ဒိယဟန်းဆက် ကုမ္ပဏီနှစ်ခုက ထုတ်လုပ်မည် ဖြစ်ပြီး လက်လီရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၂၅ (စတာလင်ပေါင် ၁၅) ဖြစ်ကြောင်း Mozilla ၏ စီအိုအိုဖြစ်သူက Wall Street Journal ထံ ပြောကြားခဲ့သည်။

၂၅ ဒေါ်လာဖြင့် ရောင်းချမည့် Mozilla ဟန်းဆက်များတွင် Firefox OS ဟုခေါ်သည့် HTML5 web အခြေခံ operating system ကို အသုံးပြုမည် ဖြစ်သည်။

Mozilla သည် Firefox အသုံးပြု ဖုန်းများကို ဥရောပနှင့် လက်တင် အမေရိကတွင် ရောင်းချခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် အထက်ပါ ဟန်းဆက်များကို eBay က ယူကေတွင် လက်လီရောင်းဈေး စတာလင်ပေါင် ၅၉.၉၉ ဖြင့် လည်းကောင်း၊ အမေရိကန်တွင် ၁၆.၉၉ ဒေါ်လာဖြင့် လည်းကောင်း အသီးသီး ရောင်းချခဲ့သည်။

မိုဘိုင်းထုတ်လုပ်သူများက ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် စမတ်ဖုန်း ပျံ့နှံ့မှု နည်းပါးသည့် ဈေးကွက်များသို့ ဝင်ရောက်ရန် ကြိုးပမ်းနေချိန်တွင် Mozilla ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မိုဘိုင်းထုတ်လုပ်သူများ ဖြစ်သည့် ZTE, Alcatel တို့ဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် Mozilla သည် အိန္ဒိယအခြေစိုက် တန်ဖိုးနည်း ဟန်းဆက်ထုတ်လုပ်သူများ ဖြစ်သော Intex, Spice တို့နှင့် ပူးပေါင်းကာ ဈေးသက်သာသည့် ဖုန်းများ ထုတ်လုပ်မည် ဖြစ်သည်။

အဆိုပါ တန်ဖိုးနည်း ဖုန်းများအတွက် ချစ်ပ်များကို တရုတ်ကုမ္ပဏိ Spreadtrum က ထောက်ပံ့ပေးမည် ဖြစ်သည်။


Ref & Credit: Internet Journal

 

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)