Galaxy Star PRO GT-S7262 ကို Root ချင်သူများအတွက် တင်ပေးလိုက်ပါတယ်
၁။ပထမဦးဆုံး Star pro rooting kit ကို download ယူပါ။
လိုအပ်သောဖိုင်များ download လုပ်ရန်
၂။Samsung driver ရှိရပါမယ်။
၃။Setting/Development Option/USB Debugging ကို On ရပါမယ်။
၎။Data များကို Backup လုပ်ထားရပါမယ်။
၅။Battery 70% ရှိရင် ပိုကောင်းပါတယ်။
စလိုက်ရအောင်ဗျာ.............................
1.လိုအပ်တဲ့ဖိုင် တွေဒေါင်းလုတ်လုပ်ပြီးရင် ဖိုင်ကိုဖြည်လိုက်ပါ။ အဲဒီ့ထဲက UPDATE-superSU.v1.75.zip ကို copy လုပ်ပြီး SD ကဒ်ထဲထည့်ပါ။
2.ဖုန်းကို power ပိတ်လိုက်ပါ။(Volume Down+Home+Power)နှိပ်ပြီး Android အရုပ်လေးတက်လာရင် (Volume up )ကို ထပ်နှိပ်ပါ။ ဒါဆို download mode ဖြစ်သွားပါပြီ။
3.Odin ကို ဖွင့်လိုက်ပါ။ PDA ဆိုတဲ့ နေရာမှာ recovery.tar.md5 ဖိုင်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ပြီးရင် start ကိုနှိပ်ပါ။အားလုံးပြီးသွားရင် pass ဖြစ်သွားရင် recovery သွင်းလို့ပြီးပါပြီ။
4.ပြီးရင်တော့ recovery mode အတွက် (Volume up+home+power)နှိပ်ရမှာဖြစ်ပါတယ်။ recovery mode တက်လာရင် “choose zip from sdcard” ၀င်ပြီး စောစောက UPDATE-superSU-v1.75.zip ကို install လုပ်ပြီး reboot System now ပြီးသွားရင်တော့ ဖုန်းမှာ superuser အရုပ်ကလေးနဲ့ လန်းနေပြီဖြစ်ပါတယ်။
အားလုံးအဆင်ပြေပါစေ
လေးစားလျက်
လေးစားလျက်
Comments
Post a Comment