Dr.Mobile

လူကြီးမင်းတို့၏ဖုန်းများအတွက် မိုဘိုင်းဖုန်းဆိုင်ရာအချက်အလက်များသိရှိနိုင်ရန် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေပါသည်။

Saturday, May 14, 2016

RAM 4GB , USB Type C နဲ့ Lens နှစ်ခုအသုံးပြုထားတဲ့ ကျောဘက်ကင်မရာတို့ပါဝင်လာတဲ့ Honor V8 စမတ်ဖုန်းထွက်ရှိ


http://images.fonearena.com/blog/wp-content/uploads/2016/04/Huawei-Honor-V81.jpg

Huawei ကတော့ ကမ္ဘာ့မိုဘိုင်းလ်ဖုန်းဈေးကွက်မှာ နောက်ထပ်နေရာရနိုင်ဖို့ စွမ်းဆောင်ရည်အမိုက်စားဖုန်းတွေ တစ်လုံးပြီး တစ်လုံးထုတ်လုပ်လျက်ရှိပါတယ်။ Leica Lens နှစ်လုံးနဲ့ စွမ်းဆောင်ရည်အမြင့်စား ကင်မရာပါဝင်လာခဲ့တဲ့ Huawei P9 ထွက်ရှိခဲ့ပြီးတဲ့နောက်မှာတော့ Huawei က သူတို့ရဲ့နောက်ထပ် Brand တစ်ခုဖြစ်တဲ့ Honor အတွက်လည်း ခြေလှမ်းသစ်တစ်ရပ်ဖြစ်စေမယ့် Honor V8 စမတ်ဖုန်းကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
Honor V8 ဟာ တရားဝင်မထွက်ရှိခင်အချိန်တုန်းကတော့ ဖုန်းနဲ့ပတ်သက်တဲ့ ခန့်မှန်းကောလဟလတွေ အမြောက်အမြားထွက်ရှိခဲ့ပြီး တကယ်ထွက်ရှိလာချိန်မှာတော့ ဒီဖုန်းဟာ ခန့်မှန်းချက်တွေနဲ့ အနည်းငယ်ကွဲလွဲပြီး ထွက်ရှိလာခဲ့တာပါ။
V8 ဟာ အမြင့်ဆုံးဖြစ်တဲ့ Premium မော်ဒယ် ၊ အလယ်အလတ်ဖြစ်တဲ့ mid-tier မော်ဒယ်နဲ့ အနိမ့်ဆုံး Low-end မော်ဒယ်ဆိုပြီးတော့ မော်ဒယ်သုံးမျိုးနဲ့ ထွက်ရှိလာခဲ့ပါတယ်။ Honor V8 မှာတော့ Huawei က သူတို့ ကိုယ်တိုင်လုပ် Kirin SOC ပရော်ဆက်ဆာကို အသုံးပြုထားခဲ့ပြီး P9 က ကင်မရာလိုပဲ Lens နှစ်ခုပါဝင်လာခဲ့တာကို တွေ့ရပါတယ်။
Honor V8 မှာတော့ Finger Print Sensor အပြင် IR Sensor တို့လို ဆန်ဆာတွေ ပါဝင်လာပြီး Huawei ရဲ့ Kirin SOC  ပရော်ဆက်ဆာကြောင့် ပိုပြီး အားသွင်းနှုန်းမြန်ဆန်တဲ့ 3500 mAh ပမာဏရှိ ဘက်ထရီကို အသုံးပြုထားပါတယ်။  Sim ကတ် နှစ်ကတ်အသုံးပြုလို့ရပြီး microSD card အတွက်လည်း ထောက်ပံပေးပါတယ်။ OS ကတော့ Android Marshmallow ဗားရှင်းဖြစ်ပြီး ဖုန်းရဲ့ skin ကိုတော့ OEM ရဲ့ EMUI ကို အသုံးပြုထားတာပါ။ USB အနေနဲ့တော့ ဒေတာသယ်ပို့မှု ပိုမိုမြန်ဆန်တဲ့ နောက်ဆုံးပေါ် USB Type-C ကို တပ်ဆင်ထားပါတယ်။
မျက်နှာပြင်အကျယ်ကတော့ ၅.၇ လက်မဖြစ်ပြီး မော်ဒယ်သုံးမျိုးမှာ Display အခြေအနေကတော့ ကွဲပြားမှုတွေရှိပါတယ်။ ကင်မရာပိုင်းမှာ ကျောဘက်ကင်မရာဟာ 12-megapixel အထိရှိတဲ့ Lens နှစ်ခုကို အသုံးပြုထားပြီး ရှေ့ကင်မရာကတော့ ထောင့်ကျယ်ကျယ် ရိုက်ကူးနိုင်တဲ့ အပါချာ f/2.4 ရှိ 8MP ကင်မရာကို အသုံးပြုထားတာကြောင့် ကင်မရာပိုင်းကတော့ အတော်လေးကို ကောင်းမွန်တာကို တွေ့ရပါတယ်။
Honor V8 ရဲ့ Premium ဗားရှင်းမော်ဒယ်ဖုန်းဟာဆိုရင် RAM 4GB, ပါရင်းစွဲ သိုလှောင်နိုင်မှု 64GB နဲ့ မျက်နှာပြင်ပြသမှုမှာ QHD Display (2560×1440) ကို အသုံးပြုထားပြီး ပရော်ဆက်ဆာကတော့ 2.5 GHz Kirin 955 SOC ပရော်ဆက်ဆာပါဝင်တာကြောင့် တန်ကြေးအနေနဲ့ ဒေါ်လာ ၄၃၀ (မြန်မာငွေ ငါးသိန်း) ကျသင့်မှာပါ။
mid-tier မော်ဒယ်ဟာ RAM 4GB, ပါရင်းစွဲ သိုလှောင်နိုင်မှု 32GB နဲ့ မျက်နှာပြင်ပြသမှုမှာ FHD Display (1920×1080) ကို အသုံးပြုထားပြီး ပရော်ဆက်ဆာကတော့ 2.3 GHz Kirin 950 SoC ပရော်ဆက်ဆာအပြင် Network ထောက်ပံ့မှုပိုကောင်းတာကြောင့် တန်ကြေးအနေနဲ့ ၃၈၃ ဒေါ်လာ  (မြန်မာငွေ လေးသိန်းလေးသောင်း) ကျသင့်မှာပါ။
low-end မော်ဒယ်ကတော့ RAM 4GB, ပါရင်းစွဲ သိုလှောင်နိုင်မှု 32GB နဲ့ မျက်နှာပြင်ပြသမှုမှာ FHD Display (1920×1080) ကို အသုံးပြုထားပြီး ပရော်ဆက်ဆာကတော့ 2.3 GHz Kirin 950 SoC ပရော်ဆက်ဆာပါဝင်တာကြောင့် တန်ကြေးအနေနဲ့ ၃၅၂ ဒေါ်လာ  (မြန်မာငွေ လေးသိန်းတစ်သောင်း) ကျသင့်မှာဖြစ်ပါတယ်။

Honor V8 ဟာ နို့နစ်ရောင် ၊ Rose Gold ၊ ပလက်တီနမ်ငွေ ၊ ရေခဲငွေနဲ့ မီးခိုးရောင် စတဲ့ အရောင်ငါးမျိုးနဲ့ ရရှိနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

                                                                 Dr.Mobile

No comments:

Post a Comment