Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Friday, July 25, 2014

Go Launcher ကို နှစ်သက်တဲ့ MMAS မှ ပရိတ်သတ်တွေအတွက် update version လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
icon design လေးတွေပြောင်းသွားပြီး Feature တွေလဲပိုလာပါတယ်။ အသုံးပြုချင်ရင်တော့ Download ရယူလိုက်ပါ။




Camera 360 ကိုတော့ လူတိုင်းသိပြီးသားဖြစ်တာကြောင့် ရှင်းပြဖို့လိုအပ်မယ်မထင်တော့ပါဘူး။
update version ထွက်လာတာကြောင့် တင်ပေးလိုက်ပါတယ်။ လူကြီး ၊ လူငယ် အရွယ်စုံရဲ့ ကြိုက်နှစ်သက်မှု့ကို
အပြည့်အ၀ပိုင်ဆိုင်ထားတဲ့ Camera 360 ရဲ့ update version ကို လိုချင်ရင်တော့ Download ရယူနိုင်ပါတယ်။ 


အူရီးဒူးမိုဘိုင်းဆင်းမ်ကတ်များကို လုပ်ငန်းမစတင်မီ စမ်းသပ်ခေါ်ဆိုမှုများပြုလုပ်နိုင်ရန် ကုမ္ပဏီနှင့် ဆက်စပ်သူများနှင့် ကိုယ်စားလှယ်များအား ချထားပေးခြင်းသာဖြစ်ပြီး ရောင်းချပေး နေခြင်းမဟုတ်ကြောင်း သတင်းရရှိသည်။
အူရီးဒူးမြန်မာ၏ မိုဘိုင်း ဆင်းမ်ကတ်များကို ဇူလိုင် ၂၂ ရက်မှ ကိုယ်စားလှယ်အဖြစ် ရောင်းချပေးမည့် မိုဘိုင်းဖုန်းဆိုင်များနှင့် အူရီးဒူးဝန်ထမ်းမိသားစုဝင်များအား စမ်းသပ်ခေါ်ဆိုအသုံးပြုရန် ချထားပေးခြင်းဖြစ်ပြီး လက်ရှိထွက်ထားသည့် ဆင်းမ်ကတ်အရေအတွက်ကို မထုတ်ပြန်နိုင်သေးကြောင်း အူရီးဒူးမြန်မာကုမ္ပဏီ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
‘‘အူရီးဒူးမိသားစုဝင်တွေရော၊ ကိုယ်စားလှယ်တွေရော ဖိတ်ခေါ်ပြီး စမ်းသပ်ခေါ်ဆိုမှုတွေ လုပ်တာပါ။ အဲဒီလိုစမ်းသပ်ခေါ် ဆိုပြီးမှ ဘယ်နေရာမှာ ဆက်သွယ်ရေးကွန်ရက်ကောင်းတယ်၊ မကောင်းဘူး၊ ဘယ်နေရာတွေလိုနေလဲဆိုတာကိုသိပြီး အကြံပြု လို့ရအောင် ဆောင်ရွက်တာပါ’’ ဟု ဒေါ်သီရိကြာညိုက ပြောသည်။
လက်ရှိ အူရီးဒူးမြန်မာ၏ မိုဘိုင်းဆင်းမ်ကတ်ရရှိသူအချို့ က လူမှုကွန်ရက်စာမျက်နှာများတွင် ထိုဆင်းမ်ကတ်များ၏ ဓာတ် ပုံများ၊ အချက်အလက်များ၊ တင်ထားခြင်းတို့ကြောင့် ထိုမိုဘိုင်း ဆင်းမ်ကတ်များကို မိုဘိုင်းဖုန်းဆိုင်များတွင် ရောင်းချနေပြီဟူ၍ သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
စမ်းသပ်သုံးစွဲပြီး အူရီးဒူးမြန်မာ၏ ဆက်သွယ်ရေးစင်တာ ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေလာ ရောက်အကြံပြုနိုင်ပြီး သို့မှသာလိုအပ်သည့်နေရာများကို ဖြေရှင်း ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ် ကြောင်း အူရီးဒူးမြန်မာကုမ္ပဏီမှ သိရသည်။
လာမည့် ဩဂုတ်လတွင် မိုဘိုင်းဆင်းမ်ကတ်ရောင်းချမည့် အစီအစဉ်များနှင့်ပတ်သက်၍ ထုတ်ပြန်သွားရန်ရှိပြီး ကွန်ရက် ဖြန့်ကြက်ရာတွင် အဆင်ပြေစေရန်နှင့် နိုင်ငံတကာတွင်လုပ်ကိုင် နေသည့် တယ်လီကွန်းဆက်သွယ်ရေးလုပ်ထုံးလုပ်နည်းများအရ လုပ်ငန်းမစတင်မီ စမ်းသပ်ခေါ်ဆိုမှုများပြုလုပ်နိုင်ရန် သုံးစွဲစေခြင်းဖြစ်ကြောင်း သိရသည်။
‘‘မနေ့က ချထားပေးတုန်းကတော့ ဘယ်ဖုန်းဖြစ်ဖြစ်ခေါ်လို့ရ တယ်။ အဆင်လည်းပြေတယ်။ ဒါပေမဲ့ အခုလောလောဆယ် တော့ လိုင်းမကောင်းဘူးဖြစ်နေတယ်။ ခေါ်လို့မရတော့ဘူး။ အင် တာနက်ကတော့ တော်တော်ကောင်းတယ်။ Speed က 1MB ရှိတယ်’’ဟု ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်တစ်ဦးက ပြော သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် SMS (စာတိုပေးပို့သည့် စနစ်) ကို နိုင်ငံတကာပုံစံအတိုင်း +959 နှင့် အသုံးပြုနိုင်ရန် စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု အထက်ပါလုပ်ငန်းဌာနမှ အင်ဂျင်နီယာမှူး တစ်ဦးဖြစ်သူ ဦးအောင်ကျော်သက်က ပြောသည်။
လွန်ခဲ့သည့်အပတ်ကစတင်၍ လက်ရှိအသုံးပြုနေသည့် မိုဘိုင်း ဖုန်းများဆီသို့ +959XXXXXXXXX ပုံစံဖြင့် SMS များဝင်ရောက်လာခဲ့ကြောင်း ၊ အဆိုပါ SMS များ သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းနံပါတ်များ မဟုတ်ဘဲ Ooredoo နှင့် Telenor တို့မှစမ်းသပ်နေသည့် မိုဘိုင်းဖုန်း လိုင်းများသာဖြစ်ကြောင်း ဦးအောင် ကျော်သက်ကပြောသည်။
“မိုဘိုင်းဖုန်းတွေက အခုဆိုရင် နိုင်ငံခြားကိုလည်း ယူပြီးသွားနေကြတယ်။ အဲဒီဖုန်းလိုင်းတွေကနေ ပြီးတော့လည်း SMS ကို စမ်းနေကြတာရှိတယ်။ အခြားအော်ပရေ တာတွေကလည်း စမ်းနေကြတာပဲ။ ကိုယ်က SMS ပို့မယ်ဆိုရင်တော့ 09 မခံဘဲပို့လို့ရပေမယ့် သူများဆီဝင်လာရင်တော့ +959 ဆိုပြီးပေါ် အောင်လုပ်နေတယ်။ ဒါက နိုင်ငံတကာပုံစံအတိုင်းပါပဲ” ဟု ၎င်းကဆိုသည်။
လက်ရှိကာလ၌ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၎င်းတို့၏မိုဘိုင်းဖုန်းများကို နိုင်ငံတကာသို့ သယ်ဆောင် အသုံးပြုခွင့်ပေးအပ်ခဲ့ သော်လည်း နိုင်ငံတကာနှင့် SMS စနစ်ပေးပို့နိုင်သေးခြင်း မရှိကြောင်း၊ နိုင်ငံတကာနှင့် SMS အပြန်အလှန်ပေးပို့နိုင်ရန် လက်ရှိအချိန်၌ စမ်းသပ်နေဆဲဖြစ်ပြီး ပြည်ပနိုင်ငံများမှ မြန်မာ့ဆက်သွယ်ရေးနှင့် သဘောတူညီထားသည့် အော်ပရေတာများ နှင့် SMS ပေးပို့ခြင်းကို စမ်းသပ်မှု အောင်မြင်သည်ဟု ပြောဆိုနိုင်ကြောင်း သိရသည်။ “SMS ကနိုင်ငံတိုင်းကိုတော့ ပို့လို့မရသေးဘူး။ သဘောတူထားတဲ့ ကုမ္ပဏီကဖုန်းတွေကိုတော့ စမ်းသပ်ပြီးပေးပို့တာ အဆင်ပြေနေပြီ။ ဒါကိုတရားဝင်လည်း မကြေညာသေးပါဘူး။ ဈေးနှုန်းလည်း မသတ်မှတ်ရသေးပါဘူး။ နောက်တစ်ခုက +959 နဲ့ ဝင်လာတဲ့ SMS ကို ဂဏန်းပြင်မရိုက်ဘဲ ဒီအတိုင်း Reply လုပ်လို့ရအောင်လည်း စမ်းသပ်နေတယ်” ဟု ဦးအောင်ကျော်သက်ကပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဇူလိုင်လ ၂ ရက်နေ့မှစတင်၍ နိုင်ငံပေါင်း ၃၁ နိုင်ငံ၌ GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများ အသုံးပြုနိုင်ရန် Roaming ချိတ်ဆက်ပေးခဲ့သည်ဟု သိရသည်။ ထို့အပြင် နိုင်ငံပေါင်း ၄၆ နိုင်ငံမှ အော်ပရေတာပေါင်း ၇၇ ခုတို့၏ မိုဘိုင်းဖုန်းများကို မြန်မာ့ဆက်သွယ်ရေးကွန်ရက်၌ လာရောက်အသုံးပြု ခွင့်ကိုလည်း ပေးအပ်ခဲ့သည်။

Ref & Credit to : Internet Journal

Thursday, July 17, 2014

သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု အော်ပရေတာ လိုင်စင် ရရှိထားသော အော်ရီဒူးကုမ္ပဏီနှင့် တယ်လီနော ကုမ္ပဏီတို့နှင့် အပြိုင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း MPTမှ မန်နေဂျာ ဦးခင်မောင်ထွန်းက ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ဇူလိုင်လ ၁၆ ရက်နေ့ ကျင်းပသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)နှင့် ဂျပန်ကုမ္ပဏီ ၂ ခုဖြစ်သော KDDI ကုမ္ပဏီ၊ Sumitomo Corporation တို့နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ် ရေး ထိုးပွဲအခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။
“အခုထက် ပိုကောင်းတဲ့  ၀န်ဆောင်မှုတွေပေးနိုင်အောင် ကျနော်တို့ ပူးပေါင်းတာပါ။ လိုင်စင်ရထားတဲ့ ကုမ္ပဏီတွေနဲ့ အပြိုင် ၀န်ဆောင်မှုတွေပေးနိုင်ဖို့ ကျနော်တို့ အပြည့်အ၀ ယုံကြည်တယ်” ဟု ဦးခင်မောင်ထွန်းက ပြောသည်။
ဂျပန် KDDP ကုမ္ပဏီနှင့် Sumitomo ကုမ္ပဏီတို့သည် KDDI Summit Global Myanmar (KSGM) ကုမ္ပဏီကို ပူးတွဲ တည်ထောင် ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှု ပမာဏအဖြစ် အမေရိကန် ဒေါ်လာ သန်း ၂၀၀၀  ဖြစ်ပြီး ကနဦး ၁၀နှစ်စာချုပ် ချုပ်ကာလုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ယင်းမှ တဆင့် နှစ်ဘက်သဘောတူညီမှုရှိပါက ဆက်လက်သက်တမ်းတိုးကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


KSGMကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ တကရှိနာဂရှီမက “အသစ်ဝင်လာမယ့် ကုမ္ပဏီ ၂ ခုကို တွန်းလှန် နိုင်အောင် ပူးပေါင်းတာပါ။ ယှဉ်ပြိုင်နိုင်မယ်လို့ ယူဆပြီးသားပါ။ မိုဘိုင်းလ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လက်ရှိ Network လွှမ်းခြုံမှု အတိုင်းအတာမှာ MPT ကနံပါတ်တစ်ပါ။ ဒီအချိန်မှာ ဒီထက်ကောင်းတဲ့ စက်ပစ္စည်းတွေနဲ့ နည်းပညာ ပူးပေါင်းလိုက်ရင် MPT ကရပ်တည်နိုင်မှာပါ။ စိန်ခေါ်မှုတွေလည်း ရင်ဆိုင်ရမှာပါ”ဟု ပြောသည်။
KSGM ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်းများမှတဆင့် ဆက်သွယ်ရေးနှင့်အင်တာနက်ဝန်ဆောင်မှုတင်မကဘဲ ကြိုးဖုန်းများမှ တဆင့် အင်တာနက်သုံးနိုင်မည့် ၀န်ဆောင်မှု များပါ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပေးရာတွင် လုပ်ငန်း အသေး၊ လုပ်ငန်းအကြီး အလိုက် အရွယ်အစားအမျိုးမျိုး သုံးစွဲနိုင်ရန် အင်တာနက်မြန်နှုန်းများကိုလည်း ဈေးနှုန်း အမျိုးမျိုး ခွဲခြားရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
ဖုန်းခေါ်ဆိုခဈေးနှုန်းများနှင့် ပတ်သက်၍ ယခုအချိန်တွင် အတိအကျမပြောနိုင်သေးသော်လည်း ယခုခေါ်ဆိုခ နှုန်းထား ထက် နိမ့်ကျမည်ဖြစ်ကြောင်းနှင့် မကြာမှီအတောအတွင်း ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရှိရသည်။
MPT နှင့် ပူးပေါင်းဆောင်ရွက်သည့် Sumitomo Corporation သည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ၁၉၇၂ခုနှစ်မှ စတင်ကာ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့သည့် ကုမ္ပဏီတခုဖြစ်ပြီး အရှေ့တောင်အာရှ ရုံးခွဲကို မြန်မာပြည်တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။
“Sumitomo နဲ့ မြန်မာနဲ့က ဟိုးနှစ်ပေါင်း ၃၀လောက်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တာပါ၊ ပြီးခဲ့တဲ့ ဆီးဂိမ်း တုန်းကလည်း ဆက်သွယ်ရေးဆိုင်ရာ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ အတွက် ပူးပေါင်းလုပ်ဆောင် ခဲ့ပါတယ်” ဟု Sumitomo Corporation ၏ အထွေထွေမန်နေဂျာ မစ္စတာ ထာဇူဂျီရို နရီတိုက ပြောသည်။
Sumitomo Corporation သည် ဂျပန်နိုင်ငံ တိုကျို အခြေစိုက်ကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၆၇နိုင်ငံတွင် ရုံးပေါင်း၁၃၉ရုံး ဖွင့်လှစ်ထားပြီး KDDI ကုမ္ပဏီသည် နိုင်ငံပေါင်း ၂၈နိုင်ငံတွင် ရုံးပေါင်း ၁၀၄ခု ဖွင့်လှစ်ထားသော ကုမ္ပဏီဖြစ်သည်။

တန်ဖိုးနည်းဖုန်းများ လစဉ်ချထားပေးနေမှု အစီအစဉ် ပြောင်းလဲမည်


ဂျပန်နိုင်ငံ၏ KDDI Corporation ၊ Sumitomo Corporation တို့နှင့်ပူးပေါင်း ဆောင်ရွက်လိုက်သည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လစဉ်တန်ဖိုးနည်းဖုန်းများ ချထားပေးနေမှု အစီအစဉ်ကိုပြောင်းလဲ သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိ အရေအတွက် အကန့်အသတ်ဖြင့် ချထားပေးနေမှုအား အကန့်အသတ်မရှိ ချထားပေးမှု အဖြစ် နောက်ပိုင်းတွင်ဆောင်ရွက် သွားမည်ဟုဆိုသည်။ “ခွဲတန်းစနစ်မဟုတ်ဘဲနဲ့ အားလုံးဝယ် ယူနိုင်အောင် ဆောင်ရွက်သွားမှာပါ” ဟုမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏အထွေထွေမန်နေဂျာ ဦးခင်မောင် ထွန်းက ပြောသည်။

လက်ရှိလစဉ် ချထားပေးနေသော တန်ဖိုးနည်းဖုန်းများ ခွဲတန်းစနစ်ပုံစံ မည်သည့်အချိန် တွင် ပြောင်းလဲဆောင်ရွက်သွားမည်ကို အတိအကျမပြောကြား သေးသော်လည်း အမြန်ဆုံးဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အရေအတွက်အကန့်အသတ် မရှိဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံ၏ KDDI Corporation ၊ Sumitomo Corporation တို့ပူးပေါင်းဆောင် ရွက်လိုက်ခြင်းနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့်ပူးပေါင်း ဆောင်ရွက်နေမှုတို့မှာ သီးခြားစီဖြစ်ကြောင်း ဦးခင်မောင်ထွန်းက ပြောသည်။ “MEC နဲ့ပူးပေါင်းတာကတစ်ခု၊ KDDI နဲ့ပူးပေါင်းတာက တစ်ခုပါ ” ဟုပြောကြားသည်။

♪ ချစ်သူနှစ်ဦးရဲ့ ချစ်သက်တမ်းကိုမှတ်သားပေးနိုင်တဲ့ - Been Together (Anniversary) v1.442 ♫


ndroid Phone + Tablet တွေအတွက် မိမိနဲ့ မိမိချစ်သူရဲ့ ချစ်သူသက်တမ်းလေးကို ဒီ APKလေးက တစ်ရက် ချင်း ရေတွက်ပြသသွားမဲ့Software လေး ဖြစ်ပါတယ်။ အရင်ဦးဆုံး ဒီ APKလေးကို အရင်ဒေါင်းလိုက် ပါ။ဒေါင်းပြီးပြီဆိုရင်အဲ APK လေးကို ဖွင့်လိုက်ပါ။ Person 1 မှာမိမိနာမည်နဲ့ မိမိရဲ့ဓါတ်ပုံထည့် ပြီးရင် Person 2 မှာ မိမိချစ်သူရဲ့နာမည်နဲ့ ချစ်သူရဲ့ဓါတ်ပုံလေးကိုထည့်ပေးပါ။ Date is not defined နေရမှာတော့ မိမိချစ်သူနဲ့ မိမိနဲ့ ချစ်ကြိုက်တဲ့နေ့ကိုထည့်ပေးရမှာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ မိမိချစ်သူက မိမိကို အဖြေပေးတဲ့နေ့ပေါ့။အဲဒါလေးကို နှိပ်လိုက်တာနဲ့ Settings ထဲကို ရောက်သွားပါလိမ့်မည်။ Person 1,Person 2
မှာက အပေါ်က ပြောတဲ့အတိုင်းလုပ်လိုက်ပါ။ Change Title မှာကတော့ ခေါင်းစဉ်လေးတပ်ပေးပေါ့။ ကျွန်တော်ကတော့ Anniversary လို့ တက်လိုက်ပါတယ်။ Change Bottom text မှာကျတော့ အဆင်ပြေတာ ထည့်ပေးရင် ရပါတယ်။ ကျွန်တော်ကတော့ ချစ်သူသက်တမ်းနေ့ရက်များလို့ ထည့်ပေးလိုက်ပါတယ်။Start Date မှာကျတော့ မိမိချစ်သူက မိမိကို အဖြေပေးတဲ့နေ့လေး ထည့်ပေးရပါမည်။ Name text colour,Content text colour ကတော့ မိမိရေးလိုက်တဲ့ စာလုံးတွေကို အရောင်ပြောင်းပေးမှာဖြစ်ပါတယ်။ မပြောင်းလဲရပါတယ်။ Use System Font ဆိုတာကတော့ စာလုံးလေးတွေကို ဖောင့်အလန်းလေးတွေနဲ့ ထည့် မလားလို့ မေးတာပါ။Show Year,Month,Days တို့ကို အမှန်ခြစ်လေးထည့်လိုက်ရင်တော့ ခုနှစ်တွေလတွေ နဲ့ဖော်ပြမှာ ဖြစ်ပါတယ်။အသုံးလိုရင်တော့ထည့်ပါ။ အသုံးမလိုရင်တော့ မထည့်ပါနဲ့။ Use as Lock Screen ကို အမှန်ခြစ်လေး ထည့်ထားလိုက်ရင် မိမိရဲ့ Lock Screen မှာ သွားပေါ်မှာ ဖြစ်ပါတယ်။ အမှန်ခြစ်လေးထည့် လိုက်ပါ။ မိမိရဲ့ Home Screen မှာလည်း widget တစ်ခုအနေနဲ့ တင်ထားလို့ ရပါသေးတယ်။
 

♪ အာဇာနည်နေ့နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြသံ အလိုလျှောက်မြည်မယ့် Application ♫

အာဇာနည်နေ့အမှီလေးတင်ပေးလိုက်တာပါ။ July-19 အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင် ကြီးများကို ဥသြသံဖြင့် 1မိနစ် တိတိအလေးပြုနိုင် မယ့် Application လေးတစ်ခုပါ။ အခုတင်ပေးလိုက်တဲ့ Application လေးကို ဖုန်းထဲမှာ Install လုပ်ထားရုံနဲ့ July-19 ရက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဖုန်းထဲကနေအလိုလျောက် ဥသြဆွဲသံကြားရ မှာဖြစ်ပါတယ်ဗျာ။ အခုတင်ပေးလိုက်တဲ့ Application လေးကတော့ Task Killer တွေ သုံးလိုက်ရင်တောင်မှ ဥသြဆွဲသံကြားရမှာပါ။ ယခင် Application ထက် ဥသြသံပိုကျယ်ထားပါတယ်။ Android OS 1.6 နှင့်အထက် ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

 
Credit to ==> Htar Htar Saw Lwin
 

Wednesday, July 16, 2014

Pool Break Pro For Android

ကျွန်တော် games တွေမတင်ဖြစ်တာ တော်ောတ်ကြာသွားတယ်ဗျာ. နားလည်ပေးကြပါနော့်.အခုတော့ အပျင်းပြေကစားရအောင် 3D ဂိမ်းကောင်းကောင်းလေးတင်ပေးလိုက်မယ်နော်...