Android ထုတ်ကုန်များတွင် iTunes သီချင်း ဝန်ဆောင်မှု အသုံးပြုနိုင်ရန် Apple စီစဉ်နေ

Apple သည် Android ထုတ်ကုန်များတွင် အသုံးပြုနိုင်မည့် iTunes app ဖြင့် အခပေး သီချင်း ဝန်ဆောင်မှုကို လွှင့်တင်ရန် ကုမ္ပဏီ များဖြင့် ဆွေးနွေးနေကြောင်း Billboard ဝက်ဆိုက်က ဖော်ပြသွားခဲ့သည်။
အဆိုပါ ဆွေးနွေးမှုသည် အမေရိကန်နိုင်ငံတွင် iTunes ပေါ်၌ သီချင်း ရောင်းချရသည့် နှုန်းများ ကျဆင်းလာခြင်းကို ကာကွယ်ရန်အတွက် အရေးပါသည့် နည်းဗျူဟာ တစ်ခုဖြစ်ကြောင်း သိရသည်။
Billboard ၏ သတင်းဖော်ပြချက်သည် Apple ၏ ဒီဂျစ်တယ် ရောင်းချမှုနှုန်း ကျဆင်းခဲ့သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က Los Angeles Time မှ ဖော်ပြပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းသည်။
ပြီးခဲ့သည့်နှစ် မတ်လတွင် Apple ၏ iTunes သီချင်း တစ်ပုဒ်ချင်း ရောင်းအားမှာ ၁၁ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ဖူးပြီး ယခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်၍ တစ်ပတ်တိတိ digital album ရောင်းအား ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း Nielsen SoundScan မှ သုတေသီများက ထုတ်ပြန် သွားခဲ့သည်။

Ref: AppleInsider

Credit to:Internet Journal

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)