-မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်း ဖုန်းပြောဆို ခနှုန်းထားများကို တစ် မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ကောက် ခံသွားရန်မှာ လတ်တလော အခြေ အနေတွင် ဖြစ်နိုင်ဦးမည်မဟုတ်ဘဲ လပိုင်းအားဖြင့် ကြာမြင့် ဦးမည်ဖြစ် ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန၊ ညွှန်ကြားမှုဦးစီးဌာနမှ ဦးသန်း ထွန်းအောင် က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ မိုဘိုင်းဖုန်းအချင်းချင်း ဖုန်းပြောဆို ခလျှော့ချနိုင်ရန်အတွက် ဆက်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာနသို့လျှောက် ထားမှု တစ်စုံတစ်ရာမရှိသေးသည့် အတွက် လတ်တလောလျှော့ချပေးရန် မဖြစ်နိုင်သေးကြောင်းပြော လိုက် ခြင်းဖြစ်သည်။
ဦးသန်းထွန်းအောင်က”MPT ဘက်ကဆွေးနွေးနေတာတော့ ရှိမှာပါ၊ ဒါပေမဲ့လတ်တ လောလျှော့နိုင်ဖို့ ဆိုတာမဖြစ်နိုင်သေး ပါဘူး၊ ဖုန်းပြော ဆိုခလျှော့မယ်ဆိုရင် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကခွင့်ပြုချက် တွေလုပ်ပေးရမှာပါ၊ အခုတင်ထား တာမရှိတော့ အခုရက် ပိုင်းအတွင်း တောင်မဖြစ် နိုင်သေးပါဘူး”ဟုပြော သည်။
လက်ရှိတွင်ပြည်ပအော်ပရေ တာများအနေဖြင့်ဖုန်းခေါ်ဆိုခများ ကိုတစ်မိနစ်လျှင်၂၅ကျပ်ဖြင့်သတ် မှတ်ထားသောကြောင့် မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ယင်းသို့ လျှော့ချပေးနိုင်ရန် ဆွေးနွေး နေ ဆဲကာလဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ”တခြားအော် ပရေတာတွေ နဲ့အတူ ဖုန်းပြော ခတွေ MPT အနေနဲ့က လျှော့ဖို့ အစီအစဉ်ရှိပါ တယ်၊ အချိန် အတိအကျတော့ပြောလို့ မရသေးပါ ဘူး”ဟုပြောသည်။
လက်ရှိတွင်ပြည်ပအော်ပရေ တာဖြစ်သည့် အော်ရီဒူး(မြန်မာ)မှ ဆင်းမ်ကတ် များစတင်ရောင်းချ နေသည့် ကာလဖြစ်ပြီး တစ်မိနစ်လျှင် ၂၅ကျပ်ဖြင့်ဖုန်းခေါ်ဆိုခ သတ်မှတ် ထားသည့်အတွက်မြန်မာ့ဆက်သွယ် ရေး မိုဘိုင်းဖုန်းသုံးစွဲ သူများအနေ ဖြင့် လက်ရှိကောက်ခံနေသည့် ကျပ် ၅၀ သည် များပြားနေ သည့် အတွက် လျှော့ချပေးရန်လိုလားလျက်ရှိကြောင်း သုံးစွဲသူများထံမှ သိရသည်။
ဂျီအက်စ်အမ် ဖုန်းသုံးစွဲသူ ကိုဖြိုးအောင်က”အော်ပရေတာ အ သီးသီးက လဲ၂၅ကျပ်နဲ့ပြောလို့ရမယ် ဆိုတော့ အခုသုံးနေတဲ့ အမ်ပီတီလဲ ၂၅ကျပ်ပဲပေးစေ ချင်တယ်၊ အခုက ကတ်ပြောင်းသုံးလိုက်ရင်လဲလွယ် တယ်လေ၊ ပြောဆို ခတွေမြန်မြန်တော့ လျှော့စေချင်ပြီ”ဟု ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှမိုဘိုင်း ဆင်းမ် ကတ်များကိုတိုင်းနှင့် ပြည်နယ်အ လိုက်ခွဲတမ်းဖြင့် သာရောင်း ချ နိုင်သေး ပြီးမိုဘိုင်းဖုန်းသုံးစွဲသူ နှုန်းထားများ မှာ နိုင်ငံ့လူဦးရေ၏ ၁၅ရာခိုင်နှုန်းသာ ရှိကြောင်းဆက်သွယ်ရေး၊ သတင်း အချက် အလက်နှင့်နည်း ပညာဝန်ကြီး ဌာနမှသိရသည်။

Ref & Credit to: Yangon Media Group

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)