အစိုးရအေဂျင်စီများက Apple ထုတ်ကုန်များ ဝယ်ယူခြင်းကို တရုတ်တားမြစ် 

 

လုံခြုံရေးနှင့် သက်ဆိုင်သည့် စိုးရိမ်ပူပန်မှုများကြောင့် Apple ကုမ္ပဏီ၏ hardware ထုတ်ကုန်များအား အစိုးရအေဂျင်စီများက ဝယ်ယူခြင်းကို တရုတ်အစိုးရက တားမြစ်ခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ အမျိုးအသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ အစိုးရအဝယ်စာရင်း၌ ဖယ်ရှားခဲ့သည့် Apple ထုတ်ကုန် ၁၀ ခုတွင် iPad, iPad Mini, MacBook Air နှင့် MacBook Pro တို့ပါဝင်ခဲ့ကြောင်း၊ ၎င်းထုတ်ကုန်များသည် ဇွန်လမူကြမ်းစာရင်းတွင် ပါဝင်ခဲ့ကြောင်း Bloomberg က ဖော်ပြခဲ့သည်။
အဆိုပါ တားမြစ်ချက်သည် တရုတ်နိုင်ငံရှိ ပြည်တွင်းအေဂျင်စီအားလုံးတွင် သက်ရောက်မှုရှိမည်ဟု Bloomberg က ပြောကြားခဲ့သည်။
အစိုးရအေဂျင်စီများက Apple ထုတ်ကုန်များ ဝယ်ယူခြင်းကို တားမြစ်ခြင်းသည် ယခင်က တရုတ်အေဂျင်စီများကို ဆော့ဖ်ဝဲများ ရောင်းချခဲ့သည့် Kaspersky Lab နှင့် Symantec Corp ကဲ့သို့သော နိုင်ငံခြား aniti-virus ကုမ္ပဏီများအား အဝယ်စာရင်းမှ ပယ်ဖျက်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိကန်အစိုးရ၏ လျှို့ဝှက်ထောက်မှုအကြောင်းကို အက်ဒ်ဝပ်စနိုဒင်က ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် အမေရိကန်နည်းပညာ အသုံးပြုမှုနှင့် ပတ်သက်၍ ကန့်သတ်မှုများ တိုးမြှင့်ခဲ့သည်။
ထို့အပြင် ဇွန်လကလည်း Apple iPhone တွင် ပါဝင်သည့် တည်နေရာအခြေခံ ဆော့ဖ်ဝဲသည် နိုင်ငံ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းဌာနဖြစ်သည့် CCTV က ပြောကြားခဲ့သည်။ သို့သော်လည်း Apple က CCTV ၏ ပြောကြားချက်များကို ငြင်းဆိုခဲ့ပြီး ကုမ္ပဏီ၏ ဆာဗာများအား အစိုးရက အသုံးပြုခြင်းကို ခွင့်ပြုထားခြင်း မရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

Ref: Reuters

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်