Posts

Showing posts from March, 2014

cristiano ronaldo footy For android

Image
ဒီနေ့တော့ ဂိမ်းမတင်တော့ဘူးလုပ်နေတာ ဒါပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ ဆော့ကောင်းမယ့်ဂိမ်းလေးတစ် ခုတွေ့တာနဲ့တင်ပေးလိုက်ပါတယ်ဗျာ..File size ကလည်း (48MB) လောက်ပဲရှိပါတယ်.ရုပ်ထွက် ကတော့ အသင့်အတင့်လောက်ပေါ့ဗျာ.. ဘာဂိမ်းလေးလဲဆိုတော့ ဘောလုံးဂိမ်းလေဗျ. ဟိုအရင်တုန်းကလို လမ်းသရဲဘောလုံးပေါ့ဗျာ.. Android version 3.0 နဲ့ အထက်တွေမှာကစားနိုင်မှာဖြစ်ပါတယ်. ကျွန်တော် တော့မဆော့ကြည့်ရသေးဘူးဗျာ... ကဲ ဘော်ဒါတွေ ဆော့ကြည့်ရအောင်တင်ပေးလိုက်ပါတယ်ဗျာ.... :) Dr.Mobile နှိပ်ပါ

Gallery Lock Pro(Hide picture) v4.7.1 for android

Android OS ကိုင်ဆောင်သူများအတွက် မိမိဖုန်းထဲမှ ဓာတ်ပုံ၊ဗွီဒီယိုဖိုင်များကို တခြားသူများမမြင်နိုင်အောင် ကွယ်ဝှက်ထားနိုင်မယ့် ဆော့ဝဲလ်လေး Gallery Lock Pro ကိုတင်ပေးလိုက်ပါတယ်။ကိုယ်ဖုန်းထဲမှာ ရှိနေတဲ့ ဓာတ်ပုံ၊ဗွီဒီယိုတွေကို ကွယ်ဝှက်ထားနိုင်ပြီး ကိုယ်ရဲ့ personal privacy အပြည့်အ၀ကာကွယ်ပေးနိုင်မယ့်ဆော့ဝဲလ်ကောင်းလေးဖြစ်ပါတယ်။Google Play store မှာ အကောင်းဆုံး 10 မျိုးထဲမှ တစ်မျိုးအပါအ၀င်ဖြစ်တဲ့ နာမည်ကြီးဆော့ဝဲလ်လေး Gallery Lock Pro ဖြစ်ပါတယ်။Hk$30 တန်းကြေးရှိပြီး Free အသုံးပြုလိုသူများ အောက်မှာရယူနိုင်ပါပြီခင်ဗျာ.... Dr.Mobile နှိပ်ပါ

ဖုန်းကို ဟက်ခ်ပြီး ဒေတာအချက်အလက်တွေအကုန် ခိုးယူနိုင်မယ့် ‘Snoopy’ မောင်းသူမဲ့ယာဉ်ကို လန်ဒန်မြို့ မှာ စမ်းသပ်

Image
နှစ်မီတာအကွာအဝေးကနေ ခင်ဗျားဖုန်းထဲကို ၀င်ရောက်ဟက်ခ်နိုင်ပြီး Password နဲ့ တခြား အချက်အလက် တွေ အကုန် ခိုးယူနိုင်မယ့် ဒရုန်း (မောင်းသူမဲ့ယာဉ်) ‘Snoopy’ ပါ။ အခုလို နည်းပညာခေတ်ကြီးမှာ ဒရုန်းတွေဟာ စစ်ဘက်သုံးသက်သက်မဟုတ်တော့ပါဘူး။ ငါးဖမ်းသမားတွေ အတွက် ဘီယာတွေကို ဒရုန်းနဲ့ ပို့ ဆောင်ကြသလို သာမာန်အရပ်သားတွေကလည်း ဒရုန်းတွေကို ဓာတ်ပုံ ရိုက်ကူးရာမှာ အသုံးပြုလာကြတာကို မြင်တွေ့ ရမှာပါ။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ‘Snoopy’ ဒရုန်းကတော့ ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုပါ ၀င်ရောက်ခြိမ်းခြောက်နေပါပြီ။ လန်ဒန်အခြေစိုက် Sensepiont လုံခြုံရေးကုမ္ပဏီ က ဒီ ကိရိယာဟာ ၀ိုင်ဖိုင် တစ်ခုကို ချိတ်ဆက်ဖို့ ကြိုးစား နေတဲ့ အနီးနားက ဖုန်းတွေကို ရှာဖွေဟက်ခ်လုပ်ဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ ဖုန်းတွေဟာ အရင်တစ်ခါက ချိတ်ဆက်အသုံးပြုခဲ့တဲ့ နက်ဝေါ့ခ်တွေကို အလိုအလျောက်မှတ်သားထားကြတဲ့အတွက် ဒီ Snoopy ကိရိယာ က သူ့ ရဲ့ network ကို ခင်ဗျားတို့ အရင်သုံးဖူးခဲ့တဲ့ နက်ဝေါ့ခ် လို့ အထင်မှားစေပြီး ဖုန်းတွေထဲကို ၀င်ရောက် မွှေနှောက်မယ့်ကောင်ပါ။ တကယ်လို့ ခင်ဗျားရဲ့ဖုန်းက သူ့ ကိုချိတ်ဆက်မိသွားပြီဆိုတာနဲ့ Snoopy ဟာ ဖုန်းတွေထဲက ...

စမတ်ဖုန်းအတွက်လေတိုက်နှုန်းတိုင်းကိရိယာ

Image
ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို ရရှိရန် မည်သည့် ရာဦဥတုဆိုင်ရာ App များကို မဆို အသုံးပြုနိုင်မည် ဖြစ်သော်လည်း နောက်ဆုံး Update အချက်အလက်များကို ရယူနိုင်ရန်မှာ အင်တာနက်ဆက်သွယ်မှုစနစ်၏ လိုင်းကောင်းမွန်မှုအပေါ်တွင် မူတည်နေသောကြောင့် ယုံကြည်စိတ်ချရမှု နည်းပါးနေ ပါသေးသည်။ ၄င်းအချက်ကို အဓိကထားလျက် Danish အသင်းမှ Vaavud ဟု အမည်ပေးထားသော စမတ်ဖုန်း တွင် တပ်ဆင်အသုံးပြုနိုင်မည့် လေတိုက်နှုန်းတိုင်း ကိရိယာတစ်ခုကို ဖန်တီးတီထွင် ထုတ်လုပ်ခဲ့ပါသည်။ Vaavud သည် အမှန်တစ်ကယ်အားဖြင့် ရေဒါနှင့်တူညီသည့် wind meter ဖြစ်ပြီး ၄င်းတွင် အီလက် ထရောနစ် စနစ်များ မပါဝင်သော်လည်း ကြိုးမဲ့စနစ်ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စမတ်ဖုန်းဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။ ၄င်းတွင် Rotor ပါဝင်၍ အတွင်း၌ သံလိုက်အသေးစားလေးများကို ထည့်သွင်းထားပြီး Rotor လည်ပတ်သောအခါ ဖုန်းတွင်ပါဝင်သော သံလိုက်စက်ကွင်းအာရုံခံစနစ်မှ ထောက်လှမ်းမည် ဖြစ်ပေသည်။ Vaavud Wind Meter ကိရိယာအနေဖြင့် မည်သည့်နေရာတွင်မဆို တိကျစွာဖြင့် လေတိုက်နှုန်းအား တိုင်းတာနိုင်စွမ်းရှိပြီး ၄င်းကို iOS နှင့် Android Phone များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့...

(31.3.2014)ပြည်တွင်းဟန်းဆက် ဈေးနှုန်းများ

APPLE Price List I Phone 5S(16GB)silver,gray,gold –649000 I Phone 5S(32GB)silver,gray,gold –754000 I Phone 5S(64GB)silver,gold –865000 I Pad mini 4G(64GB) –630000 I Pad mini II wifi (32GB) –484000 I Pad mini II wifi(64GB) –578000 I Pad mini II 4G(16GB) –512000 I Pad mini II 4G(32GB) –601000 Samsung Ace –165000 S Advance –206000 Young Duos –110000 Sony J –145000 M –147000 L –170000 SL –259000 Neo L –181000 Sola –182000 QX10 Camera Lens –239000 QX 100 Camera Lens –469000 LG G Flex –770000 Optimus G Pro Lite –275000 Optimus G 2 –575000 Optimus G –435000 Nexus 4 –399000 Nexus 5 –480000 4XHD –349000 L3 –95000 L5 –149000 L5 II –170000 L7 –185000 L7 II –240000 L9 –275000 HTC One max –699000 One –599000 One X+ –447000 One X –338000 Desire X –263000 Desire VC –175000 Desire 300 –190000 Desire 600 –315000 Wilddfire –75000 Emoto E7000 –109500 E58L –96500 E58 –74000 TCL S900 –70000 A989 –48000 A998 –70000 W718 –60000 Huawei P6 –292...

Cut the Rope 2 MOD APK (Unlimited Coins) For Android

Image
အခုတင်ပေးလိုက်တဲ့ ဂိမ်းကတော့ ကျွန်တော်မနေ့ကတင်မလို့ပါဘဲ.လိုင်းမကောင်းတာနဲ့ (MPT ရဲ့ကျေးဇူးကြောင့်) ဒီနေ့မှဘဲတင်ပေးလိုက်ပါတယ်.အားလုံးသိပြီးသားဖြစ်တဲ့ Cut the rope ဖြစ်ပါတယ်. ဒီကောင်လေးကတော့ Cut the rope 2 ပါခင်ဗျာ... Android Version 2.2 နဲ့အထက်တွေမှာကစားနိုင်မှ ဖြစ်ပါတယ်ခင်ဗျာ.File size ကတော့ (42MB)ဖြစ်ပါတယ်... Dr.Mobile နှိပ်ပါ

AirFighters Pro APK+DATA For Android

Image
ဒီနေ့တော့ ဂိမ်းမတင်ဖြစ်တာကြာလို့ ဂိမ်းအလန်းလေးတစ်ခုတင်ပေးလိုက်ပါတယ်. ဝေဟင်ပေါ်မှာလေ ယာဉ်အချင်းချင်း ပစ်ခက်တိုက်ခိုက်ရမှာဖြစ်ပါတယ်. လူဆိုးနေမြေထဲအထိ ၀င်ရောက်ဖြတ်စီးတိုက်ခိုက် ရမယ့်ဂိမ်းဖြစ်ပါတယ်.ဆော့လို့ကောင်းမယ့်ဂိမ်းတစ်ခုဖြစ်ပါတယ်... ကျွန်တော်တော့ဆော့မကြည့်ရ သေးဘူးခင်ဗျ.. Screen shot လေးတွေကြည့်ပြီးတော့ ကြိုက်တယ်ဆိုရင် Dr.Mobile မှာ Free download ကလေးလုပ်သွားပေတော့ဗျာ... File Size ကတော့ (71MB)ဖြစ်ပါတယ်. Android Version 2.3 နဲ့ အထက်တွေမှာသာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ... Dr.Mobile နှိပ်ပါ

AndroVid Pro Video Editor v 2.4.5 for android(latest version)

Image
Android phone/Tablet ကိုင်ဆောင်သူတွေအတွက် ဆောင်ထားသင့်တဲ့ဆောဝဲလ်လေး Androvid pro ကိုတင်ပေးလိုက်ပါတယ်.။ဒီဆော့ဝဲလ်လေးကို အသုံးပြုပြီး မိမိဖုန်းထဲမှာရှိသော video ဖိုင်များကို one click နှိပ်ရုံနဲ့ audio(mp3) များကို ကြိုက်နှစ်သက်တဲ့ ဖိုင် အမျိုးအစားနဲ့ရွေးချယ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဝဲလ်ထဲမှာ ပါရှိတဲ့ လုပ်ဆောင်ချက်( Features) တွေကတော့ -ဗီဒီယိုဖိုင်များကိုအလိုရှိရာဖြတ်တောက်ခြင်း -ဖြတ်တောက်ပြီးသော ဗီဒီယိုဖိုင်များကို ဆက်ပေးပြီး၊ဗီဒီယို clips များအဖြစ်ထုတ်ပေးခြင်း -ဗီဒီယိုဖိုင်များကို Frame များထည့်ပေးခြင်း -တည်းဖြတ်ပြီးသား ဗီဒီယိုဖိုင်များကို audio formats အမျိုးမျိုးပြောင်းပေးနိုင်ခြင်း(MP3,MP4A,WAV,ASF,FLAC) -တည်းဖြတ်ပြီးသား ဗီဒီယိုဖိုင်များကို video formats အမျိုးမျိုးပြောင်းပေးနိုင်ခြင်း(AVI,FLV,MP4,MPEG-2,VOB-Dvd format) အစရှိတဲ့လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါတယ်။Google Play မှာ 1.69 ဒေါ်လာနဲ့ ၀ယ်ယူရမှာဖြစ်ပြီး Dr.Mobile မှာတော့ Free download တင်ပေးလိုက်ပါတယ်ဗျာ...... Dr.Mobile နှိပ်ပါ

Advanced Download Manager Pro v 3.5.0.1 for Android(latest version)

Image
Android User များအတွက်  အရမ်းအသုံးဝင်တဲ့ Download Manager လေးနဲ့  မိတ်ဆက်ပေးပါရစေ။ဖုန်း နဲ့ အင်တာနက် အသုံး ပြုသူများအတွက် ဒေါင်းလုပ် လုပ်ရာတွင် အဆင်ပြေစေမယ့် app လေးတခုပါ။မိမိစိတ်ကြိုက် Link ကိုရိုက်ထည့်ပြီးဒေါင်းနိုင်သလို ၊ ဒေါင်းလုပ် လုပ်ရမည့်အချိန်တွင်လည်း ဒီ app လေးကAutorun ပေးပါလိမ့်မယ်။google play မှာ 1.99 ဒေါ်လာနဲ့ ၀ယ်ယူရမှာဖြစ်ပြီး Dr.Mobile မှာတော့ free download ရယူနိုင်ပါပြီခင်ဗျာ....... Dr.Mobile နှိပ်ပါ

ကလေးများအတွက် စမတ်ချိုလိမ်

Image
ကလေးသူငယ်များ နေထိုင်မကောင်း၊ ဖျားနာပြီဆိုရင် မိဘတွေ အလုပ်ရှုပ်ကြ ရပါတယ်။ အထူးသဖြင့် မွေးကင်းစ ကလေးငယ်၊ စကားမပြောတတ်သေးတဲ့ အရွယ်တွေဆိုရင် မိဘတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။ ဒီအချိန်မှာ မိဘတွေ လုပ်နိုင်တာတစ်ခုက ကိုယ်အပူချိန်တိုင်းပြီး ကလေး ဆရာဝန်ကို ဖုံးဆက်သင့်ရင် ဖုန်းဆက်ကာ ဆေးတိုက်သင့်တန်သည် ဆေး တိုက်ကြရပါတယ်။ အပူချိန်တိုင်းရာမှာလည်း ဂျီကျပြီး ဂဏာမငြိမ်တဲ့ ကလေး ဆိုရင် ကိုယ်အပူချိန် အမှန်ကို တိုင်းတာရာမှာ ခက်ခက်ခဲခဲ တိုင်းယူကြရပါ တယ်။ ဒီလိုအခက်အခဲတွေကို ပုံပါ Bluetooth နည်းပညာသုံး Pacifi စမတ် ချိုလိမ်က ဖြေရှင်းပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ယင်း Pacifi စမတ်ချိုလိမ်ကို အင်္ဂလန်အခြေစိုက် Blue Maestro ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ဒီကိရိယာဟာ ကမ္ဘာ့ပထမဆုံး Bluetooth 4.0 နည်းပညာသုံး စမတ်ချိုလိမ် ဖြစ်တယ်လို့ ယင်းတို့က ဆိုပါတယ်။ ကိုယ်အပူ ချိန်အာရုံခံစနစ်သုံး ချိုလိမ်ဟာ Bluetooth စမတ်နည်းပညာကို အသုံးပြုပြီး iOS နဲ့ Andriod သုံး စမတ်ကိရိယာများပေါ်ရှိ App ထံသို့ အချက်အလက်များ ကို ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ယင်း App ပေါ်မှာပဲ ကလေးရဲ့ ကိုယ်အပူချိန်၊ နောက်ဆုံး ဆေးတိုက်ခဲ့တဲ့...

ဆရာဝန်များအတွက် Google Glass

Image
ရောင်းအားအကောင်းဆုံးသော ပစ္စည်းကိရိယာ အမျိုးအစားများတွင် Google Glass အနေဖြင့် ပါဝင်ခြင်း မရှိပေ။ သို့သော်လည်း အဆိုပါ Glass အနေဖြင့် ဆရာဝန်များကိုယ်တိုင် အသုံးပြုနိုင်ရန် စိတ်ဝင်စားအောင်ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သော ဆရာဝန်များ အနေဖြင့် လူနာထံမှ ဆေးကုသခြင်းဆိုင်ရာ အချက်အလက်များကို Google Glass ကိုအသုံးပြု၍ သိရှိနိုင်တော့ မည်ဖြစ်ပေသည်။ လွန်ခဲ့သောနှစ်များစွာက ကျွန်ုပ်တို့အနေဖြင့် စမတ်ဖုန်း၊တက်ဘလက်များတွင် နိုင်ငံခြားဘာသာစကား များကို မိမိတို့နားလည်နိုင်မည့် ဘာသာစကားအဖြစ် ပြောင်းလဲပေးနိုင်မည့် App များကို တွေ့မြင်ခဲ့ရပြီး ဖြစ်ပေမည်။ ထို့အပြင် ယခု Google Glass သည်လည်း ထိုကဲ့သို့လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု သိရသည့်အပြင် ဆရာဝန်များကို ကူညီနိုင်မည့် များစွာအသုံးဝင်သော ပစ္စည်းတစ်ခုလည်း ဖြစ်လာပါသည်။ ယခင် အချိန်တုန်းက ဆရာဝန်များအနေဖြင့် လူနာထံသို့ မသွားရောက်မီ လူနာ၏ ဆေးမှတ်တမ်းများ ကို သိရှိနိုင်ရန် အလို့ငှာ ဖိုင်များတွင် ရှာဖွေရခြင်း၊ ကွန်ပျူတာများတွင် ရှာဖွေရခြင်း၊ တက်ဘလက်များတွင် ရှာဖွေရခြင်း အစရှိသည်တို့အား လုပ်ဆောင်ရပါသည်။ သို့သော် ယခုအခါ ထိုအချ...

Floating Toucher 2.7 for android(latest version)

Image
Android phone/Tablet ကိုင်ဆောင်သူတွေ အတွက် အသုံးဝင်ဆော့ဝဲလ် Floating Toucher v 2.5.1 လေးတင်ပေးလိုက်ပါတယ်..အခုနောက်ပိုင်း ဖုန်းသူတိုင်း အသုံးပြုတာတွေ့ရပါတယ်.ဒီဆော့ဝဲလ်လေးက Easy Touch လိုမျိုးပါ.ဒါပေမယ့် Easy Touch ထက်ပိုတဲ့ Features များစွာပါဝင်တာကို တွေ့ရမှာဖြစ်ပါတယ်.. လွယ်လွယ်ကူကူနဲ့  Home Screen မှာ ထားသုံးနိုင်တာကြောင့် ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်အလန်းလေး ပါ.. အသုံးဝင် features များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ. Features list: 1. Clear memory 2. Back/Home button (Need ROOT) 3. Favor apps 4. Recent apps 5. Battery display 6. Lock screen 7. System switches -Screen brightness -Ring mode -Bluetooth -Wi-Fi -GPS -APN (Mobile network) -Rotation -Flashlight -Airplane mode ရယူအသုံးပြုချင်သူများအောက်ပါလင့်မှာ Download ရယူနိုင်ပါပြီခင်ဗျာ.... Dr.Mobile နှိပ်ပါ

Tizen OS သုံး Samsung စမတ်ဖုန်းထွက်တော့မည်

Samsung တို့ ကိုယ်တိုင်ဖန်တီးကြိုးစားထားတဲ့ Tizen OS နဲ့ စမတ်ဖုန်း ထွက်ရှိမယ်ဆိုတာ ၂၀၁၃ နှစ်ကုန် လောက်ကတည်းက ထွက်ရှိတဲ့ သတင်း ဖြစ်ပါတယ်။ ယင်းသတင်းကို သေချာအောင် ယခုတော့ ဖုန်းကိုပါ အလုံးလိုက်အထည်လိုက် မြင်နေရပြီ ဖြစ်ပါတယ်။ Samsung က တရားဝင်ကြောညာခြင်း မဟုတ်ပေမယ့် တောင်ကိုရီးယားအခြေဆိုက် နည်းပညာ သတင်းဌာနများက ဖော်ပြခြင်း ဖြစ်ပါတယ်။ Android OS အစားထိုးမယ့် Samsung ရဲ့  ကိုယ်ပိုင် Tizen OS ဟာ ထူးခြားပါတယ်။ Android အသွင်အပြင်၊ Windows Phone OS အသွင်အပြင် ကို ပြန်ယူထားပြီး iOS7 လို အရောင်နုနု icon လေးတွေ ကို မြင်ရ အုံးမှာ ဖြစ်ပါတယ်။ Home Screen ကတော့ Windows Phone OS နဲ့တောင် မကွာ ပါဘူး။ ဖုန်းကို Zeke လို့ အမည် ပေးထားပြီး Samsung ZEQ 9000 လို့လည်းခေါ်ပါသေးတယ်။ မျက်နှာပြင်အားဖြင့် ၄.၈ လက်မ ရှိပြီး HD မျက်နှာပြင် တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Samsung Galaxy S4 ထက် အရည်ပိုသေး သွားပါတယ်။ Processor ကတော့ 2.3 GHz Qualcomm Snapdragon 800 CPU အသုံးပြုပြီး ကျန်တဲ့ Feature များကတော့ Samsung Galaxy S4 က ဟာ့ဒ်ဝဲများနဲ့ သိပ်မကွာဘူး ဆိုပါတယ်။ သို့ပေမယ့် Android platform ပေါ်က ဖုန...

Samsung Gear Fit Review

Image
စပိန်နိင်ငံ၊ ဘာစီလိုနာပွဲမှာ Samsung ဟာ Gear (3) လုံးကို ထုတ်ဖော်ချပြခဲ့ပါတယ်။ ဒါတွေကတော့ Gear 2 , Gear 2 Neo , Gear Fit တို့ပဲ ဖြစ်ပါတယ်။ ထိုအထဲတွင် Gear 2 , Gear 2 Neo မှာ ဆင်တူနီးပါးပုံစံရှိပြီး အရင် Gear နဲ့ပုံစံ သိပ်မကွာလှပါဘူး။ နောက်တစ်ခု ဖြစ်တဲ့ Gear Fit ဟာဆိုရင် Fitness လက်ပတ် တစ်ခုဖြစ်ပြီး တစ်ခြားဟာတွေနဲ့ တမူထူးခြားကာ ပုံစံလည်း အတော်ပြောင်းလဲသွားတာမို့ Gear Fit ကို ရွှေးချယ်ဖော်ပြ ပေးလိုက်ပါတယ်။ Samsung Galaxy S5 ကဲ့သို့ Super AMOLED display (432×128) ကိုသုံးထားရုံမျှမက IP67 ဖြင့် သံချေးတက်ခံ၊ ရေစိမ်ခံနိင်ပါတယ်။ ဒါအပြင် နှလုံးခုန်နှုန်းကို တိုင်းတာနိင်တဲ့ အာရုံခံလည်းပါဝင်ခဲ့တာကြောင့် Galaxy Gear Fit ဟာ S5 နဲ့ ဆင်တူများတောင် ထင်ရပါတယ်။ ဒီဇိုင်း Gear , Gear 2, Gear 2 Neo တို့နဲ့ လုံးဝကွဲပြားပြီး နာရီပုံစံလေးထောင့်ကျခြင်းမှ ရုန်းထွက်ကာ မျက်နှာပြင် ခုံးပြီး သေးသွယ်သည့် လက်ပတ် ရှည်မျှောမျှော ပုံစံရှိပါတယ်။ မီနီမန် အလေးချိန်က 27 ဂရမ်သာရှိပြီး 11.95mm အထူရှိကာ စတိုင်ကျ ဆွဲဆောင်မူ ရှိလှတာကိုတွေ့နိင်ပါတယ်။ အရောင်တွေအနေနဲ့ အမည်းရောင်၊ လိမ္မော်ရောင်၊ ကော်ဖီ Mocha အရောင်တေ...

Miss call maker v.1.7 (For Android)

Image
 ဖုန်း bail ကုန်မှာစိုးလို့ပဲဖြစ်ဖြစ် ဖုန်းထဲမှာ လက်ကျန်ငွေနဲနေတာပဲဖြစ်ဖြစ် တစ်ဖက်လူကို Misscall ပေးတဲ့ Apk လေးပါခဗျာ … အသုံးပြုပုံကလွယ်ကူလို့ ပုံလေးတွင် ကြည့်ပြီး အသုံးပြုနိုင်ပါတယ်ခဗျာ … Dr.Mobile နှိပ်ပါ ဖုန်း bail ကုန်တဲ့ ဘဝမှ ကင်းဝေးနိုင်ကြပါစေခင်ဗျာ …

Wifi Password သိချင်လား … ?

Image
ဒီ APK လေးက Android ကိုင်ဆောင်သူတွေအတွက်ဖြစ်ပါတယ်။ APK နာမည်က WIBR+ ဖြစ်ပါတယ်။ ဒီ APK လေးကိုအသုံးပြုဖို့ Root ရှိနေဖို့လိုအပ်ပါတယ်။ နဲနဲလောက်ရှင်းပြမယ်ဗျာ … APK အသုံးပြုနည်းလေးကို … Download အရင်ရယူလိုက်ပါ။   Dr.Mobile နှိပ်ပါ ၁။ Download လုပ်ပြီးရင် ဖွင့်ပါ။ ပြီးရင် Add Network ကိုနှိပ်ပါ။ ၂။ မိမိ အသုံးပြုလိုသည့် Wifi ကို ၁ ချက် Click ပါ။ ၃။ Box တစ်ခုကြလာပါလိမ့်မည်။ ထို Box မှ Bruterforce Small Dictionary Middle Dictionary Big Dictionary များကို On ပါ … ပြီးရင် Add to Queue ကိုနှိပ်ပါ။ ၄။ ခဏစောင့်ပါ အဝိုင်းလေးလည်ပြီး Password စတင်ရှာဖွေနေပါလိမ့်မယ်။ အဝိုင်းလေးလည်တာ ရပ်ပြီး လက်မတောင်ရင်တော့ အင်တာနက်စတင်အသုံးပြုလို့ရသွားပါပြီခဗျာ …

First Look: HTC One M8

Image
လူအများ၏ နှစ်သက်သဘောကျမှုကို ရရှိခဲ့ပြီး ဒီဇိုင်းပုံစံ ပြောင်မြောက်လှသည့် စမတ်ဖုန်းအဖြစ် ယမန်နှစ်က အောင်လံလွှင့်ထူခဲ့သည် HTC One ၏ အရိုက်အရာအား ဆက်ခံမည့် စမတ်ဖုန်းတစ်လုံးအား HTC မှ ယမန်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။ HTC One M8 ဟု ထူးခြားစွာ အမည်ပေးထားသည့် ဤစမတ်ဖုန်းမှာ မူရင်း One ထက် အရွယ်အစားအားဖြင့် အနည်းငယ် ပိုမိုကြီးမားလာပြီး ပိုမိုဆွဲဆောင်မှုရှိသည့် ပုံစံဒီဇိုင်းဖြင့် ထုတ်လုပ်ထားကာ နောက်ကျောပြင်တွင်လည်း ထူးခြားစွာပင် ကင်မရာ ၂ လုံး တပ်ဆင်ပေးထားသည်။ အထူးသဖြင့် ဖုန်း၏ brushed gunmetal gray သတ္တုကိုယ်ထည်သည် အဆင့်မြင့်မားလှပါသည်။ ပါးလွှာသည့် ကိုယ်ထည်နဲ့ ကျစ်လစ်ချောမွေ့ပြီး ကိုင်တွယ်အသုံးပြုရ လွယ်ကူတဲ့ ပုံစံဒီဇိုင်းပါပဲ။ One M8 ၏ မျက်နှာပြင်သည် One ထက် အနည်းငယ် (၀.၃ လက်မ) ပိုမိုကျယ်ပြန့်ပြီး အလေးချိန်အားဖြင့်လည်း အနည်းငယ် ပိုမိုသော်လည်း အသုံးပြုရာတွင်တော့ သိသာသည့် ကွဲပြားမှုမျိုးကိုတော့ ခံစားရမည် မဟုတ်ပေ။ ၅ လက်မအရွယ် မျက်နှာပြင်ကြောင့် One M8 ၏ ကိုယ်ထည်မှ မသိမသာ ကြီးမားလာခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းက ထုတ်ဖော်ပြသသွားသည့် Samsung ၏ Galaxy S5 စမတ်ဖုန်းကဲ...

စမတ်ဖုန်းမှ ထိန်းချုပ်နိုင်သည့် စမတ်မီးလုံးကို LG မိတ်ဆက်

Image
LG သည် Android သို့မဟုတ် iOS app မှတဆင့် ထိန်းချုပ်နိုင် အသုံးပြုနိုင်သည့် စမတ်မီးလုံးများကို မိတ်ဆက် ပြသခဲ့ကြောင်း သိရသည်။   အဆိုပါ မီးလုံးများ၏ တန်ဖိုးသည် တစ်လုံးလျှင် ဝမ် ၃၅,၀၀၀ သို့မဟုတ် ၃၂ ဒေါ်လာ ခန့်ရှိပြီး လတ်တလောတွင် တောင်ကိုရီးယားနိုင်ငံ ၌သာဖြန့်ချိထားသည်။   ၎င်းစမတ်မီးလုံးများသည် Android 4.3 နှင့် အထက် သို့မဟုတ် iOS 6.0 နှင့် အထက် အသုံးပြုထားသည့် ထုတ်ကုန်များတွင် Bluetooth မှတဆင့် ချိတ်ဆက် အသုံးပြုနိုင် သည်။ ထို့အပြင် “LG Smart Lighting” feature ပါဝင်သောကြောင့် စမတ်မီးလုံးကို security mode နှင့် party mode အပါအဝင် mode များစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။   ထို့အပြင် သုံးစွဲသူ၏ စမတ်ဖုန်း သို့မဟုတ် tablet ပေါ်တွင် ဖုန်းလက်ခံရရှိပါက စမတ်မီးလုံးတွင် မီးလင်းလာမည့် mode လည်း ပါဝင်ကြောင်း သိရှိရသည်။ မီးလုံး၏ အလင်းကိုလည်း သုံးစွဲသူ အိပ်ယာမှ နိုးလာသည့်အခါ တဖြည်းဖြည်း အလင်းအားနည်းသွားသည့် ပုံစံကဲ့သို့လည်း ထိန်းချုပ် အသုံးပြုနိုင်မည်ဟု သိရသည်။ Ref: Techienews credit to:Internet Journal

Microsoft က iPhone နဲ့ Android အတွက် Office ကို အခမဲ့ ပြုလုပ်ပေး

Microsoft က iPhone နဲ့ Android အတွက် Office ကို ရောင်းချနေရာကနေ အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ Word Documents, Excel Spreadsheets, PowerPoint Presentation များကို မိုဘိုင်းဖုန်း မှာ Create, Edit အခမဲ့ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ iOS နဲ့ Android App များရဲ့ Home Page မှာ OneDrive မှ Document တွေကို ဖွင့်လို့ရတဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Recent ကဏ္ဍ မှာ မကြာမီ က ပြုလုပ်ခဲ့တဲ့ Document တွေကို ပြသပေးမှာဖြစ်ပါတယ်။ New Tab မှာ Document အသစ်တွေ ပြုလုပ်နိုင်ပါတယ်။ Microsoft က အခုလို Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်တာဟာ Apple နဲ့ Google တို့ကို ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ပါတယ်။ Apple က Pages, Keynote, Numbers ဆော့ဝဲတွေကို iPhone ၀ယ်တဲ့သူတွေကို အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ Google ကလည်း Google Docs ကို Google Drive မှာ ထည့်သွင်းပေးထားပြီး Platform တိုင်းမှာ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ Microsoft က iPad အတွက် Office ကို ကြေညာအပြီးမှာ အခုလို Android , iPhone တို့အတွက် Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဆိုတာ ကို ကြေညာခဲ့တာဖြစ်ပါတယ်။ iPad အတွက် Office ...

4G LTE ကွန်ရက်စနစ်ကို လက်ရှိဘဏ္ဍာနှစ်အတွင်း ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနသည် ၎င်းတို့၏ 4G LTE (Long Term Evolution) ကွန်ရက်စနစ်ကို မကြာမီကုန်ဆုံးတော့မည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မတိုင်မီ အများပြည်သူသို့ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်နေကြောင်း အဆိုပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ ပြည်တွင်းမိုဘိုင်းဆက်သွယ်မှုစနစ်အတွက် ပိုမိုအထောက်အပံ့ပေးနိုင်မည့် အဆိုပါ 4G စနစ်ကို မိုဘိုင်းအင်တာနက် အသုံးပြုသူများအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်ပနိုင်ငံတချို့မှ အကူအညီများကို ရရှိထားကြောင်း သိရသည်။ ဝန်ကြီးဌာနအနေဖြင့် ပိုမိုကောင်းမွန်သည့် အဆိုပါ ကွန်ရက်စနစ်ကို ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများ လုပ်ငန်းစတင်ချိန်နှင့် တပြိုင်နက်တည်းတွင် အများပြည်သူအသုံးပြုနိုင်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “4G စနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်နေတာကကြာပါပြီ။ အရင်ကတည်းက လုပ်ဖို့အစီအစဉ်တွေရှိခဲ့ပါတယ်။ မကြာခင် သုံးစွဲသူတွေအတွက် ဆောင်ရွက်ပေးနိုင်တော့မှာပါ။ အဲ့ဒီအတွက် ပြည်ပက အကူအညီတွေလည်း ယူရပါတယ်။ ပိုပြီးအဆင့်မြင့်တဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ပေးနိုင်အောင်လည်း ...

Apple အကြောင်းစာအုပ်သစ်ကို ဝေဖန်ခဲ့တဲ့ Tim Cook

Image
Apple CEO Tim Cook အနေနဲ့ Haunted Empire:Apple After Steve Jobs ဆိုတဲ့ စာအုပ်နဲ့ ပတ်သတ်ပြီး တရာဝင်ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ Wall Street Journal Apple reporter ဟောင်းဖြစ်တဲ့ Yukari IWatani Kane ဒီစာအုပ်ဟာ အဓိပ္ပာယ်မရှိတဲ့……….

iPhone 5/5S အတွက် S View ကာဗာ

Image
Samsung စမတ်ဖုန်းတွေမှာ အသုံးပြုရတဲ့ S View ကာဗာ အကြောင်းကို သိသူများလည်း သိကြမှာ ဖြစ်ပါတယ်။ ရှေ့ မျက်နှာပြင်မှာ ပြတင်းပေါက် ပမာ ပွင့်နေပြီး ယင်းလေးထောင့်ကွက်ကလေး ကနေ အချိန် နာရီ၊ နေ့စွဲ၊ ရာသီဥတုအခြေအနေ အစရှိသဖြင့်တို့ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီကာဗာကို အခြား ဖုန်းတွေမှာ အသုံးပြုလို့မရပဲ Samsung ဖုန်းတွေမှာ သာ အသက်ဝင်ပါတယ်။ ယခုတော့ ကမ္ဘာကျော် ဖုန်းကာဗာ ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်တဲ့ Moshi က iPhone 5 နဲ့ 5S အတွက် ကာဗာထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ မျက်နှာပြင်မှာ အကွက်ငယ်လေး တစ်ခုသာ ချန်ထားပြီး ကျန်တဲ့အစိတ် အပိုင်းအားလုံးကို ပိတ်ထားပါတယ်။ ပိုလီကာဘွန်နိုက်အသား နဲ့ ပြုလုပ်ထားတဲ့ ယင်း ကာဗာက နောက်ကျောမှာတော့ Apple တံဆိပ်နဲ့ ကင်မရာ အကွက်တို့ကို ချန်ထားမှာ ဖြစ်ပါတယ်။ ရှေ့ မျက်နှာပြင်က အကွက်ငယ်လေးကနေ အချိန်၊ နေ့စွဲ၊ ရာသီဥတုအခြေနေ အစရှိသဖြင့် တို့ကို ကြည့်ရှုနိုင်ပြီး ဖုန်းအဝင်အထွက်များ ကိုလည်း ဖြေကြား နိုင် အုံးမှာ ဖြစ်ပါတယ်။ ဒီတော့ ဖုန်း ကာဗာဖွင့်စရာမလိုပဲ မျက်နှာပြင်ကနေ လုပ်ဆောင်ချက် အတော်များများကို လုပ်ဆောင်နိုင် မှာ ဖြစ် ပါတယ်။ Samsung က S View ကာဗာတွေလို အသုံးပြုလိ...

DEAD TRIGGER 2 0.5.0 MOD APK+DATA (Unlimited Money/Ammo/Lives)

Image
အားလုံးဘဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ ကျွန်တော်ပြင်းတာနဲ့ ကြောက်စရာကောင်းတဲ့ ဂိမ်းလေးတစ်ခု တင်ပေးလိုက်ပါတယ်ဗျာ.ဘယ်လိုကြောက်စရာကောင်းလဲသိချင်ရင် ကစားကြည့်ပေါ့နော့်. အောက်မှာ screen shot တွေပါတင်ပေးထားပါတယ်။ တကယ်ကောင်းတဲ့ဂိမ်းပါ.. Zombi တွေကို လက်နက်တွေအမျိုး မျိုးနဲ့ နှိမ်နင်းရမှာဖြစ်ပါတယ်. ပိုက်ပိုက်လဲ ဟတ်ပြီးသားဗျ..File size ကတော့ (414MB) ပါ. Android Version 4.0 နဲ့ အထက်တွေ မှာသာကစားနိုင်မှာဖြစ်ပါတယ်. ကစားချင်တယ်ဆိုရင်တော့ Dr.Mobile မှာ Free download ရယူနိုင်ပါပြီ ခင်ဗျာ. Download အခက်အခဲရှိရင်တော့ Dr.Mobile မှာ လာရောက်သွင်းယူနိုင်ပါပြီခင်ဗျာ။။။။။။ Dr.Mobile နှိပ်ပါ

Zapya v.2.2 (US) နဲ့ Zapya v.2.2 (ZH) ဘယ်ဟာသုံးသင့်သလဲ … ?

Image
Zapya v.2.2 (US) ကိုသုံးတဲ့သူတော်တော်များများ သိမယ်ထင်ပါတယ်။ ဘာ Error တွေ တက်လာလဲဆိုတော့ Mobile Data ဖွင့်ရင့် Wifi ပွင့်လာတယ်တို့ဘာတို့ … နောက်တစ်ခုက Error box တက်လာပြီး ဖွင့်ထားတဲ့ App တွေပိတ်သွားတဲ့ error တွေဖြစ်လာပါတယ်။ အဲ့ Error ကိုဖြေရှင်းဖို့အတွက် ကလွယ်ကူပါတယ်။ အရင်ဆုံး Zapya v.2.2 (US) ကို Uninstall လုပ်လိုက်ပါ။ ပြီးရင် Zapya v.2.2 (ZH) လေးကို install လုပ်လိုက်ပါခဗျာ  … အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ Dr.Mobile နှိပ်ပါ    

HTC Android စမတ်နာရီ

Image
HTC ရဲ့  စမတ်နာရီ ကိုလည်း မြင်တွေ့ရပါမယ်။ ၂၀၁၄ နှစ်လယ်လောက်မှာ ဖြစ်မယ်လို့ ခန့်မှန်းထား ပါတယ်။ HTC Sense Feature ပါ ပါဝင်ပြီး Android OS ကိုပဲ Based လုပ်ပြီး မောင်းနှင် မယ့် နာရီပါပဲ။ လက်ရှိ Samsung ရဲ့  Samsung Galaxy Gear နဲ့ Sony ရဲ့  Smartwatch 2 တို့အတွက် အဓိက ပြိုင်ဘက် ဖြစ်လာစေ မှာ ဖြစ်ပါတယ်။ နာရီရဲ့  ပုံသဏ္ဍာန် ဘယ်လိုရှိလာ မယ် ဆိုတာလည်း မသိရသေးပါဘူး။ အခု ပုံမှာက imagine လုပ်ထားတာပါ။ ပါဝင်မယ့် Feature အစုံအလင်ကိုလည်း ထွက်ဆို မထားပါဘူး။ သေချာတော့ကတော့ လက်ရှိ စမတ်နာရီများရဲ့  ပြိုင်ဘက် ဖြစ်လာမယ် ဆိုတာပါပဲ။ အားကစားအတွက်ကော၊ ဖျော်ဖြေရေး အတွက်ကော၊ Telecommunication အတွက်ကော အားလုံး အဆင်ပြေစေမယ့် နည်းပညာပစ္စည်း တစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ HTC ရဲ့  စမတ်နာရီနဲ့ ပက်သက်တဲ့ တရားဝင် သတင်းအချက်အလက်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားဖွယ် ရှိကြောင်း သိရပါတယ်။ Ref:Smart Pro Journal

Android ထုတ်ကုန်များတွင် iTunes သီချင်း ဝန်ဆောင်မှု အသုံးပြုနိုင်ရန် Apple စီစဉ်နေ

Apple သည် Android ထုတ်ကုန်များတွင် အသုံးပြုနိုင်မည့် iTunes app ဖြင့် အခပေး သီချင်း ဝန်ဆောင်မှုကို လွှင့်တင်ရန် ကုမ္ပဏီ များဖြင့် ဆွေးနွေးနေကြောင်း Billboard ဝက်ဆိုက်က ဖော်ပြသွားခဲ့သည်။ အဆိုပါ ဆွေးနွေးမှုသည် အမေရိကန်နိုင်ငံတွင် iTunes ပေါ်၌ သီချင်း ရောင်းချရသည့် နှုန်းများ ကျဆင်းလာခြင်းကို ကာကွယ်ရန်အတွက် အရေးပါသည့် နည်းဗျူဟာ တစ်ခုဖြစ်ကြောင်း သိရသည်။ Billboard ၏ သတင်းဖော်ပြချက်သည် Apple ၏ ဒီဂျစ်တယ် ရောင်းချမှုနှုန်း ကျဆင်းခဲ့သည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က Los Angeles Time မှ ဖော်ပြပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းသည်။ ပြီးခဲ့သည့်နှစ် မတ်လတွင် Apple ၏ iTunes သီချင်း တစ်ပုဒ်ချင်း ရောင်းအားမှာ ၁၁ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ဖူးပြီး ယခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်၍ တစ်ပတ်တိတိ digital album ရောင်းအား ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း Nielsen SoundScan မှ သုတေသီများက ထုတ်ပြန် သွားခဲ့သည်။ Ref: AppleInsider Credit to:Internet Journal

iPhone 6 နဲ့ iWatch မှာ အဖိုးတန်ကျောက် မျက်နှာပြင်အသုံးပြု

Image
Sapphire Crystal လို့ခေါ်တဲ့ အဖိုးတန် ကျောက်မျက်ရတနာ ကို အသုံးပြုပြီးတော့ iPhone 6 နဲ့ iWatch တို့ရဲ့ မျက်နှာပြင် ကို ပြုလုပ် မှာ ဖြစ်ကြောင်း သိရ ပါတယ်။ Apple က တရားဝင်ပြောဆိုတာ မဟုတ်သေးပေမယ့် အိုင်တီ မီဒီယာ အများစု က ဖော်ပြ လာတဲ့ သတင်း တစ်ရပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ် ကတည်းက Apple တို့က Sapphire Crystal ကို အသုံးပြုလို့ ဖန်သား မျက်နှာပြင် ဖန်တီးဖို့ စိတ်ကူး ရှိခဲ့ကြောင်း ဆိုပါတယ်။ iPhone6 ရဲ့ မျက်နှာပြင် အရွယ်အစားက ၅ လက်မ ရှိကြောင်း ဆိုပါတယ်။ ၄.၅ လက်မ အရွယ် မဟုတ်တော့ ပါဘူး။ iWatch လို့အမည်ပေးထားတဲ့ စမတ်နာရီလည်း ထွက်ရှိမှာ ဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင် iPhone တစ်လုံးနဲ့တစ်လုံး မိတ်ဆက်တာ၊ ရောင်းချ တာ တစ်နှစ်ခြားပါတယ်။ ဒီနှစ်တော့ စောစောစီးစီး ထွက်ရှိမှာ ဖြစ်ပါတယ်။ Appple 6 ကို ပုံမှန် ထုတ်နေကျ ၄.၅ လက်မ နဲ့ ၅ လက်မ အမျိုးအစား ဆိုပြီးတော့ ခွဲခြား ထွက်ရှိမယ်လို့ကော ပြောဆိုနေကြကြောင်း သိရ ပါတယ်။ Ref:Smart Pro Journal

Exodus: Necklace of heavens For Android

Image
အားလုံးကို ဂိမ်းအလန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါဦးမယ်.. Action game ကိုမှကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဆော့ကောင်းမဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်. ကျွန်တော်အောက်မှာ screen shot တွေတင်ပေးထားပါတယ်ဗျာ.. android version 4.0 နဲ့အထက်တွေမှာသာ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်.. file size ကတော့ (170MB) ဖြစ်ပါတယ်။ ကစားချင်တဲ့သူများ Dr.Mobile မှာ Free download ရယူနိုင်ပါပြီခင်ဗျာ... Dr.Mobile နှိပ်ပါ (apk) Dr.Mobile နှိပ်ပါ (Data)

Facebook 9.0.0.0.8

Image
facebook 9.0.0.0.8 လေးအသစ်ထွက်လို့တင်ပေးလိုက်ပါတယ်။ New feature တွေကတော့ Dr.Mobile နှိပ်ပါ

LG နဲ့ Samsung ဖုန်းတွေကို အမေရိကန် အိမ်ဖြူတော် သုံးစွဲရန် စမ်းသပ်

US အစိုးရအနေနဲ့ Security ပိုင်းဖက်မှာ လုံခြုံစိတ်ချရတဲ့ Blackberry ဖုန်းတွေကို သုံးစွဲလာခဲ့တာဟာ ဖြင့် အချိန်ကြာခဲ့ပါပြီ။ အခု အခြား Android ဖုန်းထုတ်လုပ်သူတွေ ဖြစ်တဲ့ တောင်ကိုးရီယားအခြေစိုက် LG နဲ့ Samsung ကို အေဂျင်စီက အတွင်းဖက် နည်းပညာ အသင်းက စမ်းသပ်လျက်ရှိပြီး ယခုသုံးစွဲလျက်ရှိသော Blackberry ဖုန်းနေရာမှာ အစားထိုးမှာ ဖြစ်တယ်လို့ ယူဆရပါတယ်။ Blackberry ကုမ္ပဏီရဲ့ပြောကြားမူအရ US အစိုးအရအနေနဲ့ ဖုန်းလုံခြုံရေးပိုင်း၊ တန်ဖိုးသက်သာမူတွေအတွက် ဌင်းတို့၏ တံဆိပ်ကိုပဲ ဆက်လက်ရွေးချယ်သွားမှာဖြစ်တယ်လို့ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။ Samsung နဲ့ LG တို့လိုအခြားပြိုင်ဘက် ကုမ္ပဏီတွေဟာ US အစိုးရအတွက် တင်းကျပ်တဲ့ လိုအပ်ချက်တွေနဲ့ တရားဝင် လက်မှတ်တွေ မရှိဘူးလို့ သိရပါတယ်။ Ref:Smart Pro Journal

အထူးဈေးနှုန်း 645,000ကျပ် နဲ့ နိုင်ငံတကာနည်းတူ ပြည်တွင်း၌တစ်ပြိုင်နက်ဝယ်ယူရရှိနိုင်မယ် Galaxy S5

Image
samsung ကုမ္ပဏီကနေ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာပြုလုပ် ခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းဖုန်းကွန်ဂရက်မှာ သူတို့ရဲ့နောက်ထပ်မျိုးဆက်သစ် စမတ်ဖုန်း Galaxy S5ကို မိတ် ဆက်ပြသပြီးတဲ့နောက်မှာတော့ သတ်မှတ်ကာလဖြစ်တဲ့ လာမယ့် ဧပြီလ ၁၁ ရက်နေ့မှာ နိုင်ငံတကာ ဈေးကွက်ကိုဖြန့်ချိရောင်းချတော့ မှာဖြစ်ပါတယ်။ နိုင်ငံတကာဈေး ကွက်ကိုဖြန့်ချိရောင်းချတာနဲ့ တစ် ပြိုင်နက်တည်းပြည်တွင်းဈေးကွက် မှာပါ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ Galaxy S5မှာ samsung ရဲ့နည်းပညာ သစ်တွေ ပါဝင်လာခဲ့ပြီး၊ Ultra Power Saverနဲ့ finger print , heart rate sensor စသည်ဖြင့် နည်းပညာအသစ်တွေလဲပါဝင်တယ်။ထို့အပြင် ရေစိုခံနိုင်စွမ်း ရှိတဲ့ လုပ်ဆောင်မှုတွေပါ ပါဝင် လာခဲ့မှာဖြစ်ပြီး၊ ၅ လက်မမျက်နှာ ပြင်သုံးစွဲရမှာဖြစ်ပါတယ်။ Android ရဲ့ နောက်ဆုံးထွက် osကို သုံးစွဲနိုင်မှာဖြစ်ပြီး၊ 16MP ကင် မရာကိုထည့်သွင်းပေးထားပါတယ်။ စတင်ကြေညာတဲ့ ဖေဖော်ဝါရီလ ကတည်းက ယနေ့အချိန်ထိ ထွက် ရှိမယ့်အချိန်ကိုသုံးစွဲသူတွေက မျှော်လင့်နေကြတုန်းပါပဲ။ ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူနိုင်ဖို့အတွက်ကတော့samsung brand shop များတွင် ဧပြီလ ၁ ရက်နေ့မှ ၉ ရက်နေ့ အထိ ကြိုတင်စာရင်းပေးမှာကြား ...