၄၂ လက်မအကျယ်အထိ မြင်တွေ့နိုင်မည့် Pico Projector ပါဝင်သောစမတ်ဖုန်း

စမတ်ဖုန်းတွင် တပ်ဆင်နိုင်သော Gadgets များကို Company အများစုအနေဖြင့် များစွာ စမ်းသပ်တီထွင် လုပ်ဆောင်လျက်ရှိကြသည်ကို တွေ့ဖူးမြင်ဖူးကြလိမ့်မည်ဖြစ်ပါသည်။ ယခုအခါတွင်လည်း Hong Kong နိုင်ငံမှ Conplex International Company မှ တီဗွီရှာနေစရာမလိုဘဲ လမ်းမပေါ်တွင် နံရံတစ်ခုရှိရုံဖြင့် သူငယ်ချင်းများ နှင့် ဓာတ်ပုံများကို မျှဝေကြည့်ရှုနိုင်သော၊ Presentations များ ပြုလုပ်နိုင်သော MagicOn Ayane စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါသည်။
အတိုင်းအတာအရွယ်အစား 125.5 x 65 x 13 mm ရှိပြီး Dual-SIM ဖြစ်ကာ အရောင်မှာ အနက်နှင့်အညို ဖြစ်ကာ ကြည်လင်ပြတ်သားမှုမှာ 800 x 480 ဖြစ်ပါသည်။ 1.2 GHz Dual-Core Processor ကိုအသုံးပြုထားပြီး RAM 1 GB နှင့် သိုလှောင်နိုင်မှုမှာ 4GB ရှိ၍ MicroSD ထပ်မံစိုက်သွင်းနိုင်ပါသည်။ Android 4.2 Jelly Bean ကိုအသုံးပြုထားပြီး ဘက်ထရီမှာ 2000 mAh ဖြစ်ပါသည်။ ကင်မရာအနေဖြင့် ကျောဘက်တွင် ၅ Megapixel ဖြစ်ပြီး ရှေ့တွင် 0.3 Mp ဖြစ်ပါသည်။
စမတ်ဖုန်းပရိုဂျက်တာအတွက် Digital Light Processing (DLP) နည်းပညာကို အသုံးပြုထားသည့်အပြင် ၁၀၀ ရာခိုင်နှုန်း NTSC Colour ကိုရရှိစေမည် ဖြစ်သည့်အတွက် ၄၂ လက်မ အရွယ်အစားပုံရိပ်ဖော်ပြမှုကို ရရှိစေနိုင်မည်ဖြစ်ပါသည်။ MagicOn Ayane ရောင်းဈေးမှာ အမေရိကန် ၄၉၉ ဒေါ်လာဖြစ်ပြီး သုံးချောင်းထောက်စင်များကဲ့သို့ အခြားသော Accessories များလည်း ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။
Ref:GZM

WorldWide(BMSTU)

ref:TechSpace Journal

Comments

Popular posts from this blog

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

MM Ringtone Collection (Andriod ဖုန်းအတွက် မြန်မာ Ringtone တွေ စုစည်းထားတဲ့ Application ပါ)