Android Assistant v 10.0 for android(latest version)

ကျွန်တော်တို့ Android Internal storage တွေအနည်းဆုံး 1GB လောက်ပါတဲ့ ဖုန်းတွေမှာ တခါတခါ ဘာမှ မထည့်ရပဲ Storage full ဖြစ်ဖြစ်နေတဲ့ ကိစ္စအတွက် အထူးသင့်လျော်တဲ့ app တခုဖြစ်သလို တခြား အသုံးတဲ့မယ့် tools တွေအများကြီးပါတဲ့ apk ဖိုင်လေး တခုကို မိတ်ဆက်ပေးချင်ပါတယ်။ သူ့ နံမယ်ကတော့ Android Assistant ဆိုတဲ့ app လေး တခုဖြစ်ပါတယ်။ အဲ့မှာဘာတွေပါလည်း ဆိုတော့
အပေါ်က screen shot လေးကို အရင်ပြောချင်ပါတယ် အဲ့ထဲက System clean ဆိုတာကို ၀င်လိုက်မယ်ဆိုရင်
ဒီ screen လေးပေါ်လာပါ့မယ် အဲ့မှာ Full Scan လေးကို နှိပ်လိုက်မယ်ဆို အခု ဖော်ပြပါ Scree Short
လေးမှာပါတဲ့အတိုင်း အနီရောင်လေးနဲ့ ပြထားတဲ့  ဟာလေးတွေက အသုံးမလိုဖျက်လို့ရတဲ့ files
တွေဖြစ်ပါတယ်။ ဘာမှ မထည့်ပဲနဲ့ Storage ပြည့်နေတဲ့ ဖုန်းတွေဆို Thumbnail Cache File ဆိုတဲ့နေရာမှာ
file size အများကြီးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အနီရောင်လေးတွေနဲ့ ပြထားဒါတွေ အားလုံးကို
ကလစ်ပေး ပေးပြီး Clean Selected ကို နှိပ်လိုက်ရင် အားလုံးကိုရှင်းပေးသွားပြီး Storage
တွေလည်းအများကြီးပေါ်လာပါလိမ့်မယ်။ Browser History ကနေ သူအောက်က ဟာလေးတွေကိုတော့
ကိုယ်ဖျက်ချင်မှ ဖျက်ပေါ့။ တချို့ဟာတွေက လိုတတ်လို့ပါ။ အဓိက ကျွန်တော် အဲ့ အကြောင်းလေးပဲ
ပြောချင်ပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာကိုယ်လေ့လာ ကြည့်ပါနော်
 Android Assistant for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
https://www.dropbox.com/s/z3ggnveoxu55wf5/uploaded%20by%20drmobile-android_assistant18_features_10.0.apk

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)