Posts

Showing posts from 2016

RAM 4GB , USB Type C နဲ့ Lens နှစ်ခုအသုံးပြုထားတဲ့ ကျောဘက်ကင်မရာတို့ပါဝင်လာတဲ့ Honor V8 စမတ်ဖုန်းထွက်ရှိ

Image
Huawei ကတော့ ကမ္ဘာ့မိုဘိုင်းလ်ဖုန်းဈေးကွက်မှာ နောက်ထပ်နေရာရနိုင်ဖို့ စွမ်းဆောင်ရည်အမိုက်စားဖုန်းတွေ တစ်လုံးပြီး တစ်လုံးထုတ်လုပ်လျက်ရှိပါတယ်။ Leica Lens နှစ်လုံးနဲ့ စွမ်းဆောင်ရည်အမြင့်စား ကင်မရာပါဝင်လာခဲ့တဲ့ Huawei P9 ထွက်ရှိခဲ့ပြီးတဲ့နောက်မှာတော့ Huawei က သူတို့ရဲ့နောက်ထပ် Brand တစ်ခုဖြစ်တဲ့ Honor အတွက်လည်း ခြေလှမ်းသစ်တစ်ရပ်ဖြစ်စေမယ့် Honor V8 စမတ်ဖုန်းကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Honor V8 ဟာ တရားဝင်မထွက်ရှိခင်အချိန်တုန်းကတော့ ဖုန်းနဲ့ပတ်သက်တဲ့ ခန့်မှန်းကောလဟလတွေ အမြောက်အမြားထွက်ရှိခဲ့ပြီး တကယ်ထွက်ရှိလာချိန်မှာတော့ ဒီဖုန်းဟာ ခန့်မှန်းချက်တွေနဲ့ အနည်းငယ်ကွဲလွဲပြီး ထွက်ရှိလာခဲ့တာပါ။ V8 ဟာ အမြင့်ဆုံးဖြစ်တဲ့ Premium မော်ဒယ် ၊ အလယ်အလတ်ဖြစ်တဲ့ mid-tier မော်ဒယ်နဲ့ အနိမ့်ဆုံး Low-end မော်ဒယ်ဆိုပြီးတော့ မော်ဒယ်သုံးမျိုးနဲ့ ထွက်ရှိလာခဲ့ပါတယ်။ Honor V8 မှာတော့ Huawei က သူတို့ ကိုယ်တိုင်လုပ် Kirin SOC ပရော်ဆက်ဆာကို အသုံးပြုထားခဲ့ပြီး P9 က ကင်မရာလိုပဲ Lens နှစ်ခုပါဝင်လာခဲ့တာကို တွေ့ရပါတယ်။ Honor V8 မှာတော့ Finger Print Sensor အပြင် IR Sensor တို့လို ဆန်ဆာတွေ ပါဝင်လာပြီး Huawei ရဲ့ Kirin SOC...

Facebook မှာ Organic Reach တိုးတက်စေဖို့ နည်းလမ်း ငါး ခု

Image
Ogilvy ရဲ့ စစ်တမ်းအရ Facebook Business Page တွေရဲ့ Organic Reach လို့ ခေါ်တဲ့ အခပေးကြော်ညာခြင်းမရှိတဲ့ ပို့စ်များရဲ့ လူမြင်မှုနှုန်း ဟာ ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ ၄၉ ရာခိုင်နှုန်းကနေ ယနေ့အချိန်မှာ ၆ ရာခိုင်နှုန်းအထိ ကျဆင်းနေပါတယ်။ ဒီလိုကျဆင်းလာရတဲ့ အကြောင်းအရင်းကတော့ Business Page ၁၈ သန်းကျော်ဟာ Newsfeed မှာ နေရာတစ်ခုအတွက် ပြိုင်ဆိုင်နေကြပါတယ်။ နောက်တစ်ချက်က Reach တိုးတက်ဖို့ အတွက် Facebook က သူ့ကို ငွေပေးစေချင်လို့ ဖြစ်ပါတယ်။ သင့် Business Page ရဲ့ Organic Reach ကို တိုးတက်စေမယ့် နည်းလမ်းများကို ဒီ Tutorial မှာ ဖော်ပြပေးလိုက်ပါတယ်။ သင့်ရဲ့ Organic Traffic ကို စစ်ဆေးနည်း သင့်ရဲ့ Organic Traffic ကို စစ်ဆေးဖို့အတွက် သင့် Page ရဲ့ Facebook Insights ကို သွားပါ။ Posts Tab ကို သွားပြီး အောက်ခြေမှ See More ကို နှိပ်ပါ။ အနည်းဆုံး သုံးလအကြာလောက်က ပို့စ်များအထိ ကြည့်ရှုလေ့လာပါ။ အပေါ်ထိပ်မှ Reach Drop-Down Menu မှာ Organic/Paid ကို ရွေးချယ်ပေးထားတဲ့အတွက် ပို့စ်တစ်ခုချင်းစီရဲ့ Reach ဖြစ်တဲ့ လူဦးရေ ပမာဏကို တစ်ပေါင်းတည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ Mouse Cursor ကို Reach ကဏ္ဍအောက်မှ လိမ္မော်ရောင်ပေါ်တင်ကြည့်ရင်ေ...

Lenovo က မေ ၁၀ တွင် Z1 စမတ်ဖုန်းကိုရောင်းချမည်

Lenovo က ZUK Z1 ကိုအိန္ဒိယမှာ Z1 အမည်ဖြင့် ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ။ ဒီသတင်းကို Lenovo က Facebook ကနေကြေညာလိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယမှာမေလ ၁၀ ရက်နေ့မှာစတင် ရောင်းချပေးမှာ ဖြစ်ပါ တယ်။  Lenovo Z1 မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Qualcomm Quad-Core 2.5GHz Snapdragon 801 Chipset မောင်းနှင် မှာ ဖြစ်ပါတယ်။ 64GB Internal Storage, 3GB RAM ထည့်သွင်းထားပါ တယ်။ အနောက်ဘက်မှာ 13 Megapixel Camera တပ်ဆင်ထားပြီး Optical Image St abilization နည်းပညာပါရှိပါတယ်။ ကင်မရာက Full HD Video များကိုရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။ လက်ဗွေရာစစ်ဆေးတဲ့ ကိရိယာကိုလည်းတပ်ဆင် ပေးထားပါတယ်။ 4100mAh Battery ထည့်သွင်းပေးထားပါတယ်။