အထူးဈေးနှုန်း 645,000ကျပ် နဲ့ နိုင်ငံတကာနည်းတူ ပြည်တွင်း၌တစ်ပြိုင်နက်ဝယ်ယူရရှိနိုင်မယ် Galaxy S5


samsung ကုမ္ပဏီကနေ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာပြုလုပ် ခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းဖုန်းကွန်ဂရက်မှာ သူတို့ရဲ့နောက်ထပ်မျိုးဆက်သစ် စမတ်ဖုန်း Galaxy S5ကို မိတ် ဆက်ပြသပြီးတဲ့နောက်မှာတော့ သတ်မှတ်ကာလဖြစ်တဲ့ လာမယ့် ဧပြီလ ၁၁ ရက်နေ့မှာ နိုင်ငံတကာ ဈေးကွက်ကိုဖြန့်ချိရောင်းချတော့ မှာဖြစ်ပါတယ်။ နိုင်ငံတကာဈေး ကွက်ကိုဖြန့်ချိရောင်းချတာနဲ့ တစ် ပြိုင်နက်တည်းပြည်တွင်းဈေးကွက် မှာပါ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Galaxy S5မှာ samsung ရဲ့နည်းပညာ သစ်တွေ ပါဝင်လာခဲ့ပြီး၊ Ultra Power Saverနဲ့ finger print , heart rate sensor စသည်ဖြင့် နည်းပညာအသစ်တွေလဲပါဝင်တယ်။ထို့အပြင် ရေစိုခံနိုင်စွမ်း ရှိတဲ့ လုပ်ဆောင်မှုတွေပါ ပါဝင် လာခဲ့မှာဖြစ်ပြီး၊ ၅ လက်မမျက်နှာ ပြင်သုံးစွဲရမှာဖြစ်ပါတယ်။ Android ရဲ့ နောက်ဆုံးထွက် osကို သုံးစွဲနိုင်မှာဖြစ်ပြီး၊ 16MP ကင် မရာကိုထည့်သွင်းပေးထားပါတယ်။ စတင်ကြေညာတဲ့ ဖေဖော်ဝါရီလ ကတည်းက ယနေ့အချိန်ထိ ထွက် ရှိမယ့်အချိန်ကိုသုံးစွဲသူတွေက မျှော်လင့်နေကြတုန်းပါပဲ။
ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူနိုင်ဖို့အတွက်ကတော့samsung brand shop များတွင် ဧပြီလ ၁ ရက်နေ့မှ ၉ ရက်နေ့ အထိ ကြိုတင်စာရင်းပေးမှာကြား နိုင်မှာဖြစ်ပါတယ်။ ကြိုတင်စာရင်း ပေးမှာကြားသူတွေအတွက် အထူး အစီအစဉ်အနေဖြင့် Samsung S View Cover (၁)ခု၊ Galaxy S5 Music Festival လက်မှတ် (၂)စောင်၊ အသစ်ထွက်ရှိမည့် Galaxy Gear 2 (သို့) Gear Fit ၀ယ်ယူရန် Discount ကူပွန်တို့ကို ပေးအပ်မှာပဲဖြစ်ပါတယ်။ ဧပြီ လ ၁၁ရက်နေ့မှာတော့ ကြိုတင် စာရင်းပေးမှာကြားထား သူ များကို သီးသန့်ရောင်းချပေးမှာဖြစ်ပါတယ်။ ရောင်းချပေးမယ့် ဈေးနှုန်းကတော့ အထူးဈေးနှုန်းအနေဖြင့် 645,000/-နဲ့ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Promotionလက် ဆောင်များအတွက် အရေအတွက် ကန့်သတ်ထားကြောင်းသိရှိရပြီး၊ ဆက်သွယ်ဝယ်ယူလိုသူများအနေနဲ့ Samsung Brand Shop များတွင် ကြိုတင်စာရင်းပေးနိုင်မှာဖြစ်ပါတယ်။ပစ္စည်းရောက်ရှိမှုအပေါ်မူတည်၍ ကြိုတင်စာရင်းအရင်ပေးသူများကို သာ ဦးစွာရောင်းချပေးမှာဖြစ်ပြီး၊ နောက်ကျမှစာရင်းပေးသူများကိုတော့ သင်္ကြန်အပြီးမှာသာ ဆက်လက် ပေးအပ်သွားမယ်လို့ သတင်းရရှိ ပါတယ်။ အသေးစိတ်သိရှိလိုပါက Samsung ၏ Customer Contact Center ဖုန်းနံပါတ် ၀၁-၂၃၉၉၈၈၈ သို့ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)