အူရီးဒူးမိုဘိုင်းဆင်းမ်ကတ်များကို လုပ်ငန်းမစတင်မီ စမ်းသပ်ခေါ်ဆိုမှုများပြုလုပ်နိုင်ရန် ကုမ္ပဏီနှင့် ဆက်စပ်သူများနှင့် ကိုယ်စားလှယ်များအား ချထားပေးခြင်းသာဖြစ်ပြီး ရောင်းချပေး နေခြင်းမဟုတ်ကြောင်း သတင်းရရှိသည်။
အူရီးဒူးမြန်မာ၏ မိုဘိုင်း ဆင်းမ်ကတ်များကို ဇူလိုင် ၂၂ ရက်မှ ကိုယ်စားလှယ်အဖြစ် ရောင်းချပေးမည့် မိုဘိုင်းဖုန်းဆိုင်များနှင့် အူရီးဒူးဝန်ထမ်းမိသားစုဝင်များအား စမ်းသပ်ခေါ်ဆိုအသုံးပြုရန် ချထားပေးခြင်းဖြစ်ပြီး လက်ရှိထွက်ထားသည့် ဆင်းမ်ကတ်အရေအတွက်ကို မထုတ်ပြန်နိုင်သေးကြောင်း အူရီးဒူးမြန်မာကုမ္ပဏီ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
‘‘အူရီးဒူးမိသားစုဝင်တွေရော၊ ကိုယ်စားလှယ်တွေရော ဖိတ်ခေါ်ပြီး စမ်းသပ်ခေါ်ဆိုမှုတွေ လုပ်တာပါ။ အဲဒီလိုစမ်းသပ်ခေါ် ဆိုပြီးမှ ဘယ်နေရာမှာ ဆက်သွယ်ရေးကွန်ရက်ကောင်းတယ်၊ မကောင်းဘူး၊ ဘယ်နေရာတွေလိုနေလဲဆိုတာကိုသိပြီး အကြံပြု လို့ရအောင် ဆောင်ရွက်တာပါ’’ ဟု ဒေါ်သီရိကြာညိုက ပြောသည်။
လက်ရှိ အူရီးဒူးမြန်မာ၏ မိုဘိုင်းဆင်းမ်ကတ်ရရှိသူအချို့ က လူမှုကွန်ရက်စာမျက်နှာများတွင် ထိုဆင်းမ်ကတ်များ၏ ဓာတ် ပုံများ၊ အချက်အလက်များ၊ တင်ထားခြင်းတို့ကြောင့် ထိုမိုဘိုင်း ဆင်းမ်ကတ်များကို မိုဘိုင်းဖုန်းဆိုင်များတွင် ရောင်းချနေပြီဟူ၍ သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
စမ်းသပ်သုံးစွဲပြီး အူရီးဒူးမြန်မာ၏ ဆက်သွယ်ရေးစင်တာ ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေလာ ရောက်အကြံပြုနိုင်ပြီး သို့မှသာလိုအပ်သည့်နေရာများကို ဖြေရှင်း ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ် ကြောင်း အူရီးဒူးမြန်မာကုမ္ပဏီမှ သိရသည်။
လာမည့် ဩဂုတ်လတွင် မိုဘိုင်းဆင်းမ်ကတ်ရောင်းချမည့် အစီအစဉ်များနှင့်ပတ်သက်၍ ထုတ်ပြန်သွားရန်ရှိပြီး ကွန်ရက် ဖြန့်ကြက်ရာတွင် အဆင်ပြေစေရန်နှင့် နိုင်ငံတကာတွင်လုပ်ကိုင် နေသည့် တယ်လီကွန်းဆက်သွယ်ရေးလုပ်ထုံးလုပ်နည်းများအရ လုပ်ငန်းမစတင်မီ စမ်းသပ်ခေါ်ဆိုမှုများပြုလုပ်နိုင်ရန် သုံးစွဲစေခြင်းဖြစ်ကြောင်း သိရသည်။
‘‘မနေ့က ချထားပေးတုန်းကတော့ ဘယ်ဖုန်းဖြစ်ဖြစ်ခေါ်လို့ရ တယ်။ အဆင်လည်းပြေတယ်။ ဒါပေမဲ့ အခုလောလောဆယ် တော့ လိုင်းမကောင်းဘူးဖြစ်နေတယ်။ ခေါ်လို့မရတော့ဘူး။ အင် တာနက်ကတော့ တော်တော်ကောင်းတယ်။ Speed က 1MB ရှိတယ်’’ဟု ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်တစ်ဦးက ပြော သည်။

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)