iPhone 6 နဲ့ iPhone 6 Plus များကို iPad Adapter အသုံးပြုအားသွင်းပါက ပိုမိုအားဝင်မြန်ဆန်

iPhone 6 နှင့် iPhone 6 plus များကို iPad အားသွင်း plug ခေါင်း နှင့်အားသွင်းကြိုးကိုအသုံးပြု၍ အားသွင်းပါက ပုံမှန်ထက် ဘက်ထရီအားသွင်းချိန် ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်ကြောင်းတွေ့ရသည်။ ယင်းစမ်းသပ်ချက်အား iLounge နှင့် MacRumors မှ member တစ်ဦးဖြစ်တဲ့ 2IS ကစမ်းသပ်တွေ့ရှိထားခြင်းဖြစ်သည်။
အသစ်ထွက် iPhone နှစ်မျိုး၏ အားသွင်းစနစ်သည် iPad များရဲ့အားသွင်းစနစ်နှင့်တူညီမှုရှိသည်ကိုတွေ့ရသည်။ iPhone 6 နှင့် iPhone 6 plus များကို 2.1 A ပမာဏ ဖြင့်အားသွင်းနိုင်ပြီး ယခင် iPhone Model များတွင်မူ 5W ပမာဏဖြင့်သာအားသွင်းနိုင်သည်။ စမ်းသပ်ချက်များအရ iPhone 6 plus ကို iPad Adapter အသုံးပြု၍ အားသွင်းပါက ၂ နာရီအတွင်းအားအပြည့်သွင်းနိုင်ကြောင်းတွေ့ရသည်။


Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)