Posts

Showing posts from 2014

ဖေဖော်ဝါရီလတွင် Android Lollipop 5.1 ထွက်မည်

Image
Google က Nexus Device တွေအတွက် Android 5.0.1 update ကိုထွက်တာမကြာသေးပါဘူး။ အခုအချိန်မှာတော့ Android 5.1 Update ကို ၂၀၁၅ ဖေဖော်ဝါရီလမှာထွက်ရှိမယ်လို့ သတင်းတွေထွက်နေပါပြီး သေချာသလောက်ရှိပါတယ် Android 5.1 မှာတော့ ယခု 5.0.1 မှာပါဝင်တဲ့ error တွေကိုပြင်ပေးထားမှာဖြစ်ပါတယ်။ Material ဒီဇိုင်းနဲ့ RAM ကိုလဲမြှင့်တင်ပေးမှာဖြစ်ပါတယ်။ အောက်ကတော့ 5.1 မှာပါဝင်လာမယ့် change log ပါ။ Silent mode added after missing on Android 5.0 General improvements in system stability Improved RAM management Fixes for sudden app closures Improved battery management Excessive consumption of network devices when used Wi-Fi fixed Issues with wireless connections fixed Problems with Okay Google function solved Notifications problems solved Some sound problems experience by certain devices fixed Other improvements and changes Changes in the Material Design color palette (after users complaints, possibly for a higher version though)

Nexy Keyboard v1.0 for Android

Image
မြန်မာစာရိုက်ရမှာပျင်းတဲ့သူတွေအတွက် အဆင်ပြေစေမယ့် Nexy အမည်ရ  Android ကီးဘုတ်လေးတစ်ခုထပ်မံထွက်ရှိလာပါတယ်။ အင်္ဂလိပ်လို (Myanglish လို) ရိုက်လိုက်တာနဲ့ မြန်မာစာနဲ့ပေါ်ပေးမှာဖြစ်လို့ မြန်မာစာတစ်လုံးချင်းမရိုက်ချင်သူတွေအတွက်အဆင်ပြေစေပါလိမ့်မယ်။ ကိုယ်ရိုက်နေကျ Myanglish နဲ့ရိုက်ရုံပါပဲ။ ဒီ Keyboard လေးကိုအသုံးပြုပြီး မြန်မာယူနီကုဒ် ၊ ဇော်ဂျီ ၊ အင်္ဂလိပ်စာသုံးမျိုးရိုက်နိုင်ပါတယ် ။ Nexy Keyboard ကိုအသုံးပြုဖို့ ဖုန်းဟာ Android version 4.0 နှင့်အထက်ဖြစ်ရပါမယ်။ ဒီ Keyboard လေးကိုတော့ Nex အဖွဲ့မှရေးသားထားတယ်လို့သိရပါတယ်။ Nexy Keyboard for Android ကိုအောက်က Link မှာရယူနိုင်ပါတယ် Playstore Link   Dr.Mobile Link

IOS နဲ့ Android ဖုန်းကိုင်ဆောင်သူများအတွက် Viber Version 5.1.0.1274 မှာ Public Chat ပါဝင်လာ

Image
၂၀၁၄ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ Viber က iPhone နဲ့ Android ဖုန်းတွေအတွက် Viber version အသစ် 5.1.0.1274 ကိုထပ်မံထုတ်ပေးလိုက်ပါတယ်။ အခု Viber ဗားရှင်းအသစ် မှာတော့ ဗီဒီယို message တွေကိုအချိန်ကြာကြာပိုပြီးရိုက်ပို့နိုင်ခြင်း နဲ့ Public Chat ပါဝင်လာခြင်း ၊ အရင် ဗားရှင်းတွေတုန်းက error တစ်ချို့ကိုပြန်လည်ပြင်ဆင်ပေးထားခြင်းစတဲ့ ပြောင်းလဲမှုတွေပြုလုပ်ပေးထားပါတယ်။ ယခုထပ်မံမိတ်ဆက်လိုက်တဲ့ Public Chat ဟာ နိုင်ငံအလိုက် နယ်ပယ်အသီးသီးက ထင်ရှားတဲ့လူ ၊ Brand တစ်ချို့ရဲ့ Public Chat ကဏ္ဍတွေကိုတွေ့မြင်ရမှာဖြစ်ပြီး ကိုယ်ကြိုက်နှစ်သက်ရာ Public Chat ကို Follow  လုပ်ထားရုံနဲ့ ယင်း Public Chat ထဲမှာပါဝင်သူတွေရဲ့ ပြောဆိုတာတွေ ၊ သတင်းအချက်အလက်တွေကိုတွေ့မြင်ရရှိမှာဖြစ်ပါတယ်။ သာမန် user ကတော့ Public Chat ကိုဖန်တီးလို့မရနိုင်သေးပါဘူး။ Public Chat ကိုပြုလုပ်ထားသူတွေအနေနဲ့ မိမိတို့ရဲ့ Public Chat မှာပါဝင်ဆွေးနွေးဖို့ လူအရေအတွက် ၉၉ ယောက်အထိထည့်သွင်းနိုင်တယ်လို့သိရပါတယ်။ ယင်း Public Chat ကို Follow လုပ်ဖို့ users အရေအတွက်ကတော့ ကန့်သတ်ထားခြင်းမရှိပါဘူး။ မြန်မာပြည်က Viber သုံးစွဲသူတွေအနေနဲ့ လောလောဆယ် Pub...

Beats Music App ကို IOS တွင် Built-in ပါလာတော့မည့် Apple

Image
Beats Electronic ကို Apple က၀ယ်ယူပြီးချိန်မှစ၍ Beats ကို Apple အနေဖြင့်ဘာဆက်လုပ်မည်နည်းဟူ၍မေးခွန်းများရှိခဲ့သည်။ ယခုအခါ သတင်းဌာနတစ်ခုဖြစ်သော Financial Time ရဲ့အဆိုအရ သီချင်းများကိုဖုန်းမှတိုက်ရိုက်ဝယ်ယူနားဆင်နိုင်သော Music Streaming Service application ဖြစ်သည့် Beats Music app ကို iOS စနစ်တွင် Built-in application တစ်ခုအဖြစ်ထည့်သွင်းပေးထားတော့မည်ဟုသိရသည်။

Android ဖုန်းများအတွက် Telenor Myanmar မှထုတ်ဝေလိုက်တဲ့ Telenor Myanmar Self-Care App

Image
Android ဖုန်းတွေအတွက် Telenor Myanmar မှ  Telenor Myanmar Self-Care Application ကိုထုတ်ဝေလိုက်ပါတယ်။ Telenor Myanmar Self-Care App ကိုအသုံးပြုပြီးလုပ်ဆောင်နိုင်မယ့်အချက်တွေကတော့ – ဖုန်းငွေလက်ကျန်နဲ့ Data Usage စစ်ဆေးခြင်းCheck your balance & Data Usage – ဖုန်းဘေလ်ဖြည့်ခြင်း – Telenor ဖုန်းအချင်းချင်း Bill လွှဲခြင်း –  Telenor Myanmar ရဲ့ Mobile service များကို ယခု app အတွင်းမှရယူနိုင်ခြင်း – ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ ပြင်ဦးလွင်မြို့များရှိ Telenor Myanmar ၏ စတိုးဆိုင်တည်နေရာများကိုရှာဖွေနိုင်ခြင်း – Telenor Myanmar Call Center သို့ယခု app မှတဆင့်တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်အောင်ပြုလုပ်ပေးထားခြင်း စတဲ့ အချက်အလက်များကိုလုပ်ဆောင်နိုင်ပါတယ်။ Telenor Myanmar Self-Care App ကို မြန်မာ-အင်္ဂလိပ်ဘာသာစကား နှစ်မျိုးဖြင့် အသုံးပြုနိုင်ရန် စီစဉ်ပေးထားတာကိုလည်းတွေ့ရပါတယ်။ Android ဖုန်းတွေအတွက် Telenor Myanmar မှထုတ်ဝေလိုက်တဲ့  Telenor Myanmar Self-Care App ကိုရယူလိုတယ်ဆိုရင်တော့ အောက်က link မှာရယူနိင်ပါတယ်။ Google Play Link   Mirror L...

App Store တွင် Free button နေရာတွင် GET ဟူသောစာသားဖြင့် အစားထိုးလိုက်တဲ့ Apple

Image
Apple သည် iOS App Store နှင့် Mac App Store ရှိအခမဲ့ရယူနိုင်သော App များတွင် “Free” ဟူသော စာသားပါရှိသည့်ခလုတ်အစား “GET” ဟူသောစာသားဖြင့်ပြောင်းလဲသုံးစွဲလိုက်ပြီကိုတွေ့ရသည်။  AppStore တွင်ရှိသော အခမဲ့ရယူနိုင်သည့် app များကို Free ဟုသုံးနှုန်းရယူနိုင်သော်လည်း အချို့ app များသည်သုံးစွဲနေသည့်အချိန်တွင်မှ In App Purchase စနစ်ဖြင့်ဝယ်ယူသုံးစွဲရခြင်းမျိုးလည်းရှိခြင်းကြောင့် Free ဟူသောဝေါဟာရသည် “Always Free” အတွက်သာဖြစ်သင့်ကြောင်း Developer အချို့ကလည်းသုံးသပ်ပြောဆိုထားကြသည်။ Free ဟူသောစကားလုံးနှင့်ပတ်သက်၍ အငြင်းပွားဖွယ်အနည်းငယ်ဖြစ်ပြီးနောက် ယခုအခါတွင်မူ “GET” ဟူသောစကားရပ်နှင့်အစားထိုးသုံးနှုန်းလိုက်ခြင်းဖြစ်သည်။

Samsung Device တွေပေါ်မှာ မြန်မာစာကို root စရာမလိုပဲ version 4.4.4 အထိ အလွယ်တကူသွင်းနိုင်ပါပြီ

Image
Expdis - http://www.mediafire.com/view/bdx99ifdu2zyb2u ZawgyiOne2014 – http://www.mediafire.com/view/ndmlapub2ca69c2 Zawgyi-KitKat2014 – http://www.mediafire.com/view/uajva5qudjll4qj For CWM Android 4.3 & 4.4.2 FinalSolution 1 fixed – http://www.mediafire.com/view/xbi3g7dojly62s9 Android 4.4.2 နှင့်အထက် FinalSolution 1.2 fixed – http://www.mediafire.com/view/z55es8h1v6q6s9u FinalSolution 2.0 fixed – http://www.mediafire.com/view/bwoaktc4yjl63xb    FinalSolution တွင် (ကျူး၊ ချူး) စသည်တို့ အဆင်မပြေပါက Root explorer ဖြင့် system / csc/ ထဲမှ (feature.xml) အား backup လုပ်ပြီး delete လုပ်ပြီး reboot လုပ်ပေးပါ. အဆင်ပြေပါစေဗျာ.....   Credit ; Myanmar Mobile App, Ko Aung Thura

Great Battles Medieval MOD APK (Everything Unlocked)

Image
Empire Game တွေလို တိုက်ခိုက်ရတာမှ သဘောကျတဲ့ဘော်တာတွေအတွက် တင်ပေးလိုက်ပါတယ်ဗျာ. ကျွန်တော်တော့မဆော့ကြည့်ရသေးဘူးနော် ကောင်မယ်ထင်လို့တင်ပေးလိုက်တာပါခင်ဗျာ. screen shot တွေကြည့်ပြီးကစားချင်တယ်ဆိုရင်တော့ Android Version 3.0 နဲ့အထက်တွေမှာ ကစားနိုင်မှာဖြစ်ပါတယ်. File size ကတော့ 345 MB ပဲဖြစ်ပါတယ်.  ဒေါင်းလုတ်လုပ်ရန်နှိပ်ပါ. Dr.Mobile (apk+data) ဒေါင်းလုတ်လုပ်နည်း - adf-ly တွင် 5 second စောင့်ပြီး Skip button ပေါ်လာပါက နှိပ်ပါ. use our Download Manager တွင်အမှန်ခြစ်ဖြုတ်ပြီး ရယူနိုင်ပါပြီခင်ဗျာ...

Real Boxing 1.9.0 MOD APK (Unlimited Money)

Image
Real Boxing ဆိုတော်တော်များများ သိကြမယ်ထင်ပါတယ်ခင်ဗျာ. video လောကမှာလဲ နာမည်ရခဲ့တဲ့ဇာတ်ကားကောင်းတစ်ခုပါဗျာ.အခု တော့ Android game လေးတွေ့တာနဲ့တင်ပေးလိုက်ပါတယ်ဗျာ. ရုပ်ထွက်ပိုင်းလဲတော်တော်ကောင်းပါတယ်ခင်ဗျာ. Android Version 2.3 နဲ့ အထက်တွေမှာကစားနိုင်မှာဖြစ်ပါတယ်. Size ကတော့ 25MB ပါခင်ဗျာ. ဒေါင်းလုတ်လုပ်ရန်နှိပ်ပါ Play store Dr.Mobile

Hydro Storm 2 For Android

Image
Speed Board ပြိုင်မောင်းယုံတင်မကပဲ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်မောင်းရင်း ပစ်ခက်ရတဲ့ ဂိမ်းကောင်းလေးတစ်ခုတွေ့လို့ မျှဝေပေးလိုက်ပါတယ်ဗျာ. ရုတ်ထွက်လည်း ကောင်းမွန်တာတွေ့ရမှာဖြစ်ပါတယ်. Screen shot တွေတင်ပေးထားပါတယ်ဗျာ. File size ကတော့ 43Mb ဖြစ်ပြီး Android version 4.0 နဲ့အထက်တွေမှာ ကစားနိုင်မှာဖြစ်ပါတယ်. ဒေါင်းလုတ်လုပ်ရန်နှိပ်ပါ Dr.Mobile

Telenor အသုံးပြုသူများအတွက် မရှိမဖြစ်ဆောင်ထာသင့်တဲ့ Application များ

Image
App For Telenor SIM Card User ( Android & IOS) =========================================== Telenor ဖုန်းကဒ် အသုံးပြုသူတိုင်း မဖြစ်မနေ ဆောင်ထားရမယ့် Apk လေးတွေ စုစည်းပေးလိုက်ပါ တယ်။အောက်မှာ Download linkလေးတွေနဲ့ တွဲပေးထားပါတယ်.။ 1. Zero Fac ebook.apk -------------------------------- ဒီApp လေးကတော့ Telenor က Facebook ကို Free သုံးဖို့ တရားဝင် ခွင့်ပြုပေးထားတာပါ။ Download link >> Zero Facebook 2. Opera Mini.apk ----------------------------- ဒီ App လေးကလည်း Telenor နဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ Browser App လေးပါ။ java script, flash တွေမပါဝင်တဲ့ အတွက် Data အသုံးပြုမှုကို နည်းပါးစေပြီး ငွေကုန် သက်သာစေပါတယ်။ Download link>> Browser 3 .အင်တာနက်မြန်နှုန်းပြ ပရို.apk ---------------------------------------- မြန်မာ / အင်္ဂလိပ် ဗားရှင်း 2 ခု လုံးပါဝင်ပါတယ်။ Download / Upload Speed တွေကို နိုတီဘား မှာ ပြသပေးမယ့်အပြင် တစ်နေ့ချင်း Data သုံးစွဲမှု / လစဉ် သုံး စွဲမှု မှတ်တမ်းတွေကိုပါ ပြသပေးပါတယ်။ English version Download link >> Internet Speed Myanmar Ve...

3D Image Live Wallpaper v4.0.3 APK

Image
3Dရုပ်ထွက်ပုံစံလေးနဲ့ရုပ်ထွက်ကောင်းတယ် 3D Image Live Wallpaper version သစ်လေးကိုထင်ပေး လိုက်ပါတယ်။ ဒီကောင်လေးကတော့ 3Dရုပ်ထွက်လေးဆိုတော့ အတော်လေးကို ကြည့်ကောင်း ပြီးသေသေ သပ်သပ်နဲ့ အဆင့်မှီတဲ့ Live Wallpaper တစ်ခုဖြစ်ပါတယ်။နမူနာအနေနဲ့ အောက်မှာ Screen Shoot တွေ ကိုတင်ပေးထားပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာ သုံးနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့ 13.9 MB ရှိပါတယ်ဗျာ။ Dr.Mobile နှိပ်ပါ

Viber Code မရလို့ စိတ်ညစ်နေသူများအတွက် Code စောင့်စရာမလို့တဲ့ Viber လာပါပီ

ဒီ Viber လေးကတော့ တော်တော်အဆင်ပြေတယ်ဗျာ သိပြီသာသူတွေ မပါဘူးနော် မသိသေးတဲ့ သူများအတွက် ပါ ။ အားလုံးပဲအဆင်ပြေအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ် ဒီ Viber ကိုပေးတဲ့ MPX ကအကိုတွေကိုလဲ Credit ပေးပါတယ် ။ ဒီ Viber ရဲ့ အားသာချက်ကတော့ တခြားဘက်က ဖုန်း ခေါ်လာတာကိုလဲ စောင့်စရာမလို့ပါဘူး တခါတည်း Auto Code တွေဝင်ပြီလုပ်သွားတာပါ။  Dr.Mobile နှိပ်ပါ

Huawei Sony Samsung တွေကို မြန်မာစာ မှန်ကန်အောင် ထည့်ပေးနိုင်တဲ့ 3in1 Font Tool

Image
MPPG က ကိုဖြိုးညီညီရေးတဲ့ Huawei Sony Samsung ၃မျိုးကို မှန်ကန်စွာ မြန်မာစာထည့်ပေးမယ့် 3in1 Font Tool လေးဖြစ်ပါတယ်။ 4.4.2 ထိ Support ရနိုင်ပြီး ဘယ်ဖုန်းကဘယ်ဟာနဲ့ချိန်းရ တယ်ဆိုတာမျိုး မဖြစ်ရအောင် Tool တစ်ခုတည်းကနေ သူဖာသာသူထည့်ပေးသွားမယ်လို့ ဆိုပါတယ်.. PC နဲ့သုံးရ မှာဖြစ်ပါတယ်.. Credit : Phyo Nyi Nyi Dr.Mobile နှိပ်ပါ

ဖုန်းဝန်​​ဆောင်​မှုများApk(android)

-MPT,MEC,OOREDOO,TELENOR များအတွက်​ -​ငွေလက်​ကျန်​စစ်​ရန်​ -ဖုန်းထဲသို့​ငွေပြန်​ဖြည့်​ရန်​ -အခြားဖုန်းသို့​ငွေဖြည့်​​ပေးရန်​ -အင်​တာနက်​​လျှောက်​ရန်​ -ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုများစုံစမ်းရန်​ - Call Forwarding ​လျှောက်​ရန်​ -Call Wating ​လျှောက်​ရန်​ -Miss Call Alert ​လျှောက်​ရန်​ - Voice Mail ​လျှောက်​ရန်​ -အပိုဝန်​​ဆောင်​မှုများပယ်​ဖျက်​ရန်​ -​ငွေဖြည့်​မရလျှင်​အကူအညီ​တောင်းရန်​ -အသံညွှန်​ကြားချက်​အတိုင်​​ငွေဖြည့်​/စစ်​ရန်​ - Mobile Money ဝန်​​ဆောင်​မှုအ​ကြောင်း -Mobile Money ​လျှောက်​ရန်​ -အခြားဖုန်းသို့​ငွေဖြည့်​ရန်​ -ဖုန်းထဲမှ​ငွေလွှဲ​ပြောင်း​ပေးရန်​ -​ငွေဖြည့်​​ပေးရန်​​တောင်းဆိုခြင်း -ဖုန်းပြန်​​ခေါ်ခိုင်းရန်​ -ဝန်​​ဆောင်​မှုများကိုစီမံရန်​ -အင်​တာနက်​Dataဝန်​​ဆောင်​မှုများ -ဖုန်းနံပါတ်​ကိုစစ်​​ဆေးရန်​........... စတဲ့ဝန်​​ဆောင်​မှာများကိုဒီ application ​လေး က​နေတဆင့်​အသုံးပြုလုပ်​​ဆောင်​​စေနိုင်​မှာဖြစ်​ ပါတယ်​။ -လိုအပ်​အသုံးပြုလိုပါက​အောက်​ကလင့်​ခ်​မှာ ​ဒေါင်းလုပ်​ဆွဲယူအသုံးပြုနိုင်​ပါပြီ- Dr.Mobile နှိပ်ပါ

iPhone 6 Plus Bendgate ပြသနာ ရောင်းပြီးအလုံး ၁၀ သန်းကျော်တွင် တိုင်ကြားသူ ၉ ဦးသာရှိကြောင်း Apple ပြောကြား

Image
၅.၅ လက်မ အရွယ်ရှိ iPhone 6 Plus ဖုန်းများသည် ပုံစံပြောင်းပြီး ကွေးညွှတ်သွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တိုင်ကြားသူအနေဖြင့် ရောင်းပြီးအလုံး ၁၀သန်းကျော်တွင်  ၉ ဦးသာ ရှိကြောင်း Apple က ပြောကြားခဲ့သည်။ ယခုအခါ iPhone 6 Plus သုံးစွဲသူများသည် ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်းများကွေးညွှတ်နေသည့် ဓာတ်ပုံနှင့် ဗွီဒီယိုများကို #bendgate အမည်ဖြင့် လူမှုရေးမီဒီယာများတွင် ဖော်ပြနေကြသည်။ ထိုကိစ္စများသည် Apple ၏ iPhone 6 Plus ရောင်းချရမှုကို ထိခိုက်ဖွယ်ရှိနေသည်။ ကြာသပတေးနေ့တွင် Apple က iPhone 6 Plus ဖုန်းပုံစံပျက်ယွင်းကာ ကွေးညွှတ်တတ်ခြင်းသည် အလွန်တွေ့ရခဲပြီး iPhone 6 များကို ရောင်းချခဲ့သည့် ၆ ရက်ခန့် အတွင်း ပုံစံပျက်ယွင်းသွားသော iPhone 6 Plus ပိုင်ရှင်၉ ဦးသာ ကုမ္ပဏီကို ဆက်သွယ်ခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။ ဆက်လက်ပြီး ယခုဝေဖန်ချက်များသည် သုံးစွဲသူများအနေဖြင့် Apple ၏ အရည်အသွေးမြင့် iPhone 6 ထုတ်ကုန်များကို စိတ်ချနိုင်မှုရှိ၊ မရှိ စမ်းသပ်သည့် ကိစ္စတစ်ခုသာ ဖြစ်ကြောင်း Apple ကပြောဆိုခဲ့သည်။ Apple ၏ ယခု ရက်သတ္တပတ်သည် စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စများစွာ ဖြစ်ပေါ်ခဲ့ပြီ...

iPhone 6 နဲ့ iPhone 6 Plus များကို iPad Adapter အသုံးပြုအားသွင်းပါက ပိုမိုအားဝင်မြန်ဆန်

Image
iPhone 6 နှင့် iPhone 6 plus များကို iPad အားသွင်း plug ခေါင်း နှင့်အားသွင်းကြိုးကိုအသုံးပြု၍ အားသွင်းပါက ပုံမှန်ထက် ဘက်ထရီအားသွင်းချိန် ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်ကြောင်းတွေ့ရသည်။ ယင်းစမ်းသပ်ချက်အား iLounge နှင့် MacRumors မှ member တစ်ဦးဖြစ်တဲ့ 2IS ကစမ်းသပ်တွေ့ရှိထားခြင်းဖြစ်သည်။ အသစ်ထွက် iPhone နှစ်မျိုး၏ အားသွင်းစနစ်သည် iPad များရဲ့အားသွင်းစနစ်နှင့်တူညီမှုရှိသည်ကိုတွေ့ရသည်။ iPhone 6 နှင့် iPhone 6 plus များကို 2.1 A ပမာဏ ဖြင့်အားသွင်းနိုင်ပြီး ယခင် iPhone Model များတွင်မူ 5W ပမာဏဖြင့်သာအားသွင်းနိုင်သည်။ စမ်းသပ်ချက်များအရ iPhone 6 plus ကို iPad Adapter အသုံးပြု၍ အားသွင်းပါက ၂ နာရီအတွင်းအားအပြည့်သွင်းနိုင်ကြောင်းတွေ့ရသည်။

IOS 8 မှာ Jailbreak မလိုပဲ မြန်မာကီးဘုတ်ထည့်သွင်းနည်း

Image
IOS 8 မှာမြန်မာကီးဘုတ်အဆင်ပြေသွားပါပြီဗျာ... လုပ်ပုံလုပ်နည်းကလွယ်ပါတယ်ဗျာ. ကျွန်တော်တို့ iTune app store မှာ Black keys ဆိုတဲ့ app ကိုရှာပြီး install လုပ်ပါ..အောက်က ပုံအတိုင်းပေါ်လာရင်တော့ install missing font ကနေ myanmar zawgyi font ကိုရွေးပေးပြီး profile install ထပ်လုပ်ပါ ။ ပြီးလျှင် keyboard setting ထဲက add new keyboard ထဲမှာ black keys ထဲဝင်ပါ။ burmese zawgyi ကိုရွေးပေးပြီး ရင် အိုကေပါပြီ။ စာရိုက်တဲ့အခါ ကီးဘုတ်က ကမ္ဘာလုံး icon ကိုနှိပ်ပြီး မြန်မာကီးဘုတ်ကိုပြောင်းနိုင်ပါတယ်။ အဆင်ပြေကြပါစေ။ အပြည့်အစုံဖတ်ရန် >> http://www.myanmarmobileapp.com/2014/09/21/ios-8-%e1%80%99%e1%80%bd%e1%80%ac-%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%80%e1%80%ae%e1%80%b8%e1%80%98%e1%80%af%e1%80%90%e1%80%b9%e1%80%9e%e1%80%bc%e1%80%84%e1%80%b9%e1%80%b8/

Facebook က Auto Play တဲ့ Videos တွေကို ဖုန်းကနေ ဒေါင်းနည်း

Image
အခုနောက်ပိုင်း ဖုန်းရဲ့ Facebook Application တွေက Video Auto Play ပြဿနာကြောင့် FB က Video တွေ ဒေါင်းဖို့ အခက်တွေ့ နေကြပါတယ်။ ဒီနေ့တော့ ဒေါင်းလို့ရတဲ့ နည်းတခု ပုံနဲ့ သေခြာ ကျနော်ရှင်းပြပေးပါမယ်။ နည်းပညာသမားတော်တော် များများ တော့ ဒီနည်းကို သိကြပါတယ်။ ပြီးတော့ နိုင်ငံခြားဆိုဒ် တွေနဲ့ ဆိုဒ်တော်တော်များများက ပုံနဲ့သေခြာရှင်းထားတာ နည်းတော့ လေ့လာမှုအားနည်း သူတွေအတွက် အခက်တွေ့နေကြလို့ ဒီနည်းလေးရေးတင်ပေးလိုက်တာပါ။ Facebook သုံးသူတိုင်း FB က ကိုယ်ကြိုက်တဲ့ Video တွေ့ရင်တော့ လူတိုင်း ဒေါင်းချင်ကြတာပါ။ အခုကျနော်ရှင်းပြသွားတဲ့ နည်းကတော့ တိုက်ရိုက် ဒေါင်းလို့တော့ မရပါဘူး။ ကိုဒေါင်းချင်တဲ့ Video တွေ့ရင် Comment တခုပေးလိုက်ပါ။ ပြီးရင်တော့ မိမိ Profille ထဲဝင်ပြီးတော့ Activity Log ကနေ၀င်ပြီး စောစောက Comment ထားတဲ့ Video ကို လက်နဲ့ ထောက်လိုက်ရုံနဲ့ Download ကျလာမှာ ဖြစ်ပါတယ်။ အရင်ဆုံး Facebook က Video တွေကို ဒေါင်းဖို့ဆိုရင် ADM Download Manager ရှိထားရပါမယ်။ ADM က မိမိ ဖုန်းထဲမှာ မရှိသေးဘူးဆိုရင် ဒီလင့်မှာ ဒေါင်းပြီး ဖုန်းမှာ Install ထားပါ။ ပြီးရင်တော့ အောက်မှာ ပုံနှင့် တဆင့်ချင်...

Samsung Galaxy Note 4 ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရောင်းမည်

Image
Samsung Galaxy Note 4 ကို အမေရိကန်နှင့် ဗြိတိန်တွင် ကြိုတင် မှာယူနိုင်ပြီဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်သည်။ အမေရိကန် Carrier များဖြစ်သော AT&T , T-Mobile တို့မှ ရောင်းချပေးမည် ဖြစ်သည်။ T-Mobile က တစ်လလျှင် ၃၁.၂၄ ဒေါ်လာဖြင့် နှစ်နှစ် ပေးသွင်းနိုင်သော အစီအစဉ်ကို ပြုလုပ်ပေးထားပါသည်။ AT&T က စာချုပ်ဖြင့် ရောင်းချမည့် ဈေးနှုန်းကို ကြေညာခြင်း မရှိသေးဟု သိရပါသည်။ စာချုပ်အလွတ် ၀ယ်ယူလျှင် ဒေါ်လာ ၈၂၅.၉၉ ကျသင့်မည် ဖြစ်သည်။ ကနဦး ပေးချေငွေ ဒေါ်လာ ၂၉၉.၉၉ ဖြင့် နှစ်နှစ်စာချုပ်ဖြင့်လည်း ၀ယ်ယူနိုင်သည်ဟု သိရပါသည်။ ဥရောပတွင် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရောင်းချမည် ဖြစ်ပြီး ယူရို ၆၉၉ ကျသင့်မည်ဟု သတင်းထွက်ပေါ်နေပါသည်။ Samsung Galaxy Note 4 ၏ မျက်နှာပြင် အရွယ်အစားမှာ ၅.၇ လက်မဖြစ်သည့်အတွက် ယခင်မျိုးဆက်ထက် မကြီးမားသော်လည်း QHD ကို အသုံးပြုထားသည့်အတွက် တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၈၆ မှ ၅၁၅ သို့ တိုးမြှင့်ထားပါသည်။ Samsung ၏ ပထမဆုံး Quad HD (2560x1440) ကို အသုံးပြုထားသည့် စမတ်ဖုန်း ဖြစ်ပါသည်။ LG G3 နှင့် မျက်နှာပြင် အပိုင်းတွင် တူညီပါသည်။ Super AMOLED မ်...

ဘာလုံးဝါသနာရှင်များအတွက် - FIFA 15 Ultimate Team v1.1.0 Apk

Image
FIFA 15 Ultimate Team v1.1.0 နောက်ဆုံးထွက် Version လေးတင်ပေးလိုက်ပါတယ်ဗျာ။ ဘောလုံးကန်ရတာဝါသနာပါသူများ တကယ့်ကိုသဘော ကျစေမယ့် ဘောလုံး Game ကောင်းကောင်းတစ်ခုဖြစ်ပါတယ်ဗျာ။ ရုပ်ထွက်အင်မတန်ကောင်းမွန်ပြီး အပြင် မှာကန်နေရသလိုမျိုး ရသကိုခံစားရမှာပါ။ Game ထဲမှာတော့ တစ်ပွဲချင်းစီလည်း ကန်လို့ရပါတယ်။ ဒါ့အပြင် World Cup , Euro Cup , League , အစရှိတဲ့ပွဲစဉ်များကိုလည်းကစားနိုင်မှာပါ။ ကျွန်တော်ကတော့ League ကိုပိုသဘောကျတယ်ဗျာ။ ပွဲစဉ်တွေအများကြီးကန်ရပြီး ပိုက်ဆံတွေရှာ နောက်ပြီးမိမိသဘောကျတဲ့ ကစားသမားတွေကို ၀ယ်ယူပြီးအသင်းကောင်းကောင်းတစ်သင်းထောင်ပြီး ကစားနိုင်မှာပါ။ Apk အပြင် Obb Data ကိုပါဒေါင်းယူပြီးမှကစားရမှာဖြစ်ပါတယ်။ Install လုပ်ပုံလုပ်နည်းကလည်း အရင် Game တွေ လိုပါပဲ။ Apk ကို Install လုပ်ပြီး ဒေါင်းလို့ရလာတဲ့ com.ea.game.fifa15_row Folder ကို sdcard/ Android/obb ထဲကိုကူးထည့်ပြီးမှကစားနိုင်မှာပါ။ obb Folder မရှိခဲ့ဘူးဆိုရင်လည်း ကိုယ်တိုင်ဆောက် လိုက်ပါ။ ဒါဆိုအဆင်ပြေပါပြီ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာ ကစားနိုင်မှာဖြစ်ပါတယ်ဗျာ။   Dr.Mobile နှိပ်ပါ (APK) ...