Google က ကိုယ်တိုင်ထုတ်လုပ် ဖန်တီးထားတဲ့ ဟက်ကာတွေကို အမေရိကန်ဒေါ်လာ ၂.၇ သန်း ကျော် ဆုငွေ ချီးမြင့်မှာ ဖြစ်ကြောင်း သိရ ပါတယ်။ ကနေဒါနိုင်ငံမျာ လာမယ့် မတ်လအတွင်း Security Conference လုပ်မှာ ဖြစ်ပြီး အဲ့ဒီအချိန်ကျရင်ပေးမှာ ဖြစ်ပါတယ်။ ပေးမယ့် ဆုတွေကို ခွဲထားပါတယ်။ Intel သို့မဟုတ် ARM chip နဲ့ ပစ္စည်းများကို အသုံးပြု ဖန်တီးထားတဲ့ Laptop နဲ့ Chrome OS ကို ဟက်နိုင်ရင် အမေရိကန်ဒေါ်လာ ၁၁၀၀၀၀ နဲ့ ၁၅၀၀၀၀ အသီးသီး ချီးမြင့်မှာ ဖြစ်ပါတယ်။ အဖွဲ့လိုက်ပီဖြစ်ဖြစ်၊ တစ်ဦးချင်းကိုပဲ ဖြစ်ဖြစ် ချီးမြင့်ပေးမှာ ဖြစ်ပါတယ်။ အကယ်၍ Chrome OS ကို Built in အဖြစ်ထည့်သွင်းတဲ့ HP နဲ့ Acer Chromebook ကနေ ဟက်နိုင် ရင်တော့ အများဆုံး ဆုငွေကို ချီးမြင့်မှာ ဖြစ်ပါတယ်။
ဒီတော့ ဆုငွေတွေ အားလုံးပေါင်းလိုက်ရင် အမေရိကန်ဒေါ်လာ ၂.၇၁၈၂၈ ရှိပြီး သင်္ချာနည်းကျကျ ထုတ်ယူထားတဲ့ ငွေကြေးပမာဏ ဖြစ်ပါတယ်။ ဒါဟာ Google က ကမ္ဘာမှာ ရှိတဲ့ ဟက်ကာတွေကို Chrome OS ဟက်ဖို့ စိန်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ Chrome OS သာ တကယ် လုံခြုံရေးကောင်းရင် ဂုဏ်သတင်း မွေးလာအုံး မှာပါ။ မတ်လ ၁၄ ရက်နေ့ ကနေဒါ၊ ဗန်ကူးဗားမှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ စိတ်ပါရင် အခုပြေးလိုက်ရအောင်ဗျာ..........:)

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)