စမတ်ဖုန်းမှ ထိန်းချုပ်နိုင်သည့် စမတ်မီးလုံးကို LG မိတ်ဆက်

LG သည် Android သို့မဟုတ် iOS app မှတဆင့် ထိန်းချုပ်နိုင် အသုံးပြုနိုင်သည့် စမတ်မီးလုံးများကို မိတ်ဆက် ပြသခဲ့ကြောင်း သိရသည်။   အဆိုပါ မီးလုံးများ၏ တန်ဖိုးသည် တစ်လုံးလျှင် ဝမ် ၃၅,၀၀၀ သို့မဟုတ် ၃၂ ဒေါ်လာ ခန့်ရှိပြီး လတ်တလောတွင် တောင်ကိုရီးယားနိုင်ငံ ၌သာဖြန့်ချိထားသည်။   ၎င်းစမတ်မီးလုံးများသည် Android 4.3 နှင့် အထက် သို့မဟုတ် iOS 6.0 နှင့် အထက် အသုံးပြုထားသည့် ထုတ်ကုန်များတွင် Bluetooth မှတဆင့် ချိတ်ဆက် အသုံးပြုနိုင် သည်။ ထို့အပြင် “LG Smart Lighting” feature ပါဝင်သောကြောင့် စမတ်မီးလုံးကို security mode နှင့် party mode အပါအဝင် mode များစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။   ထို့အပြင် သုံးစွဲသူ၏ စမတ်ဖုန်း သို့မဟုတ် tablet ပေါ်တွင် ဖုန်းလက်ခံရရှိပါက စမတ်မီးလုံးတွင် မီးလင်းလာမည့် mode လည်း ပါဝင်ကြောင်း သိရှိရသည်။ မီးလုံး၏ အလင်းကိုလည်း သုံးစွဲသူ အိပ်ယာမှ နိုးလာသည့်အခါ တဖြည်းဖြည်း အလင်းအားနည်းသွားသည့် ပုံစံကဲ့သို့လည်း ထိန်းချုပ် အသုံးပြုနိုင်မည်ဟု သိရသည်။

Ref: Techienews

credit to:Internet Journal

Comments

Popular posts from this blog

Zapya 2.3 (CN)

Game တိုင်းလိုလို Unlimited Money ဖြစ်အောင် Hack ပေးမယ့် - Game Hacker v2.5.2 APK

Fotmob pro ဆော့ဝဲလ်လေးသုံးပြီး ဘောလုံးပွဲဂိုးရလဒ်များကြည့်မယ်