Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

ဒီ Post လေးကို Game ၀ါသနာရှင်ဘော်ဒါများသေချာလေးဖတ်ပေးစေချင်ပါတယ်။ တကယ်အသုံးတည့် မယ့် Application လေးတစ်ခုဖြစ်လို့ပါ။ အောက်မှာလည်း အသုံးပြုပုံကို ပုံနှင့်တကွ အသေးစိတ်ရှင်းပြပေး ထားပါတယ်ဗျာ။ လိုက်ကလိကြည့်ပါ လွယ်ပါတယ်။ ကျွန်တော် Game တော်တော်များများ ကလိကြည့်ပြီး ပါပြီ တကယ့်ကို Unlimited Money ဖြစ်အောင် Hack ပေးနိုင်လို့ပါ။ အခု App  လေးရဲ့ကောင်းကွက် တစ်ခုက Game တစ်မျိုးကို အကြိမ်ပေါင်းများစွာ လိုသလောက်ပိုက်ဆံတွေ Hack နိုင်မှာဖြစ်ပါတယ်။   အခု Application ကိုအသုံးပြုမယ် ဆိုရင် ဖုန်းကို Root ဖောက်ထားဖို့လိုအပ်ပါတယ်ဗျာ။ အောက်မှာ နမူနာ အနေနဲ့ Temple Run-2 ကို Hack ပြထားပါတယ်။ Android OS 2.2 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင် မှာဖြစ်ပါတယ်ဗျာ။

ဒါကတော့ Temple Run-2 မှာ ကျွန်တော့ရဲ့လက်ရှိရထားတဲ့ ရွှေတွေက 166 ခုသာရှိပါတယ်။ ကျွန်တော် 500000 ဖြစ်အောင် Hack ပြပါ့မယ်။



Step-1 ပထမဆုံးအနေနဲ့ Game ကိုမဖွင့်ခင်မှာ Game Hacker လေးကိုဖွင့်လိုက်ပါ။ Screen ပေါ်မှာ ဂွပုံစံလေးတစ်ခုပေါ်လာပါလိမ့်မယ်။
Step-2 မိမိကစားချင်တဲ့ Game ကိုဖွင့်လိုက်ပါ။
Step-3 Game ကိုဖွင့်ပြီးသွားပြီဆိုရင် ခုနက ပေါ်နေတဲ့ ဂွလေးကိုနှိပ်လိုက်ပါ။ ဒါဆိုရင်အောက်မှာမြင်ရ တဲ့ပုံအတိုင်းအကွက်လေးတစ်ကွက်တက်လာပါလိမ့်မယ်။ မိမိလက်ရှိကစားနေတဲ့ Game ရဲ့ Money အတိုင်း ရိုက်လိုက်ပါ။ ကျွန်တော့်မှာတော့ 166 ပဲရှိတဲ့အတွက် 166 လို့ပဲရိုက်လိုက်ပါတယ်။ ပြီးတော့ Search ကို နှိပ်လိုက်ပါ။
 
 Step-4 Search နှိပ်ပြီးသွားရင်တော့ အောက်ကအတိုင်းအကွက်လေးပေါ်လာပါလိမ့်မယ့်။ အဲဒီအကွက် ထဲမှာ မိမိလိုသလောက်ပိုက်ဆံကို ရိုက်ပြီး Modify ကိုနှိပ်လိုက်ပါ။ပြီးရင် Game ကိုပြန် ကြည့်လိုက်ပါ။ 
 
 Step-5 ပိုက်ဆံတက်မလာဘူးဆိုရင် Game ကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ သင်ရိုက်ထည့်ထားတဲ့ပိုက်ဆံ အတိုင်းဖြစ် လာပါလိမ့်မယ်။ ဒါဆို သင်လိုချင်တာတွေ အားလုံးကို ၀ယ်ယူနိုင်ပါပြီ။

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)