ရေစိုခံ သေးသွယ်ကျစ်လျစ်သော Sony Xperia Z1

အခုခေတ်မှာ အရွယ်အစားကြီးကြီး ဖုန်းတွေကို ကိုင်ဆောင်သွားရမှာ ၀န်လေးတယ်လို့ ခံစားနေရတဲ့ သူတွေအတွက်ပါ။ ဆိုနီဆိုတာ အခုမှာ နာမည်တစ်ခုနဲ့ ကျော်ကြားနေတဲ့ Brand တစ်ခု မဟုတ်တဲ့ အတွက် ပစ္စည်းရဲ့ အရည်အသွေးကတော့ ပြောစရာ လိုမယ်မထင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Xperia Z ကတော့
အရွယ်အစားကြီးမားခဲ့ကာ ယခု ရေစိုခံ Xperia Z1 ကတော့ သေးသွယ်ကျစ်လစ်တဲ့ ၄.၃ လက်မနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အရောင် (၁၆) သန်းလောက်ကို ဖော်ပြပေးနိင်တဲ့ Triluminos LCD နဲ့ဖြစ်ပါတယ် တကယ် Brand ကျကျကိုင်ဆောင်လိုသူများအတွက် ယူရိုဒေါ်လာ ၄၄၀ ကျသင့်မှာ ဖြစ်ပြီး ဒါကတော့ ယူကေမှာ လောလောဆယ်ရောင်းချလျှင် ရှိတဲ့ ဈေးနှုန်းပဲ ဖြစ်ပါတယ်။

အလေးချိန်ကတော့ Nexus 5 ထက်ပိုတဲ့ ၁၃၇ ဂရမ်ဖြစ်ပါတယ်။ အရွယ်အစားက 127 x 64.9 x 9.5 mm ပတ်လည်ပဲရှိလို့ သင့်ရဲ့ အိတ်ကပ်ထဲမှာ လွယ်ကူစွာ ထည့်သွင်း သိမ်းဆည်းကာ ယူဆောင်သွားနိင်ပါတယ်။ quad-core 2.2GHz Snapdragon 800 processor သုံးဖြစ်ကာ အထူးခြားဆုံးက ကင်မရာဖြစ်ပါတယ်။ အခြားဖုန်းတွေထက်သာလွန်တဲ့ 20.7-megapixel နဲ့ ဖြစ်ပါတယ်။ RAM အရွယ်အစား 2GB ရှိကာ အတွင်းမှတ်ဥာဏ်က 16GB ဖြစ်ပါတယ်။ Android 4.3 (Sony-specific UI) OS သုံးဖြစ်တာကြောင့် သေးသွယ်မူတွေနဲ့ တကယ် Classic ကျကာ စမတ်ဖုန်းတွေကို ကိုင်ဆောင်လိုသူတွေအတွက် အကောင်းဆုံး နာမည်ကြီး Brand တစ်ခု ဖြစ်တဲ့ Sony Xperia Z1 ပဲဖြစ်ပါတယ်။

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)