လမ်းလျှောက်ရင်းဖုန်းသုံးစွဲသူများတရုတ်(တိုင်ပေ)တွင်ဒဏ်ငွေဆောင်ရမည်


တရုတ် (တိုင်ပေ) နိုင်ငံတွင် လမ်းလျှောက်ရင်း စမတ်ဖုန်းသုံးစွဲသူများသည် ကားလမ်းဖြတ်ကူးစဉ် ၎င်းတို့ဖုန်းများကို ကားများထက် အာရုံစိုက်နေပါက ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

တရုတ် (တိုင်ပေ) နိုင်ငံတွင် မိုဘိုင်းဖြင့် အင်တာနက်သုံးစွဲသူ ၁၄ သန်းရှိကာ အစိုးရက ၎င်းတို့ကို ဖုန်းအလွန်အမင်း စွဲလန်းသူများအဖြစ် သတ်မှတ်ထားကြသည်။ ယခုအခါ တရုတ် (တိုင်ပေ) တွင် ဒဏ်ငွေကောက်ခံလိုက်ခြင်းဖြင့် ဖုန်းအလွန်အမင်းစွဲလန်းခြင်းကို တားဆီးခြင်းနှင့် ယာဉ်တိုင်မှုများကြောင့် သေဆုံးသည့် အရေအတွက်ကို လျော့ချနိုင်ရန် မျှော်လင့်နေသည်။ တရုတ် (တိုင်ပေ) ယာဉ်မောင်းများသည် ခြေကျင်လျှောက်သူများကို ဦးစားပေးလေ့မရှိကြောင်း စည်းကမ်းလိုက်နာမှုမရှိသော ယာဉ်အသွားအလာများသည် ခြေကျင်လျှောက်သူများကို အန္တရာယ်များစေကြောင်း အစိုးရ၏ဖော်ပြချက် အရသိရသည်။

ထို့ကြောင့် တရုတ် (တိုင်ပေ) တွင် ခြေကျင်လျှောက်သူများ လမ်းလျှောက်ခြင်းကို အာရုံမစိုက်ပါက ဒေါ်လာ ၁၀ အထိ ပေးဆောင်ရဖွယ်ရှိကြောင်း သိရသည်။

ref:Internet Journal

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)