Samsung မှ Samsung Galaxy Note Edge အမည်ရဖုန်းကို မိတ်ဆက်ပြသ

Samsung ကနေ Screen က ဘေးဘောင်အနားပတ်အထိရောက်နေမယ့် Screen နဲ့ဖုန်းပုံစံတွေ များစွာထွက်ရှိနေခဲ့တာတော့ ကြာပါပြီ။ ဒါပေမယ့် အခုတကယ်ဖြစ်လာပြီ ဖြစ်ပါတယ်။ ၂၀၁၄ စက်တင်ဘာလ ၃ ရက်နေ့တွင် Samsung Galaxy Note 4 နှင့်အတူ Samsung Galaxy Note 4 ကိုအခြေခံထားသော ဖုန်းဖြစ်သော Samsung Galaxy Note Edge အမည်ရဖုန်းကိုမိတ်ဆက်ပြသလိုက်ပြီဖြစ်သည်။
 

 Samsung Galaxy Note Edge သည် ဖုန်း၏ ညာဘက် ဘေးဘောင်အနားသားနေရာအထိ Screen ပါရှိသော ဖုန်းပုံစံမျိုးဖြစ်သည်။ ဖုန်း Screen ကိုပိတ်ထားလျှင်တောင်မှ Screen ဘေးဘောင်နေရာတွင် အချိန်နှင့် Notification များကို ပြသပေးနေမည်ဖြစ်သည်။ Samsung Galaxy Note Edge တွင် Android version 4.4 Kitkat ကိုအသုံးပြုထားသည်။ 
 အသုံးများသော App များကို Shortcut icon အနေဖြင့် ဘေးဘောင် Screen နေရာတွင်ထားရှိနိုင်မည်ဖြစ်သည်။ယင်း Curved Screen အတွက် အခြား Feature များလည်းထည့်သွင်းပေးထားသည်ကိုလည်းတွေ့ရသည်။ Samsung Galaxy Note စီးရီးဖုန်းဖြစ်၍ Note များမှတ်သားနိုင်ရန် S Pen ကိုထည့်သွင်းပေးထားပါသည်။

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)