iPhonec တွေအတွက် Video Call ပါဝင်လာတဲ့ Viber V5.0
iPhone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090
ကိုတင်ပေးလိုက်ပါတယ်။ Viber ဟာ ဗီဒီယိုခေါ်ဆိုမှု video calling ကို
မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရစေမယ့် feature
ကိုထည့်သွင်းပေးလိုက်ပါပြီ။ အခုဆိုရင် Viber ကို သုံးပြီး
ဗီဒီယိုခေါ်ဆိုမှုကို သင့်ရဲ့ဖုန်းမှာသာမက PC နဲ့ Mac ပေါ်မှာပါ တစ်ပြိုင်တည်း
သုံးနိုင်ပြီ ဖြစ်တာကြောင့် သင့်အတွက် အဆင်ပြေဆုံး ဖြစ်မှာပါ။ Viber 5.0
မှာ ဗီဒီယိုခေါ်ဆိုမှု ပါဝင်လာရုံမက သူငယ်ချင်းတွေရဲ့ Viber နံပါတ်ကို
ရိုက်ထည့်လိုက်တာပဲဖြစ်ဖြစ်၊ QR code နဲ့ Scan ဖတ်တာပဲဖြစ်ဖြစ်
လုပ်ဆောင်ပြီး သင့်ရဲ့ Contacts တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်သည့်
နည်းစနစ်လည်း ပါဝင်လာပါသည်။ iPhone တွေအတွက် Video Call ပါဝင်လာတဲ့ Viber
v5.0 ကိုအောက်က Link မှာရယူနိုင်ပါတယ်။
Comments
Post a Comment