မိုဘိုင်းဘဏ်စနစ် (Mobile Banking) အသုံးပြုသူ တစ်သောင်းခွဲဝန်းကျင်ရှိလာကြောင်း သမဝါယမဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးကျော်လင်းကပြောသည်။ ဇူလိုင်လအတွင်းက သမဝါယမဘဏ်၏ မိုဘိုင်းဘဏ်စနစ်ကို မိတ်ဆက်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ အဆိုပါအရေအတွက် ဖြစ်လာခြင်းဖြစ်သည်။
“အာဖရိကက ကန်ညာနိုင်ငံမှာ လူဦးရေ ၄၄ သန်းပဲရှိပါတယ်။ သူ့ရဲ့မိုဘိုင်းဘဏ်စနစ် အသုံးပြုမှုက ၁၉ သန်းရှိပါတယ်။ အဲ့တော့ တစ်ဝက်နီးပါးလောက်ကို ရှိတယ်ဆိုတဲ့ သဘောပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက လူဦးရေ သန်း ၆၀ ရှိပါတယ်၊ အသုံးပြုတဲ့သူက တစ်သောင်းခွဲပဲ ရှိပါသေးတယ်။ အခုမှစတာကိုး။ ဒါပေမဲ့ တယ်လီဖုန်းတွေကလည်း မကိုင်နိုင်ကြသေးဘူး။ နောက်ပိုင်းတော့ ကိုင်နိုင်မယ်၊ ဒီလိုပဲများလာမယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်” ဟု ဦးကျော်လင်းကပြောသည်။
CB Bank Mobile Banking ၀န်ဆောင်မှု ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြင်ပတွင် သုံးစွဲခြင်းသည် အသုံးပြုသူ၏ စွန့်စားမှုသာဖြစ်ပြီး ဖြစ်ပေါ်လာသမျှသည် အသုံးပြုသူနှင့်သာ သက်ဆိုင်ကြောင်း Mobile Banking သုံးစွဲသူများ သဘောတူညီမှုအချက်များတွင် ဖော်ပြထားသည်။

……. ပြည်တွင်းပြည်ပမိုဘိုင်းဖုန်းဆိုင်ရာသတင်းများ …….

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်