အရေးကြီးတဲ့ဖုန်းဝင်လာရင် လက်မလွတ်စေဖို့ Essential Calls v1.0 APK

ဒီ Post လေးကို အသေးစိတ်ရှင်းပြထားတဲ့အတွက် သေချာလေးဖတ်စေချင်ပါတယ်။ အသုံးတည့်စေမယ့် Application လေးတစ်ခုပါ။

အိပ်စက်အနားယူချိန်၊ အစည်းအဝေးခန်းထဲရောက်နေချိန်တွေမှာ ဖုန်းရဲ့ Ring သံမမြည်အောင် Silent or Vibrate စတဲ့ ဖန်ရှင်တွေကိုစမတ်ဖုန်းတွေမှာထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့်လည်းအရေးကြီးတဲ့ ဖုန်းတွေကိုမသိလိုက်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဖုန်းကို Silent or Vibrate လုပ်ထားပေမယ့် ဒီလိုအရေးကြီးတဲ့ ဖုန်းတွေဝင်လာရင် Ring သံမြည်ပြီးသိရှိအောင်ပြုလုပ်ပေးနိုင်တာက Essential Calls ပါ။
Essential Calls ကိုအင်စတောလုပ်ပြီးရင် အရေးကြီး Contact များကိုသတ်မှတ်ပေးရမှာပါ။ အဲဒီ Contact တွေကနေဖုန်းဝင်လာရင် Silent or Vibrate လုပ်ထားရင်တောင် Ring သံနဲ့ အသိပေးမှာပါ။ ဒီလိုလုပ်ဖို့ + Button ကို နှိပ်ပါ။ Phone Book ထဲမှ Contact ကိုရွေးချယ်ချင်ရင် From Phone Book ကို နှိပ်ပါ။ Contact အသစ်တစ်ခုထည့်သွင်းချင်ရင် Custom Contact ကို နှိပ်ပြီးနာမည်နဲ့ ဖုန်းနံပါတ်ထည့်သွင်းပေးပါ။

ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကိုတစ်ချက်နှိပ်ပါ။ On activation switch to: မှာ Silent mode or Vibrate mode ကိုရွေးချယ်နိုင်ပါတယ်။ အောက်ခြေမှ Activate ကို နှိပ်ရင် ပြောင်းလဲပေးမယ့် Mode ကိုရွေးခိုင်းတာပါ။ Ringer volume မှာ Auto ကို Default အားဖြင့် ရွေးချယ်ထားပါတယ်။ အမှန်ခြစ်ကို ဖြုတ်ပြီး Volume ကိုသင့်စိတ်တိုင်းကျ သတ်မှတ်နိုင်ပါတယ်။ Activate လုပ်ထားရင် App အိုင်ကွန်ကို Notification Bar မှာ ပြပေးမှာပါ။ မပြပေးစေချင်ရင် On activation show notification မှာအမှန်ခြစ်ဖြုတ်ပေးပါ။ Settings အားလုံးကို နှစ်သက်သလိုသတ်မှတ်ပြီးရင် အောက်ခြေမှ Activate ကို နှိပ်ပါ။

Essential Calls ကိုအသုံးမပြုချင်ရင် Deactivate ကို နှိပ်ပေးနိုင်ပါတယ်။

Essential Calls ဟာအမြဲတမ်းအသုံးပြုရမယ့် App တစ်ခုတော့ မဟုတ်ပါဘူး။ အနားယူတဲ့အချိန်၊ အစည်း အဝေးခန်းထဲရောက်နေချိန်တွေမှာတောင် အရေးကြီးဖုန်းတွေကိုလွတ်မသွားရအောင် ကူညီပေးနိုင်ပါတယ်။ App ကို Free နဲ့ Premium နှစ်မျိုးပြုလုပ်ပေးထားပါတယ်။ Free Version မှာလူနှစ်ယောက်ကိုသာအရေးကြီး Contact အဖြစ်သတ်မှတ်နိုင်ပါတယ်။ Premium Version မှာတော့ လူအကန့်အသတ်မရှိထည့်သွင်းနိုင် ပါတယ်။ Essential Calls ကို Android 2.2 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။

Myanmar Digital Life Journal

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)